လက်နက်ကိုင်တပ်များမှ နုတ်ထွက်ရန်မလိုဘဲ ပိုမိုများပြားသည့် အစိုးရရာထူးများတွင် စစ်အရာရှိများကို ထမ်းဆောင်ခွင့်ပြုသည့် အငြင်းပွားဖွယ် စစ်ဥပဒေပြင်ဆင်ချက်ကို အင်ဒိုနီးရှား ပါလီမန်က မတ်လ ၂၀ ရက်နေ့တွင် အတည်ပြုသည်။
နိုင်ငံ၏ နုနယ်သော ဒီမိုကရေစီအတွက် ထိုသို့ပြင်ဆင်ခြင်းသည် ခြိမ်းခြောက်မှုဖြစ်သည်ဟုမြင်သည့် ဒီမိုကရေစီ လိုလားသော အုပ်စုများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆန့်ကျင်မှု ကြီးထွားနေချိန်တွင် ထိုသို့ အတည်ပြုခြင်း ဖြစ်သည်။
စုံညီအစည်းအဝေးတခုတွင် ပါလီမန်ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ ရှစ်ခုလုံးက ထိုဥပဒေကို ထောက်ခံသည်။ အောက်လွှတ်တော်ကို နိုင်ငံ၏ အာဏာရှင်အတိတ်နှင့် ဆက်စပ်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ပရာဘိုဝို ဆူဘီယန်တိုကို ထောက်ခံသည့် ပါတီများက ထိန်းချုပ်ထားသည်။
အရပ်ဘက်ရေးရာများတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချသည့် ၂၀၀၄ ခုနှစ်က သမိုင်းဝင် ဥပဒေအရ လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများကို လုံခြုံရေး၊ ကာကွယ်ရေး သို့မဟုတ် ထောက်လှမ်းရေးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ သို့မဟုတ် နိုင်ငံတော် အင်စတီကျူးရှင်းများတွင်သာ တာဝန်ထမ်းဆောင်ခွင့်ပေးသည်။
အရပ်ဘက်ရေးရာများတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချသည့် ၂၀၀၄ ခုနှစ်က သမိုင်းဝင် ဥပဒေအရ လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများကို လုံခြုံရေး၊ ကာကွယ်ရေး သို့မဟုတ် ထောက်လှမ်းရေးနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများ သို့မဟုတ် နိုင်ငံတော် အင်စတီကျူးရှင်းများတွင်သာ တာဝန်ထမ်းဆောင်ခွင့်ပေးသည်။

အင်ဒိုနီးရှား စစ်ဥပဒေသစ်ကြောင့် ဘာတွေဆုံးရှုံးသနည်း
၂၀၀၄ ခုနှစ် အင်ဒိုနီးရှား လက်နက်ကိုင်တပ်များဥပဒေ ပြင်ဆင်ချက်တွင် စစ်တပ်၏ အခန်းကဏ္ဍကို ကာကွယ်ရေးထက် ကျော်လွန်တိုးချဲ့ရန် ရည်ရွယ်သည့် အပြောင်းအလဲ အများအပြား ထည့်သွင်းထားသည်။
စတင်သက်ဝင်ပါက ထိုဥပဒေသစ်သည် တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများသည် စစ်ရာထူးမှ အငြိမ်းစားမယူဘဲ သို့မဟုတ် မနုတ်ထွက်ဘဲ ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ်၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ညှိနှိုင်းရေး ဝန်ကြီးဌာန အပါအဝင် နောက်ထပ် အဖွဲ့အစည်း လေးခုတွင် အရပ်ဘက်ရာထူး ယူခွင့်ပြုသည်။
