• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

by လေးလေး
19 November 2022
in ဆောင်းပါး
A A
ဒိုဟာမြို့လယ်ရှိ ကာတာကမ္ဘာ့ဖလား ဘောလုံးပွဲ ကြော်ငြာ / AFP

ဒိုဟာမြို့လယ်ရှိ ကာတာကမ္ဘာ့ဖလား ဘောလုံးပွဲ ကြော်ငြာ / AFP

5.5k
VIEWS
Share on FacebookShare on Twitter

“ကာတာမှာ ဘောလုံးကိုပဲ အာရုံစိုက်ကစားဖို့နဲ့ အခြားပြဿနာတွေကို ဝင်မစွက်ဖက်ဖို့ ဖီဖာ (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ဥက္ကဋ္ဌ သတိပေး”

ကာတာကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပဖို့ ၁၀ ရက်ခန့်အလိုမှာ ထွက်ပေါ်လာတဲ့ သတင်းစကား။ သတိပေးစကားလို့လည်း ဆိုနိုင်တယ်။

မကြာခင်ကျင်းပတော့မယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းပေါင်း ၃၂ သင်းကို ဖီဖာဥက္ကဋ္ဌ ဂျီယန်နီအင်ဖန်တီနိုနဲ့ ဖက်မာဆာမူရာတို့က ဘောလုံးကိုသာ အာရုံစိုက်ကစားကြဖို့အတွက် စာရေးသားပေးပို့ခဲ့တာ ဖြစ်တယ်။

သူတို့ ဘာကိုစိုးရိမ်နေကြသလဲ။

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး အသင်းတွေက လှုံ့ဆော်မှုတွေ လုပ်လာမှာကို စိုးရိမ်နေတာပါ။

စာထဲမှာ “လူမျိုး၊ ဇာတိ၊ နောက်ခံ၊ ဘာသာရေး။ ကျား၊ မ၊ လိင်စိတ်တိမ်းညွှတ်မှု ဒါမှမဟုတ် နိုင်ငံသားခွဲခြားမှုတွေ မရှိဘဲ အားလုံးကို ကြိုဆိုပါတယ်” လို့ ဖော်ပြခဲ့တယ်။

ဒါပေမယ့် လာမယ့် နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ အထိ ကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့တယ်။ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မတရားပြုကျင့် အမြတ်ထုတ်မှု စတာတွေ ဖြစ်တယ်။

ဒါပေမယ့် လာမယ့် နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ အထိ ကျင်းပတော့မယ့် ကာတာကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်ခဲ့တယ်။ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မတရားပြုကျင့် အမြတ်ထုတ်မှု စတာတွေ ဖြစ်တယ်။

ဆောင်းပါးရှင် ချစ်ဝင်းမောင်က အခုလို ထောက်ပြပြောဆိုတယ်။

“၂၀၁၀ မှာ အိမ်ရှင်အဖြစ် ရွေးခံရတယ်၊ အဲ့ဒီကနေ ကျင်းပဖို့ကာလအထိ တောက်လျှောက် ကွင်းတွေ တည်ဆောက်နေဆဲကာလမှာ ကမ္ဘာအရပ်ရပ်က၊ အထူးသဖြင့်တော့ ဒီ အာရှဘက်ကပေါ့၊ ရွှေ့ပြောင်းအလုပ်သမားတွေကို ခေါ်ယူအသုံးပြုပြီးတော့၊ ထောင်သောင်းချီပြီးတော့ ခေါ်ယူအသုံးပြုတဲ့အခါမှာ ဆောက်လုပ်ရေးကုမ္ပဏီတွေဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လစာတွေကို ထုတ်ပြီးတော့ မပေးတာတို့၊ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပတ်စ်ပို့ကို ထိန်းချုပ်ထားတာတို့၊ အဲ့လိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များများ လုပ်ခဲ့တယ်။ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ ဆောက်လုပ်ရေးလုပ်သားတွေ သေဆုံးမှု တော်တော်များများရှိခဲ့တယ်။ ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြမှုတွေရှိခဲ့တယ်။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အကျင့်ပျက် ခြစားမှုရှိခဲ့တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အမြတ်ထုတ်မှုတွေ ရှိခဲ့တယ်။ ဒါကတော့ ၂၀၂၂ ကမ္ဘာ့ဖလားကာတာရဲ့ ပြောစမှတ်တွင်တဲ့ကိစ္စတွေ ဖြစ်ခဲ့တယ်။”

ကာတာကမ္ဘာ့ဖလားဟာ စကတည်းက လာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံနဲ့ စခဲ့တာလို့လည်း ပြောပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ကြီး (HRW) ရဲ့ ၂၀၂၁ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ နိုင်ငံခြားသား အလုပ်သမားတွေဟာ ဆိုးရွားစွာ ဆက်ဆံခံရတာတွေနဲ့ တရားမဝင်လုပ်ခ နုတ်ယူခံရတာတွေအပြင် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမယ့် လုပ်အားခ မရတာတွေ လပေါင်းများစွာ ကြုံနေရဆဲပဲလို့ ဖော်ပြခဲ့တယ်။

ကာတာနိုင်ငံ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ အချိန်ကတည်းက အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား ၆,၅၀၀ သေဆုံးခဲ့တာရှိတယ်လို့ ဂါးဒီးယန်းသတင်းစာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖော်ပြခဲ့ပါတယ်။

ကာတာနိုင်ငံကတော့၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ဖလား အားကစားကွင်း တည်ဆောက်တဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမားသေဆုံးမှု ၃၇ ဦး ရှိခဲ့တယ်လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အလုပ်သမားတွေအကြားမှာ ရုတ်တရက် သေဆုံးမှု အရေအတွက်ကိုတော့ ကာတာက ထည့်မတွက်ထားဘူးလို့ ထောက်ပြတယ်။

အလုပ်နဲ့ဆက်နွှယ်တာ မဟုတ်ဘဲ “အပူရှပ်သေတာတွေ၊ နှလုံးဖောက်သေတာတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုတွေနဲ့ သေဆုံးရတဲ့သူတွေကို ကာတာက ထည့်မတွက်ထားပါဘူး။

သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အဓိကအကြောင်းရင်းတွေက အမြင့်ကနေ ပြုတ်ကျတာ၊ ယာဉ်မတော်တဆမှု ဖြစ်တာနဲ့ ပစ္စည်းတွေ ပြုတ်ကျတာတွေကြောင့် ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားမှာ ဘောလုံးကိုပဲ အာရုံစိုက်ကစားဖို့ ပြောတာဟာ ဘောလုံးသမားတွေအပေါ် တစုံတရာ ဖိအားပေးသလို ဖြစ်ခဲ့တယ်။

ကာတာကမ္ဘာ့ဖလားမှာ ဘောလုံးကိုပဲ အာရုံစိုက်ကစားဖို့ ပြောတာဟာ ဘောလုံးသမားတွေအပေါ် တစုံတရာ ဖိအားပေးသလို ဖြစ်ခဲ့တယ်။

ပြင်သစ်ဘောလုံးအသင်းက ဂိုးသမား လိုရစ်က “ရိုးသားစွာဝန်ခံရမယ်ဆိုရင် ကျနော်ကတော့ ဖီဖာရဲ့ တိုက်တွန်းမှုကို သဘောကျပါတယ်။ (ကာတာရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့) ကစားသမားတွေဟာ ဖိအားပေးခံနေရပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီကိစ္စတွေနဲ့ပတ်သက်ရင် အောက်ဆုံးမှာ ရှိနေသူတွေပါ။ တကယ်လို့ ကာတာမှာ ကမ္ဘာ့ဖလားလုပ်တာကို မကြိုက်ဘူးဆိုရင် ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက လှုပ်ရှားခဲ့ရမှာပါ။ အခုအချိန်မှာတော့ နောက်ကျသွားပါပြီ။ ကစားသမားတွေဟာ ၄ နှစ်မှ ၁ ကြိမ် ဒီအခွင့်အရေးကို ရတာပါ။ ဒီအချိန်မှာ ကျနော်တို့ ကွင်းအတွင်းပဲ အာရုံစိုက်ထားသင့်ပါတယ်။ ကျန်တာကို နိုင်ငံရေးသမားတွေ လုပ်ပါလိမ့်မယ်” လို့ တုန့်ပြန်ခဲ့တာ တွေ့ရတယ်။

ပြောစရာအများဆုံး၊ ပြဿနာအများဆုံး ကာတာကမ္ဘာ့ဖလားလို့ အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က သုံးသပ်ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေဟာ ဆိုးရွားစွာ ဆက်ဆံခံရတာတွေနဲ့ တရားမဝင်လုပ်ခ နုတ်ယူခံရတာတွေအပြင် နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမယ့် လုပ်အားခ မရတာတွေ ကြုံနေရပါတယ် / AFP

“ကာတာပြိုင်ပွဲက မစမီကတည်းက ပြဿနာမျိုးစုံရှိပြီး အဓိက ယဉ်ကျေးမှု ကွာဟမှုတွေ များတဲ့ကြားမှာ ပြိုင်ပွဲဝင်အသင်းတွေရော လာအားပေးတဲ့ ပရိသတ်တွေအတွက်ပါ အနည်းနဲ့အများဆိုသလို အဆင်မပြေတာတွေဟာလည်း ပိုများနေတဲ့ ပြိုင်ပွဲလို့ ထင်တယ်။ အမှန်ပြောရရင် ရွှေ့ပြောင်းအလုပ်သမား ဒီပြဿနာတွေက ခုပြိုင်ပွဲစခါနီးအထိတောင် ရှိနေတုန်းပဲ။ တချို့ကွင်းတွေဆို ဒီပြဿနာတွေကြောင့် အဆင်သင့်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိတုန်းပဲ။ နောက်ပြီး ပြိုင်ပွဲဝင်အသင်းတွေမှာလည်း ပြဿနာတွေရှိတယ်။ ဥပမာ အီရန်ပေါ့။ အီရန်လည်း လူအခွင့်အရေး ပြဿနာတွေကြောင့် အတော်လေးကို ဝေဖန်ခံနေရတဲ့ကြားက ပြိုင်ပွဲကို လာကစားရမှာ။ အီကွေဒေါဆိုလည်း တရားမဝင် ကစားသမားတွေ သုံးတယ်ဆိုတဲ့ အသံတွေကြားက ပြိုင်ပွဲကို ရောက်လာကြမှာ။ ဒီကာတာကမ္ဘာ့ဖလားက အတော်လေးကို ပြောစရာများတဲ့ ပြိုင်ပွဲလို့တောင် ပြောလို့ရတယ်”

အထူးခြားဆုံးကတော့ ကမ္ဘာ့ဖလားကျင်းပနေကျ ပုံမှန်မဟုတ်တဲ့အချိန်မှာ ကျင်းပတာပဲလို့လည်း ပြောပါတယ်။

၉၂ နှစ်တာ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပဆောင်းရာသီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဖြစ်သလို အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲလည်း ဖြစ်နေတယ်။

ကလပ်အသင်းတွေရဲ့ ရာသီတဝက်မှာ ဖြတ်ပြီး ကျင်းပတဲ့ပြိုင်ပွဲဆိုတော့ အသင်းတွေရဲ့ ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်တာတွေကအစ အရင်ပြိုင်ပွဲတွေနဲ့ မတူပါဘူး။ ပြင်ဆင်ချိန်မရဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကို အဖြစ်သဘော ဝင်ပြိုင်ရသလို ဖြစ်နေပါတယ်။

ဥပမာအနေနဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်ကြား ကစားမယ့် အင်္ဂလိပ်ပရီးမီးယား လိဂ်ပြိုင်ပွဲ ပွဲစဉ်တွေကို ရပ်ထားရမှာ ဖြစ်ပါတယ်။

ဖီဖာဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဆတ်ဘလတ္တာက “ကာတာဟာ အင်မတန်သေးငယ်လွန်းပြီး ဘောလုံးနဲ့ ကမ္ဘာ့ဖလားက အင်မတန်ကြီးလွန်းလှတယ်။ တကယ်တော့ ကာတာဟာ ကမ္ဘာ့ဖလားနဲ့ မထိုက်တန်ပါဘူး” လို့ မကြာသေးခင်က ထုတ်ပြောတယ်။ သူပဲ ရွေးချယ်ခဲ့တာဖြစ်ပြီး ကာတာကမ္ဘာ့ဖလား အရှုပ်တော်ပုံကြောင့် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ အရေးယူခံရသလို ဘလတ္တာလည်း ဘောလုံးလောကနဲ့ ၈ နှစ် မပတ်သက်ဖို့ အပြစ်ပေးခံရပြီး ရာထူးက ထွက်ခဲ့ရတာပါ။

အခုတော့ သူက ကာတာဟာ ကမ္ဘာ့ဖလားအိမ်ရှင်နဲ့ မထိုက်တန်ဘူး၊ သူ မဲပေးခဲ့တာ အမေရိကန်ကိုပါ၊ ပလာတီနီနဲ့ ယူအီးအက်ဖ်အေ မဲလေးမဲကြောင့် ကာတာ အိမ်ရှင်ဖြစ်သွားရတာပါလို့ ဆိုနေပြန်တယ်။

ကာတာဟာ ၅ နိုင်ငံ ပါဝင်တဲ့ မဲခွဲပွဲမှာတုန်းက ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တွေမှာ မဲတွေ အပြတ်အသတ်ရခဲ့သလို နောက်ဆုံးအဆင့်လည်းမှာ အမေရိကန်ကို ၁၄ မဲ – ၈ မဲနဲ့ ကျော်ပြီး ရွေးချယ်ခံခဲ့ရတာပါ။ အာရပ်ကမ္ဘာ တခုလုံးသာမက ကမ္ဘာ့ဘောလုံး ပရိသတ်တွေ အားလုံး အံ့အားသင့်ခဲ့ရတာပါ။

ကာတာဟာ ၅ နိုင်ငံ ပါဝင်တဲ့ မဲခွဲပွဲမှာတုန်းက ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တွေမှာ မဲတွေ အပြတ်အသတ်ရခဲ့သလို နောက်ဆုံးအဆင့်လည်းမှာ အမေရိကန်ကို ၁၄ မဲ – ၈ မဲနဲ့ ကျော်ပြီး ရွေးချယ်ခံခဲ့ရတာပါ။ အာရပ်ကမ္ဘာ တခုလုံးသာမက ကမ္ဘာ့ဘောလုံး ပရိသတ်တွေ အားလုံး အံ့အားသင့်ခဲ့ရတာပါ။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
18
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
113
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299

အလွန်ပူပြင်းတဲ့ အရှေ့အလယ်ပိုင်းမှာ ကျင်းပဖို့ ကာတာဟာ အတိုက်အခံတွေများစွာ၊ အငြင်းပွားမှုတွေများစွာ၊ ဝေဖန်မှုတွေများစွာနဲ့ နောက်ဆုံး အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

လူဦးရေ ၂ ဒသမ ၈ သန်းကျော်သာရှိတဲ့ နိုင်ငံငယ်လေး ကမ္ဘာ့ဖလားကြီးကို အောင်မြင်အောင် ကျင်းပနိုင်ပါ့မလားလို့ ကမ္ဘာ့မီဒီယာတွေက မွေးခွန်းထုတ်ခဲ့ကြတယ်။

ကာတာဟာ ကမ္ဘာ့ဖလား ကျင်းပခွင့်ရပြီးတဲ့နောက် ပြိုင်ပွဲအတွက် ဘောလုံးကွင်းသစ် ၉ ကွင်းကို အသစ်တည်ဆောက်ပြီး ကွင်းဟောင်း ၃ ကွင်းကို ပြုပြင်ခဲ့တယ်။ မြို့တော်ဒိုဟာမှာ ဘောလုံးကွင်း ၄ ကွင်းရှိပြီး အခြားမြို့တွေမှာ နောက်ထပ် ၈ ကွင်းအထိ တည်ဆောက်ခဲ့တယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စုစုပေါင်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၂၃၈ ဘီလီယံကျော်အထိ အသုံးပြုခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားသုံးခဲ့တဲ့ ဒေါ်လာ ၁၁ ဘီလီယံနဲ့ ယှဉ်ကြည့်ရင် ကာတာအစိုးရက သမိုင်းတလျှောက် အကောင်းဆုံး အဆင့်မြင့်ဆုံး ပြိုင်ပွဲကြီးဖြစ်ဖို့ ကြိုးပမ်းခဲ့တာ ထင်ရှားတယ်။

မွတ်ဆလင်နိုင်ငံ ဖြစ်နေတာကြောင့် ဥရောပဘောလုံးပရိသတ်တွေနဲ့ အဆင်ပြေပါ့မလားလို့ ဆောင်းပါးရှင် ချစ်ဝင်းမောင်က မေးခွန်းထုတ်တယ်။

ဘောလုံးကွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု

“မွတ်ဆလင်နိုင်ငံမှာ ကျင်းပမှာဆိုတော့ လွတ်လပ်မှုတွေ၊ အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေးတွေက အာရပ် law နဲ့ အဆင်ပြေပါ့မလားပေါ့။ သောက်တတ်စားတတ် သူတွေအတွက်တော့ သီးသန့်စီစဉ်ပေးမယ်တော့ ကြားတယ်”

ကာတာကမ္ဘာ့ဖလားပွဲ စီစဉ်တဲ့သူတွေက လူတိုင်းကို ကြိုဆိုပါတယ်လို့ အရင်က ပြောခဲ့ဖူးပေမယ့် “ယေဘုယျအားဖြင့် လိင်တူဆက်ဆံသူတွေနဲ့ လိင်တူဆက်ဆံသူ မဟုတ်တဲ့သူတွေ လူပုံအလယ်မှာ ချစ်ခင်ကြင်နာမှုတွေပြတာဟာ သူတို့နိုင်ငံရဲ့ ဓလေ့ထုံးစံမဟုတ်ဘူး” လို့ ပြောထားဖူးတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အရက်၊ ဘီယာကို ဘောလုံးပွဲကျင်းပမယ့် ကွင်း ၈ ကွင်းလုံးနဲ့ ဘေးပတ်လည်မှာ မရောင်းဘူးလို့ ပွဲစဖို့ ၂ ရက်အလိုမှာ ထုတ်ပြန်လာပါတယ်။ ပြိုင်ပွဲကို လာရောက်မယ့် ပရိသတ်တွေအတွက် သတ်မှတ်နေရာမှာပဲ သောက်သုံးရမယ်လို့ ဆိုထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးကျင်းပတဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း ၃၂ သင်း၊ ပွဲပေါင်း ၆၄ ပွဲကို ၂၉ ရက်အတွင်း ယှဉ်ပြိုင်ကစားကြတော့မှာပါ။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ ကာတာနိုင်ငံမှာ စတင်ကျင်းပတော့မယ့် ဖီဖာကမ္ဘာ့ဘောလုံးပွဲမှာ စုစုပေါင်း ကွင်းလယ်ဒိုင် ၃၆ ဦးနဲ့ စည်းကြပ်ဒိုင် ၆၉ ဦး ကြီးကြပ်ပါဝင်မှာ ဖြစ်ပါတယ်။ အမျိုးသားဘောလုံးအသင်းတွေ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး စည်းကြပ်ဒိုင် ၆ ဦးလည်း အရွေးချယ်ခံထားရပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကာလ ကာတာနိုင်ငံရဲ့ ပြဿနာတွေကို မီးမောင်းထိုးပြဖို့ ပြင်ဆင်နေတဲ့ အသင်းတွေလည်း ရှိနေတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကာလ ကာတာနိုင်ငံရဲ့ ပြဿနာတွေကို မီးမောင်းထိုးပြဖို့ ပြင်ဆင်နေတဲ့ အသင်းတွေလည်း ရှိနေတယ်။

ဝေးလ်စ်လက်ရွေးစင် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က “ကျနော်တို့လို ဘောလုံးသမားတွေအတွက် ဒါတွေက ပြောရခက်တဲ့ အကြောင်းအရာတခုပါပဲ။ အခုထိဖြစ်နေသေးတဲ့ ပြဿနာတွေကို ကျနော်တို့ မီးမောင်းထိုးပြနိုင်ပါတယ်။ ကျနော်တို့ FAW (ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်) နဲ့ စကားပြောပြီးပါပြီ။ သူတို့ကလည်း ဝေးလ်စ်အစိုးရနဲ့ ဆွေးနွေးပြီးပါပြီ။ ဝေးလ်စ်အစိုးရက ကာတာ၊ ဖီဖာ (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) တို့နဲ့ ဆွေးနွေးနေပြီး ဒီကိစ္စတွေအတွက် လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ကစားသမားတွေအနေနဲ့ ကိုယ်လုပ်နိုင်တာတွေအားလုံးကို အားပေးထောက်ခံပြီးတော့ အပြည့်အဝ ရပ်တည်သွားမှာပါ။ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်နိုင်တာက အသိပညာပေးဖို့ဖြစ်ပြီး အထက်က လုပ်ပိုင်ခွင့်ရှိသူတွေက ဆုံးဖြတ်ချက်ချရမှာပါ။ ပိုကောင်းအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောထားတယ်။

ကာတာကမ္ဘာ့ဖလား ဘောလုံးပွဲကန်ရင်း ကာတာက ရွှေ့ပြောင်းအလုပ်သမားများနဲ့ တွေ့ဆုံမယ်လို့ ထုတ်ပြောထားတာက နယ်သာလန်အသင်းပါ။

နယ်သာလန်အသင်းဟာ ကာတာမှာရှိနေတဲ့ အချိန်အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေ တည်ဆောက်တာမှာ ကူညီခဲ့ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တွေ့ဆုံပြီး စကားပြောသွားမယ်လို့ နည်းပြ ဗန်ဟားလ်က ပြောတယ်။

ဗန်ဟားလ်က “ဒီလိုလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတဲ့ အချက်က နယ်သာလန် ဘောလုံးအဖွဲ့ချုပ်နဲ့ အသင်းသားတွေရဲ့ အတွေးအမြင်တွေ အကြောင်းကို တခုခု ပြောပြနေတာပါပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ တနာရီကြာ တွေ့ဆုံအပြီးမှာ ဆီနီဂေါနဲ့ ပွဲအတွက် အာရုံစိုက်ရပါမယ်” လို့ ပြောခဲ့တာပါ။

နယ်သာလန်အသင်းဟာ နိုဝင်ဘာ ၁၇ ရက်မှာ ရွှေ့ပြောင်း အလုပ်သမား ၂၀ ခန့်နဲ့ တွေ့ဆုံမှာဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေအကြောင်း စကားပြောကာ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခွင့်ရမယ့် အခွင့်အရေးမျိုး ပေးမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသမိုင်းတလျှောက် အငြင်းပွားစရာအများဆုံး ကာတာကမ္ဘာ့ဖလားက ဘောလုံးပွဲကြိုက်တဲ့ ပရိသတ်တွေဆီ ရောက်လာပါပြီ။ နာမည်ကြီး ရေပမ်းစားတဲ့ ဘောလုံးအသင်းတွေရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမှုတွေက ပွဲကြည့်ပရိသတ်တွေရဲ့ အာရုံဝင်စားမှုကို တဆင့်ချင်း ဆွဲခေါ်သွားဦးမှာလည်း သေချာနေပါတယ်။

You may also like these stories:

အာဏာသိမ်း စစ်ကောင်စီကြောင့် အနုတ်လက္ခဏာ ပြနေတဲ့ မြန်မာ့ဘောလုံး

မူလတန်းကျောင်းသားတွေကို ဘောလုံးလေ့ကျင့်ချိန်မှာ ခေါင်းတိုက် လေ့ကျင့်ခွင့် တားမြစ်

အပူချိန်ပြင်းထန်သည့်အတွက် ကာတာနိုင်ငံ လမ်းများတွင် လေအေးပေးစနစ်များ တပ်ဆင်

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ကွင်းထဲဝင်ရောက်ခဲ့တဲ့ “Pussy Riot” တီးဝိုင်းအဖွဲ့ကို ထောင် ၁၅ ရက်ချမှတ်

Your Thoughts …
Tags: HRWILOကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကာတာကမ္ဘာ့ဖလားပွဲဆတ်ဘလတ္တာဖီဖာရွှေ့ပြောင်းအလုပ်သမားလုပ်ခလစာလူ့အခွင့်အရေး ချိုးဖောက်မှုအကျင့်ပျက် ခြစားမှုအားကစား
လေးလေး

လေးလေး

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ

ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ

by ဧရာဝတီ
14 February 2024
14.1k

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု ပြောနိုင်သည်။

စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား

စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား

by Bertil Lintner
31 August 2024
8.6k

ဝဂ္ဂနာ ကြေးစားစစ်သားများသည် မြန်မာသို့ “နည်းပြများ” အဖြစ် ဖြစ်စေ၊ “လုံခြုံရေးအစောင့်များ” အဖြစ် ဖြစ်စေ ရောက်လာနိုင်သည်။

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
6.3k

နိုင်ငံသားဖြစ်ခွင့်သည် စစ်အုပ်စု၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5.1k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

Next Post
ရုရှားသမ္မတ ဗလာဒီမာ ပူတင်  / AFP

ယူကရိန်းတွင် အထိနာပြီးနောက် ထိပ်သီးဆွေးနွေးပွဲများကို ပူတင် မတက်တော့

လက်နက်လေ့ကျင့်ရေးစခန်း ဆင်းနေသည့် KNDF တပ်ရင်း (၅) အမျိုးသမီးတပ်ဖွဲ့ဝင် တဦး  /  KNDF-B-05

ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved