• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဂျင်တီးနားလို ပြင်သစ်က မော်ရိုကိုကို ဂိုးပြတ်သွင်းမှာလား

by လေးလေး
14 December 2022
in ဆောင်းပါး
A A
ကမ္ဘာကျော်ဘောလုံးသမား၊ ပါရမီရှင်ဘောလုံးသမား အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ

ကမ္ဘာကျော်ဘောလုံးသမား၊ ပါရမီရှင်ဘောလုံးသမား အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီ

2.8k
VIEWS
Share on FacebookShare on Twitter

ညက အာဂျင်တီးနားနဲ့ ခရိုအေးရှားပွဲ ကြည့်ပြီးတော့ This time for Africa ဆိုတဲ့ အာဖရိက ကမ္ဘာ့ဖလားဖွင့်ပွဲ သီချင်းစာသားပြေး သတိရ။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းက ခရိုအေးရှားကို ၃ ဂိုးပြတ် ကစားပြခဲ့ပြီးတဲ့နောက် This time for Messi လို့ ရွတ်ဆိုမိလိုက်တာပါပဲ။

ကမ္ဘာကျော်ဘောလုံးသမား၊ ပါရမီရှင်ဘောလုံးသမား အာဂျင်တီးနား တိုက်စစ်မှူးရဲ့ အကောင်းဆုံး အချိန်အခါမှာ အကောင်းဆုံး ခြေစွမ်းနဲ့ အသင်းကို အကောင်းဆုံး ဦးဆောင်ကစားသွားခဲ့တဲ့ မက်ဆီရဲ့ပွဲပါ။

မက်ဆီဟာ ဗွေဆော်ဦးရတဲ့ ပင်နယ်တီကို တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးအဖြစ် ကန်သွင်းသွားနိုင်ခဲ့တယ်

အာဂျင်တီးနားက ခရိုအေးရှားကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ပွဲမှာ မက်ဆီက ပင်နယ်တီကတဆင့် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး သိပ်မကြာခင်မှာပဲ အယ်လ်ဗာရက်ဇ်က နောက် ၁ ဂိုး သွင်းခဲ့ပါတယ်။

မက်ဆီဟာ ဗွေဆော်ဦးရတဲ့ ပင်နယ်တီကို တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးအဖြစ် ကန်သွင်းသွားနိုင်ခဲ့တယ်။ မှော်ဝင်ခြေစွမ်းနဲ့ ကျစ်လစ်သိပ်သည်းပါတယ်ဆိုတဲ့ ခရိုအေးရှားနောက်တန်းကို လှလှပပ ကျော်ဖြတ်ပြီး အနိုင်သေချာစေတဲ့ တတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့တယ်။

မက်ဆီဟာ ဗွေဆော်ဦးရတဲ့ ပင်နယ်တီကို တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးအဖြစ် ကန်သွင်းသွားနိုင်ခဲ့တယ်။ မှော်ဝင်ခြေစွမ်းနဲ့ ကျစ်လစ်သိပ်သည်းပါတယ်ဆိုတဲ့ ခရိုအေးရှားနောက်တန်းကို လှလှပပ ကျော်ဖြတ်ပြီး အနိုင်သေချာစေတဲ့ တတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့တယ်။

ဒါကြောင့်ပဲ မက်ဆီ တယောက်တည်း တင်သွားတဲ့ ကမ္ဘာ့စံချိန်တွေ မနည်းမနော။ အခုကမ္ဘာ့ဖလားက အချက်အလက်အချို့ကို အရင်ကြည့်ကြည့်ရအောင်ပါ။

ကာတာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပထမပွဲစဉ်အပြီးမှာ မက်ဆီ ၅ ဂိုး သွင်းထားပြီး ပြင်သစ်တိုက်စစ်မှူး ဘာပေနဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်။

ဂိုးဖန်တီးမှုမှာ မက်ဆီ ၃ ကြိမ်ရှိလာပြီး ဂရီးဇ်မန်း၊ ဘရူနိုဖာနန်ဒက်စ်၊ ဟာရီကိန်းတို့နဲ့အတူ အများဆုံးဖြစ်နေ။

မှော်ဝင်ခြေစွမ်းနဲ့ ကျစ်လစ်သိပ်သည်းပါတယ်ဆိုတဲ့ ခရိုအေးရှားနောက်တန်းကို လှလှပပ ကျော်ဖြတ်ပြီး အနိုင်သေချာစေတဲ့ တတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့တယ်

ကမ္ဘာ့ဖလားပြိုင်ပွဲတခုမှာ ၅ ဂိုးအထိ သွင်းယူနိုင်တဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်လာ။ (မက်ဆီရဲ့ အသက်က ၃၅ နှစ်နဲ့ ၆ လ ဝန်းကျင်ဖြစ်)။

ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံးရယူနိုင်တဲ့ အာဂျင်တီးနား ကစားသမားလည်း ဖြစ်လာ။ မက်ဆီက စုစုပေါင်း ၁၁ ဂိုးအထိ ရရှိထားပြီး ဘာတစ္စတူတာ၊ မာရာဒိုနာတို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်။

ပြီးတော့ ကမ္ဘာ့ဖလား ၂၅ ပွဲမြောက် ပြည့်ခဲ့လို့ ဂျာမနီက လိုသာမားသီးယက်စ်ကို ကျော်ဖြတ်ပြီး ပွဲအများဆုံး စံချိန်ရခဲ့တယ်။

မက်ဆီရဲ့ နောက်ထပ် စံချိန်တခုက ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမူ နှစ်ခုစလုံး ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မှတ်တမ်းတွေ စတင်ခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလား နောက်ပိုင်းမှာ မက်ဆီတဦးသာ စွမ်းဆောင်နိုင်ခဲ့တယ်။

ဒါ့အပြင် မက်ဆီဟာ ၁၆ သင်းအဆင့် စတင်ပါဝင်ခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားနောက်ပိုင်း ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် အားလုံးမှာ ဂိုးသွင်းနိုင်တဲ့ ၆ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့တယ်။

S. Schillaci – 1990

R. Baggio – 1994

H. Stoichkov – 1994

D. Suker – 1998

W. Sneijder – 2010

L. Messi – 2022

မက်ဆီရဲ့ နောက်ထပ် စံချိန်တခုက ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမူ နှစ်ခုစလုံး ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မှတ်တမ်းတွေ စတင်ခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလား နောက်ပိုင်းမှာ မက်ဆီတဦးသာ စွမ်းဆောင်နိုင်ခဲ့တယ်။

ပြင်သစ်နည်းပြ ဒမ့်ချက်စ်

နောက်ထပ် စံချိန်တခုကတော့ မက်ဆီဟာ ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ ဂိုးနဲ့ ဖန်တီးမူ ၈ ကြိမ်၊ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မူ ၁၉ ကြိမ်ရှိပြီး ကလိုဆေး၊ ရော်နယ်ဒိုကြီး၊ ဂတ်မူလာတို့နဲ့ စံချိန်တူညီသွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ တိုက်စစ်အား ကောင်းတဲ့အသင်းပီပီ မော်ရိုကို ကို သူတင်ကိုယ်တင် ဖိအားပေး ကစားပါလိမ့်မယ်။ ပြင်သစ်တိုက်စစ်ဟာ အမ်ဘတ်ပေ၊ ဂျီရုဒ်၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ စတဲ့ အစုအဖွဲ့နဲ့ ပွဲထွက်လာမှာဖြစ်ပြီး ဒီကစားသမား ၄ ယောက်ရဲ့ ပုံစံကွဲပြားစွာနဲ့ ကစားတတ်တဲ့အချက်က မော်ရိုကို ကို အခက်တွေ့စေပါလိမ့်မယ်။

ရှိသေးတယ်။ “အာဂျင်တီးနားနဲ့ ခရိုအေရှားတို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို မက်ဆီ ရရှိခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းမှာ ၁၀ ကြိမ်မြောက် ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မက်ဆီအနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ၄ ကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ တခုတည်းမှာ ပွဲစဉ်အလိုက် အကောင်းဆုံးဆုကို ၄ ကြိမ် ရရှိထားတဲ့ ၂၀၁၄ ခုနှစ်က သူရဲ့မှတ်တမ်းဟောင်းနဲ့ ၂၀၁၀ ပြည့်နှစ်က နယ်သာလန် ကစားသမားဟောင်း ရှနိုက်ဒါရဲ့ မှတ်တမ်းကို လိုက်မီခဲ့တယ်လို့လည်း သိရပါတယ်။”

ဒီဇင်ဘာ ၁၄ ရက်မှာ ကစားသွားခဲ့တဲ့ အာဂျင်တီးနား-ခရိုအေးရှားပွဲဟာ မက်ဆီကို မှတ်ကျောက်တင်တဲ့ပွဲလို့ ဆောင်းပါးရှင် ချစ်ဝင်းမောင်က ရေးတယ်။

“ကာတာကမ္ဘာ့ဖလား၊ ဆီမီးဖိုင်နယ် (အာဂျင်တီးနား-ခရိုအေးရှား) ပွဲစဉ် ပြီးဆုံးသွားပါပြီ။ လီယိုနယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားက လူကာမိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားကို သုံးဂိုးပြတ် (၃-ဝ) အနိုင်ရကာ ဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေ

နှစ်ထပ်ကွမ်း ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တိုင်းတွေအတွက် တတိယမြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူဖို့ ခြေတလှမ်းသာ လိုတော့တဲ့ အနေအထားပါ။

ဒီပွဲဟာ ကမ္ဘာကျော် အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီအတွက် အရေးအပါဆုံး၊ မှတ်ကျောက်တင်ခံရမယ့် ပွဲတပွဲပါ။ အသက် ၃၅ နှစ်အရွယ်၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အကြိမ်ကြိမ်ရထားဖူးတဲ့ မက်ဆီအတွက် ဒီနှစ် ကမ္ဘာ့ဖလားဟာ (ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ဖူးတယ်) ဆိုတဲ့ မှတ်တမ်းသစ်တခု ထပ်မံရေးထိုးနိုင်ဖို့ နောက်ဆုံး အခွင့်အရေးလည်း ဖြစ်တယ်။

အကောင်းဆုံးဆုတွေ အကြိမ်ကြိမ်ရထားတဲ့ မက်ဆီအတွက် လိုအပ်နေတာ ကမ္ဘာ့ဖလားပဲ ကျန်တော့တယ်။

၁၉၇၈၊ ၁၉၈၆ နှစ်ကြိမ် ချန်ပီယံဖြစ်ဖူးတဲ့ အာဂျင်တီးနားအတွက်လည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဟာ ချန်ပီယံမှတ်တမ်းရေးထိုးဖို့ အခွင့်အခါကောင်းလို့ မှတ်ယူထားတယ်။”

ပြိုင်ဘက် ခရိုအေးရှားအသင်းက ကွင်းလယ်ကစားသမား လူကာမိုဒရစ်ကပင်လျှင် “လီယိုက ဒီပြိုင်ပွဲတလျှောက်လုံး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားပြီး ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတယောက်ပါ။ ကမ္ဘာ့ဖလားကို အာဂျင်တီးနား ရသွားစေချင်ပါတယ်။ လီယိုက ဒါနဲ့ ထိုက်တန်ပါတယ်” လို့ ထုတ်ပြောခဲ့ပါတယ်။

နောက် ဆောင်းပါးရှင်တဦးဖြစ်တဲ့ ကိုဟိန်းသန့်က “ဒီပွဲမှာ မက်ဆီက သူ့အလုပ်သူ လုပ်သွားတယ်၊ အာဂျင်တီးနား တိုက်စစ်က အယ်လ်ဗာရက်ဇ် တကွင်းလုံးပတ်ပြီး အကောင်းဆုံး ကစားသွားတာ တွေ့ရတယ်၊ ရသွားတဲ့ ၃ ဂိုးစလုံးကလည်း သူနဲ့ပတ်သက်နေတယ်၊ ပင်နယ်တီ သူ့ကြောင့်ရတယ်၊ ဂိုး ပေးလိုက်ရတော့ ခရိုအေးရှားက တိုက်စစ်ဖွင့် ကစားလာတယ်၊ အဲ့ဒီမှာ ကောင်တာ ကစားရာကနေ အယ်လ်ဗာရက်ဇ်က ဒုတိယဂိုး ထပ်သွင်းလိုက်တာမှာ ခရိုအေးရှားအသင်း စိတ်ဓာတ်ပါကျသွားတယ်” လို့ ပြောတယ်။

ပြင်သစ်- မော်ရိုကို ပွဲ

ဒီဇင်ဘာ ၁၅ ရက် မနက် ကစားမယ့် ပြင်သစ်-မော်ရိုကိုပွဲ မတိုင်မီ ပြင်သစ်နည်းပြ ဒမ့်ချက်စ်က အခုလို ပြောထားတယ်။

ပြင်သစ်တိုက်စစ်ဟာ အမ်ဘတ်ပေ၊ ဂျီရုဒ်၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ စတဲ့ အစုအဖွဲ့နဲ့ ပွဲထွက်လာမှာဖြစ်တယ်

“မော်ရိုကိုအနေနဲ့ စပိန်၊ ပေါ်တူဂီတို့ကို ဖြတ်ကျော်လာနိုင်တာ ကံအရမ်းကောင်းလို့ပါ။ ခြေစွမ်းက သိပ်ပြီးကောင်းနေလို့ မဟုတ်ပါဘူး။ ကံဆိုတာလည်း အမြဲကောင်းမနေနိုင်ပါဘူး။ အထူးသဖြင့် ကျနော်တို့ အသင်းနဲ့ပွဲမှာပေါ့”။

မီဒီယာ အတော်များများကလည်း သူ့လိုပဲ မှတ်ချက်ပေးနေကြတာပါ။ မော်ရိုကို အသင်းအနေနဲ့လည်း နာမည်ကြီး ဥရောပအသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့် ရောက်ခဲ့တဲ့အတွက် ကျေနပ်ပေါ့ပါးနေမှာပါ။ ဒီအချက်က ပြင်သစ်နဲ့ ကစားတဲ့အခါ မော်ရိုကို ကစားသမားတွေအတွက် ဖိအားနည်းစေပြီး ပြင်သစ်အတွက်တော့ အခက်ဖြစ်လာနိုင်တယ်။

ပြင်သစ်အသင်းဟာ တိုက်စစ်အား ကောင်းတဲ့အသင်းပီပီ မော်ရိုကို ကို သူတင်ကိုယ်တင် ဖိအားပေး ကစားပါလိမ့်မယ်။ ပြင်သစ်တိုက်စစ်ဟာ အမ်ဘတ်ပေ၊ ဂျီရုဒ်၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ စတဲ့ အစုအဖွဲ့နဲ့ ပွဲထွက်လာမှာဖြစ်ပြီး ဒီကစားသမား ၄ ယောက်ရဲ့ ပုံစံကွဲပြားစွာနဲ့ ကစားတတ်တဲ့အချက်က မော်ရိုကို ကို အခက်တွေ့စေပါလိမ့်မယ်။

မော်ရိုကိုအသင်းဟာ (၄-၃-၃) နဲ့ ပွဲထွက်လေ့ရှိပြီး (၄-၃-၂-၁) ပုံစံကို ပြောင်းကစားတတ်တာမို့ ပြိုင်ဘက်အသင်းတွေအနေနဲ့ ဘောလုံးရပြီး အခွင့်အရေးမရအောင် အကောင်းဆုံး ပိတ်ဆို့နိုင်တာကိုလည်း တွေ့ရတယ်။

မော်ရိုကို ခံစစ်ကလည်း ဂိုးမပေးရသေးတဲ့ ခံစစ်ပီပီ ယုံကြည်မှုအပြည့်နဲ့ ပြင်သစ်တိုက်စစ်ကို ထိန်းချုပ်ကစားရင်း ကောင်တာချောင်း ကစားပါလိမ့်မယ်။

ဟာကင်ဇီယက်ခ်ျ၊ ဟာကီမီတို့လို နာမည်ရပြီးသား ကစားသမားတွေအပြင် ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ရဲ့ လုပ်အားက ဒီအရင်ပွဲတွေမှာ အင်မတန်ကောင်းမွန်ခဲ့တာ တွေ့ရတယ်။

မော်ရိုကိုအနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် တိုင်းပြည်ကို မျက်နှာပန်းလှလှနဲ့ ပြန်ခွင့်ရှိနေပါပြီ

မော်ရိုကိုအသင်းဟာ (၄-၃-၃) နဲ့ ပွဲထွက်လေ့ရှိပြီး (၄-၃-၂-၁) ပုံစံကို ပြောင်းကစားတတ်တာမို့ ပြိုင်ဘက်အသင်းတွေအနေနဲ့ ဘောလုံးရပြီး အခွင့်အရေးမရအောင် အကောင်းဆုံး ပိတ်ဆို့နိုင်တာကိုလည်း တွေ့ရတယ်။

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်ကတော့ မော်ရိုကိုက အာဖရိက အသင်းတသင်းအနေနဲ့ အဆင့်အမြင့်ဆုံး ကမ္ဘာ့ဖလားရဖို့ စိတ်အားထက်သန်နေပြီလို့ သုံးသပ်တယ်။

“မော်ရိုကိုအသင်းက ကြိုးစားကစားတယ်၊ တပွဲထက်တပွဲ ကစားပုံအဆင့် တက်လာတယ်၊ ဖိအားမရှိဘဲ စိတ်လွတ်ကိုယ်လွတ် ကစားလာမှာမို့ ပြင်သစ် အတော်လေး သတိထားကစားရမယ်၊ ပြင်သစ်ကစားခဲ့တဲ့ပွဲတိုင်း ဂိုးပေးခဲ့ရတာလည်း သတိထားစရာ ဖြစ်တယ်။”

မော်ရိုကိုအနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် တိုင်းပြည်ကို မျက်နှာပန်းလှလှနဲ့ ပြန်ခွင့်ရှိနေပါပြီ။ မော်ရိုကို လက်ရွေးစင် ကစားသမား အများစုကိုလည်း ဥရောပကလပ်တွေက စိတ်ဝင်တစား ဖြစ်နေပါပြီ။ မော်ရိုကိုဟာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ ဂိုးသမားနဲ့ ခံစစ်တည်ငြိမ်မှုကိုပဲ အားပြုကစားမှာပါ။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
19
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
115
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299

မော်ရိုကိုကပဲ အချိန်ပို၊ ပယ်နယ်တီတွေအထိ ပြင်သစ်ကို ဆွဲခေါ်သွားနိုင်မလား၊ ပြင်သစ်ကပဲ အာဂျင်တီးနားအသင်းလို ဂိုးပြတ်သွင်းပြီး မိနစ် ၉၀ အတွင်း အလဲထိုး အနိုင်ယူပြသွားမလား။ ဒီည စောင့်ကြည့်ကြရအောင်ပါ။

You may also like these stories:

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

မော်ရိုကို သမိုင်းသစ်ရေးပြီး ပြင်သစ်နဲ့ အကြိုဗိုလ်လုမည်

Your Thoughts …
Tags: ကမ္ဘာ့ဖလားကမ္ဘာ့ဖလားချန်ပီယံကာတာခရိုအေးရှားဆီမီးဖိုင်နယ်ပြင်သစ်ဘောလုံးပြိုင်ပွဲမက်ဆီမော်ရိုကိုအားကစားအာဂျင်တီးနား
လေးလေး

လေးလေး

Similar Picks:

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

by ဧရာဝတီ
17 December 2024
4.8k

အာဆတ်သည် သူ၏ညီငယ်ဖြစ်သူ အမှတ် ၄ အဆင့်မြင့် သံချပ်ကာတပ်မတပ်မှူး မာဟာကိုပင် သူထွက်ပြေးမည့် အစီအစဉ်ကို မပြောခဲ့ကြောင်း သူ၏လက်ထောက် သုံးဦးက ပြောသည်။

စပိန် အပန်းဖြေ ကျွန်းပေါ်ရှိ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီရဲ့ အိမ် မှုတ်ဆေးဖြန်း ဆန္ဒပြခံရ

စပိန် အပန်းဖြေ ကျွန်းပေါ်ရှိ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီရဲ့ အိမ် မှုတ်ဆေးဖြန်း ဆန္ဒပြခံရ

by ဧရာဝတီ
11 August 2024
2.2k

ရာသီဥတု ဖောက်ပြန်မှုတွေ အတွက် လူချမ်းသာတွေမှာ တာဝန်ရှိကြောင်း ပြသချင်တဲ့ အတွက် မက်ဆီရဲ့ အိမ်ကို ရွေးချယ် ဆေးမှုတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ကြောင်း…

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

by နွေနေ
30 June 2024
2.2k

တခါတုန်းက စည်စည်ကားကား ကြည့်ခဲ့ကြတဲ့ ဥရောပချန်ပီယံ ဘောလုံးပွဲတွေဟာ ခုတော့လည်း ငြိမ်သက် တိတ်ဆိတ်နေတော့တယ်။

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

by ဇုန်းရိန်
16 July 2025
1.8k

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် နှစ်ဦးစလုံးသည် ပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် နိုင်ငံ့ဂုဏ်ကို မြှင့်တက်စေသည်မှာ ပရိတ်သတ် အားလုံးအသိပင်ဖြစ်သည်။

Next Post
စကျင်ဒေသတွင် ပန်းတမော့ ထုဆစ်နေကြသူများ / ဧရာဝတီ

စကျင်ကျောက် ရရန်ခက်ခဲ၍ ကျောက်ဆစ်လုပ်ငန်း အချို့ ရပ်နားလာ

ရွှေပြည်သာမြို့နယ်၊ မြန်မာပေါင်ချိန် ဖိနပ်စက်ရုံတွင် ဆန္ဒပြနေကြသည့် အလုပ်သမားများ  / CJ

စစ်ကောင်စီရဲ့ လုပ်ခလစာ တိုးမြှင့်ပေးရေး အမှန်တကယ် အလုပ်ဖြစ်မှာလား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved