• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အာဏာရှင်စနစ်ကို အနိုင်ယူချင်တယ်” ဆိုတဲ့ လက်ဝှေ့မယ် ဘရော်နီကာ

by ဧရာဝတီ
25 October 2022
in အင်တာဗျူး
A A
ပြီးခဲ့သည့်မေလက ယှဉ်ပြိုင်ခဲ့သည့် Thai Fight ပွဲတွင် အနိုင်ရရှိခဲ့စဉ် / Vero Nika

ပြီးခဲ့သည့်မေလက ယှဉ်ပြိုင်ခဲ့သည့် Thai Fight ပွဲတွင် အနိုင်ရရှိခဲ့စဉ် / Vero Nika

6.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့လောက၏ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ချန်ပီယံ တဦးဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် ယခု အောက်တိုဘာလတွင် ထိုင်းနိုင်ငံအတွင်းယှဉ်ပြိုင်ထိုးသတ်သည့် Thai Fight တွင် နိုင်ပွဲပေါင်း ၂၅ ပွဲ အနိုင်ရရှိထားသည့် ဘရာဇီးနိုင်ငံသူကို အနိုင်ယူခဲ့သည်။

ဘရော်နီကာသည် အဆိုပါနိုင်ပွဲနှင့်အတူ ကမ္ဘာ့မွေ့ထိုင်းအဖွဲ့အစည်း၏ Bantamweight အဆင့်သတ်မှတ်ချက် ၁ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။

ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် (၂၀၁၅) ခုနှစ်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သူလည်းဖြစ်သည်။

ဘရော်နီကာ၏ လက်ရှိ ထိုးသတ်ခဲ့သည့် ပွဲစဉ်များနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ အနာဂတ်ရည်မှန်းချက်များကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ လက်ရှိ ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေအကြောင်း ပြောပြပေးပါ။

ဖြေ ။ ။ အခုလက်ရှိ ကျနော် မွေ့ထိုင်းထိုးတာ ၈ ပွဲပြီးသွားပြီ။ ပထမဆုံးပွဲမှာ ရှုံးတယ်။ ကျန်တဲ့ပွဲတွေ အကုန်တော့ နိုင်တယ်။ ဒီနှစ်အတွင်းမှာက နောက်ထပ် ၂ ပွဲရှိသေးတယ်။ နောက်လ ၁၁ လပိုင်း ၂၀ ရက်နေ့ရယ်။ ၁၂ လပိုင်း ၂၄ ရက်နေ့ဖြစ်မယ်။ ထိုင်း ၁ ယောက်ရယ်၊ တခြားနိုင်ငံခြားက လူတွေနဲ့ ပြိုင်ရမှာပေါ့။

တပွဲပြီးရင် ကျနော်အကြာဆုံးနားရင် ၅ ရက်ပဲ။ အချိန်ကမရှိဘူး။ တလတကြိမ်ပုံမှန် ပွဲကရှိနေတော့။ ဒါပေမယ့် ပြီးခဲ့တဲ့ တခေါက်တုန်းကတော့ ၂ လ ၃ လလောက်နားရတယ်။ ၁၁ လပိုင်း ကစားလို့ နိုင်ခဲ့ရင်တော့ နားချိန်မရဘဲ ၁၂ လပိုင်းဆက်ကစားရမယ်။

မေး ။ ။ ဒီပွဲတွေ ထိုးသတ်ဖို့အတွက် ကြားထဲမှာ ဘယ်လောက်နားထားရလဲ။

ဖြေ ။ ။ ဒီပွဲတွေ မတိုင်ခင်က ၃ လလောက်နားနေရတယ်။ အရင်ကဆို ၁ လ ၁ ပွဲ၊ ၁ လကို ၂ ပွဲတောင် ပြိုင်ရတာတွေ ရှိတယ်။ အားကစားသမားကို ပင်ပန်းမှာစိုးလို့ရယ်၊ ပွဲတွေက အရေးကြီးတော့ ပေးနားထားတာ ၃ လပေါ့။

မေး ။ ။ အခုလို ဆက်ကစားနိုင်ဖို့အတွက် အရင်ကဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ဖြေ ။ ။ အခက်အခဲကတော့ အရင်ထက်စာရင်တော့ အဆင်ပြေလာတယ်။ အရင်ကဆို သူတို့ရဲ့ ပုံသဏ္ဍာန်ကို လိုက်မလုပ်နိုင်ဘူး။ အခုကတော့ အဆင်ပြေတယ်။ အရမ်းအခက်အခဲကြီးမဟုတ်တော့ဘူး။

မေး ။ ။ အရင်က Boxing ကစားလာရာကနေ မွေ့ထိုင်းကို ပြောင်းလဲကစားတော့ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ဖြေ ။ ။ Boxing ကစားတာက လက်သီးတခုပဲဆိုတော့ ကွာခြားမှုတော့ရှိတယ်။ တတောင်တွေရော၊ လက်သီးတွေရော အကုန်သုံးရတယ် မွေ့ထိုင်းက။ Boxing တုန်းကတော့ ယုံကြည်မှု သိပ်မရှိခဲ့ဘူး။ အတွေ့အကြုံပဲနည်းသေးလို့လား မသိဘူး။ အခု မွေ့ထိုင်းမှာကျတော့ ကြောက်စိတ်တွေ မရှိတော့ဘူး။ အနိုင်ယူမယ်ဆိုတဲ့စိတ်ပဲ အကောင်းဆုံးရှိတယ်။ သိပ်ပြီး စိုးရိမ်စိတ်မရှိတော့ဘူး။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
102
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
95
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
54

မေး ။ ။ ဒီလောကထဲကို ဘယ်လိုရောက်လာတာလဲ။ ဘယ်အချိန်ကတည်းက စကစားဖြစ်ခဲ့တာလဲ။

ဖြေ ။ ။ ဒီအားကစားကို ငယ်ငယ်ထဲက ဆော့လာခဲ့တယ်။ ငယ်ငယ်က ဖယ်ခုံမြို့မှာ ကျောင်းသွားတက်ရင်းနဲ့ နာမည်စာရင်းပေးခိုင်းတော့ ပေးကြတယ်။ ကိုယ်တိုင်လည်း နာမည်စာရင်းသွားပေးတော့ ဆရာမက နင့်ပုံစံနဲ့ ဖြစ်မှာမဟုတ်ဘူးလို့ ပြောတယ်။ နောက်ရက်ကျတော့ အားကစားဆရာတယောက်က နင်လက်ဝှေ့ထိုးမလားဆိုပြီး ပြောတယ်။ ကျနော်ကလည်း အိုကေ ထိုးမယ်ပေါ့ဆိုပြီး အဲဒီတုန်းကတည်းက ကစားလာခဲ့တာပဲ။

မေး ။ ။ ဒီအားကစားက ကိုယ်တိုင်အတွက် ဘယ်လောက်ထိ အရေးပါလဲ။

ဖြေ ။ ။ ဒီအားကစားကလွဲပြီး ကျန်တာဘာမှစိတ်မဝင်စားဘူး။ ကျနော့်ဘဝမှာ ချန်ပီယံဖြစ်ဖို့ တဘဝလုံးကို ပုံအပ်နိုင်တယ်။ အားကစားနဲ့ပတ်သက်ရင် မိသားစုနဲ့လည်း ခွဲခွာနိုင်တယ်။ ကျနော်ချစ်ရတဲ့သူတွေနဲ့လည်း ခွဲခွာနိုင်တယ်။ ဘဝမှာ ဒီအားကစားကိုပဲ ပိုပြီးတော့ ဝါသနာကြီးလို့ မရှိမဖြစ်ဘူး။

ပြီးခဲ့သည့်မေလက ယှဉ်ပြိုင်ခဲ့သည့် Thai Fight ပွဲတွင် အနိုင်ရရှိခဲ့စဉ် (ဓာတ်ပုံ – Vero Nika)

မေး ။ ။ အမျိုးသမီးတယောက်ဖြစ်တဲ့အတွက် အခုလို ထိုးသတ်ရတဲ့ အားကစားမျိုးလုပ်တဲ့အခါမှာ ဘယ်အရာတွေက ခက်ခဲစေလဲ။ ဘယ်လိုဖြတ်ကျော်ခဲ့ရလဲ။

ဖြေ ။ ။ ကျနော် အမျိုးသမီးတယောက်ဖြစ်တဲ့အတွက် ခက်ခဲတာတွေကိုတော့ အခက်အခဲလို့မမြင်ဘူး။ ကြမ်းတမ်းတာတွေကို ကြိုက်တယ်။ လေ့ကျင့်ရင်းနဲ့ ဒဏ်ရာရတာလောက်ပဲ။ တခုပဲ တလတခါ ရာသီသွေးကိစ္စပဲ။ အရမ်းစိတ်ညစ်စရာကောင်းတယ်။ ဒီကိစ္စဖြစ်ပြီဆိုရင် မျက်ရည်ကျရလောက်အောင် လေ့ကျင့်ရေးလည်းမလုပ်နိုင်ဘူး။ လူးလိမ့်နေအောင်ဖြစ်ရတယ်။

မေး ။ ။ ဒီလိုအချိန်နဲ့ တိုက်ဆိုင်ပြီး ပြိုင်ပွဲဝင်ရတဲ့အခါမျိုးနဲ့ ကြုံတွေ့ခဲ့ရဖူးလား။

ဖြေ ။ ။ ကျနော်အရင်တုန်းက ပြိုင်ပွဲဝင်တုန်းကဆိုရင် ကြုံခဲ့တယ်။ ကိုယ့်ဘာသာလည်း အရမ်းဂရုစိုက်ရတယ်။ ပွဲတွေနဲ့ တော်တော်တိုးခဲ့ဖူးတယ်။

မေး ။ ။ အခုလက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်တယ်လို့ သိရတယ်။ အာဏာရှင်ဆန့်ကျင်ရေးတွေမှာလည်း ပါဝင်ခဲ့တယ်။ အခုလို ထိုင်းနိုင်ငံကိုရောက်လာဖို့အတွက် ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။

ဖြေ ။ ။ အာဏာသိမ်းပြီးတော့ ကျနော်လည်း နာမည်ထွက်သေးတယ်။ တောထဲမှာ လက်နက်ကိုင်တယ်ဆိုပြီးလည်း ပြောကြသေးတယ်။ ကျနော်အဲဒီထဲမရောက်ခဲ့ပါဘူး။ ရန်ကုန်မှာပဲနေတယ်။ သတင်းတွေထွက်တယ်။ နာမည်အမျိုးမျိုး ထွက်နေတော့ ကြာရင် လုံခြုံမှုမရှိဘူးဆိုတာသိတော့ မိတ်ဆွေတဦးက ဘာလုပ်ချင်လဲ။ ဘာဖြစ်ချင်လဲပြောတယ်။ ကျနော်ကလည်း အဆင်မပြေတော့ဘူး။ မလုံခြုံတော့ဘူး။ လက်ဝှေ့ဆက်ကစားချင်တယ်။ ဒီနိုင်ငံမှာ အဆင်မပြေဘူး။ တခြား နိုင်ငံကို ထွက်မှဖြစ်မယ်ဆိုပြီး ထွက်လာခဲ့တာ။ အဲဒါက ၂၀၂၁ အောက်တိုဘာလလောက်ကဖြစ်မယ်။

ပြီးခဲ့သည့်မေလက ယှဉ်ပြိုင်ခဲ့သည့် Thai Fight ပွဲတွင် အနိုင်ရရှိခဲ့စဉ် (ဓာတ်ပုံ – Vero Nika)

မေး ။ ။ အခုရော ထိုင်းနိုင်ငံမှာရပ်တည်နေရတဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ အဆင်မပြေဘူးတွေးရင်တော့ အဆင်မပြေဘူးပေါ့။ ကျနော့်မှာ ကိုယ်ပိုင်သုံးတဲ့ပိုက်ဆံမရှိဘူး။ စထွက်ကတည်းက ဗလာနဲ့ဆိုတော့ ဘာမှမရှိဘူး။ ကျနော့်မိတ်ဆွေက အစစအရာရာကူညီတယ်။ စစရောက်ချင်းကတော့ နည်းနည်းခက်ခဲတယ်။ အခုတော့ အဆင်ပြေလာပါတယ်။

မေး ။ ။ စစ်တပ်က အာဏာသိမ်းတဲ့အပေါ်မှာရော ဘရော်နီကာရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ ။ ။ အာဏာသိမ်းတာတော့ ဘယ်လိုမှမကြိုက်ဘူး။ သဘောမကျဘူး။ အာဏာရှင်စနစ်ကို သဘောကိုမကျဘူး။ ကျနော်တို့ ငယ်ငယ်တုန်းကတည်းက ခံစားရပြီးပြီ။ ငယ်ငယ်ကဆို သူများဗမာစကားပြောတာ ကြားတာနဲ့တင် အိမ်ထဲမှာ ဝင်ပုန်းပြီးတော့ နားပိတ်ထားရလောက်အောင် ကြောက်ခဲ့ပြီးပြီ။ ကျနော်တို့ရပ်ရွာဆိုရင်လည်း စစ်တပ်နဲ့သိပ်မဝေးဘူးဆိုတော့ ရွာကိုလာရင် ကြက်တွေသတ်စားတယ်။ လိုချင်တာတွေကို ယူတယ်။ အဲဒီခေတ်တုန်းကလည်း မုဒိမ်းမှုတွေများတယ်။ ကျနော်တို့အမေကိုယ်တိုင်လည်း မြင်တွေ့ခဲ့တာတွေ ရှိတော့ သိနေတယ်။ ဒါမျိုးတွေ ပြန်မဖြစ်ချင်တော့ဘူး။ ကြောက်စိတ်နဲ့ ရှင်သန်နေရတာတို့ ကျောင်းတက်ဖို့အတွက်လည်း ပိုက်ဆံမရှိတော့ အခွန်တွေအရမ်းများတာတွေ၊ မပေးနိုင်တဲ့ကိစ္စတွေလည်း ထပ်မဖြစ်ချင်တော့ဘူး။ လုံးဝသဘောမကျဘူး။ အားလည်းမပေးဘူး။

မေး ။ ။ အခု မိသားစုကရော ပြည်တွင်းထဲမှာ ဘယ်လိုမျိုးကျန်ခဲ့လဲ။

ဖြေ ။ ။ မိသားစုကတော့ တောင်ပေါ်ကို ပြေးပြီးစစ်ရှောင်လိုက်၊ အခြေအနေနည်းနည်းငြိမ်ရင် ပြန်လာလိုက် စစ်ရှောင်လိုက်နဲ့ အဲဒီလိုပဲ။

မေး ။ ။ အခုဆိုရင် ကယားပြည်နယ်အပါအဝင် မြန်မာပြည်တွင်းက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းကိုခံနေရတယ်။ ကိုယ်တိုင်လည်း တိုင်းရင်းသူတယောက်ဖြစ်တော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ အာဏာသိမ်းပြီးတုန်းကတော့ ဒီလောက်ထိ ဆိုးဆိုးရွားရွားဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒီလိုတွေဖြစ်ရတာတွေကို တွေ့တိုင်းမျက်ရည်ကျမိတယ်။ မျက်ရည်ကျရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူး။ ကျရှုံးနေတဲ့လူတွေအားလုံးရဲ့ မိသားစုနဲ့အတူ စိတ်မကောင်းဖြစ်ပေးရုံက လွဲပြီး ဘာမှမလုပ်ပေးနိုင်ဘူး။ အာဏာရှင်စနစ်ကို ကျနော်တို့ကအနိုင်ယူချင်တယ်။ လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့သူတွေကို ထောက်ပံ့ပေးချင်တယ်။ လိုချင်တာတွေကို ပေးချင်တယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။

မေး ။ ။ ရှေ့ဆက်ပြီး ဘာဖြစ်ချင်လဲ။

ဖြေ ။ ။ အခုလောလောဆယ်တော့ ၁၂ လပိုင်းမှာ ပြိုင်မယ့် ခါးပတ်နက်ချန်ပီယံဖြစ်ချင်တယ်။ One Championship ထဲကို လာမယ့်နှစ်မှာ ဝင်ချင်တယ်။ ဒါကတော့ အဖြစ်ချင်ဆုံးအရာပေါ့။

မေး ။ ။ အခုဆိုရင် ပြည်တွင်းကနေလည်း ဘရော်နီကာကို အားပေးကြတယ်။ သူတို့မှာ အခက်အခဲများစွာရှိနေတာတောင်မှပေါ့။ သူတို့ကိုရော ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော့်ကို အားပေးတဲ့အယောက်စီတိုင်းကို အရမ်းလေးစားတယ်။ မြန်မာနိုင်ငံမှာက အကုန်လုံးခက်ခဲနေတယ်။ အင်တာနက်မရတဲ့ကြားထဲကနေ ကျနော့်ပွဲကို ကြည့်ကြတာကို သိရတယ်။ သူတို့ကို အထူးပြောချင်တာက ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်နေပါ။ ကျန်းမာရေးဂရုစိုက်ပါလို့ ပြောချင်တယ်။ ကျနော်လည်း အကောင်းဆုံးကြိုးစားသွားမယ်။ ဆက်ပြီးတော့ အားပေးပါလို့ ပြောချင်တယ်။

You may also like these stories:

စစ်မီးပဋိပက္ခကြားက ကရင်နီ စစ်ဘေးရှောင်များ

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

စစ်ရေးတင်းမာနိုင်သဖြင့် ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးများ စုဆောင်းရန် KNDF ပြော

Your Thoughts …
Tags: ပြိုင်ပွဲမွေထိုင်းအားကစားအာဏာရှင်စနစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.8k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

by Vaishali Basu Sharma
9 September 2024
3.2k

ပိုမိုအရှိန်အဝါ ကြီးမားလာပြီး သြဇာပြလာသည့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို ပိုမိုပြသလာကာ တင်းမာမှုများကို မြင့်လာစေသည်။

စစ်ဥပဒေသစ်ကို အင်ဒိုနီးရှားတွေ ဘာကြောင့်ဆန္ဒပြကြသလဲ

စစ်ဥပဒေသစ်ကို အင်ဒိုနီးရှားတွေ ဘာကြောင့်ဆန္ဒပြကြသလဲ

by Niniek Karmini
22 March 2025
2.7k

"ဒီလုပ်ရပ်ဟာ အာဏာရှင်စနစ် ပြန်လည် ရယူဖို့ အလားအလာရှိတယ်" ဟု မစ္စတာ အာရက်ဖ်က ပြောသည်။

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

ထိုင်းဗီဇာဖြေလျော့ပြီး အပြောင်းအလဲ ပြုလုပ်

by ဧရာဝတီ
29 May 2024
2.7k

ယခင်က arrival visa သည် ၁၄ ရက်သက်တမ်းရပြီး တလ ထပ်မံ သက်တမ်းတိုးခွင့်ရှိရာမှ ယခုအစီအစဉ်အရ ၂ လ တိုးခွင့်ရခြင်းဖြစ်ကြောင်း

ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်

ကမ္ဘောဒီးယားမှ ပြိုင်ဘက်မရှိ ရွေးကောက်ပွဲတွင် အကြောက်တရားနှင့် မဲပေးမည်

by ဧရာဝတီ
18 July 2023
2.2k

ဟွန်ဆန်သည် သူ့သားထံ အာဏာလွှဲပေးရေးအတွက်သာ အာရုံစိုက်နေပုံရပြီး သာမန်ပြည်သူများ ရုန်းကန်မှုများကို သတိမထားမိကြောင်း ဖနွမ်ပင်သူတဦးက ပြောသည်။

Next Post
အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီ ၁ ပိဿာမှာ ယခင်ရက်ပိုင်းက ကျပ် ၃၈၀၀ ကျော် ရှိရာမှ ယခုရက်ပိုင်း တွင် ကျပ် ၄၀၀၀ ကျော် အထိတက်လာသည်။

FATF ၏ အမည်ပျက်စာရင်း သွင်းခံရပြီးနောက် ကုန်ဈေးနှုန်း ပြန်တက်လာ

ထိခိုက်သေဆုံးရမှုအပေါ် တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမယ် (ရုပ်/သံ)

ထိခိုက်သေဆုံးရမှုအပေါ် တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမယ် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved