• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

by လေးလေး
13 December 2022
in ဆောင်းပါး
A A
၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုတို့ အကြိုဗိုလ်လုပွဲတွေ ကန်ပါမယ် / Getty Images

၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုတို့ အကြိုဗိုလ်လုပွဲတွေ ကန်ပါမယ် / Getty Images

2.7k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာ ၂၀ ကနေ စတင်လာခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေဟာ ဆီမီးဖိုင်နယ်အဆင့် ရောက်ပြီး ဒီဇင်ဘာ ၁၈ မှာ နောက်ဆုံးဗိုလ်လုပွဲ ကျင်းပမယ်။ ပြီးရင် နောက်တကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲရောက်ဖို့ လေးနှစ် စောင့်ရပါဦးမယ်။

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲက ပြိုင်ပွဲမစတင်ခင်က နိုင်ငံရေးတွေပါပြီး ဝေဖန်မှုမြင့်တက်ခဲ့တာနဲ့ အစပြုခဲ့ပေမယ့် ပြိုင်ပွဲတကယ် ကျင်းပတော့ ဘောလုံးဆီ အာရုံရောက်ပြီး ကျန်တာတွေ တစစ ပျောက်ကွယ်ကုန်တယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တဲ့စကားတခွန်း ပြေးသတိရမိတယ်။

“အခု ပြောနေတာတွေဟာ ဟောဒီက ပဉ္စလက် ဘောလုံးလေး ကွင်းထဲ လှုပ်ရှားသွားတာနဲ့ လူတွေအားလုံးရဲ့ အာရုံဟာ ဒီဘောလုံးလေးပေါ် ရောက်ပြီး ကျန်တာအားလုံး မေ့သွားကြပါလိမ့်မယ်” တဲ့။

အခုတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး နေမာတို့ ဘရာဇီးလ်အသင်း ထွက်သွားရလို့ စိတ်မကောင်းဖြစ်ကြရ၊ ရော်နယ်ဒိုတို့ ပေါ်တူဂီအသင်း မျက်ရည်တွေနဲ့ နှုတ်ဆက်ထွက်ခွာသွားရလို့ ကြေကွဲဝမ်းနည်းကြရနဲ့ နိုင်ငံရေးတွေ လေထဲလွင့်ပါသွား။

ဒီ့မတိုင်မီကတည်းကလည်း ပြိုင်ပွဲဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ ဘယ်လ်ဂျီယံတို့၊ ဂျာမနီတို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး စပိန်က ရှုံးထွက်မှာ အိမ်ပြန်ခဲ့ရလို့ ရင်သပ်ရှုမော အံ့သြခဲ့ကြရ။

ဒါ့အပြင် ဥရောပ အင်အားကြီးအသင်းတွေဖြစ်တဲ့ ဘယ်လ်ဂျီယံ၊ စပိန်နဲ့ ပေါ်တူဂီတို့ကို ပြိုင်ပွဲမစမီက ဘယ်သူမှ စကားထဲထည့်မပြောခဲ့တဲ့ မော်ရိုကိုက ကျော်ဖြတ်ပြခဲ့တော့ အံ့သြလွန်းလို့ သေတော့မယ် ဖြစ်ခဲ့ကြရ။

ဟော … အခု အဲ့ဒီအသင်း မော်ရိုကို ဆီမီးဖိုင်နယ်ရောက်ပြီ။ ဘာတွေ ဆက်ဖြစ်ဦးမလဲ။ ပုံမှန်ခြေစွမ်းတွေအရဆို ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားက ခရိုအေးရှားကို နိုင်။ ပြင်သစ်က မော်ရိုကို ကို နိုင်။

ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အာဂျင်တီးနားက ရေပန်းစားတဲ့အတိုင်း ဗိုလ်စွဲသွားလေမလား၊ လက်ရှိချန်ပီယံ ပြင်သစ်ကပဲ ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားလေမလားပေါ့လေ။

ဗိုလ်စွဲဖို့ရေပန်းစားတဲ့ အာဂျင်တီးနားက ရေပန်းစားတဲ့အတိုင်း ဗိုလ်စွဲသွားလေမလား၊ လက်ရှိချန်ပီယံ ပြင်သစ်ကပဲ ၂ နှစ်ဆက် ချန်ပီယံဖြစ်သွားလေမလား။

ဒါပေမယ့် ဘောလုံးဆိုတာက လုံးနေတော့ ဇာတ်ညွှန်းကြိုရေးမရ။ ဆိုကြပါစို့။ ခရိုအေးရှားက အာဂျင်တီးနားကို နိုင်၊ ပြင်သစ်က မော်ရိုကို ကို နိုင်၊ ဒီလိုသာဆို ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ခရိုအေးရှားတို့ ၂ နှစ်ဆက် ဗိုလ်လုရတဲ့ ကမ္ဘာ့ဖလားသမိုင်းသစ် ဖြစ်ရပြန်မယ်။

အခုတော့ ခရိုအေးရှားက ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်နေပြီး အာဂျင်တီးနားနဲ့ ရင်ဆိုင်ရတော့မှာပါ။ မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနားကို ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး ဒီတကြိမ်တော့ ခရိုအေးရှားကို ဘယ်သူကမှ အထင်မသေးရဲတော့ပါဘူး။ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်မလား ဆိုတာကို စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားနဲ့ ခရိုအေးရှား၊ ပြင်သစ်နဲ့ မော်ရိုကိုတို့ အကြိုဗိုလ်လုပွဲတွေ ကန်ပါမယ်/The Sporting News

တဖက်မှာတော့ ပြင်သစ်နဲ့ မော်ရိုကိုတို့ ဆီမီးဖိုင်နယ် ကစားရဖို့ရှိနေပါတယ်။ တကယ်လို့သာ ပြင်သစ်နဲ့ ခရိုအေးရှားတို့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ တွေ့ဆုံမယ်ဆိုရင်တော့ နှစ်ကြိမ်ဆက်တိုက်အဖြစ် ဗိုလ်လုပွဲမှာ တူညီတဲ့အသင်းနှစ်သင်း တွေ့ဆုံမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီလိုမျိုး ရင်ဆိုင်ရတာ ဖြစ်လာမှာပါ။

တခါ အခုကမ္ဘာ့ဖလားမှာ မထင်တာတွေ လုပ်ပြခဲ့ပြီး ဆီမီးရောက်နေတဲ့ မော်ရိုကိုအသင်း၊ ဒီအသင်း စုစည်းဖြစ်တည်ခဲ့ပုံက စိတ်ဝင်စားစရာ။

ဆောင်းပါးရှင် ချစ်ဝင်းမောင်က “ခု ကမ္ဘာ့ဖလား ဝင်ပြိုင်နေတဲ့ မော်ရိုကို ကစားသမား ၂၆ ဦး စာရင်းမှာ ၁၄ ဦးဟာ မော်ရိုကိုမှာ မွေးဖွားကြသူတွေ မဟုတ်ဘဲ ပြည်ပရောက် ရွှေ့ပြောင်းမော်ရိုကို နိုင်ငံသားတွေက မွေးဖွားပြီး ပြည်ပမှာကြီးပြင်း၊ ပြည်ပမှာ ဘောလုံးကစားကြသူတွေ ဖြစ်တယ်။

မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာအရပ်ရပ်မှာ ကစားနေတဲ့ ထူးချွန်တဲ့ မော်ရိုကိုနိုင်ငံသား ကစားသမားတွေကို ကင်းထောက်ခေါ်ယူပြီး မော်ရိုကိုလက်ရွေးစင်အဖြစ် ယှဉ်ပြိုင်စေတာဖြစ်တယ်။

မော်ရိုကို ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာအရပ်ရပ်မှာ ကစားနေတဲ့ ထူးချွန်တဲ့ မော်ရိုကိုနိုင်ငံသား ကစားသမားတွေကို ကင်းထောက်ခေါ်ယူပြီး မော်ရိုကိုလက်ရွေးစင်အဖြစ် ယှဉ်ပြိုင်စေတာဖြစ်တယ်။

ဘိုနိုလို့ခေါ်တဲ့ မော်ရိုကို ဂိုးသမားဟာ ကနေဒါမှာ မွေးပြီး လက်ရှိ စပိန်လာလီဂါကလပ် ဆီဗီလာရဲ့ ဂိုးသမားလည်း ဖြစ်တယ်။ ညာတောင်ပံမှာ ခြေစွမ်းပြနေတဲ့ ဟာကီမီက မက်ဒရစ်မြို့မှာ မွေးဖွားသူဖြစ်ပြီး ကွင်လယ်ကစားသမား ဆိုဖရန် အမရာဘတ်က နယ်သာလန်မှာ မွေးသူဖြစ်သလို တိုက်စစ်မှူး ဆိုဖီယန် ဘိုဖဲက ပြင်သစ်မှာ မွေးသူပါ။

မော်ရိုကို လက်ရွေးစင်တွေဟာ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန် စတဲ့ နိုင်ငံတွေမှာ ကစားနေကြတဲ့ မော်ရိုကို နိုင်ငံသားတွေကို စုစည်းထားတာဖြစ်တယ်” ရေသားထားပါတယ်။

အာဂျင်တီးနား – ခရိုအေးရှား

ဒီဇင်ဘာ ၁၄ ရက်၊ မနက် မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ဆီမီးဖိုင်နယ် ပထမပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။

ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ဝေးကွာခဲ့တာ ဆယ်စုနှစ် ၃ ခုခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနား အသင်းဟာ ပြိုင်ပွဲမစမီက ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တယ်။

နာမည်ကြီး အာဂျင်တီးနားအသင်းဟာ ပွဲဦးထွက်မှာ ဆော်ဒီအသင်းကို မမျှော်လင့်ဘဲ ရှုံးပြီး အုပ်စုတက်ဖို့ ရုန်းကန်ခဲ့ရတယ်။ အသင်းခေါင်းဆောင် မက်ဆီရဲ့ခြေစွမ်းနဲ့ ဦးဆောင်နိုင်မှုကြောင့် မက္ကဆီကိုနဲ့ ပိုလန်တို့ကို ၂ ဂိုးအသာနဲ့ ကစားခဲ့ပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့် တက်လာနိုင်ခဲ့တယ်။

နာမည်ကြီး အာဂျင်တီးနားအသင်းဟာ ပွဲဦးထွက်မှာ ဆော်ဒီအသင်းကို မမျှော်လင့်ဘဲ ရှုံးပြီး အုပ်စုတက်ဖို့ ရုန်းကန်ခဲ့ရတယ်။ အသင်းခေါင်းဆောင် မက်ဆီရဲ့ခြေစွမ်းနဲ့ ဦးဆောင်နိုင်မှုကြောင့် မက္ကဆီကိုနဲ့ ပိုလန်တို့ကို ၂ ဂိုးအသာနဲ့ ကစားခဲ့ပြီး အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့် တက်လာနိုင်ခဲ့တယ်။

ရှုံးထွက်အဆင့်မှာ သြစတြေးလျကို ၂-၁၊ ကွာတားဖိုင်နယ်မှာ နယ်သာလန်ကို ပယ်နယ်တီနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်အထိ တက်ခဲ့တယ်။ အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ ကမ္ဘာကျော်တိုက်စစ်မှူး မက်ဆီရဲ့ခြေစွမ်းကို အဓိက အားပြုကစားပြီး ဆီမီးအဆင့်ကို တက်လာခဲ့တဲ့အသင်း။

ခရိုအေးရှားအသင်းကတော့ အုပ်စုတွင်းကစားတုန်းက ကနေဒါအသင်းကို ၄-၁ နဲ့ နိုင်ပွဲကလွဲပြီး သရေပွဲတွေ ကစားခဲ့တယ်။ ရှုံးထွက်နဲ့ ကွာတားမှာလည်း ဂျပန်၊ ဘရာဇီးတို့နဲ့ ၁-၁ သရေကျ၊ အချိန်ပို ပယ်နယ်တီကစားပြီး ဆီမီးတက်လာတဲ့ အသင်းဖြစ်တယ်။

အခုကမ္ဘာ့ဖလားမှာ အာဂျင်တီးနား ကစားပုံက ခံစစ်ကိုသတိထား ကစားပြီး မက်ဆီ ဦးဆောင်တဲ့တိုက်စစ်က ဂိုးရအောင် ကစားတယ်။ ခရိုအေးရှားအသင်းက ဂိုးသမား၊ ခံစစ်၊ ကွင်းလယ် ပြောစရာမရှိအောင် ကောင်းပေမယ့် တိုက်စစ်က စိတ်မချရဘူး။ ခရိုအေးရှား ဂိုးသမား လီဗာကိုဗစ်ဟာ အနီးဆုံး အာဂျင်တီးနားပွဲမှာကြည့်ရင် ဂိုးပေါက်ကန်ချက် ၁၁ ကြိမ်မှာ ၁၀ ကြိမ် ကာကွယ်ပေးနိုင်ခဲ့တဲ့ လက်စွမ်းမျိုးရှိတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
243
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116
ထူထဲတဲ့ ခရိုအေးရှား နောက်တန်းနဲ့ ဂိုးသမားကို မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားက ထိုးဖောက်ကျော်ဖြတ် ဂိုးသွင်းနိုင်မလား/ AFP

အာဂျင်တီးနားဂိုးသမား မာတီနက်စ်က ပယ်နယ်တီကာကွယ်တာ ကောင်းပေမယ့် ပွဲချိန်အတွင်း ကာကွယ်မှု အားနည်းတယ်။ အာဂျင်တီးနားကစားခဲ့တဲ့ ပွဲတလျှောက် ဂိုးပေါက်ကန်သွင်းမှု ၉ ကြိမ်မှာ ၅ ဂိုးပေးထားရတာ သွားတွေ့ရတယ်။

ခရိုအေးရှားခံစစ်က အာဂျင်တီးနားထက်သာပြီး အာဂျင်တီးနား နောက်တန်းသမားတွေ ကစားပုံကြမ်းတာ နယ်သာလန်နဲ့ပွဲမှာ တွေ့လိုက်ရတယ်။ အဝါတွေ၊ အနီတွေ ကစားချိန်အတွင်း ထိသွားနိုင်တဲ့ ခံစစ်မျိုး။ ကွင်းလယ်မှာတော့ မိုဒရစ် ဦးဆောင်တဲ့ ခရိုအေးရှားကွင်းလယ်ကို အာဂျင်တီးနားကွင်းလယ် ယှဉ်နိုင်ဖို့ မလွယ်ဘူး။

တိုက်စစ်ချင်း ယှဉ်ကြည့်ရင်တော့ မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနား တိုက်စစ်က သာတယ်။

အားကစားကလောင်ရှင် ဝဏ္ဏကိုက အာဂျင်တီးနား-ခရိုအေးရှားပွဲက ၅၀-၅၀ ပဲလို့ သုံးသပ်ပြောတယ်။

“မထင်မှတ်တဲ့ ကမောက်ကမ ရလဒ်တွေက မော်ရိုကိုက ပြင်သစ်ကို အနိုင်ရမှပဲပြောလို့ရမယ်။ အာဂျင်တီးနားနဲ့ ခရိုအေးရှားကတော့ လယ်ဗယ် မတိမ်းမယိမ်းမို့လို့ ဘယ်အသင်းကနိုင်နိုင် နိုင်လို့ရတယ်။ ၅၀-၅၀ ပဲ။ ခရိုအေးရှားက ထုံးစံအတိုင်း ပင်နယ်တီနဲ့ ထပ်တက်လာပြန်တယ်။ ကွင်းလယ်စုဖွဲ့မူနဲ့ ခံစစ်ကစားပုံ ကောင်းတယ်။ အရေးပါဆုံးက ဂိုးသမား လီဗာကိုဗစ် လက်စွမ်းပြနေတာပါ။ ဘရာဇီးနဲ့ပွဲမှာ မိနစ် ၉၀ အတွင်းမှာပဲ ၁၀ ကြိမ် Save ခဲ့တယ်။ အာဂျင်တီးနားကလည်း ဘရာဇီးလ်လို ဂိုးသွင်းခွင့်တွေ ရမှာပဲ။

မထင်မှတ်တဲ့ ကမောက်ကမ ရလဒ်တွေက မော်ရိုကိုက ပြင်သစ်ကို အနိုင်ရမှပဲပြောလို့ရမယ်။ အာဂျင်တီးနားနဲ့ ခရိုအေးရှားကတော့ လယ်ဗယ် မတိမ်းမယိမ်းမို့လို့ ဘယ်အသင်းကနိုင်နိုင် နိုင်လို့ရတယ်။ ၅၀-၅၀ ပဲ။

ခရိုအေးရှားတိုက်စစ်ကိုတော့ အာဂျင်တီးနား ထိန်းနိုင်ဖို့များတယ်။

ခရိုအေးရှား ဂိုးသမားရဲ့ လက်စွမ်းအပေါ် မူတည်ပြီးတော့ပဲ ပွဲရလဒ်အပြောင်းအလဲ ဖြစ်လိမ့်မယ်။ ခရိုအေးရှား ထပ်လုပ်ပြနိုင်ဖို့ မလွယ်လောက်ဘူး ယူဆလို့ အာဂျင်တီးနားပဲ ဗိုလ်လုပွဲတက်မယ်လို့ ထင်တယ်။”

ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ အသင်း နှစ်သင်း ရှိတယ်။ ဒီနှစ်သင်းကတော့ အုပ်စု F အသင်းတွေဖြစ်တဲ့ ခရိုအေရှားနဲ့ မော်ရိုကိုတို့ပဲ ဖြစ်တယ်။

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်ကတော့ ဆီမီးဖိုင်နယ်ရောက်နေတဲ့ လေးသင်းစလုံး ဗိုလ်လုပွဲတက်နိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်တယ်။

ဘရာဇီးကို အနိုင်ကန်ခဲ့တဲ့ ခရိုအေးရှားကို ဘယ်သူမှ လျှော့မတွက်ကြတော့

“ဒီလေးသင်းမှာ ခရိုအေးရှားက ၂၀၁၈ တုန်းက အုပ်စုပွဲမှာ အာဂျင်တီးနားကို ၃-၀ နဲ့ နိုင်တယ်၊ နောက် ဗိုလ်လုပွဲအထိ ရောက်သွားတယ်၊ အခုလည်း အာဂျင်တီးနားနဲ့ ဆီမီးမှာ ထပ်တွေ့တယ်ဆိုတော့ ဗိုလ်လုပွဲရောက်သွားနိုင်တဲ့ အခွင့်အရေး သူတို့မှာရှိတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး အာဂျင်တီးနားကို ခံကစားဖို့ ကြိုးစားလိမ့်မယ်၊ အာဂျင်တီးနားက နယ်သာလန်နဲ့ပွဲမှာ ခံစစ် ၅ ယောက်အထိ ထားကစားပြီး သတိထားတယ်၊ ခရိုအေးရှား တိုက်စစ်ကစားပုံနဲ့ အာဂျင်တီးနားခံစစ်ကို တော်တော်လေး ခဲခဲယဉ်းယဉ်းကစားရမယ်၊ ဒါပေမယ့် ခရိုအေးရှားက ပယ်နယ်တီကောင်းတယ်၊ ခံစစ်က ပိတ်ဆို့ကစားလို့ အာဂျင်တီးနား ဂိုးရဖို့လည်း ခက်လိမ့်မယ်၊ ဒါကြောင့် ဒီနှစ်သင်းပွဲက မထင်မှတ်ဘဲ ပယ်နယ်တီထိ ရောက်သွားနိုင်တယ်၊ ခရိုအေးရှား ဗိုလ်လုပွဲ ရောက်သွားနိုင်တယ်။”

တခုရှိတာက အချိန်ပို၊ ပယ်နယ်တီတွေ အကြိမ်ကြိမ်နဲ့ ဆီမီးတက်လာတဲ့ ခရိုအေးရှားရဲ့ ကွင်းလယ်ကစားအား ကျကျသွားတတ်ပြီး ဒီအချက်အပေါ် အာဂျင်တီးနား အခွင့်အရေးယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

တခုရှိတာက အချိန်ပို၊ ပယ်နယ်တီတွေ အကြိမ်ကြိမ်နဲ့ ဆီမီးတက်လာတဲ့ ခရိုအေးရှားရဲ့ ကွင်းလယ်ကစားအား ကျကျသွားတတ်ပြီး ဒီအချက်အပေါ် အာဂျင်တီးနား အခွင့်အရေးယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

ဘောလုံးသမိုင်းမှာ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ၅ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။

1994: Croatia 0-0 Argentina (Friendly)

1998: Argentina 1-0 Croatia (World Cup)

2006: Croatia 3-2 Argentina (Friendly)

2014: Argentina 2-1 Croatia (Friendly)

2018: Argentina 0-3 Croatia (World Cup)

ပြင်သစ် – မော်ရိုကို

ပြင်သစ်အသင်းသာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ရင် နှစ် ၆၀ အတွင်း ပထမဆုံး ၂ နှစ်ဆက် ချန်ပီယံအသင်း ဖြစ်လာပါမယ်။

မော်ရိုကိုက အာဖရိက အသင်းအနေနဲ့ရော သူတို့သမိုင်းမှတ်တမ်းအရပါ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် တက်လာခဲ့တယ်

ပြင်သစ်အသင်းအတွက် မှတ်တမ်းကောင်းတွေက အသင့်စောင့်ကြိုနေသလို ဆီမီးဖိုင်နယ်မှာ သူတို့ ရင်ဆိုင်ကျော်ဖြတ်ရမယ့် အသင်းက နာမည်ကြီး ဥရောပအသင်းကြီး လေးသင်းကို နောက်ကောက်ချခဲ့တဲ့ အာဖရိက က မော်ရိုကိုအသင်း။

ဘောလုံးသုံးသပ်သူ တချို့ကတော့ ပြင်သစ် – မော်ရိုကိုပွဲကို အာဖရိအသင်းအချင်းချင်း တွေ့တဲ့ပွဲလို့ သုံးသပ်တယ်။ အကြောင်းပြချက်က ပြင်သစ်အသင်းမှာ အာဖရိကတိုက်သား မွေးစားသားတွေ အများအပြား ပါနေလို့ပါ။ ပြင်သစ်အသင်းကစားပုံဟာ သူတို့ကမ္ဘာ့ဖလားရခဲ့တဲ့ ၁၉၉၆ နဲ့ ၂၀၁၈ တို့မှာ အကောင်းဆုံးခြေစွမ်း ရှိမနေဘဲရခဲ့တယ်။ အခု ကမ္ဘာ့ဖလားမှာလည်း အလားတူပဲ၊ အကောင်းဆုံးခြေစွမ်းပြပြီး ဆီမီးဖိုင်နယ်အဆင့် ရောက်ခဲ့တာ မဟုတ်ဘူး။ ဥပမာ ကွာတာမှာကစားခဲ့တဲ့ အင်္ဂလန်နဲ့ပွဲမှာဆို အင်္ဂလန်က ဂိုးသွင်းခွင့်ပိုရတာ တွေ့ခဲ့ရတယ်။

ဘောလုံးသုံးသပ်သူ တချို့ကတော့ ပြင်သစ် – မော်ရိုကိုပွဲကို အာဖရိအသင်းအချင်းချင်း တွေ့တဲ့ပွဲလို့ သုံးသပ်တယ်။ အကြောင်းပြချက်က ပြင်သစ်အသင်းမှာ အာဖရိကတိုက်သား မွေးစားသားတွေ အများအပြား ပါနေလို့ပါ။

“ပြင်သစ်က အခုထိ ကစားခဲ့တဲ့ ၅ ပွဲမှာ ၁၁ ဂိုး ရထားတယ်၊ ဘာပေက ၅ ဂိုး၊ ဂျရူးက ၄ ဂိုး သွင်းထားတယ်၊ ပြင်သစ်အသင်း ဂိုးရဖို့က သူတို့နှစ်ယောက်အပေါ် မူတည်အားထားနေရတယ်၊ ပြင်သစ်အသင်း ကံကောင်းတာက ကွင်းလယ်မှာ ဂရစ်စမန်း ခြေစွမ်းပြနေပြီး တကွင်းလုံး မွှေနှောက်ကစားနေတယ်၊ ဂိုးတွေရအောင် ဖန်တီးပေးနေတယ်၊ အင်္ဂလန်နဲ့ပွဲမှာ ပြင်သစ်ရတဲ့ ၂ ဂိုးစလုံး သူ ဖန်တီးပေးခဲ့တာ တွေ့ရတယ်၊ နှစ်သင်းယှဉ်ကြည့်ရင် မော်ရိုကိုထက် ပြင်သစ်က သမ္ဘာနဲ့အတွေ့အကြုံ သာတယ်၊ ပြီးတော့ ပြင်သစ်က ဂိုး luck ရှိတယ်၊ ပြင်သစ် – မော်ရိုကိုပွဲက ကျနော့်အထင် ကံတရားက အဆုံးအဖြတ်ပေးမယ့်ပွဲ”

အားကစားဆေားင်းပါးရှင် ကိုဟိန်းသန့် သုံးသပ်ခဲ့တာပါ။

ပြင်သစ်အသင်းသာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ရင် နှစ် ၆၀ အတွင်း ပထမဆုံး ၂ နှစ်ဆက် ချန်ပီယံအသင်း ဖြစ်လာပါမယ်

နောက် အားကစားဆောင်းပါးရှင် ဝဏ္ဏကိုကတော့ ပြင်သစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“မော်ရိုကိုက အာဖရိက အသင်းအနေနဲ့ကော သူတို့သမိုင်းမှတ်တမ်းအရပါ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် တက်လာခဲ့တယ်။ လေးစားဂုဏ်ပြုရမှာဖြစ်ပေမဲ့ ဆီမီးမှာ ပြင်သစ်ကို ထပ်ဖြုတ်ချနိုင်မယ်တော့ မထင်တော့ဘူး။ ကွာတားတုန်းက ပေါ်တူဂီက ညံ့နေတာတောင် သုံးကြိမ်လောက် အပိုင်အခွင့်အရေးတွေ ပေးရသေးတယ်။ ဂိုးသမား ဘိုနိုကတော့ လက်စွမ်းပြနေတာတခုပဲ သတိပြုစရာရှိတယ်။ ဒီပွဲမှာ ပြင်သစ်ပဲ ဖိကစားနိုင်မှာပါပဲ။ မော်ရိုကို ခံစစ်ကတော့ ဟာကီမီကလွဲရင် ဒဏ်ရာပြဿနာတွေလည်း ရှိနေတယ်။ ဒီပွဲမှာတော့ ပြင်သစ်တိုက်စစ်ကို ပွဲချိန်ပြည့် ထိန်းနိုင်မယ် မထင်ဘူး။ ပွဲချိန်အတွင်း ပြင်သစ်ပဲနိုင်မယ်လို့ ယူဆတယ်။”

မော်ရိုကိုက အာဖရိက အသင်းအနေနဲ့ကော သူတို့သမိုင်းမှတ်တမ်းအရပါ ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ် တက်လာခဲ့တယ်။ လေးစားဂုဏ်ပြုရမှာဖြစ်ပေမဲ့ ဆီမီးမှာ ပြင်သစ်ကို ထပ်ဖြုတ်ချနိုင်မယ်တော့ မထင်တော့ဘူး။

ကမ္ဘာ့ဖလား ဘောလုံးပွဲသမိုင်းမှာ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့ဖူးတာ အီတလီနဲ့ ဘရာဇီးလ် နှစ်နိုင်ငံပဲ ရှိပါသေးတယ်။ ဒီနှစ်မှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းက ဆီမီးဖိုင်နယ်အဆင့် တက်ရောက်သွားတာကြောင့် ဗိုလ်လုပွဲအဆင့်အထိ ဆက်လက်တက်ရောက်ပြီး အနိုင်ရခဲ့မယ်ဆိုရင် တတိယမြောက် နှစ်ကြိမ်ဆက်တိုက် အနိုင်ရတဲ့အသင်း ဖြစ်လာမှာပါ။

You may also like these stories:

မော်ရိုကို သမိုင်းသစ်ရေးပြီး ပြင်သစ်နဲ့ အကြိုဗိုလ်လုမည်

ပင်နယ်တီ အဆုံးအဖြတ်များနဲ့ အာဂျင်တီးနား ဆီမီးတက်।ဘရာဇီး ထွက်

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

Your Thoughts …
Tags: ကမ္ဘာ့ဖလားကာတာခရိုအေးရှားဆီမီးဖိုင်နယ်ပြင်သစ်ဖီဖာဘောလုံးပြိုင်ပွဲမော်ရိုကိုအားကစားအာဂျင်တီးနား
လေးလေး

လေးလေး

Similar Picks:

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

by ဧရာဝတီ
17 December 2024
4.8k

အာဆတ်သည် သူ၏ညီငယ်ဖြစ်သူ အမှတ် ၄ အဆင့်မြင့် သံချပ်ကာတပ်မတပ်မှူး မာဟာကိုပင် သူထွက်ပြေးမည့် အစီအစဉ်ကို မပြောခဲ့ကြောင်း သူ၏လက်ထောက် သုံးဦးက ပြောသည်။

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

by နွေနေ
30 June 2024
2.2k

တခါတုန်းက စည်စည်ကားကား ကြည့်ခဲ့ကြတဲ့ ဥရောပချန်ပီယံ ဘောလုံးပွဲတွေဟာ ခုတော့လည်း ငြိမ်သက် တိတ်ဆိတ်နေတော့တယ်။

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

by ဇုန်းရိန်
16 July 2025
1.8k

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် နှစ်ဦးစလုံးသည် ပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် နိုင်ငံ့ဂုဏ်ကို မြှင့်တက်စေသည်မှာ ပရိတ်သတ် အားလုံးအသိပင်ဖြစ်သည်။

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

by ဧရာဝတီ
29 August 2023
1.8k

ဟာမိုဆိုသည် ၁၅ ရက်အတွင်း တရားဝင် တိုင်ကြားချက် တင်ရန် အခွင့်အရေးပေးလိမ့်မည်ဟု တရားရုံးကပြောကြားခဲ့သည်။

Next Post
ဒီပဲယင်းမြို့နယ် ညောင်လှရွာ ဒုတိယအကြိမ် မီးရှို့ခံရမှု မှတ်တမ်းများ  / ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဒီပဲယင်းက ရွာ ၁၉ ရွာကို စစ်တပ် မီးရှို့၊ ဒေသခံ ၃၀ ကျော် ဖမ်းထား

လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBT) အရေးတက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်က

ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသည့် LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved