တပ်ကြပ်ဇော်မင်းဦးဟာ စစ်တပ်မှာ နှစ်ပေါင်း ၃၀ လုပ်ဆောင်ခဲ့ပြီးမှ စစ်တပ်က အာဏာသိမ်းတာ ကို လက်မခံတာကြောင့် ၂၀၂၂ အောက်တိုဘာမှာ တပ်မ ၄၄ လက်အောက် ခံ ခမရ-၂ ကနေ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့သူပါ။
ပြည်သူတွေ တင်မြောက်ထားတဲ့ အရပ်သား အစိုးရကို မဲမသာမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းတာဟာ ယုတ္တိမရှိ ဘူးလို့ သူက ပြောပါတယ်။
ဒီအချက်ကပဲ သူ့ကို CDM လုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံစေဖို့ တွန်းအားဖြစ်စေခဲ့တာပါ။ နိုင်ငံတဝန်းမှာ စစ်မျက်နှာများစွာနဲ့ ရင်ဆိုင်နေရပြီး သမိုင်းဝင် ရှုံးနိမ်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ နေဝင်ချိန်ဟာ မကြာခင် ရောက်လာတော့မယ်လို့လည်း သူက ပြောပါတယ်။













