• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

by Will Jackson
27 September 2025
in ဆောင်းပါး
A A
မြန်မာနိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံ တော်လှန်အနုပညာရှင်များ

ထပ်ဆင့်အကယ်ဒမီရပြီး မြန်မာရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှစ်ကြိမ်လုပ်ခဲ့သူ ဇင်ဝိုင်းသည် နိုင်ငံသားဖြစ်ခွင့်မှ ရုပ်သိမ်းခံရသည်

6.3k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် အထင်ကရ သရုပ်ဆောင်အဖြစ် အသိအမှတ်ပြုထားသူ ဇင်ဝိုင်းသည် ယခုတလော ပြင်ပသို့ သွားခဲလှသည်။

စစ်အုပ်စုကို နှစ်ပေါင်းများစွာ ဝေဖန်ခဲ့သူ ဇင်ဝိုင်းသည် သူ၏လှုပ်ရှားမှုများအတွက် ထောင် နှစ်ကြိမ်ကျဖူးပြီး ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လတွင် မြန်မာစစ်အုပ်စုက သူ၏ နိုင်ငံသားဖြစ်ခွင့်ကို ရုပ်သိမ်းခဲ့သောကြောင့် သူသည် နိုင်ငံမဲ့ ဖြစ်နေသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် သူ့ကို သိရှိပြီး အာဏာပိုင်များသို့ သတင်းပို့မည့် စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်ရသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် မရှိသောကြောင့် သူ့ကို သိရှိပြီး အာဏာပိုင်များသို့ သတင်းပို့မည့် စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်ရသည်။

“မကြာသေးခင်က မြန်မာတွေ ဒီပတ်ဝန်းကျင်ကို အများကြီးရောက်လာလို့ ဘယ်သူက ဘယ်သူလဲဆိုတာ သိဖို့ မဖြစ်နိုင်တော့ဘူး” ဟု ABC သတင်းဌာနသို့ သူကပြောသည်။

“လုံးဝ လိုအပ်မှ ကျနော် အပြင်ထွက်တယ်။ ဒါပေမဲ့ အိမ်မှာနေတာတောင် လုံခြုံတယ်လို့ မခံစားရဘူး” ဟု ဇင်ဝိုင်းက ပြောသည်။

ဇင်ဝိုင်းသည် ၁၉၈၀ ကာလများမှစ၍ ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းများတွင် သရုပ်ဆောင်ခဲ့သည်

နိုင်ငံသားဖြစ်ခွင့်ကို လက်နက်အဖြစ် အသုံးပြုခြင်း

မြန်မာဗိုလ်ချုပ်များသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချခဲ့ပြီး နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး စစ်အုပ်စုသည် လူထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ သောင်းနှင့်ချီ ထောင်ချပြီး နိုင်ငံရေး အတိုက်အခံများကို စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်သည်။

နိုင်ငံသားဖြစ်ခွင့်သည် ၎င်းတို့၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

နိုင်ငံသားဖြစ်ခွင့်သည် ၎င်းတို့၏ လက်နက်များအနက် တခုဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော အတိုက်အခံ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူများကို နိုင်ငံမဲ့ဖြစ်အောင် လုပ်သည်။

ထိုသူများသည် လက်ရှိဥပဒေများကို ချိုးဖောက်ကာ နိုင်ငံမှ တရားမဝင် ထွက်ခွာပြီး မြန်မာ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် လုပ်ရပ်များ ကျူးလွန်သည်ဟု စစ်အုပ်စုက အကြောင်းပြသည်။

စစ်အုပ်စုသည် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပုဒ်မတခုကို အသုံးပြုနေသည်ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာနိုင်ငံဆိုင်ရာဝါရင့်အကြံပေး ရစ်ချတ်ဟော်ဆေးက ပြောသည်။

“ပစ်မှတ်ထားခံရတဲ့သူတွေက ပြည်ပကို ထွက်ပြေးပြီး သူတို့ရဲ့ မြန်မာစာရွက်စာတမ်း အထောက်အထားတွေက ဖျက်သိမ်းခံရလို့ ခရီးသွားလာဖို့ တတိယနိုင်ငံကူးလက်မှတ်ကိုပဲ အားကိုးရတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံတွင် လူသိအများဆုံး သရုပ်ဆောင်၊ တေးသံရှင်နှင့် အနုပညာသမား ၁၃ ဦးအနက် တဦးဖြစ်သော ဇင်ဝိုင်းသည် ယခုနှစ် ဇွန်လ ထိုစာရင်းတွင် ပါဝင်လာသည်။

ထပ်ဆင့်အကယ်ဒမီရပြီး မြန်မာရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှစ်ကြိမ်လုပ်ခဲ့သူ ဇင်ဝိုင်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကတည်းက စစ်တပ်ကို ဝေဖန်သူဖြစ်ပြီး ထိုစဉ်က ထောင်တနှစ်ချခံရသည်။

ထပ်ဆင့်အကယ်ဒမီရပြီး မြန်မာရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ နှစ်ကြိမ်လုပ်ခဲ့သူ ဇင်ဝိုင်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကတည်းက စစ်တပ်ကို ဝေဖန်သူဖြစ်ပြီး ထိုစဉ်က ထောင်တနှစ်ချခံရသည်။

၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများကြောင့် ထောင်ထပ်မံချခံရပြီးနောက် ထပ်မံဆန္ဒမပြရန် ကတိလက်မှတ်ရေးထိုးရပြီး နေအိမ်တွင် အကျယ်ချုပ်ခံရသည်။

သူ၏ သားဖြစ်သူ သရုပ်ဆောင် မင်းမော်ကွန်း၏ နိုင်ငံရေးလှုပ်ရှားမှုများအတွက် သူနှင့်သူ့မိသားစုကို စစ်အုပ်စုက ဆက်လက်ခြိမ်းခြောက်ပြီး ဇနီး ဒေါ်ခင်နွယ်နွယ်ထွန်းနှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကာ သူ့သားနှင့် ဒီမိုကရေစီကွန်ရက်၏ ထောက်ပံ့မှုကို မှီခိုရသည်။

မြန်မာသို့ အတင်းအကျပ် ပြန်ပို့ခံရပါက သူ့အတွက် အကောင်းဆုံး မျှော်လင့်နိုင်သည့် အရာမှာ ထောင်နှစ်ပေါင်းများစွာနှင့် ညှဉ်းပန်းနှိပ်စက်မှုများသာဖြစ်သည်ဟု ဇင်ဝိုင်းက ပြောသည်။

“ဖြစ်နိုင်ခြေအများဆုံးက ကျနော် အသတ်ခံမှာပဲ။ ပြည်တွင်းမှာ နေတုန်းကတောင် ကျနော်တို့ တမိသားစုလုံးကို အန္တရာယ်ပေးမယ်လို့ သူတို့ ခြိမ်းခြောက်တယ်” ဟု သူက ပြောသည်။

စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကပင် နိုင်ငံရေးအတိုက်အခံများကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းသည့် သမိုင်းရှိသည်။

စစ်အုပ်စုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကပင် နိုင်ငံရေးအတိုက်အခံများကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းသည့် သမိုင်းရှိသည်။

ရိုဟင်ဂျာ လူနည်းစုသည်လည်း နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရသည်မှာ ကာလကြာမြင့်ပြီး ထိုသူများကို မြန်မာနိုင်ငံတွင်ပင် နိုင်ငံမဲ့ ဖြစ်စေသည်။

ဝေဖန်သူများကို နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းမှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်သူများအား အထီးကျန်ထား ဖိနှိပ်ရန် စစ်အုပ်စု၏ ကြိုးစားမှုဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ အာရှသုတေသီ မစ္စ ရှေနာ ဘော့ချနာက ပြောသည်။

“လူတွေအများကြီး နိုင်ငံက ထွက်ပြေးတာနဲ့အတူ စစ်အုပ်စုဟာ မြန်မာ ပြင်ပက အတိုက်အခံ လှုပ်ရှားမှုကို ဖြိုခွဲဖို့ နည်းလမ်းတွေ ပိုမိုရှာနေတယ်” ဟု မစ္စ ဘော့ချနာက ပြောသည်။

“လွတ်လပ်စွာပြောဆိုခွင့် ဒါမှမဟုတ် နိုင်ငံရေးကြောင့် နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ပစ်မှတ်ထားခံရသူတွေဟာ နိုင်ငံမဲ့ဖြစ်ပြီး အလုပ်မလုပ်နိုင်၊ ပညာမသင်နိုင် ဒါမှမဟုတ် လွတ်လွတ်လပ်လပ် မသွားနိုင်တဲ့အန္တရာယ် ကျရောက်စေတယ်” ဟုလည်း ၎င်းကပြောသည်။

“သူတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်မှုရှိပေမဲ့ သန်းပေါင်းများစွာဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လွတ်လပ်ဒီမိုကရေစီရှိတဲ့ မြန်မာ့ အနာဂတ်အတွက် စစ်အုပ်စုကို ဆက်လက် ဆန့်ကျင်နေကြတယ်” ဟု မစ္စ ဘော့ချနာက ပြောသည်။

စစ်အုပ်စုက နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်း သို့မဟုတ် သက်တမ်းတိုးမပေးခြင်းသည် ပိုမို ကျယ်ပြန့်လာကြောင်း မစ္စတာ ဟော်ဆေးက ထောက်ပြသည်။

“ဒီလိုလုပ်တာဟာ မြန်မာက ထွက်ပြေးလာသူ အများအပြား ဒါမှမဟုတ် စစ်အာဏာသိမ်းတဲ့အချိန် ပြည်ပမှာ ရောက်နေသူတွေကို အန္တရာယ်ဖြစ်စေတယ်။ ခရီးသွားလို့ မရတော့ဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု ဖြစ်စေပြီး တခါတခါ မြန်မာကို ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ပြီး မြန်မာမှာ ပြင်းထန်တဲ့ လက်စားချေမှု ခံရစေတယ်”

“ဒီလိုလုပ်တာဟာ မြန်မာက ထွက်ပြေးလာသူ အများအပြား ဒါမှမဟုတ် စစ်အာဏာသိမ်းတဲ့အချိန် ပြည်ပမှာ ရောက်နေသူတွေကို အန္တရာယ်ဖြစ်စေတယ်။ ခရီးသွားလို့ မရတော့ဘူး။ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု ဖြစ်စေပြီး တခါတခါ မြန်မာကို ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ပြီး မြန်မာမှာ ပြင်းထန်တဲ့ လက်စားချေမှု ခံရစေတယ်” ဟု ၎င်းကပြောသည်။

အဆိုတော်နှင့် တက်ကြွလှုပ်ရှားသူ ဖြူဖြူကျော်သိန်း

မြန်မာ လေဒီဂါဂါ

အဆိုတော် ဖြူဖြူကျော်သိန်းသည် ဇွန်လတွင် နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရသည့် ထင်ရှားကျော်ကြားသူ ၁၃ ဦးအနက် တဦးဖြစ်သည်။

သူ၏ ထူးဆန်းသော စင်ပေါ်ဝတ်စုံများနှင့် မျက်နှာဖုံးများကြောင့် လူသိများပြီး သူသည် မြန်မာလေဒီဂါဂါဟု အချို့က ဖော်ပြကြသည်။

ဖြူဖြူကျော်သိန်းသည် နိုင်ငံရေးနှင့် လူမှုရေး ပြဿနာများကို ဝေဖန်ပြောကြားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး စစ်အာဏာမသိမ်းမီကပင် စစ်အုပ်စုက ပစ်မှတ်ထားခံရသူဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်နီးပါးခန့် စစ်အာဏာသိမ်းပြီး နိုင်ငံတွင် သွေးချောင်းစီးသည့် ပြည်တွင်းစစ်ဖြစ်ကာ စစ်အုပ်စုကို နိုင်ငံတကာတွင် အထီးကျန်ဖြစ်စေသည်။ ယခုအခါ ထိုပဋိပက္ခ၏ နိဂုံးကို မမြင်နိုင်ဘဲ မြန်မာတွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်နီးပါးခန့် စစ်အာဏာသိမ်းပြီး နိုင်ငံတွင် သွေးချောင်းစီးသည့် ပြည်တွင်းစစ်ဖြစ်ကာ စစ်အုပ်စုကို နိုင်ငံတကာတွင် အထီးကျန်ဖြစ်စေသည်။ ယခုအခါ ထိုပဋိပက္ခ၏ နိဂုံးကို မမြင်နိုင်ဘဲ မြန်မာတွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများကို သွေးချောင်းစီး ဖြိုခွဲမှုများကို သရုပ်ဖော်သည့် သူ၏ “မျက်ရည်” သီချင်း ပျံ့နှံ့သွားပြီးနောက် ၂၀၂၁ ခုနှစ်တွင် စစ်အုပ်စုက သူ့ကို ဖမ်းဝရမ်းထုတ်သည်။

သူသည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းကို တခုခု ရွေးချယ်နိုင်ကြောင်း ပြောသည်။

“ကျမရဲ့ ပရိသတ်တွေနဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်တဲ့ စစ်အုပ်စုရဲ့ သွေးစွန်းလက်တွေနဲ့ လက်ဆွဲ မနှုတ်ဆက်နိုင်ဘူး” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

အန္တရာယ်များသော လွတ်မြောက်ထွက်ပြေးမှု မတိုင်ခင် သူဟာ လများစွာ မြန်မာပြည်ထဲတွင် ပုန်းအောင်း နေထိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် အစောပိုင်းက ရန်ပုံငွေပွဲအတွက် ဩစတြေးလျသို့ ရောက်လာသည့် ဖြူဖြူကျော်သိန်း

“မိုးတွေရွာနေတဲ့ ညတညမှာ သတ္တိတွေ စုစည်းပြီး နယ်စပ်ကို တရားမဝင် လမ်းကြောင်းကနေ ဖြတ်လာခဲ့တယ်” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

“ထိုင်းနိုင်ငံမှာ လအနည်းငယ် ပုန်းနေပြီးနောက် ပြင်သစ်နိုင်ငံက အကာအကွယ်ရတယ်” ဟု သူပြောသည်။

နိုင်ငံမှ အဝေးသို့ရောက်ချိန်တွင် စတင်ပြီး ဖြူဖြူကျော်သိန်းသည် ပြည်တွင်းနေရပ်စွန့်ခွာများအတွက် ရန်ပုံငွေရှာရန်နှင့် မြန်မာ့တိုက်ပွဲကို ကမ္ဘာက အာရုံစိုက်စေရန် ဖျော်ဖြေမှုများ ဆက်လက်ပြုလုပ်သည်။

နိုင်ငံမှ အဝေးသို့ရောက်ချိန်တွင် စတင်ပြီး ဖြူဖြူကျော်သိန်းသည် ပြည်တွင်းနေရပ်စွန့်ခွာများအတွက် ရန်ပုံငွေရှာရန်နှင့် မြန်မာ့တိုက်ပွဲကို ကမ္ဘာက အာရုံစိုက်စေရန် ဖျော်ဖြေမှုများ ဆက်လက်ပြုလုပ်သည်။

ယခုနှစ် အစောပိုင်းတွင် သူသည် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီနှင့် မဲလ်ဘုန်းသို့ သွားရောက်ပြီး နယူးဆော့သ်ဝေးလ် ပါလီမန်တွင် စကားပြောသည်။

သူ၏ ရန်ပုံငွေရှာပွဲ အောင်မြင်မှုသည် စစ်တပ်က သူ့ကို ပစ်မှတ်ထားသောကြောင့် တစိတ်တပိုင်းဖြစ်သည်ဟု ယုံကြည်သော်လည်း စစ်အုပ်စု၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်မှာ ပြည်သူ့စိတ်ဓာတ်ကို ချေမှုန်းရန်ဖြစ်သည်ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

“ကျမတို့ လူ့အဖွဲ့အစည်းမှာ ထင်ရှားကျော်ကြားတဲ့ အနုပညာသမားတွေကို အရမ်းသဘောကျကြတယ်။ ကျမတို့က သိမ်မွေ့တဲ့ ကစားနည်း စစ်တုရင်ဘုတ်ပေါ်က ဘိရှော့တွေပဲ” ဟု ၎င်းကပြောသည်။

“ကျမတို့ အဖမ်းခံရတာ ဒါမှမဟုတ် နာကျင်ရရင် လူအများ စိတ်ဖိစီး စေတယ်။ ဒါဟာ တော်လှန်ရေး အင်အားစုတခုလုံးရဲ့ ညီညွတ်ရေးကို ဖြိုချနိုင်တယ်လို့ စစ်အုပ်စုက ထင်နေတယ်” ဟု ဖြူဖြူကျော်သိန်းက ပြောသည်။

ရန်ပုံငွေရှာပွဲအတွက် မဲလ်ဘုန်းသို့ စက်တင်ဘာလအတွင်း ရောက်ရှိလာသည့် သရုပ်‌ဆောင် ဒေါင်း

နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးသည့် အန္တရာယ်များ

သရုပ်ဆောင် ‘ဒေါင်း’ ဟု ကျော်ကြားသူ သူရအောင်သည် စစ်အုပ်စုကို ဝေဖန်ပြီးနောက် ၂၀၂၂ ခုနှစ်တွင် နိုင်ငံသားဖြစ်ခွင့် ရုပ်သိမ်းခံရသည့် ပထမဆုံး အနုပညာသမားများတွင် ပါဝင်သည်။

ယခင်က ကြေးစားဘောလုံးသမားမှ ရုပ်မြင်သံကြားနှင့် ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာသော ဒေါင်းသည် စစ်အာဏာသိမ်းမှုဖြစ်ပွားစဉ်က ထိုင်းနိုင်ငံတွင် ရိုက်ကူးရေးလုပ်နေသည်။

သူသည် ထိုင်းနိုင်ငံတွင် ဆက်လက်ရှိနေပြီး ချက်သမ္မတနိုင်ငံမှ လူသားချင်းစာနာမှု နိုင်ငံကူးလက်မှတ် ရရှိထားသည်။

သို့တိုင် နိုင်ငံသားဖြစ်ခွင့် မရှိဘဲ ဘဝသည် အန္တရာယ်များသည်ဟု ဒေါင်းက ပြောသည်။

“ကျနော့်မှာ ခရီးသွား စာရွက်စာတမ်းရှိပေမဲ့ အဲဒါတွေက နိုင်ငံကူးလက်မှတ်လောက် ခိုင်မာမှု မရှိဘူး” ဟု သူက ပြောသည်။

စိန်ခေါ်မှုများ ရင်ဆိုင်ရလျှင် ကျနော် အကူအညီတောင်းစရာ သံရုံး မရှိဘူးဟု သရုပ်‌ဆောင် ဒေါင်းက ပြောသည်။

“ကျနော်ခရီးသွားရင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ကျနော့်ကို မေးခွန်းတွေမေးတယ်။ ကျနော်က ဘယ်နိုင်ငံရဲ့ နိုင်ငံသားမှ မဟုတ်လို့ ရဲကို ကြောက်ရတယ်” ဟု ဒေါင်းက ပြောသည်။

“ကျနော်ခရီးသွားရင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ကျနော့်ကို မေးခွန်းတွေမေးတယ်။ ကျနော်က ဘယ်နိုင်ငံရဲ့ နိုင်ငံသားမှ မဟုတ်လို့ ရဲကို ကြောက်ရတယ်” ဟု ဒေါင်းက ပြောသည်။

ဇင်ဝိုင်း၊ ဇနီးဖြစ်သူ ဒေါ်ခင်နွယ်နွယ်ထွန်းနှင့် သားဖြစ်သူ မင်းမော်ကွန်းတို့ကို ဩစတြေးလျတွင် တွေ့ရစဉ်

ပြိုကွဲသွားသော မိသားစုတစု

ရုပ်ရှင်မင်းသား ဇင်ဝိုင်းအတွက် နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခြင်းသည် လုံခြုံရေးကိစ္စသာမကဘဲ မိသားစုကိစ္စလည်း ဖြစ်သည်။

သူ့တွင် ၂၀၂၁ ခုနှစ်က သြစတြေးလျတွင် ခိုလှုံခွင့်ရခဲ့သည့် သားဖြစ်သူ သရုပ်ဆောင်၊ ဂီတသမား မင်းမော်ကွန်း အပါအဝင် ဆစ်ဒနီတွင် သားနှစ်ယောက်ရှိသည်။

ဇင်ဝိုင်းသည် သြစတြေးလျ လူသားချင်းစာနာမှုဗီဇာ နှစ်ကြိမ်လျှောက်ထားပြီး ၂၀၂၁ ခုနှစ်က ပထမအကြိမ်တွင် ပယ်ချခံရသည်။

သူသည် ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ် လျှောက်ထားမှုအတွက် အစိုးရ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းသည်။

သရုပ်ဆောင်နှင့် တက်ကြွလှုပ်ရှားသူ မင်းမော်ကွန်းက သူ့ဖခင် အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း ပြောသည်။

“သူ့ရဲ့ ကျော်ကြားတဲ့အဆင့်ကြောင့် သူတို့ ထိုင်းနိုင်ငံမှာ နေထိုင်ရတဲ့ အခြေအနေက အခြားသူတွေနဲ့ ယှဉ်လိုက်ရင် အရမ်း အကန့်အသတ်များတယ်” ဟု သူကပြောသည်။

သူ၏ သားများသည် သြစတြေးလျတွင် နေထိုင်နေပြီး ထိုနိုင်ငံသည် သူ ဂုဏ်သိက္ခာရှိရှိ နေနိုင်သည့် နိုင်ငံဖြစ်သည်ဟု မြင်သောကြောင့် သြစတြေးလျသည် နောက်ဆုံးတွင် သူ့ကို လက်ခံမည်ဟု ဇင်ဝိုင်းက မျှော်လင့်သည်။

သူ၏ သားများသည် သြစတြေးလျတွင် နေထိုင်နေပြီး ထိုနိုင်ငံသည် သူ ဂုဏ်သိက္ခာရှိရှိ နေနိုင်သည့် နိုင်ငံဖြစ်သည်ဟု မြင်သောကြောင့် သြစတြေးလျသည် နောက်ဆုံးတွင် သူ့ကို လက်ခံမည်ဟု ဇင်ဝိုင်းက မျှော်လင့်သည်။

“ကျနော့်အသက်အရွယ်နဲ့ ကျနော်နဲ့ ကျနော့်ဇနီးဟာ မိသားစုအထောက်အပံ့ မရှိရင် နေဖို့အရမ်း ခက်တယ်။ သူတို့နဲ့ အနီးကပ်နေရတာဟာ အရာရာပဲ” ဟု ဇင်ဝိုင်းက ပြောသည်။

“အကြောက်တရားနဲ့နေရတာ အဆုံးသတ်ပြီး ကျနော် ချစ်တဲ့သူတွေရဲ နွေးထွေးမှု၊ ထောက်ပံ့မှုနဲ့ ဝန်းရံထားဖို့ အခွင့်အရေးကို အရာရာထက် ပိုလိုချင်တယ်” ဟု သူကပြောသည်။

(ABC ပါ Will Jackson ၏ Myanmar junta revoking citizenship of actors, singers and other celebrities ကို ဘာသာပြန်သည်။)

You may also like these stories:

ကြံ့ခိုင်ရေးပါတီ အနုပညာရှင်တွေကို ဘာ့ကြောင့်တွေ့လဲ (ရုပ်/သံ)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k

ပြည်ပရောက်အနုပညာရှင်များရဲ့ ရုပ်ရှင်တွေ နိုင်ငံတကာမှာ ပြသလာ

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ

Your Thoughts …
Tags: Sliderစစ်အာဏာသိမ်းမှုနိုင်ငံသားဖြစ်ခွင့်နိုင်ငံသားဥပဒေပြည်တွင်းစစ်ရွေးကောက်ပွဲလူ့အခွင့်အရေး ချိုးဖောက်မှုအနုပညာရှင်
Will Jackson

Will Jackson

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဂျပန် Toyoake မြို့မှာ စမတ်ဖုန်း၊ ဗီဒီယိုဂိမ်းနဲ့ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို တရက် ၂ နာရီပဲ သုံးခွင့်ပြုတော့မယ်

ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ တခုခုဖြစ်သွားခဲ့ရင် ငြိမ်မှာမဟုတ်ဘူး (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲမှာ တခုခုဖြစ်သွားခဲ့ရင် ငြိမ်မှာမဟုတ်ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved