• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီအတွက် စစ်တိုက်ဖို့ ငြင်းကြသူများ

by ဧရာဝတီ
3 June 2023
in ဆောင်းပါး
A A
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်သားနှင့်ရဲ ၁၃,၀၀၀ ကျော် ဘက်ပြောင်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ပြသည် / BBC

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်သားနှင့်ရဲ ၁၃,၀၀၀ ကျော် ဘက်ပြောင်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ပြသည် / BBC

13.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်သည် တပ်မှထွက်ပြေးမှုများကို ရင်ဆိုင်နေရပြီး တပ်သားသစ်ရှာရန် အခက်အခဲများကို ရင်ဆိုင်နေရသည်။ မကြာသေးမီက တပ်မှ ထွက်ပြေးလာသည့် စစ်သားများနှင့် တွေ့ဆုံမေးမြန်းမှုများအရ လွန်ခဲ့သော နှစ်နှစ်က အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် ဒီမိုကရေစီ လိုလားသော လက်နက်ကိုင်ခုခံမှုကို နှိမ်နင်းရန် ရုန်းကန်နေရကြောင်း သိရသည်။

“ဘယ်သူမှ စစ်တပ်ထဲ မဝင်ချင်ဘူး။ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်ပြီး မတရားတဲ့လုပ်ရပ်တွေကို ပြည်သူတွေ မုန်းတယ်” ဟု ကိုနေအောင်က ပြောသည်။ သူသည် တပ်စခန်းမှ ပထမဆုံးအကြိမ် ထွက်ပြေးရန် ကြိုးစားစဉ် သေနတ်ဒင်ဖြင့် အပြင်းအထန် ရိုက်နှက်ခံရပြီး “သစ္စာဖောက်” ဟု အခေါ်ခံရသည်။

ဒုတိယအကြိမ်တွင် အောင်မြင်စွာ ထွက်ပြေးလာနိုင်ပြီး အတိုက်အခံအင်အားစုများ၏ အကူအညီဖြင့် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ရောက်လာသည်။

“ကျနော့်သူငယ်ချင်းတွေထဲက တယောက်က ခုခံတော်လှန်ရေးအင်အားစုထဲမှာ ရှိတယ်” ဟု ၎င်းကပြောသည်။ “ကျနော် သူ့ကို ဆက်သွယ်တော့ ထိုင်းက လူတွေကို သူက ကျနော့်အကြောင်း ပြောပြတယ်။ သူတို့ အကူအညီနဲ့ ကျနော် ဒီကို ရောက်လာတယ်” ဟု ပြောသည်။

ယခုအခါ သူသည် မကြာသေးမီက တပ်မှ ဘက်ပြောင်းလာသည့် အခြားစစ်သား ၁၀၀ နှင့် မိသားစုများနှင့်အတူ ဘေးကင်းသောနေရာတခုတွင် ရောက်နေသည်။ ထိုသူများသည် ပြည်သူကို တိုက်ခိုက်ရန် ငြင်းဆန်သူများဖြစ်ပြီး ယခုအခါ ပုန်းအောင်းနေရသောကြောင့် ၎င်းတို့၏ အမည်မှန်များကို သုံးရန် မဖြစ်နိုင်ပေ။ သူတို့ကို တိုက်ခိုက်ရမည်ဟု အမိန့်ပေးထားသည့် ခုခံတော်လှန်ရေးလှုပ်ရှားမှုက ၎င်းတို့ကိုပြန်၍ အကာအကွယ်ပေး စောင့်ရှောက်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်သားနှင့် ရဲ ၁၃,၀၀၀ ကျော် ဘက်ပြောင်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ပြသည်။ နောက်ထပ် စစ်သားများနှင့် ရဲများ ဘက်ပြောင်းလာစေရန် NUG က ဆုငွေများနှင့် အကူအညီများ ပေးနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်သားနှင့် ရဲ ၁၃,၀၀၀ ကျော် ဘက်ပြောင်းလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖော်ပြသည်။

မောင်စိန်သည် အသက် ၁၉ နှစ်သာ ရှိသေးပြီး ဘက်ပြောင်းလာသူများတွင် အသက်အငယ်ဆုံး ဖြစ်သည်။ သူသည် အသက် ၁၅ နှစ်တွင် စစ်တပ်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

“ကျနော်က စစ်တပ်ကို သဘောကျခဲ့တယ်” ဟု မောင်စိန်ပြောပြီး သူ့မိသားစုအနေဖြင့် ဂုဏ်ယူစေလိုကြောင်း ပြောသည်။ သို့သော် စစ်တပ်က တနိုင်ငံလုံးမှ ဒီမိုကရေစီလိုလားသော အင်အားစုများကို အကြမ်းဖက် ဖြိုခွဲမှုများကြောင့် စစ်တပ်အပေါ် ပြည်သူများ၏အမြင် သိသိသာသာ ပြောင်းလဲသွားကြောင်း သူကပြောသည်။

“ပြည်သူတွေက ကျနော်တို့ကို “စစ်ခွေး” လို့ခေါ်နေတာတွေ အွန်လိုင်းမှာ တွေ့တယ်၊ အဲဒါကြောင့် ကျနော် ဝမ်းနည်းတယ်” ဟု သူကပြောသည်။ သူကဲ့သို့သော ခြေလျင်စစ်သားများသည် အရပ်သားများကို သတ်ဖြတ်ရန်နှင့် ရွာများကို မီးရှို့ရန် “အထက်မှ အမိန့်” ကို မနာခံနိုင်တော့ကြောင်း မောင်စိန်က ပြောသည်။

ထိုင်းနိုင်ငံတွင် ပုန်းလျှိုးကွယ်လျှိုး တိမ်းရှောင်နေကြသည့် ဘက်ပြောင်း စစ်သည်များ / BBC

စစ်တပ် အင်အားချိနဲ့လာခြင်းသည်လည်း သူထွက်ပြေးရသည့် အကြောင်းရင်းများတွင် ပါဝင်ကြောင်း ပြောသည်။ နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် ကွန်ရက်ဖွဲ့ပြီး အများထင်ထားသည်ထက် လွန်စွာ အင်အားကောင်းနေကာ မြန်မာစစ်တပ်သည် နိုင်ငံ၏ ကြီးမားသော အစိတ်အပိုင်းကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ယခင်က စစ်တပ်အတွက် လူသစ် စုဆောင်းသည့် မကွေးနှင့် စစ်ကိုင်းတိုင်းများတွင် လူငယ်များသည် PDF သို့ ဝင်ရောက်နေကြသည်။

စစ်တပ်မှ ဘက်ပြောင်းမလာမီ မောင်စိန်၏တပ်သည် PDF လေ့ကျင့်ရေးစခန်းတခုကို တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးခံရသည်။

ယခင်က စစ်တပ်အတွက် လူသစ် စုဆောင်းသည့် မကွေးနှင့် စစ်ကိုင်းတိုင်းများတွင် လူငယ်များသည် PDF သို့ ဝင်ရောက်နေကြသည်။

ထိုစစ်ဆင်ရေးသည် အဆင်မပြေပေ။ စစ်သား ခုနစ်ဦးသေဆုံးကာ ပြန်လည်ဆုတ်ခွာရန် အမိန့်ရသည်။ “သူတို့ (PDF) တွေမှာ ပိုကောင်းတဲ့ ဗျူဟာရှိနေတော့ သူတို့က အင်အားပိုကြီးတယ်” ဟု သူကပြောသည်။

PDF များသည် ပြည်သူထောက်ခံမှုရှိပြီး စစ်တပ်၏လှုပ်ရှားမှုများကို ကျေးရွာသားများက PDF များထံ ထောက်လှမ်းရေးသတင်းပေးကာ စောင့်ရှောက်ထားသည်။

ဗိုလ်ကြီး ဇေသူအောင်သည် လေတပ်တွင် ၁၈ နှစ် လုပ်ကိုင်ခဲ့သည်။ သူသည် အာဏာသိမ်းပြီး တနှစ်အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘက်ပြောင်းလာခဲ့သည်။

လေတပ်မှ ဗိုလ်ကြီး ဇေသူအောင် / BBC

စစ်တပ်၏ အခြေအနေကို ပြောပြရာတွင် ဗိုလ်ကြီး ဇေသူအောင်က “စစ်တပ်ကို တနိုင်ငံလုံးက ဝိုင်းတိုက်နေတာ၊ သူတို့မှာ ပြန်တိုက်ဖို့ အင်အားမရှိတော့ဘူး” ဟု ပြောသည်။

ထို့ကြောင့်ပင် စစ်ကောင်စီတပ်သည် လေတပ်ကို ပိုမိုအသုံးပြုနေကြောင်း ပြောသည်။

မကြာသေးမီလများအတွင်း စစ်ကောင်စီတပ်သည် တနိုင်ငံလုံးတွင် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ဇန်နဝါရီလနောက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု ၂၀၀ ကျော်ရှိသည်။ သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှုမှာ ဧပြီလက စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာတွင် ဖြစ်ပွားပြီး အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးသည်။

“လေတပ်မရှိရင် စစ်တပ် ကျဆုံးသွားနိုင်တယ်” ဟု ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

သေဆုံးမှုအများဆုံး လေကြောင်းတိုက်ခိုက်မှုမှာ ဧပြီလက စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာတွင် ဖြစ်ပွားပြီး အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးသည်။

အခြား ဘက်ပြောင်းလာသူများကဲ့သို့ပင် သူ လေတပ်ဗိုလ်လောင်းအဖြစ် ရွေးချယ်ခံရသောအခါ မိသားစုက သူ့အတွက် ဂုဏ်ယူသည်။ ထိုစဉ်က စစ်တပ်သို့ ဝင်ရောက်ရခြင်းသည် ဂုဏ်ယူစရာဖြစ်ကြောင်း ပြောသည်။ အာဏာသိမ်းလိုက်သောကြောင့် ၎င်းတို့အားလုံး ချောက်ကမ်းပါးအတွင်း ကျရောက်သွားကြောင်း ၎င်းကပြောသည်။

“လေတပ်ထဲမှာ ကျနော်နဲ့အတူနေခဲ့တဲ့ လူအများစုက လူဆိုးတွေ မဟုတ်ဘူး။ ဒါပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းမှာ သူတို့က သရဲသဘက်လို ဖြစ်လာကြတယ်” ဟုလည်း ပြောသည်။

သို့သော် သူ၏တပ်တွင် သူသည် တဦးတည်းသော ဘက်ပြောင်းလာသူ ဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဘက် အများစုသည် ပြည်သူများကို ဆက်လက်တိုက်ခိုက်နေကြောင်း ပြောသည်။

တိုင်းပြည်ရေးရာများတွင် စစ်တပ်သည် အရေးပါသော အခန်းမှ ရှိနေသော်လည်း ၎င်း၏ အင်အားကို အတိအကျ မသိရပေ။ အာဏာသိမ်းချိန်က မြန်မာစစ်တပ်တွင် အင်အား ၃ သိန်းခန့်ရှိသည်ဟု လေ့လာသူအများစုက ပြောသော်လည်း ယခုအခါ အကြီးအကျယ် အင်အားလျော့ကျနေပြီ ဖြစ်သည်။

အာဏာသိမ်းချိန်က မြန်မာစစ်တပ်တွင် အင်အား ၃ သိန်းခန့်ရှိသည်ဟု လေ့လာသူအများစုက ပြောသော်လည်း ယခုအခါ အကြီးအကျယ် အင်အားလျော့ကျနေပြီ ဖြစ်သည်။

ခုခံတော်လှန်ရေး အင်အားစုသည် ရန်ပုံငွေရှာရန် အစဉ်အလာအတိုင်း အများပြည်သူ ရန်ပုံငွေရှာသည့် နည်းများအပြင် ဗီဒီယိုဂိမ်းများကဲ့သို့သော နည်းပညာသစ်များကိုလည်း အသုံးပြုကြသည်။ ထိုရန်ပုံငွေအများစုကို ပြည်ပရောက် မြန်မာများထံမှ လှူဒါန်းမှုများမှ ရရှိသည်။

၎င်းတို့သည် ထိုသို့သော နည်းလမ်းများဖြင့် ရန်ပုံငွေအများအပြား ရှာနိုင်သော်လည်း စစ်ဘက်သုံး အဆင့်မီလက်နက်များ သို့မဟုတ် တိုက်လေယာဉ်များ မရှိပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်တပ်မှ လေယာဉ်များ၊ စစ်သင်္ဘောများဖြင့် ဘက်ပြောင်းလာသူများကို ဒေါ်လာ ၅ သိန်းပေးမည်ဟု ကမ်းလှမ်းထားသော်လည်း မည်သူမျှ ဘက်ပြောင်းလာခြင်း မရှိသေးပေ။

စစ်တပ်၏ အယူအဆများကို နှစ်ပေါင်းများစွာ သွတ်သွင်းခံရပြီးနောက် စစ်တပ်မှ ထွက်ခွာရန် မလွယ်ကြောင်း၊ သူသည်လည်း သစ္စာဖောက်အဖြစ် အမြင်ခံရမည်ကို ကြောက်ကြောင်း ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

“အသေထွက်ပဲ ထွက်လို့ရမယ် ဆိုတဲ့စကား မြန်မာစစ်တပ်မှာ ရှိတယ်” ဟု ၎င်းကပြောသည်။

ရုရှား၏ အခန်းကဏ္ဍ

ဘက်ပြောင်းမလာမီက ဗိုလ်ကြီး ဇေသူအောင်သည် ရုရှားမှ အဆင့်မြင့်တိုက်လေယာဉ်များ ဖြစ်သည့် Sukhoi Su-30 များ ရောက်ရှိရေးအတွက် ပြင်ဆင်ရန် နေပြည်တော်လေဆိပ်ကို အရေးပါသည့် အဆင့်မြှင့်တင်မှုများတွင် ပါဝင်ခဲ့သည်။

ဗိုလ်ကြီး ဇေသူအောင်က လေဆိပ်ကို ဂြိုဟ်တုမှ ရိုက်ကူးထားသည့် ပုံများကို ပြသသည်။ သူနေထိုင်ခဲ့သော နေရာနှင့် Sukhoi Su-30 လေယာဉ် ခြောက်စီးထားမည့် အဆောက်အအုံ သုံးခုကို ကူညီတည်ဆောက်ခဲ့သည့် နေရာများကို ပြသသည်။

ထိုတိုက်လေယာဉ်များသည် မြန်မာစစ်တပ်အတွက် အဆင့်အမြင့်ဆုံး တိုက်လေယာဉ်များဖြစ်ကြောင်း မြန်မာစစ်တပ်ကသုံးသည့် လေယာဉ်များကို လေ့လာစောင့်ကြည့်နေသည် Myanmar Witness မှ လီယွန် ဟာဒါဗီက ပြောသည်။

မြန်မာသို့ တင်ပို့သည့် Sukhoi Su-30 များသည် ဝေဟင်မှ ဝေဟင်နှင့် ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေး စွမ်းရည်ရှိ အဆင့်မြင့် ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များ ဖြစ်သည်ဟု ၎င်းကပြောသည်။

မြန်မာသို့ တင်ပို့သည့် Sukhoi Su-30 များသည် ဝေဟင်မှ ဝေဟင်နှင့် ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေး စွမ်းရည်ရှိ အဆင့်မြင့် ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များ ဖြစ်သည်

၎င်းတို့သည် မကြာသေးမီက တိုက်ခိုက်မှုများတွင် တွေ့ရသည့် ရုရှားလုပ် Yak-130s များထက် လက်နက်များကို ပိုမို သယ်ဆောင်နိုင်ကြသည်။

ထိုလေယာဉ်များ ရောင်းချသည့် သဘောတူညီချက်အရ ရုရှားမှ လေယာဉ်မှူး နှစ်ဦးနှင့် ပြုပြင်ရေးအဖွဲ့ဝင် ၁၀ ဦးသည် အာမခံကာလ တနှစ်အတွင်း မြန်မာတွင် နေထိုင်မည်ဖြစ်ကြောင်း ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။ ထိုသူများအတွက် နေရာထိုင်ခင်း တည်ဆောက်ပေးရာတွင် သူပါဝင်ခဲ့သည်။

မြန်မာလေတပ်မှ အခြားသူများကိုလည်း ရုရှားသို့ စေလွှတ်ခဲ့သည်။ “အဲဒီလေယာဉ်တွေကို မောင်းနှင်ဖို့ လူ ၅၀ ကျော်ကို ရုရှားကို စေလွှတ်ရတယ်” ဟုလည်း သူကပြောသည်။ ထိုလေယာဉ် ခြောက်စင်းအနက် နှစ်စင်းသည် မြန်မာသို့ရောက်ရှိနေပြီး စစ်ရေးပြပွဲများတွင် ပြသထားသည်။ သို့သော်တိုက်ပွဲများတွင် မတွေ့ရသေးပေ။

Sukhoi Su-30 လေယာဉ် ခြောက်စင်းထားမည့် အဆောက်အအုံများ

နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများနှင့် အိမ်နီးချင်းများ၏ ပြစ်တင်ရှုတ်ချမှုများ ရင်ဆိုင်ရသောအခါ မြန်မာစစ်တပ်သည် ပိုမို အထီးကျန်လာသည်။ မတ်လက ချမှတ်ခဲ့သည့် ဗြိတိန်နိုင်ငံ၏ နောက်ဆုံး အရေးယူပိတ်ဆို့မှုများသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ မရစေရန် အားထုတ်ထားသည်။ သို့သော် မြန်မာနှင့် ကာလကြာမြင့်စွာ ဆက်ဆံရေးရှိသည့် ရုရှားသည် မြန်မာစစ်တပ်ကို အဓိက ကျောထောက်နောက်ခံ ပေးနေသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူးက မော်စကိုသည် မြန်မာသို့ လက်နက်အများဆုံး ရောင်းချနေသော နိုင်ငံဖြစ်ကြောင်း ပြောသည်။ မေလတွင် ထုတ်ပြန်သည့် သူ၏ အစီရင်ခံစာအရ ရုရှားသည် မြန်မာတွင် အာဏာသိမ်းပြီးနောက် လက်နက် ဒေါ်လာ သန်း ၄၀၀ ဖိုးရောင်းချခဲ့ကြောင်း သိရသည်။

ထိုလက်နက်များကို ရုရှားနိုင်ငံပိုင် လုပ်ငန်းတခုအပါအဝင် ရုရှားလုပ်ငန်း ၂၈ ခုမှ တင်ပို့ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းများအနက် ၁၆ ခုသည် ယူကရိန်းစစ်တွင် ပါဝင်ပတ်သက်နေသောကြောင့် နိုင်ငံအချို့က အရေးယူပိတ်ဆို့ထားပြီး ဖြစ်ကြောင်း ထိုအစီရင်ခံစာက ဖော်ပြသည်။ ထိုလက်နက်များကို မြန်မာတွင် “စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” တွင် အသုံးပြုနေသည်။

လက်နက်များကို ရုရှားနိုင်ငံပိုင် လုပ်ငန်းတခုအပါအဝင် ရုရှားလုပ်ငန်း ၂၈ ခုမှ တင်ပို့ခြင်း ဖြစ်သည်။ ထိုလုပ်ငန်းများအနက် ၁၆ ခုသည် ယူကရိန်းစစ်တွင် ပါဝင်ပတ်သက်နေသောကြောင့် နိုင်ငံအချို့က အရေးယူပိတ်ဆို့ထားပြီး ဖြစ်သည်။

လေထဲတွင် ခုခံတော်လှန်ရေးအင်အားစုများက ဒရုန်းများ သုံးပြီး တိုက်ခိုက်ရန် ကြိုးစားကြသည်။

စစ်ရေးပစ်မှတ်များပေါ်သို့ အရပ်ဘက်သုံး ဒရုန်းများဖြင့် လက်လုပ်ဗုံးများချသည့် အမျိုးသမီး ဒရုန်းအဖွဲ့ကို အသက် ၂၅ နှစ်အရွယ် မခင်စိန် ဦးဆောင်သည်။

သူသည် တက္ကသိုလ်ကျောင်းသူတဦး ဖြစ်ပြီး လက်နက်မကိုင်မီက အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဗိုလ်ကြီးဇေသူအောင်သည် လေတပ်ထောက်လှမ်းရေး အတွေ့အကြုံများကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများသို့ မျှဝေပေးနေသည် / BBC

“စစ်တပ်မှာလိုတော့ ကျမတို့မှာ ရင်းမြစ်တွေ မရှိဘူး။ ဒါပေမယ့် အဲဒီကိစ္စကို ကျမတို့ သိပ်မစဉ်းစားဘူး” ဟု တောတွင်းစခန်းတနေရာရှိ မခင်စိန်က ပြောသည်။

“လေယာဉ်တွေနဲ့ ယှဉ်လိုက်ရင် ကျမတို့ ဒရုန်းက နှမ်းစေ့လောက်ပဲရှိတယ်။ ဒါပေမယ့် နှမ်းစေ့တွေ အများကြီးရှိရင်လည်း ခရီးရောက်ပါတယ်” ဟု ၎င်းကပြောသည်။

“လေယာဉ်တွေနဲ့ ယှဉ်လိုက်ရင် ကျမတို့ ဒရုန်းက နှမ်းစေ့လောက်ပဲရှိတယ်။ ဒါပေမယ့် နှမ်းစေ့တွေ အများကြီးရှိရင်လည်း ခရီးရောက်ပါတယ်”

“ကျမတို့ မီတာ ၃၀၀ အထက် မြင့်မြင့်ပျံနိုင်ရင် ကျမတို့ လာနေတယ်ဆိုတာ သူတို့မသိနိုင်ဘူး။ အဲဒီတော့ သူတို့ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ပြီး သူတို့က ဒရုန်းတွေကို ကြောက်နေရတယ်” ဟုလည်း မခင်စိန်က ပြောသည်။

ဗိုလ်ကြီးဇေသူအောင်သည် လေတပ်ထောက်လှမ်းရေး အတွေ့အကြုံများကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများသို့ မျှဝေပေးနေသည်။

“ညဘက်မှာ အသံနားထောင်လိုက်တာနဲ့ တိုက်လေယာဉ်လား၊ အရပ်ဘက်လေယာဉ်လား ကျနော်တို့ ခွဲသိနိုင်လား” ဟု ပြောသည်။ သူနေသည့် အိမ်နောက်ဘက်တွင် Zoom ဖြင့် ဖြေကြားနေခြင်းဖြစ်သည်။

“ကျနော်တို့ သိထားတာတွေကို ကျနော်တို့ တတ်နိုင်သမျှ မျှဝေတယ်” ဟု ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

“ကျနော်က ကျနော့်နိုင်ငံအတွက် အလုပ်လုပ်နေတာ။ တော်လှန်ရေးပြီးတဲ့အထိ တော်လှန်ရေးကို ထောက်ခံဖို့ ကျနော် တတ်နိုင်တာ အကုန်လုပ်မယ်”

သူ့အတွက် ရှုပ်ထွေးသောကိစ္စက “ပုဂ္ဂလိကအနေနဲ့ ပြောရရင် ကျနော်နေခဲ့တဲ့ ကျနော့် ညီအစ်ကိုတွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ဆရာတွေအပေါ် ကျနော် အမုန်းတရားမထားဘူး” ဟု သူကပြောသည်။

သို့သော် ယခုအရေးတော်ပုံသည် များစွာ ပိုမိုအရေးကြီးသည်။ “ကျနော်တို့က လူပုဂ္ဂိုလ်ကို တိုက်နေတာ မဟုတ်ဘူး။ အင်စတီကျူးရှင်းကို တိုက်နေတာ” ဟု ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

သို့သော် သူပျော်ရွှင်သည်။ “ကျနော်က ကျနော့်နိုင်ငံအတွက် အလုပ်လုပ်နေတာ။ တော်လှန်ရေးပြီးတဲ့အထိ တော်လှန်ရေးကို ထောက်ခံဖို့ ကျနော် တတ်နိုင်တာ အကုန်လုပ်မယ်” ဟု ၎င်းကပြောသည်။

(BBC ပါ Ko Ko Aung, Rebecca Henschke နှင့် Charlotte Attwood တို့၏ Myanmar coup: The soldiers refusing to fight ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ

ထင်သည်ထက် အင်အားနည်းပြီး ပြိုကွဲမြန်နေသည့် စစ်ကောင်စီတပ်

မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်

စစ်ကောင်စီ၏ လူသားစားကျားကို ရုရှားက Su-30s များဖြင့် တောင်ပံတပ်ပေး

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
116
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
32

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
51

မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

Your Thoughts …
Tags: NUGPDFSukhoi Su-30Yak-130sခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်ခွေးစစ်တပ်စစ်ရာဇဝတ်မှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေးရုရှားလူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများလေကြောင်းတိုက်ခိုက်မှုလေတပ်အတိုက်အခံအင်အားစုအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မိုင်းလားတွင် အပစ်ရပ်ဆဲရေး နှစ် ၃၀ ပြည့် စစ်ရေးပြပွဲအခမ်းအနား ကျင်းပစဉ် မြင်ရသော NDAA တပ်ဖွဲ့ဝင်များ/ ဧရာဝတီ

တရုတ် ကမကထလုပ်တဲ့ မိုင်းလား ဆွေးနွေးပွဲ ဘာထူးလဲ

သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) (ဓာတ်ပုံ - ရန်ပိုင်/ဧရာဝတီ)

ဂျွန်လင်နွန် ဆိုခဲ့တဲ့ သီချင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved