အဒေါ့ဖ် အိုက်ခမန်းကို ၁၉၆၁ ခုနှစ်က ဂျေရုဆလင်တွင် ရုံးတင်စစ်ဆေးသောအခါ သူသည် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီညှဉ်းပန်းနှိပ်စက်ရေး စခန်းများတွင် ဂျူးသန်းပေါင်းများစွာကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူဖြစ်သည်ဟု မထင်ရလောက်အောင်ပင် ဖြစ်နေသည်။ ထိုရက်စက်ကြမ်းကြုတ်သော လူသတ်သမားက သူသည် သူ့အလုပ် သူလုပ်သည့်သူ သို့မဟုတ် ထိုစဉ်က တရားခွင်တွင် နားထောင်ခဲ့သူတဦး၏ မှတ်ချက်အတိုင်း ဆိုရပါက သာမန် ရုံးဝန်ထမ်းတဦးဖြစ်သည်ဟု ဆိုသည်။ သို့သော် အိုက်ခမန်းသည် ရက်စက်ကြမ်းကြုတ်သော လူသတ်သမား ဖြစ်သည်။ သူ့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအပါအဝင် ရာဇဝတ်မှုပေါင်း များစွာဖြင့် သေဒဏ်ချမှတ်ကာ ၁၉၆၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကြိုးပေးကွပ်မျက်သည်။
ထိုအမှုတွင် ကြားနာစဉ် အစ္စရေးတရားရုံးမှ မဖြစ်နိုင်လောက်အောင် ထူးဆန်းသည်ဟု ထင်ရသော မြင်ကွင်းများကြောင့် နိုင်ငံရေးဒဿနပညာရှင်၊ စာရေးဆရာနှင့် ဂျာမန် ဂျူးဒုက္ခသည် ဟန်နာ အားရန့်က “အဆံချောင် မိစ္ဆာ” ဆိုသည့် စကားလုံးကို တီထွင်ခဲ့သည်။ ယနေ့ မြန်မာစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်များသည်လည်း အလားတူပင်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာသို့ မြန်မာကို တံခါးဖွင့် လိုက်သောအခါ ပြည်ပမှ ငြိမ်းချမ်းရေး တည်ဆောက်သူများ၊ ပဋိပက္ခဖြေရှင်းရေးအဖွဲ့များမှ စေ့စပ်ညှိနှိုင်းသူများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ကမ္ဘာတဝန်းမှ အစိုးရအရာရှိများသည် ဗိုလ်ချုပ်များနှင့် တွေ့ဆုံရန် မြန်မာသို့ စုပြုံသွားရောက်ကြသည်။
ရန်ကုန်နှင့် နေပြည်တော်တွင် ၎င်းတို့ကို လက်ခံတွေ့ဆုံသူများသည် ရက်စက်ကြမ်းကြုတ်သော လူသတ်သမားများ ပုံစံမပေါက်တော့ဘဲ ဥရောပသားများ၊ သြစတြေးလျများ၊ မြောက်အမေရိက တိုက်သားများ၊ အခြား အနောက်နိုင်ငံသားများနှင့် ထိတွေ့ဆက်ဆံနိုင်သော ကျိုးကြောင်းဆီလျော်သည့် လူသားများသဖွယ် ဖြစ်နေသည်။ ပြည်ပ ကျွမ်းကျင်သူများဟု ဆိုသောသူများကလည်း ၎င်းတို့သည် ထိုဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံနိုင်သည်၊ ၎င်းတို့၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီနိုင်မည်၊ ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရကတည်းက ဖြစ်ပွားနေသည့် လူမျိုးစုစစ်ပွဲအတွက် ငြိမ်းချမ်းသော အဖြေရှာနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။
မြန်မာမှ အယူမှားသည့် ငြိမ်းချမ်းရေး စီမံကိန်းများအတွက် ဒေါ်လာသန်းပေါင်းများစွာ ပုံအောခဲ့ပြီး နိုင်ငံခြားရေး မူဝါဒ ဂုရုကြီးများကလည်း “မြန်မာမှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နားလည်ခြင်း”၊ “မြန်မာ့အသွင်ကူးပြောင်းမှုကို ဖွင့်ဆိုခြင်း”၊ “မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု၏ နောက်ကွယ်” စသည် စသည်ဖြင့် ခေါင်းစဉ်တပ်ထားသည့် စာတမ်းပေါင်းများစွာကို ရေးသားထုတ်ဝေကြသည်။ အချို့မှာ လုံးဝ ပညာရှင်မဆန်သည့် အနှစ်သာရကင်းမဲ့သည့် စာများဖြစ်သည်။
မြန်မာမှ အယူမှားသည့် ငြိမ်းချမ်းရေး စီမံကိန်းများအတွက် ဒေါ်လာသန်းပေါင်းများစွာ ပုံအောခဲ့ပြီး နိုင်ငံခြားရေး မူဝါဒ ဂုရုကြီးများကလည်း “မြန်မာမှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နားလည်ခြင်း”၊ “မြန်မာ့အသွင်ကူးပြောင်းမှုကို ဖွင့်ဆိုခြင်း”၊ “မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှု၏ နောက်ကွယ်” စသည် စသည်ဖြင့် ခေါင်းစဉ်တပ်ထားသည့် စာတမ်းပေါင်းများစွာကို ရေးသားထုတ်ဝေကြသည်။ အချို့မှာ လုံးဝ ပညာရှင်မဆန်သည့် အနှစ်သာရကင်းမဲ့သည့် စာများဖြစ်သည်။ ထိုသို့သောစာများတွင် ရခိုင်ပြည်နယ်မှ လူမျိုးစု ပဋိပက္ခနှင့် ပတ်သက်သည့် “လူမျိုးစု မူလအစကို ကွဲပြားမှု မူလအစအဖြစ် ရှုမြင်ခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် စာတမ်းလည်း ပါဝင်သည်။ ထိုစစ်အရာရှိများသည် လူ့အခွင့်အရေးအဖွဲ့များနှင့် လူမှုအခြေပြု အဖွဲ့အစည်းများက ဆယ်စုနှစ်ပေါင်းများစွာ မှတ်တမ်းတင်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများ အားလုံးအတွက် တာဝန်မရှိခဲ့သကဲ့သို့ ဖြစ်နေသည်မှာ သေချာသည် မဟုတ်ပါသလား။
ထိုနည်းလမ်းသည် အလုပ်မဖြစ်ကြောင်း၊ အာဏာရှင်များသည် နေ့ချင်းညချင်းဆိုသလို လစ်ဘရယ်ဒီမိုကရေစီ အတွက် ကျိုးကြောင်းဆီလျော်သည့် အကျိုးတော်ဆောင်များ ဖြစ်မလာနိုင်ကြောင်း ပြောဆိုပြီး ထိုအမြင်ကို မေးခွန်းထုတ်ခဲ့ကြသည့် စာရေးသူတို့ကို အဆိုးမြင်သမားများ၊ သံသယဝါဒီ ဖြစ်သည်ဟုပင် ဝေဖန်ပယ်ချခဲ့ကြသည်။ ထို့နောက် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာသည်။ မြို့တော် နေပြည်တော်နှင့် အကြီးဆုံးမြို့ ရန်ကုန်တွင် တင့်ကားများ မောင်းနှင်နေပြီး အာဏာသိမ်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖွဲ့စည်းလိုက်သည်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုကြောင့် ပြင်ပမှ လေ့လာသူ အများအပြား အံ့သြသွားပြီး တနိုင်ငံလုံးတွင် ဆက်လက်ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းသော၊ ဆူပူသော ခုခံမှု အင်အားကြောင့် တုန်လှုပ်ကြသည်။ ကနဦးက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကြောင့် စစ်တပ်သည် ထိုမျှဆိုးရွားသော ရာဇဝတ်မှုများကို မကျူးလွန်နိုင်ဟု ယုံကြည်ခဲ့သူများကို တုန်လှုပ်သွားစေသည်။ ပထမဆုံး ပစ်မှတ်ထားခံရသူများမှာ ဆယ်ကျော်သက်အရွယ် ငယ်ရွယ်သည့် ဆန္ဒပြသူများဖြစ်သည်။ အခြားသူများကို ခြိမ်းခြောက်အရှုံးပေးစေရန် ရည်ရွယ်ပြီး ထိုလူငယ်များကို လက်ဖြောင့် သေနတ်သမားများဖြင့် ပစ်သတ်စေသည်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုကြောင့် ပြင်ပမှ လေ့လာသူ အများအပြား အံ့သြသွားပြီး တနိုင်ငံလုံးတွင် ဆက်လက်ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းသော၊ ဆူပူသော ခုခံမှု အင်အားကြောင့် တုန်လှုပ်ကြသည်။ ကနဦးက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကြောင့် စစ်တပ်သည် ထိုမျှဆိုးရွားသော ရာဇဝတ်မှုများကို မကျူးလွန်နိုင်ဟု ယုံကြည်ခဲ့သူများကို တုန်လှုပ်သွားစေသည်။
ထိုသို့လုပ်ခြင်းကြောင့် ထင်သလို ဖြစ်မလာသောအခါ လူအုပ်အတွင်း သိမ်းကြုံးပစ်ခတ်သည်။ လက်နက်ကိုင် ပုန်ကန်မှုများ နိုင်ငံအနှံ့အပြားတွင် ပေါ်ပေါက်လာပြီး စစ်ကောင်စီက ဗုံးကြဲ၍ ရွာလုံးကျွတ် မီးလောင်တိုက်သွင်းကာ တုံ့ပြန်သည်။ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်သည်။ ဇူလိုင်လတွင်မူ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကြိုးပေးကွပ်မျက်သည်။ ၁၉၇၀ ပြည့်နှစ် အလယ်နောက်ပိုင်း ပထမဆုံး နိုင်ငံရေး ကွပ်မျက်မှုဖြစ်သည်။ လက်ရှိအချိန်အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၁၃၉ ဦးကို သေဒဏ်ပေးထားသည်။ တနိုင်ငံလုံးမှ မြို့များ၊ ရွာများတွင် အခြားသူ ရာနှင့်ချီပြီး တရားလက်လွတ် အသတ်ခံရသည်။
စစ်တပ်ထိပ်တန်း ခေါင်းဆောင်များ၏ အရောင်အသွေးမှန်ကို ပြသရန် အချိန်သိပ်ကြာကြာ မလိုပေ။ အငြိမ်းစား ဗိုလ်ချုပ် သမ္မတဟောင်း ဦးသိန်းစိန်သည် နိုင်ငံကို ပိုမိုကောင်းမွန်သော အနာဂတ်သို့ ဦးဆောင်သွားမည့် “မြန်မာ ဂေါ်ဘာချက်ဗ်” ဖြစ်သည်ဟု အနောက်တိုင်း မီဒီယာအချို့က ချီးကျူးခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင်မူ အမှန်တကယ် သူမည်သို့ ရပ်တည်သည်ကို ပထမဆုံးအကြိမ် ဖော်ပြလိုက်သည်။ စစ်တပ်၏ မူဝါဒများကို ထောက်ခံပြီး မြန်မာနိုင်ငံသည် “ပိုင်နက်နယ်မြေနှင့် အမျိုး၊ ဘာသာ” ခြိမ်းခြောက်မှုများကို အကြီးအကျယ် ရင်ဆိုင်နေရကြောင်း ပြောကြားကာ ထိုနှစ်နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံကို ကာကွယ်မည့် ကိုယ်စားလှယ်လောင်းများကို မဲပေးရန် ပြည်သူများကို ပြောကြားသည်။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်တပ်အတွက် ဒလန် လုပ်သည်ဆိုသည့် သံသယဖြင့် သတ်ဖြတ်ခံရ သို့မဟုတ် ဒဏ်ရာရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ၏ မိသားစုများအတွက် ဦးသိန်းစိန်က ငွေလှူသည်။ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြသောကြောင့် စစ်တပ်နှင့် ရဲက ပစ်သတ်ခံရသူများ၏ မိသားစုများအတွက် မည်သည့်ငွေမျှ ဦးသိန်းစိန် လှူဒါန်းမည် မဟုတ်သည်ကို ပြောရန်ပင် မလိုတော့ပေ။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် စစ်တပ်အတွက် ဒလန် လုပ်သည်ဆိုသည့် သံသယဖြင့် သတ်ဖြတ်ခံရ သို့မဟုတ် ဒဏ်ရာရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ၏ မိသားစုများအတွက် ဦးသိန်းစိန်က ငွေလှူသည်။
ယခုနှစ် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့တွင် စစ်အရာရှိဟောင်း ၂ ဒါဇင်ခန့်ကို နေပြည်တော်တွင် ကျင်းပသည့် အခမ်းအနားသို့ ဖိတ်သည်။ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုဧည့်သည်တော်များကို အရိုအသေပေးပြီး ထိုသူများတွင် ဦးသိန်းစိန်သာမက ပြုပြင်ပြောင်းလဲရေးသမားဟု တချိန်က အခေါ်ခံရပြီး ၂၀၁၂ ခုနှစ်က နော်ဝေး၊ အော့စလို ဖိုရမ်သို့ ဖိတ်ကြားခံရသူ ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းလည်း ပါသည်။ နောက်တနှစ်ကြာသောအခါ သူသည် ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်သည်။ သို့သော် လွန်ခဲ့သောနှစ်က စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဦးစိုးသိန်းသည် မြန်မာဘာသာဖြင့် စာအုပ်တအုပ် ထုတ်ဝေပြီး မြန်မာ့လွတ်လပ်ရေးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည် ထိန်းသိမ်းသည်ဟုရေးကာ မင်းအောင်လှိုင်၏ အာဏာသိမ်းမှုကို ချီးကျူးသည်။
ထိုမျှဆိုလျှင် ဗိုလ်ချုပ်များသည် မည်သို့သော အာဏာကို ကိုယ်စားပြုသည်ကို ရှင်းလင်းစွာ သိမြင်သင့်သော်လည်း နော်ဝေးအစိုးရက ငွေကြေးထောက်ပံ့ထားသည့် အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျုမှ သုတေသီ မာတီ နီလ်ဆန်က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဆိုသည့် ပုံပြင်ကို ထပ်မံပြောနေသည်ကို မတားဆီးနိုင်ပေ။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် နော်ဝေးမဂ္ဂဇင်း Bistandsaktuelt တွင် သူက ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေး အစိုးရခေါင်းဆောင်ဖြစ်သည်ဟု ရေးသားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကခန့်သည့် အစိုးရတွင် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရဆိုသည့်အဖွဲ့တွင် ပါဝင်သူ ၃ ဦးကို ခန့်ထားခြင်းမှာ မှတ်သားစရာကောင်းသည်။ ယခင်နှင့် ယခု နိုင်ငံခြားရေးဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ၂၀၂၂ သြဂုတ်လအထိ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီနှင့် ယခင် ပြည်ထဲရေးဒုဝန်ကြီးနှင့် ယခု ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်အုန်း တို့ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကခန့်သည့် အစိုးရတွင် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရဆိုသည့်အဖွဲ့တွင် ပါဝင်သူ ၃ ဦးကို ခန့်ထားခြင်းမှာ မှတ်သားစရာကောင်းသည်။
၂၀၀၇ ခုနှစ်က ရဲချုပ် ခင်ရီသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြပွဲများကို သွေးချောင်းစီး နှိမ်နင်းရာတွင် ဦးဆောင်ခဲ့သည်။ ယခု စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးသည် သိန်းစိန်အစိုးရတွင် ဝန်ကြီးမဖြစ်ခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြီးအကဲ ဖြစ်ခဲ့သည်။ ဦးခင်ရီသည် နောင်တွင် စစ်ကောင်စီဝန်ကြီးအဖြစ်မှ ထွက်ပြီး လာမည့်နှစ်တွင် စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် USDP ကို ဦးဆောင်မည့် ခေါင်းဆောင် ဖြစ်လာသည်။
ထို့ကြောင့် နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်ပွင့်လင်းသော ဆယ်စုနှစ်ဖြစ်သည့် ဦးသိန်းစိန် သမ္မတ ဖြစ်သော ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလအတွင်း မည်သည်တို့ ဖြစ်ပျက်ခဲ့သနည်း။ ထိုကာလသည် အသွင်ကူးပြောင်းရေးကာလ မဟုတ်လျှင် မည်သည့်ကာလ ဖြစ်သနည်း။ အဖြေမှာ ရှင်းလင်းလှသည်။ ဦးသိန်းစိန် အာဏာရသည့်ခေတ်တွင် ပြည်သူများခံစားခဲ့ရသည့် မကြုံစဖူး လွတ်လပ်မှုသည် မြန်မာ့လူ့အဖွဲ့အစည်းကို အသွင်ကူးပြောင်းမှုတခု ဖြစ်စေခဲ့သည်။
မျိုးဆက်တဆက်လုံးသည် အင်တာနက် မည်သို့သုံးမည်၊ လူမှုကွန်ရက်တွင် မည်သို့ဆက်သွယ်မည်နှင့် နိုင်ငံသားအခွင့်အရေးနှင့်၊ ဒီမိုကရေစီနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ မည်သို့ကျင်းပမည်ကို လေ့လာကြသည်။ ထို့ကြောင့် စစ်အာဏာသိမ်းမှုကို ကနဦးတွင် ငြိမ်းချမ်းစွာဆန့်ကျင်ပြီး နောင်တွင် လက်နက်ကိုင်ဆန့်ကျင်သည့် နုပျိုသော လှုပ်ရှားမှုတခုကို မွေးဖွားလာခဲ့သည်။ အာဏာသိမ်းမှုဖြစ်ပွားစဉ်က မြန်မာ့အရေးလေ့လာသူတဦး ပြောသည့်အတိုင်းဆိုပါက “စစ်တပ်က အတွက်အချက်မှားပြီး လူငယ်မျိုးဆက်ကို သွားဆွလိုက်တယ်” ဟုသာပြောရမည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အပြောင်းအလဲများကို ပြုလုပ်စဉ်က ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုမျိုးကို ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ဟောင်းများ မျှော်လင့်မထားလောက်ပေ။
အာဏာသိမ်းမှုဖြစ်ပွားစဉ်က မြန်မာ့အရေးလေ့လာသူတဦး ပြောသည့်အတိုင်းဆိုပါက “စစ်တပ်က အတွက်အချက်မှားပြီး လူငယ်မျိုးဆက်ကို သွားဆွလိုက်တယ်” ဟုသာပြောရမည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး အပြောင်းအလဲများကို ပြုလုပ်စဉ်က ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုမျိုးကို ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ဟောင်းများ မျှော်လင့်မထားလောက်ပေ။
ထိုသို့ဆိုလျှင် နိုင်ငံ တံခါးဖွင့်ခြင်းကို စစ်တပ်က မည်သည့်အတွက် သဘောတူခဲ့သနည်း။ တရုတ်အပေါ် အလွန်အကျွံ မှီခိုရခြင်းသည် အရေးပါသော အချက်တခုဖြစ်သည်။ နှစ်ပေါင်းများစွာကြာသည့် အနောက်တိုင်း အရေးယူမှုများနှင့် သပိတ်မှောက်ခြင်းများကြောင့် ကုန်သွယ်ရေးနှင့် သံတမန်ရေးတွင် ထောက်ခံမှုအတွက် တရုတ်ကို မှီခိုရသည်။ စာရေးသူ ကြည့်ရှုခဲ့သည့် စစ်ဘက် စာရွက်စာတမ်းများအရ အခြေအနေ လွန်စွာ ဆိုးရွားနေသောကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ဆုံးရှုံးတော့မည်ဟု ဗိုလ်ချုပ်များ ထင်လာကြသည်။
ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာ အသိုက်အဝန်းက လက်ခံလာစေရန်အတွက် အပြောင်းအလဲအချို့ကို လုပ်ရန် လိုအပ်လာခဲ့သည်။ လုံးဝ လိမ်လည်သော ဆန္ဒခံယူပွဲဖြင့် အကောင်အထည်ဖော်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့သော အပြောင်းအလဲများကို လုပ်နိုင်ခဲ့ပြီး စစ်တပ်၏ အထွဋ်အထိပ်အာဏာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရန်မှာ ၎င်းတို့၏တာဝန်ဖြစ်ကြောင်း စစ်တပ်က အကြိမ်ကြိမ်ပြောခဲ့သည်။ ထိုဖွဲ့စည်းပုံတွင် အဓိကကျသည့် မည်သည့် အပြောင်းအလဲကိုမျှ သည်းခံမည် မဟုတ်ကြောင်း ပြောခဲ့သည်။
အခြားအကြောင်းရင်းတခုမှာ ၁၉၉၂ ခုနှစ်ကတည်းက အထွဋ်အထိပ်အာဏာကို ချုပ်ကိုင်ထားသော အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အငြိမ်းစားယူမည့်အချိန် နီးကပ်လာခြင်းဖြစ်သည်။ သူသည် အခြား အုပ်ချုပ်သူများကဲ့သို့ပင် အာဏာရှင်အဖြစ် နိဂုံးမချုပ်ဘဲ နေပြည်တော်ကို တည်ဆောက်ခြင်း အပါအဝင် နိုင်ငံသစ်ကို ထူထောင်သူအဖြစ် နိဂုံးချုပ်လိုသည်။ သူနှင့် သူ့မိသားစုသည် သူ့ယခင် အာဏာရှင်များဖြစ်သည့် ဗိုလ်နေဝင်းနှင့် စောမောင်တို့ကဲ့သို့ အရှက်တကွဲ အကျိုးနည်း နိဂုံးချုပ်ရမည့် ကံကြမ္မာကို အနှေးနှင့်အမြန်ဆိုသလို ခံစားရမည်ကိုလည်း စိုးရိမ်နေသည်ဟု အတွင်းလူများ ပြောခဲ့သည်။
ထို့ကြောင့် ဦးသန်းရွှေသည် သူ့ကို ဆက်ခံမည့်သူကို တဦးတည်း မရွေးဘဲ သုံးဦး ရွေးသည်။ ထိုစဉ်က စစ်အုပ်စု အတွင်းရေးမှူး (၁) နှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို သမ္မတဖြစ်စေသည်။ သြဇာမကြီး အရည်အသွေးမဲ့သည့် မင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီး ရာထူးပေးကာ စစ်တပ်အကြီးအကဲ ဖြစ်စေသည်။ ဗိုလ်ချုပ်ကြီး ရွှေမန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် နောင်တွင် USDP ဥက္ကဋ္ဌဖြစ်စေသည်။ ထို သုံးဦးတွင် အာဏာများကို ခွဲဝေ ပေးထားသောကြောင့် ဦးသန်းရွှေသည် သူ့အတွက် အန္တရာယ်ကင်းသည် သို့မဟုတ် ထိုသို့ယူဆသည်။
ပထမဆုံး အတွက်အချက်မှားမှုမှာ လေသည် မည်သည့်ဘက်သို့ ဦးတည်နေသည်ကို စောစောစီးစီး သဘောပေါက်သည့် ဦးရွှေမန်း ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်ပူးပေါင်းဆောင်ရွက်ပြီး ထို့ကြောင့်ပင် ကျဆုံးရသည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ဦးရွှေမန်းကို USDP ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပါတီမှ လုံးဝ ထုတ်ပယ်လိုက်သည်။ ၂၀၁၉ ခုနှစ်တွင် သူ၏ သီးခြားနိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ထူထောင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ တနေရာမျှ အနိုင်မရပေ။
ဦးသန်းရွှေသည် အာဏာရှင်အဖြစ် နိဂုံးမချုပ်ဘဲ နေပြည်တော်ကို တည်ဆောက်ခြင်း အပါအဝင် နိုင်ငံသစ်ကို ထူထောင်သူအဖြစ် နိဂုံးချုပ်လိုသည်။ သူနှင့် သူ့မိသားစုသည် သူ့ယခင် အာဏာရှင်များဖြစ်သည့် ဗိုလ်နေဝင်းနှင့် စောမောင်တို့ကဲ့သို့ အရှက်တကွဲ အကျိုးနည်း နိဂုံးချုပ်ရမည့် ကံကြမ္မာကို အနှေးနှင့်အမြန်ဆိုသလို ခံစားရမည်ကိုလည်း စိုးရိမ်နေသည်ဟု အတွင်းလူများ ပြောခဲ့သည်။
အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဦးရွှေမန်းသည် လုံးဝ ရေငုံနှုတ်ပိတ်နေသည်။ ဦးသိန်းစိန်သည် နေပြည်တော်ရှိ သူ၏ နေအိမ်တွင်သာ နေထိုင်ပြီး စစ်ကောင်စီကို ဆက်လက်ထောက်ခံကာ ပန်းချီဆွဲသည်။ ထို့ကြောင့် မင်းအောင်လှိုင်သည် မူလ သုံးဦးဂိုဏ်းမှ လွတ်မြောက်သွားပြီး ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များ ထပ်မံ မဖြစ်ပေါ်စေရန် ဆုံးဖြတ်ထားသည့် အခြားစစ်အရာရှိများနှင့် ပူးပေါင်းလိုက်သည်။ စစ်တပ်သည် ၂၀၁၅ ရွေးကောက်ပွဲကို စိတ်မပါလက်မပါဖြင့် သဘောတူခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အစိုးရဖွဲ့စေသော်လည်း ထိုသို့လုပ်ရန် ဒုတိယအကြိမ် ခွင့်မပြုတော့ပေ။ ထို့ကြောင့် အာဏာသိမ်းလိုက်ပြီး ရွေးကောက်ခံ ဗဟိုနှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များကို အပြစ်ရှာ ဒဏ်ခတ်ရန် လုပ်ဆောင်သည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေသည်များသည် မြန်မာ့သမိုင်းနှင့် အကျွမ်းဝင်သူများအတွက် အံ့သြစရာ မဟုတ်ပေ။ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၁၉၆၂ ခုနှစ်၊ မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လေးလအကြာ ရန်ကုန် တက္ကသိုလ်မှ ကျောင်းသားများ ဆန္ဒပြသောအခါ ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်။ စစ်အုပ်စုက ထုတ်ပြန်သည့် တရားဝင် စာရင်းများအရဆိုပါက စစ်တပ်က ပစ်ခတ်သောအခါ ကျောင်းသား ၁၅ ဦး အသတ်ခံရပြီး ၂၇ ဦး ဒဏ်ရာရသည်။ သို့သော် ကြားနေလေ့လာသူများနှင့် ထိုစဉ်က ပစ်ခတ်ခံစဉ် ရှိနေသည့် ကျောင်းသားများ၏ အဆိုအရ တက္ကသိုလ်သည် သားသတ်ရုံကဲ့သို့ ဖြစ်နေပြီး အနာဂတ် လူ့အဖွဲ့အစည်း ခေါင်းဆောင် ၁၅ ဦးမကဘဲ ရာနှင့်ချီ လဲကျသေဆုံးခဲ့သည်ဟု သိရသည်။
၁၉၇၀ ပြည့်နှစ်များအလယ်တွင် စစ်တပ်သည် ရန်ကုန်မှ သပိတ်မှောက်နေသော အလုပ်သမားများကို ပစ်ခတ်သောကြောင့် အစားအစာ မလုံလောက်မှု၊ ကုန်ဈေးနှုန်းမြင့်မားမှုနှင့် လုပ်ငန်းခွင်အခြေအနေ ဆိုးရွားမှုများကို ဆန္ဒပြသော လူ ဆယ်ပေါင်းများစွာ သေဆုံးသည်။ နောက်တကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ၁၉၇၄ ခုနှစ်တွင် ကျူးလွန်သည်။ ထိုစဉ်က နေဝင်း၏ ရက်စက်ကြမ်းကြုတ်သော ပဒေသရာဇ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အလောင်းကို မြန်မာတွင် မြှုပ်နှံရန် ယူဆောင်လာသောအခါတွင် ဖြစ်ပွားသည်။ ကျောင်းသားများနှင့် သံဃာတော်များက ထိုအလောင်းကို လုယူပြီး တက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ ယူဆောင်သွားသည်။
ထိုသံဃာတော်များနှင့် ကျောင်းသားများက ဦးသန့်ကို ဦးနေဝင်းက မြှုပ်နှံမည့်နေရာတွင် မမြှုပ်နှံလိုဘဲ စနစ်တကျ ဂုဏ်သိက္ခာနှင့်အညီ ဈာပနအခမ်းအနား ကျင်းပပေးစေလိုသည်။ ထိုကျောင်းသားများနှင့် သံဃာများက ဖက်ဆစ် အစိုးရ ကျဆုံးပါစေဟု အော်ဟစ်ပြီးနောက် ပစ်ခတ်ခံရသည်။ လူ ၃၀၀ မှ ၄၀၀ အထိ သေဆုံးပြီး ၁,၀၀၀ ကျော် ဖမ်းဆီးခံရကာ အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု ထိုဖြစ်ရပ်တွင် ပါဝင်သူများက ပြောသည်။
၁၉၈၈ ခုနှစ်က တနိုင်ငံလုံးကျယ်ပြန့်သည့် ကြီးမားသော ဒီမိုကရေစီ အရေးတော်ပုံအတွင်း စစ်အုပ်စုအာဏာသိမ်းပြီး စက်သေနတ်များဖြင့် ပြည်သူလူထုကို နှုတ်ပိတ်သည်။ သြဂုတ်လက ပထမဆုံး ဆန္ဒပြပွဲများအတွင်း လူ ၃,၀၀၀ ခန့်သေဆုံးပြီး စစ်တပ်က အာဏာသိမ်းသောအခါ နောက်ထပ် လူ ၁,၀၀၀ သေဆုံးသည်။ အလားတူပင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများကိုလည်း ၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၇ ခုနှစ်တို့တွင် ထပ်မံ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသည်။ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများတွင် သံဃာတော်များ ဦးဆောင်ကာ စစ်အုပ်စုကို ဆန့်ကျင်ချီတက်ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပျက်နေသည်များသည် မြန်မာ့သမိုင်းနှင့် အကျွမ်းဝင်သူများအတွက် အံ့သြစရာ မဟုတ်ပေ။ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်သည်မှာ ယခုတကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာစစ်တပ်၏ နိုင်ငံရေး ယဉ်ကျေးမှုကို လုံးဝ မှားယွင်းစွာ ဖွင့်ဆိုခြင်းနှင့် ပတ်သက်ပြီး ယခုအခါ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သင်ခန်းစာရသင့်ပြီဖြစ်သည်။ မည်သည့် ပြင်ပလူမျှ စစ်တပ်နှင့် ထိတွေ့ဆက်ဆံ သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ပေ။ စစ်တပ်သည် ၎င်းတို့၏ စကားကိုသာ ၎င်းတို့နားထောင်ပြီး သူတို့ ဖြစ်ချင်သည်များ မဖြစ်သောအခါ သူတို့နားလည်သည့် တခုတည်းသော ဘာသာစကားမှာ အကြမ်းဖက်မှုသာ ဖြစ်သည်။ ယခုအခါ ထိုသို့ဖြစ်နေပြီ ဖြစ်သည်။ သို့သော် အနောက်တိုင်းမှ သူတို့ကိုယ်သူတို့ ကူညီနေသူများဟု ထင်နေသူများသည် မအောင်မြင်နိုင်သည်ကို အောင်မြင်အောင်လုပ်ရန် သို့မဟုတ် ဗိုလ်ချုပ်များကို သင့်တင့်လျှောက်ပတ်သော ပရဟိတသမားများဖြစ် ပြောင်းလဲပစ်ရေး ဗိုလ်ချုပ်များနှင့် ဆက်ဆံရေး တမျိုးမျိုးထူထောင်ရန် ပြန်လည်လှုပ်ရှားနေပြီ ဖြစ်သည်။
လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကတိပေးထားပြီး အချို့သော ဝင်ရောက်ကူညီမည် ဆိုသူများသည် ထိုမျှဖြင့် မလုံလောက်ကြောင်း သိသော်လည်း တွေ့ဆုံဆွေးနွေးရေးအတွက် အခွင့်အလမ်းဖြစ်နိုင်သည်ဟု ယုံကြည်နေကြပြီး လက်ရှိ အကျပ်အတည်းကို အဆုံးသတ်ရန် ပထမဆုံး ခြေလှမ်းဖြစ်သည်ဟု ထင်ကြသည်။ သို့သော် အနောက်ကမ္ဘာသည် ထပ်မံဖြားယောင်းခံရမည်ဖြစ်သည်။
စစ်အာဏာသိမ်းမှု မတိုင်မီက မြန်မာစစ်တပ်၏ နိုင်ငံရေး ယဉ်ကျေးမှုကို လုံးဝ မှားယွင်းစွာ ဖွင့်ဆိုခြင်းနှင့် ပတ်သက်ပြီး ယခုအခါ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သင်ခန်းစာရသင့်ပြီဖြစ်သည်။ မည်သည် ပြင်ပလူမျှ စစ်တပ်နှင့် ထိတွေ့ဆက်ဆံ သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ပေ။ စစ်တပ်သည် ၎င်းတို့၏ စကားကိုသာ ၎င်းတို့နားထောင်ပြီး သူတို့ ဖြစ်ချင်သည်များ မဖြစ်သောအခါ သူတို့နားလည်သည့် တခုတည်းသော ဘာသာစကားမှာ အကြမ်းဖက်မှုသာ ဖြစ်သည်။
ဗိုလ်ချုပ်များက လုပ်မည့်အရာသည် အထွေထွေ ရွေးကောက်ပွဲမဟုတ်ဘဲ ဗိုလ်ချုပ်များ၏ ရွေးကောက်ပွဲသာဖြစ်ပြီး ပြည်သူများကို လွတ်လပ်စွာ မဲပေးခွင့်ပေးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ တွင် ၎င်းတို့လုပ်ခဲ့သော အမှားများကို ထပ်မံပြုလုပ်ခြင်း မဟုတ်ပေ။ အိုက်ခမန်းကဲ့သို့ပင် ဗိုလ်ချုပ်များသည် အပြစ်ကင်းစင်ပြီး ကျိုးကြောင်းဆီလျော်သောသူများ ဖြစ်ပုံပေါက်နေနိုင်သည်။ သို့သော် ၎င်းတို့သည် သိုးသားရေ ခြုံထားသည့် ဝံပုလွေများသာဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner ၏ Myanmar’s Generals: The Banality of Evil ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာ ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
ဆွစ်ဇာလန် သံအမတ်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံနေလား
စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး
စစ်ကောင်စီက ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပမည်မှာ ရွေးကောက်ပွဲမဟုတ်
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ
မျက်မှောက်ခေတ်ကာလရဲ့ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ် အားပြိုင်မှု