လက်ရှိဥပဒေအရ စစ်သားများကို ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားထောက်လှမ်းရေး အေဂျင်စီနှင့် ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ အပါအဝင် ဝန်ကြီးဌာနနှင့် နိုင်ငံတော်အဖွဲ့အစည်း ၁၀ ခုတွင်သာ တာဝန်ထမ်းဆောင်ခွင့်ပေးသည်။ သို့သော် ယခုအခါ ထိုအရေအတွက်ကို စစ်တပ်နှင့်မဆိုင်သည့် လုပ်ငန်း ၁၄ ခုအထိ တိုးမြှင့်မည်ဖြစ်သည်။
ပုဒ်မသစ်တခုက စစ်သားများကို အခြားဝန်ကြီးဌာနများတွင် လိုသလို ခန့်အပ်ရန်လည်း သမ္မတကို အခွင့်အာဏာပေးထားသည်။
ဥပဒေသစ်က ဘာကြောင့် အငြင်းပွားစရာဖြစ်သနည်း
အာဏာရှင် ဆူဟာတိုခေတ်တွင် လက်နက်ကိုင်တပ်များရှိခဲ့သည့် “လုပ်ငန်းတာဝန် နှစ်ရပ်စနစ်” ပြန်လည်ရယူပြီး အရပ်ဘက်အခန်းကဏ္ဍများသို့ စစ်တပ်က ချဲ့ထွင်ဝင်ရောက်မည်ကို စိုးရိမ်သည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများအကြားတွင် ထိုပြင်ဆင်ချက်က စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။
အာဏာရှင် ဆူဟာတိုခေတ်တွင် လက်နက်ကိုင်တပ်များရှိခဲ့သည့် “လုပ်ငန်းတာဝန် နှစ်ရပ်စနစ်” ပြန်လည်ရယူပြီး အရပ်ဘက်အခန်းကဏ္ဍများသို့ စစ်တပ်က ချဲ့ထွင်ဝင်ရောက်မည်ကို စိုးရိမ်သည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများအကြားတွင် ထိုပြင်ဆင်ချက်က စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။
ထိုစဉ်က လွှတ်တော်နေရာများကို စစ်တပ်အတွက် သီးခြားထားရှိပြီး ခရိုင်အကြီးအကဲများမှသည် အစိုးရဝန်ကြီးများအထိ အရပ်သားရာထူး ထောင်ပေါင်းများစွာကို စစ်အရာရှိများက ရယူကြသည်။ အဆိုပါ လုပ်ငန်းတာဝန် နှစ်ရပ်စနစ်သည် ဆူဟာတို သမ္မတဖြစ်လာသောအခါ နိုင်ငံရေး အတိုက်အခံများကို ချေမှုန်းရန်အတွက် လက်နက်ကိုင်တပ်များကို အသုံးချခံများအဖြစ် ထိရောက်စွာ ပြောင်းလဲလိုက်သည်။
၁၉၉၈ ခုနှစ်တွင် ဆူဟာတို အုပ်ချုပ်ရေး ဆယ်စုနှစ် သုံးခုကျော် ကြာပြီး စစ်တပ်ကို စစ်တန်းလျား ပြန်ပို့ပြီးနောက် ပေါ်ပေါက်လာသည့် ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်နှင့် ထိုဥပဒေသစ်သည် မကိုက်ညီကြောင်း အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့ Imparsial မှ ဒါရိုက်တာ မစ္စတာ အယ်လ် အာရက်ဖ်က ပြောသည်။
“ဒီလုပ်ရပ်ဟာ အာဏာရှင်စနစ် ပြန်လည် ရယူဖို့ အလားအလာရှိတယ်” ဟု မစ္စတာ အာရက်ဖ်က ပြောသည်။
အဓိက ဝေဖန်သည့် အခြားအချက်တခုမှာ ထိုဥပဒေကို ဆွေးနွေးသည့်ပုံစံဖြစ်သည်။ တံခါးပိတ်ဆွေးနွေးပြီး ပြည်သူလူထု အကြံပြုချက် အနည်းငယ်ဖြင့် အလျင်အမြန် အတည်ပြုခြင်းဖြစ်သည်
မစ္စတာ ဆူဘီယန်တိုက ထိုဥပဒေကြမ်းကို ထောက်ခံကြောင်း အောက်လွှတ်တော်သို့ ရေးသားသည့်စာ ထွက်လာပြီး နောက်ဆုံးမူကြမ်းကို လွန်ခဲ့သော တလမပြည့်မီက မိတ်ဆက်သည်။ ပါလီမန်ကိုယ်စားလှယ်များနှင့် အစိုးရအရာရှိများသည် တောင်ပိုင်း ဂျကာတာမှ ကြယ် ငါးပွင့်ဟိုတယ်တခုတွင် ထိုဥပဒေကြမ်း ပြင်ဆင်ချက်ကို ဆွေးနွေးရန် မတ်လ ၁၅ ရက်နေ့က လျှို့ဝှက်တွေ့ဆုံကြောင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ သိရသည်။
ထိုဥပဒေကို မူကြမ်းရေးဆွဲသည့်ပုံစံသည် ဆန့်ကျင်မှုဖြစ်စေနိုင်ကြောင်း အင်ဒိုနီးရှား သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (CSIS) မှ သုတေသီ ဒိုမင်းနစ် နစ်ကီ ဖာရီဇယ်လ်က မတ်လ ၂၀ ရက်နေ့တွင် ပြောသည်။
“အာဏာပိုင်ဥပဒေစနစ်ဟာ ဥပဒေအတွေးအခေါ် တည်ဆောက်ရေးက လစ်ကွက်ဟာကွက်တွေကို အသုံးချဖို့ ကြိုးစားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ အုတ်မြစ်ကို ပျက်စီးစေလိမ့်မယ်” ဟု ၎င်းကပြောသည်။

အစိုးရက ဘာပြောသနည်း
ကြယ် သုံးပွင့် ဗိုလ်ချုပ်ဟောင်း ကာကွယ်ရေးဝန်ကြီး မစ္စတာ အက်စ်ဂျက်ဖရီ အက်စ်ဂျမ်ဆော့ဒင်က ထိုဥပဒေသစ်ကို ကာကွယ်ပြောဆိုပြီး ပါလီမန်ကိုယ်စားလှယ်များသည် ထိုဥပဒေကို စနစ်တကျ စဉ်းစားသုံးသပ်ကာ စစ်တပ်ကို ပိုမိုထိရောက်မှု ရှိစေမည်ဟု ပြောသည်။
ကြယ် သုံးပွင့် ဗိုလ်ချုပ်ဟောင်း ကာကွယ်ရေးဝန်ကြီး မစ္စတာ အက်စ်ဂျက်ဖရီ အက်စ်ဂျမ်ဆော့ဒင်က ထိုဥပဒေသစ်ကို ကာကွယ်ပြောဆိုပြီး ပါလီမန်ကိုယ်စားလှယ်များသည် ထိုဥပဒေကို စနစ်တကျ စဉ်းစားသုံးသပ်ကာ စစ်တပ်ကို ပိုမိုထိရောက်မှု ရှိစေမည်ဟု ပြောသည်။
ပထဝီနိုင်ငံရေး အပြောင်းအလဲများနှင့် ကမ္ဘာ့နည်းပညာသည် “သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သည့် ပဋိပက္ခများကို ရင်ဆိုင်ရန်” အတွက် စစ်တပ်ကို အသွင်ကူးပြောင်းရန် လိုအပ်စေသောကြောင့် ထိုဥပဒေပြင်ဆင်ချက်များ လိုအပ်သည်ဟု ပါလီမန်က ထိုဥပဒေကို အတည်ပြုပြီးနောက် ပြောသည့် မိန့်ခွန်းတခုတွင် ၎င်းကပြောသည်။
“ပြည်ထောင်စုသမ္မတ အင်ဒိုနီးရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းရာမှာ အင်ဒိုနီးရှားပြည်သူတွေကို စိတ်ပျက်အောင် ကျနော်တို့ ဘယ်တော့မှ မလုပ်ဘူး” ဟုလည်း ကာကွယ်ရေးဝန်ကြီး မစ္စတာ အက်စ်ဂျက်ဖရီ အက်စ်ဂျမ်ဆော့ဒင်က ပြောသည်။
(AP ပါ Niniek Karmini ၏ Why Indonesia’s new military law is alarming pro-democracy activists and rights groups ကို ဘာသာပြန်သည်။)
You may also like these stories:
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ဟောင်း အနိုင်ရနေ
အာဆီယံ၏ ပထမဆုံး စစ်ရေးလေ့ကျင့်မှု အင်ဒိုနီးရှားတွင် ပြုလုပ်
မြန်မာနှင့်နှိုင်းလျှင် အင်ဒိုနီးရှားစစ်တပ်အတွက် ဂုဏ်ယူကြောင်း ကာကွယ်ရေးဝန်ကြီး ပြော
မြန်မာအကျပ်အတည်း အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း ကယ်နိုင်မည် မဟုတ်














