• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
in သတင်း
A A
သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက အပတ်စဉ် ၆၅ ဗိုလ်လောင်းသင်တန်း ဆင်းပွဲ ညစာစားပွဲ / MOI

21.6k
VIEWS
Share on FacebookShare on Twitter

တော်လှန်ရေး အင်အားစုများနှင့် နေ့စဉ် တိုက်ပွဲများအာကြား စစ်သားစုဆောင်းရေး အကျပ်အတည်း၊ တပ်ပြေးခြင်းနှင့် ထိခိုက်သေဆုံးမှု များပြားခြင်းတို့ကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်ကျောင်းများမှ ကျောင်းဆင်းသူ ၅၀၀ ကျော်ကို တပ်ရင်းများတွင် တာဝန်ပေးအပ်သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၆၅ နှင့် စစ်နည်းပညာတက္ကသိုလ် အပတ်စဉ် ၂၅ မှ ဗိုလ်လောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တက်သည့် ဒီဇင်ဘာလက အခမ်းအနားတွင် သင်တန်းဆင်းသည်။ ကျောင်းဆင်းဗိုလ်လောင်း ၅၈၃ ဦးကို ဒုဗိုလ်အဖြစ် ခန့်ကြောင်း စစ်ကောင်စီ မီဒီယာက ဖော်ပြသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း ၄၆၃ ဦးအနက် ၄၃၈ ဦးသည် ကြည်းတပ်တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး အခြား ၂၅ ဦးသည် ရေတပ်တွင် တာဝန်ထမ်းဆောင်မည် ဖြစ်သည်။ စစ်နည်းပညာကျောင်းဆင်း ၁၂၀ အနက် ၉၉ ဦးသည် ကြည်းတပ်တွင် တာဝန်ထမ်းဆောင်ပြီး ခုနစ်ဦးသည် ရေတပ်တွင် တာဝန်ထမ်းကာ ၁၄ ဦးသည် လေတပ်ရောက်သည်ဟု ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ပြန်တမ်းတွင် ဖော်ပြထားသည်။

ထိုအရေအတွက်သည် လွန်ခဲ့သော ဆယ်စုနှစ်က စစ်တက္ကသိုလ်အပတ်စဉ်များမှ အရေအတွက်၏ ထက်ဝက်သာရှိကြောင်း စစ်တပ်ကို စွန့်ခွာလာသည့် စစ်အရာရှိဟောင်းများက ပြောသည်။

မြန်မာ၏စစ်ကျောင်း သုံးခုဖြစ်သည့် စစ်တက္ကသိုလ် DSA, စစ်ဘက်နည်းပညာတက္ကသိုလ် DSTA နှင့် စစ်ဘက်ဆေးပညာတက္ကသိုလ် DSMA တို့သည် အာဏာမသိမ်းမီက တကျောင်းလျှင် လျှောက်ထားသူ ၁၂,၀၀၀ ခန့်ရှိပြီး လျှောက်ထားသူ ၁၀ ရာခိုင်နှုန်းကိုသာ သင်တန်းတက်ခွင့်ပေးကြောင်း စစ်တပ်ကို စွန့်ခွာလာသူများက ပြောသည်။

အပတ်စဉ် ၆၅ သည် ၂၀၂၀ ပြည့်နှစ်တွင် စတင်သင်တန်းတက်သည်။ သို့သော် ၂၀၂၁ ခုနှစ်တွင် ထို စစ်ကျောင်းတခုစီသို့ လျှောက်ထားသူ ၁၀၀ ကျော်သာ ရှိတော့ကြောင်း လက်ရှိ စစ်တက္ကသိုလ်များတွင် တက်နေသည့် ဗိုလ်လောင်း မိသားစုများက ပြောသည်။

လျှောက်ထားသူ အရေအတွက် သိသိသာသာ ကျဆင်းခြင်းသည် အရပ်သားများကို သတ်ဖြတ်ဖြိုခွဲခြင်းနှင့် ပိုင်ဆိုင်မှုများကို လုယက်ဖျက်ဆီးခြင်းတို့ လုပ်နေသည့် မြန်မာစစ်တပ်ကို ပြည်သူများ၏ မုန်းတီးမှုကြောင့် ဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။ ထိုအချက်သည် စစ်တပ် အလုပ်အကိုင်များကို စိတ်ဝင်စားမှု လျော့ကျလာသည့် သက်သေပြချက်ဖြစ်သည်ဟု စစ်တပ်ကို စွန့်ခွာလာသူများက ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက အပတ်စဉ် ၆၅ ဗိုလ်လောင်းသင်တန်း ဆင်းပွဲ / MOI

လွန်ခဲ့သောနှစ်တွင် စစ်တပ်သည် လိမ်လည် စစ်သားစုဆောင်းသည့် နည်းကိုသုံးလာပြီး ပုဂ္ဂလိက ကုမ္ပဏီက အလုပ်ခေါ်သည်ဟု အလုပ်လျှောက်ထားသူများ ထင်အောင် လိမ်လည်သည့် ကြော်ငြာများဖြင့် လူမှုကွန်ရက်တွင် အလုပ်ခေါ်ရသည်။

ထိုကြော်ငြာများတွင် စာရေးရာထူးနှင့် နေထိုင်စရာပေးမည့် အချက်များကို အသေးစိတ် ဖော်ပြထားသည်။ Facebook messenger မှ အကြောင်းပြန်သည့် အလုပ်ရှာသူများကို လူတွေ့စစ်ဆေးရန် ခေါ်ပြီး စစ်တပ်တွင် အတင်းအကျပ် လူသစ်စုဆောင်းသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်သားနှင့်ရဲ ၁၀,၀၀၀ ကျော် လူထုအာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး ဘက်ပြောင်းလာသည်ဟု စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။ လွန်ခဲ့သော သုံးနှစ်အတွင်း တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များ အကြီးအကျယ် ထိခိုက်သေဆုံးခြင်းနှင့် တပ်မှထွက်ပြေးခြင်းများကို ကြုံတွေ့ရသည်။

စစ်ကောင်စီဆန့်ကျင်ရေး ညီနောင်မဟာမိတ်များက အောက်တိုဘာလ နှောင်းပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဟုခေါ်သည့် ကြီးမားသော ထိုးစစ်ကိုစတင်ပြီးနောက် အခြေအနေပိုမိုဆိုးရွားလာသည်။ ဒီဇင်ဘာလ အစောပိုင်းတွင် စစ်ကောင်စီသည် တပ်ပြေးများ တပ်တွင် ပြန်လည်လုပ်ကိုင်မည်ဆိုပါက ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ ထောင်ကျနေသည့် စစ်သားများကို ရှေ့တန်းပို့ရန် ပြန်လွှတ်ပေးရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်သား ရာပေါင်းများစွာ သေဆုံးပြီး တပ်ရင်းလိုက် လက်နက်ချကြသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဗိုလ်မှူးချုပ် ခြောက်ဦးလက်နက်ချပြီး အခြားဗိုလ်မှူးချုပ်တဦး အဖမ်းခံရသည်။ စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စိတ်ဓာတ်ကျဆင်းနေခြင်းကို ပြသသည့်လက္ခဏာ ဖြစ်သည်။

ထိုသို့သောအခြေအနေတွင် ကျောင်းဆင်း ဗိုလ်လောင်းသစ်များ စစ်မြေပြင်သို့ ဝင်ရောက်ရမည် ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီး ကြူကြူလှက ကျောင်းဆင်းဗိုလ်လောင်းများကို ဂုဏ်ပြုရန် သီရိပြည့်စုံမေ ကလောင်အမည်ဖြင့် စစ်ကောင်စီအာဘော် သတင်းစာများတွင် ကဗျာတပုဒ်ရေးပြီး မြန်မာကို အာရှကျားများအနက် တကောင်ဖြစ်အောင်လုပ်ရန် သမိုင်းပေးတာဝန်ရှိကြောင်း ထိုဗိုလ်လောင်းများကို သတင်းစကားပေးသည်။

ဒီဇင်ဘာလက ကျောင်းဆင်းပွဲတွင် မင်းအောင်လှိုင်က ထိုဗိုလ်လောင်းများကို ခေတ်သစ်စစ်ရေးနှင့် ခေတ်မီ လက်နက်စနစ်များ လေ့လာရန် တိုက်တွန်းပြီး မဟာအင်အားကြီးနိုင်ငံများသည် စစ်မျက်နှာ ပေါင်းစုံမှ စစ်ဆင်နေကြောင်းပြောခဲ့သည်။

ထိုကျောင်းဆင်းပွဲလုပ်ပြီး မကြာမီ ဗိုလ်မှူးချုပ် ခြောက်ဦးသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ထံ လက်နက်ချလိုက်သည်။ ရှေ့တန်းသို့ အပို့ခံရသည့် စစ်ကျောင်းဆင်းများအတွက် တုန်လှုပ်စရာဖြစ်မည်ကို သံသယဖြစ်စရာ မလိုပေ။ လက်ရှိအချိန်အထိ စစ်ကောင်စီသည် တနိုင်ငံလုံးမှ မြို့ပေါင်း ၃၃ မြို့ကို စွန့်လွတ်ရပြီး ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Latest Batch of Military Graduates Faces Brutal Reality on Front Lines ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီအတွက် စစ်တိုက်ဖို့ ငြင်းကြသူများ

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
105
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
49

ပြင်ဦးလွင် စစ်တက္ကသိုလ်၌ ဗိုလ်လောင်း အချင်းချင်း ဆုံးမရာမှ လက်လွန်သေဆုံး

ငါ့သားများ စစ်ထဲဝင်ရင်လေ (၁)

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

လောက်ကိုင်၌ လက်နက်ချခဲ့သော ဗိုလ်မှူးချုပ် ၆ ဦးကို အရေးယူရန် စစ်ကောင်စီ ပြင်ဆင်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးCDMDSADSMADSTAMNDAANUGစစ်ကောင်စီစစ်တက္ကသိုလ်တပ်ပြေးမှုဗိုလ်လောင်းသင်တန်းအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှု အကူအညီပေးရန် ထိုင်းစဉ်းစားနေ

မြန်မာစစ်ဘေးရှောင်များကို လူသားချင်းစာနာမှု အကူအညီပေးရန် ထိုင်းစဉ်းစားနေ

သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်

သေနတ်မောင်းတင်ထားသည့် ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

15 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved