မြန်မာစစ်တပ် မည်မျှကြာကြာ ခံမည်နည်းဟူသည့် မေးခွန်းကို ယနေ့မေးနိုင်သည်။ စစ်တပ် ပြိုကွဲမည်လားဟုပင် မေးနိုင်သည်။ ပြိုကွဲနိုင်သည်ဟုသာ ဖြေရမည်ဖြစ်သည်။
လူထုက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချခြင်းမှသည် ထောင်ပေါင်းများစွာသော အရပ်သားများကို သတ်ဖြတ်ဖမ်းဆီးခြင်းအထိ တနိုင်ငံလုံးတွင် ရာဇဝတ်မှုများ ကျူးလွန်ပြီးနောက် စစ်တပ်သည် လူထုထောက်ခံမှု လုံးဝမခံစားရတော့ပေ။
ပြည်သူလူထုဘက်သို့ သေနတ်ပြောင်းလှည့်လိုက်ချိန်မှ စတင်ပြီး တချိန်က “တပ်မတော်” ဟု လေးလေးစားစား အခေါ်ခံရသော စစ်တပ်ကို ပြည်သူလူထုက မုန်းတီးပြီး ယခုအကြိမ်တွင်လည်း ပြည်ပသို့ သွားရောက်လုပ်ကိုင်နေရသည့် လွတ်လပ်သောမီဒီယာများကလည်း “စစ်တပ်” ဟုသာ ရိုးရိုးရှင်းရှင်း ခေါ်ကြတော့သည်။
၎င်းတို့ကို မည်သည့်အတွက် တပ်မတော်ဟု မမြင်ကြတော့သနည်းဟုမေးလျှင် မထိုက်တန်သောကြောင့်ဟု ရိုးရှင်းစွာ ဖြေရမည်ဖြစ်သည်။
အထူးသဖြင့် ဗမာများအကြားတွင် ၁၉၈၀ ပြည့်နှစ်များအထိ လေးစားမှုရခဲ့သည့် ထိုအုပ်စုသည် တပ်မတော် မဟုတ်တော့ပေ။ နိုင်ငံကို မီးရှို့အုပ်ချုပ်နေသည့် လက်နက်ကိုင်အုပ်စု၊ လူရမ်းကားများသာ ဖြစ်သည်။
ယနေ့တွင် စစ်တပ်သည် နိုင်ငံကိုပတ်ပြီး ကျေးရွာများ နေအိမ်များကို မီးရှို့၊ အရပ်သားများကို သတ်ဖြတ်၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ရုရှားနှင့်တရုတ်မှ ဝယ်ထားသည့် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် အရပ်သားများကို တိုက်ခိုက်သလို မြို့နယ်များ၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်သည်။
ယနေ့တွင် စစ်တပ်သည် နိုင်ငံကိုပတ်ပြီး ကျေးရွာများ နေအိမ်များကို မီးရှို့၊ အရပ်သားများကို သတ်ဖြတ်၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ရုရှားနှင့်တရုတ်မှ ဝယ်ထားသည့် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များဖြင့် အရပ်သားများကို တိုက်ခိုက်သလို မြို့နယ်များ၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်သည်။
စစ်တပ်သည် ကိုယ့်ပြည်သူများနှင့်ကိုယ် စစ်ဖြစ်နေသည်။
စစ်ကောင်စီ၏မဟာမိတ်များနှင့် အိမ်နီးချင်းနိုင်ငံအချို့သည် ၎င်းတို့၏ကျဉ်းမြောင်းသော အကျိုးစီးပွားများကို ရှေ့တန်းတင်ရန် စိတ်အားထက်သန်ပြီး မြန်မာစစ်တပ်သည် နိုင်ငံတွင် “ညီညွတ်စေသော အင်အားစု” ဖြစ်သည်၊ စစ်တပ်တွင် ရင်းမြစ်များနှင့် စစ်အင်အားရှိသောကြောင့် အနိုင်ရမည်ဆိုသည့် ဇာတ်လမ်းကိုသာ ဆက်လက် ဖြန့်ချိနေကြသည်။
ထိုအချက်သည် မှန်ကန်ခြင်းမရှိပေ။
အတွင်းရန်
လက်တွေ့တွင် ယနေ့မြန်မာစစ်တပ်သည် ညီညွတ်ရေးအင်အားစု မဟုတ်ဘဲ သွေးကွဲမှု၊ ဖျက်ဆီးမှုနှင့် ပဋိပက္ခများ၏ ရင်းမြစ်သာဖြစ်သည်။ နိုင်ငံတွင်း ပြည်သူအများစု၏ လေးစားမှု၊ ထောက်ခံမှု မရပေ။ ထိုစစ်တပ် မည်သို့ ရေရှည်ခံမည်နည်း။
မြန်မာစစ်တပ်ပြိုကွဲမှု အမှန်တကယ် ဖြစ်နိုင်ခြေရှိပြီး ထိုသို့ဖြစ်မည့် အထောက်အထား အများအပြားရှိသည်။
ထိုစစ်တပ်အတွက် ရန်သူသည် စစ်တပ်အတွင်းမှာသာ ရှိနေသည်။
လွတ်လပ်သော သတင်းမီဒီယာများနှင့် နိုင်ငံရေးအတိုက်အခံများသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ရက်စက်ကြမ်းကြုတ်သော အလေ့အထကိုသာ အာရုံစိုက်ကြပြီး စစ်တပ်အတွင်း ထိုးဖောက် အမြစ်တွယ်နေသည့် အဂတိလိုက်စားမှုကို အာရုစိုက်မှုနည်းသည်။ အကြောက်တရား၊ အကြမ်းဖက်မှု၊ အဆင့်ဆင့်အုပ်ချုပ်မှုနှင့် အပြစ်ကင်းလွတ်နေသော အလေ့အထ၊ ကာလကြာရှည်ပြီဖြစ်သည့် ကျေးဇူးခံကျေးဇူးစား ဆက်ဆံရေးနှင့် အဂတိလိုက်စားမှုများသည် တခါက လေးစားခံရသော ထိုအဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာဖြစ်ပေါ်နေသည်။
အကြောက်တရား၊ အကြမ်းဖက်မှု၊ အဆင့်ဆင့်အုပ်ချုပ်မှုနှင့် အပြစ်ကင်းလွတ်နေသော အလေ့အထ၊ ကာလကြာရှည်ပြီဖြစ်သည့် ကျေးဇူးခံကျေးဇူးစား ဆက်ဆံရေးနှင့် အဂတိလိုက်စားမှုများသည် တခါက လေးစားခံရသော ထိုအဖွဲ့အစည်းအတွင်း နက်ရှိုင်းစွာဖြစ်ပေါ်နေသည်။
စစ်တပ်အတွင်း ကာလကြာမြင့်စွာဖိနှိပ်ထားသော အသံများနှင့် နာကျင်ခံစားမှုများ ယခုအခါ ခေါင်းထောင်လာနေသည်ကို လူမှုကွန်ရက်နှင့် ဧရာဝတီသတင်းဌာနအပါအဝင် မီဒီယာများက ထုတ်ဝေသည့် တွေ့ဆုံမေးမြန်းမှု အများအပြားတွင် တွေ့လာရသည်။
အာဏာသိမ်းပြီးနောက် စစ်အရာရှိများနှင့် အတွင်းလူများက လူထုဆန့်ကျင်မှုများ ရင်ဆိုင်ရကြောင်း၊ စစ်တပ်တွင် လုပ်ကိုင်ရခြင်း၊ စစ်ဝတ်စုံဝတ်ရခြင်းကို ဂုဏ်မယူတော့ကြောင်း ပွင့်လင်းစွာ ပြောဆိုလာကြသည်။ ၎င်းတို့သည် ပြည်သူများအကြားတွင် ပုံမှန်နေထိုင်နိုင်တော့မည် မဟုတ်ကြောင်း ၎င်းတို့သိလာသည်။
၎င်းတို့သည် မလုံမခြုံခံစားနေရပြီး စစ်တပ်က ၎င်းတို့လုံခြုံအောင် အကာအကွယ် မပေးနိုင်တော့ကြောင်း သိရသည်။ စစ်တပ်မှဘက်ပြောင်းလာသူများ၏ လက်သုံးစကားမှာ စစ်တပ်သည် ကျက်သရေယုတ်သည် ဆိုသည့်စကားပင် ဖြစ်သည်။
အတိုက်အခံများက ပိုမိုကောင်းမွန်သော မက်လုံးနှင့် လုံခြုံရေးပေးနိုင်လျှင် နောက်ထပ် ဘက်ပြောင်းလာမည့်သူများ ရှိကြောင်း စစ်တပ်ကိုစွန့်ခွာလာသူ အများအပြားက ပြောသည်။ စစ်သားများ စစ်တပ်ကို စွန့်ခွာလိုသည့်အကြောင်းရင်း များစွာရှိသည်။
၎င်းတို့အထက်အရာရှိများနှင့် ထိပ်တန်းဗိုလ်ချုပ်များ အလျှံပယ်သုံးဖြုန်းနေပြီး ကိုယ်လက်အင်္ဂါနှင့် အသက်ဆုံးရှုံးနေရသည့် စစ်သားများနှင့် မိသားစုများ မည်သည့် ခံစားခွင့်မျှမရသည်ကို စစ်အရာရှိများ တွေ့နေရသည်။ တနေ့ထက်တနေ့ ပိုမိုဆင်းရဲလာကြသည်။
၎င်းတို့အထက်အရာရှိများနှင့် ထိပ်တန်းဗိုလ်ချုပ်များ အလျှံပယ်သုံးဖြုန်းနေပြီး ကိုယ်လက်အင်္ဂါနှင့် အသက်ဆုံးရှုံးနေရသည့် စစ်သားများနှင့် မိသားစုများ မည်သည့် ခံစားခွင့်မျှမရသည်ကို စစ်အရာရှိများ တွေ့နေရသည်။ တနေ့ထက်တနေ့ ပိုမိုဆင်းရဲလာကြသည်။
ထိုသို့မကျေနပ်သည့် ခံစားချက်သည် အသစ်အဆန်း မဟုတ်ပေ။ ထိပ်တန်းဗိုလ်ချုပ် အများအပြားနှင့် ၎င်းတို့မိသားစုများသည် စစ်တပ်ပိုင် နိုင်ငံတော်ပစ္စည်းများနှင့် ပတ်သက်သည့် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသောကြောင့် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းမှစတင်ပြီး မြန်မာ စစ်တပ်သည် စိတ်ဓာတ်ရေးရာနှင့် စည်းကမ်းပိုင်း ကျဆင်းလာသည်။ ထိုဗိုလ်ချုပ်များနှင့် မျိုးဆက်သစ် ခရိုနီ စီးပွားရေးသမားများသည် ပိုမိုချမ်းသာလာကြသည်။
ဗိုလ်ချုပ်သားသမီးများသည် သန်းကြွယ်သူဌေးကြီးများဖြစ်လာကြပြီး သာမန်စစ်သားမိသားစုများမှာ နေ့စဉ်ဘဝတွင် ရုန်းကန်နေရသည်။ ဂုတ်သွေးစုတ် အမြတ်ထုတ်ခံရသည်ဟု ၎င်းတို့ခံစားနေရသည်။ ၎င်းတို့သည် နိုင်ငံကို ကာကွယ်နေသည်ဆိုသည့် အယူအဆသည် ထင်ယောင်ထင်မှားဖြစ်ခြင်းသာ ဖြစ်သည်ဟု ပိုမိုယူဆလာကြသည်။ ယခုအခါ အများအပြားက ၎င်းတို့သည်လည်း အဂတိလိုက်စားသော အာဏာရှင်စစ်ကောင်စီ၏ သားကောင်များဖြစ်သည်ဟုသာ ထင်လာကြသည်။
အရာရှိများနှင့် စစ်သားများအကြား ကွာဟမှုသည် လွန်စွာကြီးမားသည်။ အသစ်လေ့ကျင့်ပေးထားသည့် အရာရှိများနှင့် စစ်သားသစ်များသည် စည်းကမ်းမရှိဘဲ မည်သည့်ကျင့်ဝတ်ကိုမျှ လိုက်နာခြင်းမရှိပေ။ စစ်မြေပြင်တွင် ထက်မြက်သောဆုံးဖြတ်ချက်များ မချနိုင်ဘဲ၊ စစ်ရေးအရဆိုရပါက ၎င်းတို့အင်အားကို မည်သို့ အသုံးပြုရမည်ကို မသိဘဲ ပြည်သူလူထုကိုသာ အကြီးအကျယ် အန္တရာယ်ပေးသည်။ ၎င်းတို့ကို စဉ်းစားသုံးသပ်၊ ဆုံးဖြတ်ချက်ချမှတ်ရန် လေ့ကျင့်ပေးထားခြင်း မရှိကြောင်း ဘက်ပြောင်းလာသည့် စစ်အရာရှိအများအပြားက ပြောသည်။
လတ်တလောတွင် အမိန့်ပေးကွင်းဆက် ရှိနေသေးသော်လည်း ရှေ့တန်းမှ အဆင့်မြင့်အရာရှိများသည် ၎င်းတို့ တပ်ဖွဲ့များကို ထိန်းချုပ်ရာတွင် အခက်အခဲ ပိုမိုရင်ဆိုင်နေရသည်။
ပုံမှန်စစ်တပ်မဟုတ်
ပြည်ပတွင် သင်တန်းတက်ခဲ့သော စစ်အရာရှိအများအပြားသည် ခေတ်သစ် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး မည်သို့ လည်ပတ်သည်ကို ကိုယ်တိုင်သိမြင်ခဲ့ပြီး ဖြစ်သည်။ မြန်မာစစ်တပ်သည် အိန္ဒိယ၊ တရုတ်၊ မလေးရှား၊ သို့မဟုတ် ဂျပန် စသည့် အခြားနိုင်ငံများမှ နိုင်ငံရေးနှင့် မပတ်သက်သည့် စစ်တပ်များနှင့်မတူသည်ကို ၎င်းတို့သိကြသည်။ ကျနော်တို့ စစ်တပ်က နိုင်ငံရေးမှာ ဘာကြောင့် ပါဝင်ပတ်သက်နေတာလဲဟု ဘက်ပြောင်းလာသည့် စစ်အရာရှိများ မေးခွန်းထုတ်ကြသည်။
စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းဘဝ စတင်ချိန်နောက်ပိုင်းတွင် အရာရှိငယ်များ၊ အထူးသဖြင့် ခြေလျင်တပ်မများတွင် တာဝန်ပေးခံရသူများကို အပြင်းအထန် ဦးနှောက်ဆေးထားပြီး ဝါဒဖြန့်ချိမှုများနှင့် ပုံဖျက်ထားသော သမိုင်းများကိုသာ သင်ကြားထားသည်။ “တနေ့ကျရင် တိုင်းပြည်ကို မင်းတို့အုပ်ချုပ်ရမယ်။ အဲဒါ မင်းတို့တာဝန်ပဲ” ဟု ၎င်းတို့ကို ပြောထားသည်။ ထို “အုပ်ထိန်းသူ အတွေးအခေါ်” သည် စစ်တက္ကသိုလ်၏ အဓိက သင်ကြားချက်ဖြစ်သည်။ ထိုကြောင့် ၎င်းတို့သည် အရာရှိများဖြစ်လာသောအခါ တိုင်းပြည်ကို အုပ်ချုပ်ရမည်ဟု ယုံကြည်လာကြသည်။ စစ်တက္ကသိုလ်၏ ထုတ်ကုန်ဖြစ်သော မင်းအောင်လှိုင်၏ လုပ်ရပ်များကို ထိုအချက်က ရှင်းပြနေသည်။ ထိုသို့သော အရာရှိများသည် ပညာမတတ်ဘဲ အမှန်တရားနှင့် ကင်းကွာနေသည်။
စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းဘဝ စတင်ချိန်နောက်ပိုင်းတွင် အရာရှိငယ်များ၊ အထူးသဖြင့် ခြေလျင်တပ်မများတွင် တာဝန်ပေးခံရသူများကို အပြင်းအထန် ဦးနှောက်ဆေးထားပြီး ဝါဒဖြန့်ချိမှုများနှင့် ပုံဖျက်ထားသော သမိုင်းများကိုသာ သင်ကြားထားသည်။
သို့သော် ပိုမိုလွတ်လပ်သော စိတ်ဓာတ်ရှိသည့်အရာရှိများက “နိုင်ငံကို အုပ်ချုပ်ဖို့က ငါတို့တာဝန်လား” ဟု မေးခွန်းထုတ်နေကြသည်။
စစ်တက္ကသိုလ် ဗိုလ်လောင်းများသည် စစ်တပ်၏ ကာလကြာမြင့်ပြီဖြစ်သော တင်းကျပ်သည့် အထက်အောက် အုပ်ချုပ်မှု သွပ်သွင်းသည့် လုပ်ငန်းစဉ်ဖြစ်သော ၎င်းတို့အထက်အရာရှိများ၏ ရက်စက်ကြမ်းကြုတ် ဖိနှိပ်သော ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို ခံစားရသည်။ စစ်တပ်မှ ထွက်ခွာလာသော အရာရှိအများအပြားက လူမဆန် အနိုင်ကျင့်သည့် ရက်စက်ကြမ်းကြုတ်သော လေ့ကျင့်မှုများအကြောင်း ပြန်ပြောပြကြသည်။ စစ်တပ်မှ ထွက်လာခြင်းအတွက် နောင်တမရကြောင်း ၎င်းတို့ကပြောသည်။
အရည်အချင်းရှိသော အရာရှိများသည် မကြာခဏ ဖယ်ရှားခံရကြောင်း၊ ဗိုလ်မှူးချုပ် အဆင့်ကဲ့သို့သော အဆင့်မရောက်မီ အရေးမပါသော နေရာများသို့ ပို့ဆောင်ခံရကြောင်း ဘက်ပြောင်းလာသူများက ပြောသည်။ ထိပ်တန်းဗိုလ်ချုပ်များသည် သစ္စာခံမှုနှင့် ဗောင်းတော်ညိတ် စိတ်တော်သိသူကိုသာ ရာထူးတိုးပေးရန် အလိုရှိကြသည်။
အရည်အချင်းရှိသော အရာရှိများသည် မကြာခဏ ဖယ်ရှားခံရကြောင်း၊ ဗိုလ်မှူးချုပ် အဆင့်ကဲ့သို့သော အဆင့်မရောက်မီ အရေးမပါသော နေရာများသို့ ပို့ဆောင်ခံရကြောင်း ဘက်ပြောင်းလာသူများက ပြောသည်။ ထိပ်တန်းဗိုလ်ချုပ်များသည် သစ္စာခံမှုနှင့် ဗောင်းတော်ညိတ် စိတ်တော်သိသူကိုသာ ရာထူးတိုးပေးရန် အလိုရှိကြသည်။
၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးပွင့်လင်းမှု စတင်လာပြီးနောက် မြန်မာစစ်အရာရှိများနှင့် စစ်သားများသည် အင်တာနက်နှင့်အတူ ပြင်ပလောကနှင့် လွတ်လပ်သော မီဒီယာများကို ထိတွေ့ဆက်ဆံလာရပြီး တိုင်းပြည်၏ နိုင်ငံရေးစနစ်ပြောင်းသော်လည်း စစ်ခေါင်ဆောင်မှုပိုင်းတွင် အပြောင်းအလဲမရှိသည်ကို တွေ့လာရသည်။ နိုင်ငံတွင် တစုံတရာ မှားယွင်းနေကြောင်း ၎င်းတို့သိသည်။
စစ်တပ်သည် အရပ်သားထိန်းချုပ်မှုကို မည်သည့်အခါကမျှ မယုံကြည်ဘဲ အရပ်သားအစိုးရ ဝန်ကြီးဌာနများနှင့် ဌာနဆိုင်ရာများကို အုပ်ချုပ်သည့် အငြိမ်းစား စစ်အရာရှိများထံသို့သာ အာဏာလွှဲပေးခဲ့သည်။ သို့သော် ထိုအရာရှိများသည် အရည်အချင်းမရှိဘဲ အကျင့်ပျက်ခြစားကြသည်။ နိုင်ငံကို ၎င်းတို့မည်သို့ အုပ်ချုပ်နိုင်မည်နည်း။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း စစ်အရာရှိများသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲ နှစ်ကြိမ်၌ ပါဝင်နိုင်ခဲ့သည်။ စစ်တပ်မိသားစုအများအပြားသည် အထက်အရာရှိများ၏ တိုက်ရိုက်ခြိမ်းခြောက်မှုမပါဘဲ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့နှစ်သက်ရာ ပါတီများကို မဲပေးခဲ့ကြပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲမပေးကြပေ။
စုဆောင်းရမည့်လူသစ် ကင်းမဲ့
ယနေ့တွင် စစ်သားသစ် စုဆောင်းခြင်းသည် ကြီးမားလွန်းသော စိန်ခေါ်မှုဖြစ်နေသည်။ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ တံခါးဖွင့်လာသောအခါ လူငယ်များသည် နိုင်ငံမှထွက်ခွာပြီး အခွင့်အလမ်းများနှင့် အလုပ်အကိုင် ရှာကြသည်။ ပြည်တွင်းတွင် ဆက်လက်နေထိုင်သူများအတွက် စစ်တပ်သို့ ဝင်ရောက်ခြင်းမှာ ဆွဲဆောင်မှု အနည်းဆုံး ရွေးချယ်စရာ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူသစ်စုဆောင်းရန် ပိုမိုခက်ခဲလာသည်။
ယခုအခါ စစ်ကောင်စီသည် စီးပွားရေးအကျပ်အတည်း ဖြစ်နေသူများကို ပစ်မှတ်ထားလာပြီး အမျိုးသမီးများ အပါအဝင် စစ်တပ်နှင့်ပတ်သက်သော မိသားစုဝင်များကို တပ်ထဲဝင်ရန် ပိုမိုဖိအားပေးလာသည်။ တချိန်က အသုံးပြုခြင်းမရှိသည့် ပြစ်ဒဏ်ကျခံနေရသည့် ရာဇဝတ်သားများကို စစ်တပ်သို့ဝင်ရောက်စေသည်။
ယခုအခါ စစ်ကောင်စီသည် စီးပွားရေးအကျပ်အတည်း ဖြစ်နေသူများကို ပစ်မှတ်ထားလာပြီး အမျိုးသမီးများ အပါအဝင် စစ်တပ်နှင့်ပတ်သက်သော မိသားစုဝင်များကို တပ်ထဲဝင်ရန် ပိုမိုဖိအားပေးလာသည်။ တချိန်က အသုံးပြုခြင်းမရှိသည့် ပြစ်ဒဏ်ကျခံနေရသည့် ရာဇဝတ်သားများကို စစ်တပ်သို့ဝင်ရောက်စေသည်။
စစ်တပ်သည် နှစ်စဉ် စစ်သားသစ် ၃ သောင်း စုဆောင်းရန် ရည်မှန်းထာသည်ဟု သိရသော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း စစ်တပ်သို့ဝင်ရောက်သူ အရေအတွက်သည် လွန်စွာနည်းပါးပြီး ရာဂဏန်းသာရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ၏ ကြီးထွားလာသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် စစ်တပ်သည် ခါးပိုက်ဆောင်တပ်များ အပါအဝင် အရပ်သားများကို စစ်သင်တန်းပေးနေသည်။
အခြားတဘက်တွင် PDFs များသည် တနိုင်ငံလုံးတွင် လူသစ်များ အများအပြား ရရှိနေသည်။ သို့သော် PDFs များသည် ထိုသူများအားလုံးကို လေ့ကျင့်ပေးရန် ရင်းမြစ်နှင့် ခဲယမ်း ပုံမှန်ထောက်ပံ့နိုင်ခြင်း မရှိပေ။
စစ်တပ်သည် တနိုင်ငံလုံးတွင် ပြန့်ကျဲစစ်ပမ်းနေပြီး နေရာတိုင်းတွင် ရန်သူဝိုင်းနေသည်ကို မြေပြင်တပ်မှူးများ သိကြသည်။ နိုင်ငံပိုင်နက်၏ ထက်ဝက်ကိုသာ ထိန်းချုပ်နိုင်တော့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝန်ခံသည်။ စစ်ကောင်စီက အရေးပေါ်အခြေအနေကို မကြာသေးမီက တိုးချဲ့လိုက်ခြင်းသည်လည်း နိုင်ငံကို အပြည့်အဝ မထိန်းချုပ်နိုင်ကြောင်း ထပ်မံသက်သေပြခြင်းသာ ဖြစ်သည်။ ထိုသို့တိုးချဲ့လိုက်ခြင်းမှာ “ဖွဲ့စည်းပုံအရ” နိုင်ငံကို ၎င်းတို့ ဆက်လက်အုပ်ချုပ်နိုင်ရန် ဥပဒေအရ ဖန်တီးခြင်းပင်ဖြစ်သည်။
နိုင်ငံသည် မတည်ငြိမ်မှုအတွင်း ဆက်လက်ကျဆင်းနေပြီး ကျဆုံးနိုင်ငံအဆင့်သို့ စိတ်မကောင်းစရာ ရောက်ရှိသွားစဉ် အထီးကျန်ပြီး နိုင်ငံတကာရှုတ်ချခံ စစ်ကောင်စီသည် အက်ကွဲမည့်အလားအလာ ရှိနေသည်။
ထိပ်တန်းခေါင်းဆောင်များအကြား အတွင်းကြိတ်တိုက်ခိုက်မှုနှင့် အာဏာလုပွဲများကို မဝေးတော့သော အနာဂတ်တွင် တွေ့ရနိုင်ပြီး မည်သည့် ရာထူးအပြောင်းအလဲမဆိုသည် ရေတိုအတွက်အဖြေသာ ပေးနိုင်မည်ဖြစ်သည်။
ထိပ်တန်းခေါင်းဆောင်များအကြား အတွင်းကြိတ်တိုက်ခိုက်မှုနှင့် အာဏာလုပွဲများကို မဝေးတော့သော အနာဂတ်တွင် တွေ့ရနိုင်ပြီး မည်သည့် ရာထူးအပြောင်းအလဲမဆိုသည် ရေတိုအတွက်အဖြေသာ ပေးနိုင်မည်ဖြစ်သည်။
စစ်အုပ်စုသည် အမှောင်ထုအတွင်းမှ လူရမ်းကာအဖွဲ့သာ ဖြစ်သည်။ စစ်အုပ်စုသည် ဖက်ဒရယ်ဒီမိုကရေစီ၊ တည်ငြိမ်မှု သို့မဟုတ် နိုင်ငံအနာဂတ်နှင့် မပတ်သက်ဘဲ လိုအပ်သည့် မည်သည့်နည်းဖြင့်မဆို အာဏာကို ဆက်လက်ချုပ်ကိုင်ရေးနှင့်သာ သက်ဆိုင်သည်။
စစ်တပ်က ဒီမိုကရက်တစ်ဆန်ပြီး တည်ငြိမ်သော အနာဂတ်သို့ နိုင်ငံကို ပြန်လည်ဆောင်ယူသွားမည်ဟု ထင်လျှင် စိတ်ကူးယဉ်ခြင်းသာ ဖြစ်သည်။ အရူးများသာ ထိုသို့ယုံကြည်မည် ဖြစ်သည်။
လူသတ်ဦးစီးချုပ် မင်းအောင်လှိုင်နှင့် သူ၏နောက်လိုက်များသည် ပြည်သူများကို လုပ်ချင်ရာလုပ်ခြင်းမှအပ မည်သည့် အရည်အချင်းမှ မရှိကြောင်း ပြသနေသည်။ ထိုအခြေအနေများ အားလုံးက စစ်ကောင်စီသည် နိုင်ငံကို အုပ်ချုပ်ရန် ဥပဒေကြောင်းအရ၊ ကျင့်ဝတ်အရ၊ အခြားတနည်းနည်းအရ မည်သည့် အခွင့်အာဏာမျှမရှိကြောင်း ပြသနေသည်။ နိုင်ငံသားများက စစ်တပ်နှင့် အာဏာသိမ်းခေါင်းဆောင်ကို အကြွင်းမဲ့ ဆန့်ကျင်တွန်းလှန်ကြသည်။
မကြာမီ တနေ့တွင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားပြီး နိုင်ငံကိုကာကွယ်မည့် စစ်တပ်ပီသသည့် ပြည်ထောင်စုစစ်တပ်ကို ထူထောင်ရန် ကြိုးစားရမည်ဖြစ်သည်။
“ပြည်ထောင်စု တပ်မတော်” ဟု ခေါ်သည်ဖြစ်စေ၊ “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ဟု ခေါ်သည်ဖြစ်စေ ထိုတပ်မတော်သည် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံပါသည့် မြန်မာပြည်သူများကို အလုပ်အကျွေးပြု ကာကွယ်ရမည်ဖြစ်ပြီး ဒေသတွင်းတွင် လေးစားစရာကောင်းသော တည်ငြိမ်ရေး တပ်မတော်အဖြစ် လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။
“ပြည်ထောင်စု တပ်မတော်” ဟု ခေါ်သည်ဖြစ်စေ၊ “ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်” ဟု ခေါ်သည်ဖြစ်စေ ထိုတပ်မတော်သည် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံပါသည့် မြန်မာပြည်သူများကို အလုပ်အကျွေးပြု ကာကွယ်ရမည်ဖြစ်ပြီး ဒေသတွင်းတွင် လေးစားစရာကောင်းသော တည်ငြိမ်ရေး တပ်မတော်အဖြစ် လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။
မြန်မာပြည်သည် ပရော်ဖက်ရှင်နယ် စစ်တပ်ကို လိုအပ်ပြီး မင်းအောင်လှိုင်နှင့် နောက်လိုက် လူရမ်းကားတသိုက်သည် ထိုသို့ဖြစ်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
လာမည့်စနစ်သစ်တွင် စစ်ဦးစီးချုပ်သည် သူ့ကိုဆက်ခံမည့်သူကို ရွေးချယ်ခွင့်ပေးမည် မဟုတ်ပေ။ မင်းအောင်လှိုင်သည် သူ့ကိုဆက်ခံသူအဖြစ် သူ့လောက်ထုံထိုင်းပြီး သူ့စကားကို နားထောင်သူကိုသာ ရွေးချယ်မည် ဖြစ်သည်။
ထိုသို့ဆိုခြင်းသည် အိပ်မက်ဆန်သော်လည်း တပ်မတော်သစ်ကို ကရင်၊ ကချင်၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ရခိုင်နှင့် ချင်း စစ်ဦးချုပ်များ အလှည့်ကျပုံစံ ခန့်အပ်မှုစနစ်ဖြင့် ခန့်ထားသင့်ပြီး ၎င်းတို့အားလုံးသည် အလှည့်ကျလျှင် ခန့်အပ်ခံရမည့် ဗမာ စစ်ဦးစီးချုပ်နှင့် အဆင့်အတန်း တူညီမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yes, the Myanmar Military Really Could Implode ကို ဘာသာပြန်သည်။)
You may also like these stories:
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ
“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