• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ဟောင်း အနိုင်ရနေ

by ဧရာဝတီ
17 February 2024
in ဆောင်းပါး
A A
အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ဟောင်း အနိုင်ရနေ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက်သည့် မစ္စတာ ပရာဘိုဝို ဆူဘီယန်တို / AFP

1.5k
VIEWS
Share on FacebookShare on Twitter

အငြင်းပွားဖွယ်ရာ အတိတ်ရှိသော ဗိုလ်ချုပ်ဟောင်းတဦး အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရသည်။

မဲများ၏ ၈၅ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်တွင် တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့်ရလဒ်များအရ အသက် ၇၂ နှစ် ရှိပြီဖြစ်သော မစ္စတာ ပရာဘိုဝို ဆူဘီယန်တိုသည် မဲ ၆၀ ရာခိုင်နှုန်းနီးပါး ရရှိနေပြီး နောက်တကျော့ ရွေးကောက်ပွဲကို ရှောင်ရှားနိုင်မည်ဟု အစိုးရမဟုတ်သည့် သုတေသနအဖွဲ့များ၏ အစောပိုင်း မဲရေတွက်မှုများကို စောင့်ကြည့်နေသည့် နိုင်ငံပိုင် အန်တာရာ သတင်းဌာန၊ CNN Indonesia နှင့် Reuters သတင်းဌာနများက ဖော်ပြသည်။ တနိုင်ငံလုံးမှ မဲရုံများသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လယ်တွင် ပိတ်သည်။

သူနှင့် ဒုသမ္မတလောင်း မစ္စတာ ဂျီဘန် ရာကာဘန်မင် ရာကာတို့သည် အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် အုပ်ချုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီကပင် ထိပ်ဆုံးရောက်နေသည့် မစ္စတာ ပရာဘိုဝိုက ဂျကာတာမှ ထောက်ခံသူများကို ပြောသည်။ မစ္စတာ ဂျီဘရန်သည် လက်ရှိသမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒို၏ အကြီးဆုံးသား ဖြစ်သည်။

“ကျနော်တို့ ကျေးဇူးတင်ပေမယ့် မမောက်မာရဘူး၊ အပျော်မလွန်ရဘူး၊ ဆက်လက်နှိမ့်ချရမယ်။ ဒီအောင်ပွဲဟာ အင်ဒိုနီးရှား အားလုံးအတွက် ပျော်ပွဲဖြစ်ရမယ်” ဟု မစ္စတာ ပရာဘိုဝို ကြေညာသည်။ “ဘယ်မျိုးနွယ်စု၊ လူမျိုးစု၊ လူမျိုး၊ ဘာသာနဲ့ လူမှုနောက်ခံမဆို အင်ဒိုနီးရှားနိုင်ငံသား အားလုံးကို ပြုစုပျိုးထောင်ဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ ကျနော်နဲ့ ဂျီဘရန် ဦးဆောင်သွားမယ်။ အင်ဒိုနီးရှား နိုင်ငံသားတွေက ကျနော်တို့ရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

လူကြိုက်များသော အုပ်ချုပ်ရေးမှူး အန်နီးစ် ဘက်စ်ဝါဒန်သည် မဲ ၂၂ ရာခိုင်နှုန်းအောက်ဖြင့် ဒုတိယ နေရာတွင် ရှိနေပြီး ပြိုင်ဘက် ဂန်ဂျာ ပရာနိုဝိုက တတိယနေရာတွင် ရှိနေကြောင်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသည့် အစောပိုင်း မဲရေတွက်မှုများအရ သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဂျကာတာတွင် ပရာဘိုဝို ဆူဘီယန်တိုကို ထောက်ခံသူများ / Bloomberg / Getty Images

၎င်းတို့နှစ်ဦးလုံး၏ အဖွဲ့များက ကနဦး မဲရလဒ်များကို အငြင်းပွားပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြောကြားရန် စောလွန်းသေသည်ဟု Reuters သတင်းဌာနက ကိုးကားခဲ့သည့် ပါတီပြောခွင့်ရသူများက ပြောသည်။

CNN သတင်းဌာနအနေဖြင့် ကနဦး မဲရလဒ်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဂုဏ်သိက္ခာရှိသော သုတေသနများ၏ ယခင်ရွေးကောက်ပွဲများက မဲရေတွက်မှုများသည် တိကျကြောင်း သက်သေရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ပြောကြားသည့် သူ၏မိန့်ခွန်းအတွင်း မစ္စတာ ပရာဘိုဝိုက သူ့ကိုထောက်ခံသူများ အနေဖြင့် နိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်က တရားဝင်မဲရလဒ် ကြေညာသည်ကို စောင့်ရန်ပြောသည်။ တရားဝင် မဲရလဒ်ကို မတ်လတွင် ကြေညာမည်ဖြစ်သည်။

၂၀၁၉ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲအပြီးတွင် လူအသေအပျောက်ရှိသည့် အဓိကရုဏ်းများ ဖြစ်ခဲ့ပြီး ထိုစဉ်က မဲရှုံးသူ မစ္စတာ ပရာဘိုဝိုသည် ရွေးကောက်ပွဲရလဒ်ကို အငြင်းပွားခဲ့သည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့စတုတ္ထ လူဦးရေအများဆုံးနိုင်ငံနှင့် ကမ္ဘာ့မွတ်ဆလင် အများဆုံးနိုင်ငံ ဖြစ်သည်။ တရက်တည်းတွင် ကျင်းပသည့် အကြီးမားဆုံး ရွေးကောက်ပွဲဖြစ်သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရွေးကောက်ပွဲတွင် မဲပေးရန် တနိုင်ငံလုံး ပြည်နယ် ၃၈ ခုမှ လူသန်း ၂၀၀ ကျော် မဲပေးခွင့်ရှိသည်။

CNN သတင်းဌာနအနေဖြင့် ကနဦး မဲရလဒ်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဂုဏ်သိက္ခာရှိသော သုတေသနများ၏ ယခင်ရွေးကောက်ပွဲများက မဲရေတွက်မှုများသည် တိကျကြောင်း သက်သေရှိခဲ့သည်။

သို့သော် ကမ္ဘာ့အကြီးမာဆုံး ကျွန်းဆွယ်နိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပခြင်းသည် ကြီးမားသော အားထုတ်မှု လိုအပ်သည်။ ထိုနိုင်ငံသည် အမေရိကန် ပြည်ထောင်စုထက် ကျယ်ပြီး အချိန်သတ်မှတ်သည့်ဇုန် သုံးခုအတွင်း ကျရောက်နေသည်။ ကျွန်းနှင့် ကျွန်းငယ်ပေါင်း ၁၈,၀၀၀ ကျော် ပါဝင်ပြီး ၎င်းတို့အနက် ၆,၀၀၀ တွင် လူနေထိုင်ခြင်း မရှိဘဲ တနိုင်ငံလုံးတွင် ဘာသာစကားပေါင်း ၁၅၀ ကျော်ရှိသည်။

လူငယ်မဲဆန္ဒရှင်များသည် မဲပေးရန် မှတ်ပုံတင်ထားသည့် အသက် ၄၀ အောက် မဲဆန္ဒရှင်များ၏ ထက်ဝက်ခန့်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသောကြောင့် ယခုနှစ်ရွေးကောက်ပွဲတွင် အဓိကကျကြောင်း ကျွမ်းကျင်သူများက ပြောသည်။

မစ္စတာ ပရာဘိုဝို ပြီးနောက် စင်ပေါ်တက်လာသည့် မစ္စတာ ဂျီဘရန်က ရွေးကောက်ပွဲအတွင်း လူငယ်များ၏ သက်ရောက်မှုကို ဝန်ခံပြောကြားပြီး အနာဂတ်တွင် လူငယ်များကို ပါဝင်စေမည်ဖြစ်ကြောင်း ထောက်ခံသူများကို ပြောသည်။

ပရာဘိုဝို သမ္မတသက်တမ်း၏ အဓိပ္ပာယ်

မစ္စတာ ပရာဘိုဝိုသည် အထက်လွှာနိုင်ငံရေး မိသားစုမှလာသူဖြစ်ပြီး သူ၏ အတိတ်သည် အငြင်းပွားဖွယ် ဖြစ်သည်။ အထူးသဖြင့် သူ၏ယောက္ခမ တော်စပ်သော ကွယ်လွန်အာဏာရှင် ဆူဟာတိုခေတ်က သူ၏အခန်းကဏ္ဍ ဖြစ်သည်။ သူ၏စစ်တပ်အတိတ်မှ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များသည် သူ၏ နိုင်ငံရေးဘဝတလျှောက်လုံးတွင် သူ့ကို ဒုက္ခပေးနေသည်။

လူငယ်မဲဆန္ဒရှင်များသည် မဲပေးရန် မှတ်ပုံတင်ထားသည့် အသက် ၄၀ အောက် မဲဆန္ဒရှင်များ၏ ထက်ဝက်ခန့်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသောကြောင့် ယခုနှစ်ရွေးကောက်ပွဲတွင် အဓိကကျကြောင်း ကျွမ်းကျင်သူများက ပြောသည်။

သူ၏ဖခင် မစ္စတာ ဆူမီထရို ဒီဂျိုဂျိုဟာဒီကူဆူမိုသည် ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဟောင်း ဖြစ်ပြီး သူ၏အဖိုး မစ္စတာ မာဂိုနိုသည် နိုင်ငံပိုင် Bank Negara Indonesia ဘဏ်ကို ထူထောင်သူဖြစ်ကာ သမ္မတ၏ အကြံပေးကောင်စီကို ဦးဆောင်ခဲ့သည်။

သူသည် ၁၉၇၀ ပြည့်နှစ်တွင် အင်ဒိုနီးရှားစစ်တက္ကသိုလ် တက်ရောက်ပြီး အထူးတပ်ဖွဲ့များ၏ တပ်မှူးဖြစ်လာပြီးနောက် အင်ဒိုနီးရှား၏ ၂၄ နှစ်ကြာ အရှေ့တီမောကို ရက်စက်ကြမ်းကြုတ် သိမ်းပိုက်မှုအတွင်း လွတ်လပ်ရေး တောင်းဆိုသူများကို တိုက်ဖျက်သည့် စစ်ဆင်ရေးများကို ဦးဆောင်ခဲ့သည်။

ဆူဟာတို အာဏာရှင်အစိုးရ နောက်ဆုံးလများအတွင်း ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် သူအမိန့်ပေးခဲ့သည်ဟုလည်း စွပ်စွဲခံရသည်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
52
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
116
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.5k

ထို့နောက်ပိုင်းတွင် သူသည် သူ့ကိုယ်သူ အင်ဒိုနီးရှား၏ ရှင်သန်သော ဒီမိုကရေစီကို ထောက်ခံသူအဖြစ် ပုံဖော်ပြီး ဖော်ရွေသော်လည်း မှီခိုအားထားနိုင်သည့် နိုင်ငံရေးဘိုးအေဆိုသော ပုံရိပ်ကို မကြာသေးမီက တည်ဆောက်ခဲ့ကာ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံရေးတွင် အရေးပါသူ ဖြစ်လာသည်။

သူသည် ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်များတွင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်ခဲ့သော်လည်း ထိုရွေးကောက်ပွဲ နှစ်ခုလုံးတွင် ယခုရာထူး စွန့်လွှတ်တော့မည့် မစ္စတာ ဂျိုကိုဝီ ခေါ် သမ္မတ ဂျိုကို ဝီဒိုဒိုကို ရှုံးနိမ့်ခဲ့သည်။

မစ္စတာ ဂျိုကိုဝီက မစ္စတာ ပရာဘိုဝိုကို ကာကွယ်ရေးဝန်ကြီးအဖြစ် အစိုးရတွင် ထည့်သွင်းခဲ့သောအခါ ပြိုင်ဘက်ဟောင်းများသည် သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားခဲ့ကြသည်။

ယခုနှစ်တွင် သူသည် မစ္စတာ ဂျိုကိုဝီ၏ အကြီးဆုံးသား ဂျီဘရန် ရာကာဘမ်မင် ရာကာကို သူ၏ ဒုသမ္မတ အဖြစ် ပူးပေါင်းခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ရာထူးစွန့်လွှတ်ရန် ပြင်ဆင်နေသည့် မစ္စတာ ဂျိုကိုဝီ ဝင်ရောက်စွက်ဖက်သည် ဆိုသည့် ပြင်းထန်သော ဝေဖန်မှုများ ဖြစ်စေခဲ့သည်။

“ရွေးကောက်ပွဲတွေမှာ သမ္မတက ဘက်မလိုက်ရဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားကြတယ်” ဟု အင်ဒိုနီးရှား IDEA မှ အာရှ-ပစိဖိတ် ဒါရိုက်တာ လီနာ ရစ်ကီလာ တမန်းက ပြောသည်။ “ပရာဘိုဝို အနိုင်ရတာဟာ ဂျိုကီဝီရဲ့ မူဝါဒအတိုင်း ဆက်သွားမယ်လို့ မြင်ကြမယ်” ဟုလည်း သူပြောသည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှစတင်ပြီး မစ္စတာ ဂျိုကိုဝီက သူ့ကို တိတ်ဆိတ်စွာ ထောက်ခံသောကြောင့် သူ့အပေါ် လူထုထောက်ခံမှု မြင့်မားလာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဂျိုကိုဝီက တိတ်ဆိတ်စွာ ထောက်ခံသောကြောင့် ပရာဘိုဝိုအပေါ် လူထုထောက်ခံမှု မြင့်မားလာကြောင်း ကျွမ်းကျင်သူများက ပြောသည်

အခြေခံကျသော ဘဝမှလာပြီး အင်ဒိုနီးရှား၏ အစဉ်အလာဖြစ်သော ချမ်းသာသည့် အထက်လွှာအုပ်ချုပ်ရေးနှင့် လမ်းခွဲခဲ့သည့် မစ္စတာ ဂျိုကိုဝီသည် သဘောကျစရာ စီးပွားရေးတိုးတက်မှုကို ကြီးကြပ်ခဲ့ပြီး လူကြိုက်များသော သမ္မတအဖြစ် ရာထူးမှထွက်ခွာမည်ဖြစ်သည်။ သို့သော် သူ၏ ရာထူးသက်တမ်းအတွင်း အင်ဒိုနီးရှားသည် လူ့အခွင့်အရေးနှင့် အဂတိလိုက်စားမှုကိစ္စများတွင် နောက်ပြန်လျောကျခဲ့သည်။ ပရာဘိုဝိုသည် ဂျိုကိုဝီ၏ အမွေကိုဆက်ခံသူအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားသည်။

“သူဟာ သမ္မတသက်တမ်း ကန့်သတ်ချက်ပယ်ဖျက်ဖို့၊ သမ္မတ တိုက်ရိုက်ရွေးကောက်ပွဲကို အဆုံးသတ်ဖို့နဲ့ လူ့အခွင့်အရေး အကာအကွယ်တွေကို ဖြတ်တောက်ဖို့ အရင်က လုပ်ခဲ့ဖူးလို့ ပရာဘိုဝို သမ္မတသက်တမ်းအတွက် စိုးရိမ်မှုတွေက လစ်ဘရယ်မဆန်တဲ့ လုပ်ရပ်တွေတိုးလာမယ့် အလားအလာအပေါ် ဗဟိုပြုတယ်” ဟု ဆုံးရှုံးနိုင်သည့် အန္တရာယ်လေ့လာရေး ကုမ္ပဏီ Verisk Maplecroft မှ ဝါရင့် အရှေ့တောင်အာရှ သုတေသီ လော်ရာရှဝပ်က ပြောသည်။

“အဲဒီလို လုပ်ရပ်တွေက အင်ဒိုနီးရှားရဲ့ ဂုဏ်သတင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်စွမ်းကို ထိခိုက်စေလိမ့်မယ်” ဟုလည်း ၎င်းက ပြောသည်။

မစ္စတာ ပရာဘိုဝိုသည် သူ၏အတိတ်ကို ဖုံးကွယ်ရန်နှင့် သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ရန် အလွန် ကြိုးစားပမ်းစား လုပ်ခဲ့ကြောင်း အမေရိကန်၊ ဝါရှင်တန် ဒီစီရှိ အမျိုးသားစစ်ကောလိပ်မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေး ပါမောက္ခ ဇာကာရီ အဘူချာက ပြောသည်။

စစ်ဗိုလ်ချုပ်ဟောင်း အစိုးရအကြီးအကဲ ဖြစ်နေခြင်းသည် အာဏာရှင် အုပ်ချုပ်ရေး မှောင်မိုက်သောနေ့များသို့ ပြန်သွားသည့် လက္ခဏာလည်း ဖြစ်နိုင်ကြောင်း ပြောသည်။ “ဂျိုကိုဝီက သူ့ကိုယ်သူ ဗိုလ်ချုပ်တွေ ဝိုင်းနေစေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်လို ပြဿနာ အများအပြားကို အမြတ်ထုတ်လိုတဲ့ သဘောသဘာဝ ရှိတယ်။ အခု ပရာဘိုဝိုနဲ့ဆိုရင် အခြေအနေ ပိုဆိုးနိုင်တယ်” ဟု ၎င်းကပြောသည်။

မစ္စတာ ပရာဘိုဝိုသည် သူ၏အတိတ်ကို ဖုံးကွယ်ရန်နှင့် သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ရန် အလွန် ကြိုးစားပမ်းစား လုပ်ခဲ့ကြောင်း အမေရိကန်၊ ဝါရှင်တန် ဒီစီရှိ အမျိုးသားစစ်ကောလိပ်မှ အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေး ပါမောက္ခ ဇာကာရီ အဘူချာက ပြောသည်။

“သူက အငြိမ်းစားစစ်အရာရှိတွေကို သူ့အကြံပေးနဲ့ အစိုးရအရာရှိတွေအဖြစ် ထားမယ်လို့ ထင်တယ်။ ပိုမို စိုးရိမ်စရာကောင်းတာက စစ်တပ် ပြန်လည်ခေါင်းထောင်ရေးကို အရှိန်မြှင့်တင်မှာပဲ” ဟု ပါမောက္ခ ဇာကာရီ အဘူချာက ဆက်ပြောသည်။

ယခုနှစ် ရွေးကောက်ပွဲရလဒ်သည် မျိုးရိုးလိုက်သည့် နိုင်ငံရေးလက္ခဏာကို ပြသနေကြောင်း ဂျကာတာမှ မဲဆန္ဒရှင်များက CNN သို့ ပြောသည်။ ပရာဘိုဝိုနှင့် ဂျီဘရန်တို့၏ မဲဆွယ်ပွဲသည် ဆွေမျိုးညာတိ ကောင်းစားရေးနှင့် အဂတိလိုက်စားသည့် အရိပ်အငွေ့ကို ပြသနေကြောင်း အသက် ၄၁ နှစ်အရွယ် ယိုဟန်နက်စ် ဂရီဂေါ်ရီးယပ်စ် တူကန်က ပြောသည်။ အခြားမဲဆန္ဒရှင်တဦးဖြစ်သော ကန်ကိုရို ရီကိုနီကလည်း အာဏာရှင် အုပ်ချုပ်ရေး ပြန်လာမည်ကို စိုးရိမ်ကြောင်းပြောသည်။

“၁၉၉၈ ခုနှစ်တုန်းက သွေးတွေ မျက်ရည်တွေနဲ့ ကျနော်တို့ တိုက်ယူထားတဲ့ ဒီမိုကရေစီကို ဆုံးရှုံးသွားတာ ကျနော်တို့မလိုချင်ဘူး” ဟု သူကပြောသည်။

(CNN ပါ Heather Chen, Angus Watson, Sophie Jeong နှင့် Kathleen Magramo ၏ Ex-army strongman leader claims victory in Indonesian presidential election ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာနှင့်နှိုင်းလျှင် အင်ဒိုနီးရှားစစ်တပ်အတွက် ဂုဏ်ယူကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

စင်ကာပူနှင့် အင်ဒိုနီးရှား မြန်မာသို့ တရားမဝင် လက်နက်တင်ပို့

ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ

မြန်မာအကျပ်အတည်း အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း ကယ်နိုင်မည် မဟုတ်

Your Thoughts …
Tags: ပရာဘိုဝို ဆူဘီယန်တိုရွေးကောက်ပွဲအဂတိလိုက်စားမှုအင်ဒိုနီးရှားအရှေ့တီမော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”

"လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်"

မိန်းမ နှင့် ဈေး

မိန်းမ နှင့် ဈေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved