• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ

by ဧရာဝတီ
3 February 2023
in ဆောင်းပါး
A A
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ
4.5k
VIEWS
Share on FacebookShare on Twitter

“နာမကျန်းဖြစ်နေတဲ့ နိုင်ငံတော်မှာ အပျော်အတုတွေ ဖန်တီးပြဖို့ စိတ်မခိုင်ဘူး”

မြန်မာနိုင်ငံရဲ့ နာမည်ကျော် အဆိုတော်တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်း ပြောတဲ့စကားပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကဏ္ဍပေါင်းစုံမှာ ဆုတ်ယုတ်တဲ့ဘက်ကို သွား နေတာဖြစ်ပြီးတော့ အဲဒီအထဲမှာ အနုပညာကဏ္ဍလည်း ပါဝင်ခဲ့ပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ပြည်သူတွေနဲ့တသားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေ ရှိခဲ့သလို မဆိုင်သလို နေကြတဲ့ အနုပညာရှင်တချို့လည်း ရှိနေကြပါတယ်။ အဲဒီအထဲမှာမှ အဆိုတော် ဖြူဖြူကျော်သိန်းလို ပြည်သူ့ဘက် မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ အနုပညာရှင်များစွာလည်း ဒီတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့ပါ တယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှာပဲ အာဏာသိမ်းမှုကို လက်မခံတဲ့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေဟာ လုပ်လက်စ အလုပ်တွေကို ရပ်တန့်လိုက်ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေကို လုပ်ဆောင် ခဲ့ကြပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်တဲ့သူမှန်သမျှ လိုက်လံဖမ်းဆီးတဲ့အချိန်မှာတော့ လွတ်မြောက်ရာ နယ်မြေတွေကို ပြေးခဲ့ရ သူတွေလည်း ရှိသလို တချို့ အနုပညာရှင်တွေကတော့ ဖမ်းဆီးအကျဉ်းချခံရပြီး၊ တချို့ အနုပညာရှင်တွေကတော့ ခံဝန်လို့ ခေါ်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ ပုံစံမျိုး မပြသ မပြုလုပ်ရဘဲ ကတိကဝတ်တွေနဲ့အတူ ပြည်တွင်းမှာ ပြန်လည် နေထိုင်နေတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ဖမ်းဆီးခံရတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် တို့ ဇနီးမောင်နှံလဲ ပါဝင်ခဲ့ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ပါဝင်ခြင်း၊ CDM (အကြမ်းမဖက် အာဏာ ဖီဆန်ရေး) လှုပ်ရှားမှုများကို လှုံ့ဆော်ခြင်းတို့ကြောင့်လို့ဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅- က နဲ့ဖမ်းဝရမ်း ထုတ်ခံခဲ့ရ ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် ပုဒ်မ ၅၀၅- က နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ် မတ်လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါ တယ်။ အကျဉ်းချခံထားရခြင်းက လွတ်မြောက်လာခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံဟာ အနုပညာလုပ်ငန်းတွေ ရပ်နားလိုက်တဲ့အပြင် အခုချိန်ထိ လူမှုကွန်ရက် မီဒီယာတွေကနေပါ ထွက်ပေါ်လာခြင်း မရှိတော့ပါဘူး။

သရုပ်ဆောင် လူမင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဝန်းရံထောက်ခံခဲ့ကြတဲ့ အနုပညာရှင်ထဲမှာ တယောက်အပါအဝင် ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်း ကို စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီးတော့ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက်မှာပဲ သရုပ်ဆောင် ပြေတီဦးတို့ ပိုင်တံခွန်တို့နဲ့အတူ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အကယ်ဒမီ လူမင်း အနေနဲ့ အနုပညာ လှုပ်ရှားမှုတွေလည်း မလုပ် ဆောင်တော့သလို လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့ပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်

မြန်မာပြည်မှာပါမက အိမ်နီးချင်းနိုင်ငံတွေမှာ နာမည်ကျော်ခဲ့တဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ဟာလည်း စစ် အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တခြားသော လူငယ်တွေနည်းတူ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့သူတဦးလည်း ဖြစ်ပါတယ်။

ပိုင်တံခွန်ကို စစ်ကောင်စီက ၅၀၅- က နဲ့ ဖမ်းဆီးပြီး ထောင် ၃ နှစ်ချမှတ်ထားရာကနေ ၂၀၂၂ ခုနှစ် မတ်လ ၂ ရက် နေ့မှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။ သူလွတ်မြောက်လာခါကမှာတော့ အနုပညာလုပ်ငန်းတွေကနေ ယာယီအနားယူပြီး အခုချိန်မှာတော့ ကြော်ငြာလှုပ်ရှားမှုနဲ့ အနုပညာလှုပ်ရှားမှု တချို့ကို ပြန်လည်လုပ်ကိုင်နေတာကို မြင်တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီ ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေ ဒါရိုက်တာ ဝိုင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ လူမင်း တို့ ပြန်လွတ်လာခဲ့သလို အောက်တိုဘာလ ၂၈ ရက်မှာတော့ အဆိုတော်ပိုပို၊ နိုဝင်ဘာလမှာ တော့ ဟာသ သရုပ်ဆောင် ဆင်မတို့ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
123
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
404

အဖမ်းမခံဘဲ တိမ်းရှောင်ခဲ့ရတဲ့ အနုပညာရှင်များ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ အနုပညာတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်ခဲ့တဲ့အပြင် အဖမ်းမခံဘဲ တိမ်းရှောင်နေကြတဲ့ အနုပညာရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေသိမ်းဆည်းတာ၊ နေအိမ်ချိပ်ပိတ်တာတွေကို စစ်ကောင်စီက လုပ်ခဲ့တဲ့အပြင် နိုင်ငံသားအဖြစ်ကပါ ရပ်စဲခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံသားအဖြစ် ရပ်စဲကြောင်း ကြေညာလိုက်တဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အနုပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။

အဆိုတော် ကျားပေါက်၊ သရုပ်ဆောင် ဒေါင်း၊ မိတ်ကပ် မေဦးနဲ့ ဟန်လင်း၊ အဆိုတော် ဆောင်းဦးလှိုင်၊ တင်ဆက်သူ မောင်မောင်အေး၊ စာရေးဆရာ သရဝဏ် (ပြည်) တို့ကို နိုင်ငံသားအဖြစ် ရပ်စဲခဲ့ပါတယ်။

အဖမ်းမခံဘဲ တိမ်းရှောင်နေကြတဲ့ အနုပညာတွေအနေနဲ့တော့ တောတောင်တွေထဲမှာနေရင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေတဲ့သူတွေလည်း ရှိသလို အိမ်မပြန်နိုင်သေးပေမယ့် လွတ်မြောက်နယ်မြေကနေ တော်လှန်ရေးအတွက် ပေါ်ပေါ်ထင်ထင် ရပ်တည် ထောက်ပံ့ပေးနေတဲ့ အနုပညာရှင်တွေ လည်း ရှိနေပါတယ်။

ရောက်ရာနေရာနေ တော်လှန်ရေးအတွက် ဆက်လက် ပံ့ပိုးပေးနေသူတွေထဲမှာ အဆိုတော် ကျားပေါက်လည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ သူ ဝါသနာပါရာ ပန်းချီတွေ ရေးဆွဲပြီး ရောင်းရငွေတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို လှူဒါန်းတာ၊ လိုအပ်တဲ့နေရာတွေထံကို လှူတာတွေ လုပ်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တထောင့်တနေရာမှ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အဆိုတော် ကျားပေါက် ရေးဆွဲထားတဲ့ Doodle Art အိတ်များနဲ့ Ukulele များကို လေလံတင်ရောင်းချခဲ့ပြီး ရရှိလာတဲ့ ငွေတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လှူဒါန်းခဲ့သလို “လွတ်မြောက် နယ်မြေ” လို့ အမည်ရတဲ့ ပန်းချီပြပွဲ တရပ်ကိုလည်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပါသေးတယ်။

ဒါ့ပြင် စစ်ကောင်စီတပ် ဖမ်းဆီးမှု မခံဘဲ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြတဲ့ သရုပ်ဆောင် မင်းမော်ကွန်း၊ အဆိုတော် ဖြူဖြူကျော်သိန်း၊ အဆိုတော် လင်းလင်း၊ ချစ်သုဝေ၊ အဆိုတော် Rဇာနည်၊ သရုပ်ဆောင် ဒေါင်း၊ သရုပ်ဆောင် မြတ်နိုးအေး၊ သရုပ်ဆောင် ပိုင်ဖြိုးသု၊ အဆိုတော် နိုဗန်ထူး အစရှိသူတို့ကလည်း မိမိ တတ်ကျွမ်းတဲ့ဘက်ကနေ တော်လှန်ရေးမှာ ပံ့ပိုးပေးနေပါတယ်။

သရုပ်ဆောင် ပိုင်ဖြိုးသု၊ အဆိုတော် ချစ်သုဝေ တို့ကလည်း Macrame လို့ခေါ်တဲ့ ချည်ထည်လက်မှုပစ္စည်းလေးတွေ ထိုးပြီးတော့ ရရှိတဲ့ငွေတွေကို တော်လှန်ရေးအတွက် ရန်ပုံငွေ ကူရှာပေးနေကြပါတယ်။

သရုပ်ဆောင် ဒေါင်းနဲ့ သရုပ်ဆောင် မြတ်နိုးအေးတို့က တော်လှန်ရေး ရုပ်ရှင်ဇာတ်လမ်းတိုတွေမှာ ပါဝင် သရုပ် ဆောင်ပြီး တော်လှန်ရေးအတွက် အားဖြည့်ပေးနေသလို လွတ်မြောက်နယ်မြေကနေ အနုပညာလုပ်ငန်းတချို့ လုပ်ဆောင်ပြီး ရတဲ့ ငွေကြေးတွေကိုလည်း တော်လှန်ရေးမှာ ပြန်လည် ထည့်ဝင်ထောက်ပံ့ပေးနေပါတယ်။

နွေဦးတော်လှန်ရေးထဲမှာ အသိအမှတ်ပြုရမယ့် အနုပညာရှင်တွေထဲမှာ ချန်ထားလို့ မရတဲ့သူကတော့ ဒါရိုက်တာ ကိုပေါက် ပါ။

ဒါရိုက်တာ ကိုပေါက်အနေနဲ့ လွတ်မြောက်နယ်မြေကနေ စစ်အာဏာရှင်ကို ဆက်လက် အနုပညာနဲ့ ဆက်လက် တိုက်ပွဲ ဝင်နေလျက်ရှိပါတယ်။

ကိုပေါက် ရိုက်ကူးတဲ့ “မသောက်မိတဲ့ မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုဟာဆိုရင် အခုဆိုရင် နိုင်ငံပေါင်း ၂၀ ကျော်က မြို့ပေါင်း ၅၀ ကျော်ကို လှည့်လည်ပြသလို့ ပြီးခဲ့ပါပြီ။ အဲဒီရုပ်ရှင်က ရတဲ့ ငွေတွေကိုလည်း တော်လှန်ရေးထဲကို စီးဝင်နေမှာပဲ ဖြစ်ပါတယ်။

ကိုပေါက်က “ကျနော် ပြန်စရာ အိမ်မရှိတော့ဘူး။ ဇီးရိုးပဲ။ ကျနော့်အကျိုးစီးပွားအတွက် သူများတွေလို Live လွှင့်ပြီး ပိုက်ဆံရှာလို့ မရတော့ဘူး။ ကျနော်က သူပုန်ဖြစ်သွားတော့ ဘယ်သူမှ လာမပေးကြတော့ဘူး။ ကျနော် ကွန်မန့်ဝင်ရေး ရင်တော့ ကြောက်နေကြပြီ ကျနော့် သူငယ်ချင်း၊ မိတ်ဆွေတွေက” လို့ ပြောပါတယ်။

ကိုပေါက်လိုပဲ နောက်ထပ် ဒါရ်ိုက်တာ တဦးကတော့ ဒါရ်ိုက်တာ “သည်ခေတ်နေ” ပါ။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် ၅၀၅- က နဲ့စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ခဲ့လို့ ပြည်တွင်းထဲမှာ နေလို့မရတော့တာကြောင့် ဩစတြေးလျနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခံယူပြီးတော့ အခုဆိုရင် Uber တက္ကစီမောင်းရင်း ရပ်တည်နေရပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက “ဆုံးရှုံးလိုက်ရတာတော့ ဒါရိုက်တာ ဘဝတခုလုံးနဲ့ ရုပ်ရှင်ရိုက်ဖို့လုပ်ထားတာတွေ ဇာတ်လမ်းတွေကို ဆုံးရှုံးခဲ့တယ်။ ဒါပေမယ့်လည်း ကျနော်တို့ရဲ့ အနုပညာသွေးနဲ့ အာဏာရှင်ကို တိုက်ထုတ်မယ့် စိတ်ကတော့ ဘယ်နေရာပဲရောက်ရောက် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ မိသားစုရပ်တည်ဖို့ကျတော့ တဖက်တလမ်း ကနေ ကားမောင်းပါတယ်။ ကိုယ့်နိုင်ငံအတွက်လည်း နိုင်တဲ့ဘက်ကနေ ထမ်းနေတယ်” လို့ ဆိုပါတယ်။

သူ့အနေနဲ့ တော်လှန်ရေးမှာ တတ်စွမ်းသောလက်နက်နဲ့ တထောင့်တနေရာကနေ ပါဝင်ဖို့ “မြို့ပြပြောက်ကျား” ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးထားပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက “ဩစတြေးလျရောက်ပြီး ၄ လလောက်ထိ အတည်တကျ မဖြစ်သေးတော့ ဘာမှမလုပ် ဖြစ်ခဲ့ဘူး။ ဒါပေမယ့် ရန်ပုံငွေရှာဖွေငွေ ရှာဖွေရေးတွေမှာတော့ ပါဝင်ဖြစ်တယ်။ ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော်တို့ ကြိုးပေးခံရပြီးတော့ အသိတခုရခဲ့တယ်။ ဝမ်းနည်းနေမယ့်အစား ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပေါ့။ အဲဒီကတည်းက နေစပြီးတော့ ကြိုတင်ပြင်ဆင်လာတယ်။ မြို့ပြပြောက်ကျား ဇာတ်လမ်းကို သေချာပြင်ဆင်ပြီးတော့ ဩစတြေးလျကို ရောက်လာတဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့မောင်နှတွေနဲ့ အတူပေါ့နော်” လို့ ပြောပါတယ်။

မြို့ပြပြောက်ကျား ဇာတ်ကားကို ဖေဖော်ဝါရီ ၅ ရက်မှာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြသမှာဖြစ်ပြီး NUG ကာကွယ် ရေးဝန်ကြီးဌာနကို ၂၅ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို UG၊ PDF၊ CDM များကို လှူဒါန်းသွားမယ်လို့ သူက ဆိုပါ တယ်။

နာမည်ကျော် လူရွှင်တော်အဖွဲ့တွေဖြစ်ကြတဲ့ သီးလေးသီးအဖွဲ့က စိန်သီးနဲ့၊ ဖိုက်စတား လူရွှင်တော်အဖွဲ့က အောင် သော် တို့ကတော့ “လွတ်လပ်ခါမှ အမျှဝေမယ်” ဆိုတဲ့ တော်လှန်ရေးမှာ ကျဆုံးသွားတဲ့ PDF တဦး အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ဒီလထဲ ပြသဖို့အတွက် လက်မှတ်တွေ စတင်ရောင်းချနေပါပြီ။

လူငယ်တဦးဖြစ်ပြီး ဂီတ ဖန်တီးသူတဦးဖြစ်တဲ့ ဒီဂျေဝိုင်းက တော်လှန်ရေး လှုပ်ရှားမှုထဲ ပါဝင်ခဲ့လို့ စစ်ကောင်စီရဲ့ ပုဒ်မ ၅၀၅ – က နဲ့ စွဲဆိုခံခဲ့ရပါတယ်။ သူ့အနေနဲ့ ပြည်တွင်းထဲမှာ ရှောင်တိမ်းနေရတာ မလုံခြုံတော့တဲ့ အတွက် လွတ် မြောက်နယ်မြေကတဆင့် ဒုက္ခသည်အဖြစ် အမေရိကန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

“ဒီကိုရောက်လာပြီဆိုရင်တော့ မြန်မာပြည်မှာ ဘယ်လောက်နာမည်ကြီးကြီး ရုပ်ရှင်မင်းသားပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ ဘာမှ မဟုတ်ဘူး။ အစက ပြန်စရတာပဲ။ ဒီရောက်တော့ မြန်မာလူမျိုးတိုင်း ရောက်တာနဲ့လုပ်ရတဲ့ ဆူရှီလိပ်တာ သင်တယ်။ သူငယ်ချင်း စားသောက်ဆိုင်ရဲ့ နောက်ဖေးမှာရှိတဲ့ ရှိသမျှအလုပ်တွေ ဝင်လုပ်ပြီးတော့ သင်ရတယ်။ ဒီမှာက ဝန်ထမ်း စရိတ် အရမ်းဈေးကြီးတယ်။ အလုပ်တွေ အကုန်လုံး ဝိုင်းလုပ်ရတာပေါ့။ အထုပ်ထမ်း၊ ပန်းကန်ဆေး၊ စာရင်းတွက် ဟင်းချက်တာတောင် မချက်ရသေးဘူး။ လှီးတာဖြတ်တာ ကူပေးရတယ်။ ကြမ်းတိုက်၊ တံမြက်စည်းလှည်း လုပ်တယ်။ နောက်တော့ Delivery လုပ်တယ်” ဟု ပြောသည်။

အနုပညာဖန်တီးသူတို့က အခုဆိုရင် စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားရင်းနဲ့ မတူညီတဲ့ ဘဝအခြေအနေ၊ မကျင်လည်ဖူးတဲ့ ဘဝအသစ်တွေမှာ စိန်ခေါ်မှုပေါင်းများစွာနဲ့ အသီးသီး ရုန်းကန်နေရပါတယ်။

အနုပညာ ဆိတ်သုဉ်းသွားတဲ့ အမှောင်ခေတ်လို့ ပြောလို့ရတဲ့ စစ်တပ်အာဏာသိမ်းမှုအောက်မှာ ပြည်တွင်း၊ ပြည်ပမှာ ရောက်ရှိနေတဲ့ အနုပညာရှင်တွေဟာ စားဝတ်နေရေးအတွက် တခြားနယ်ပယ်တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြ တာတွေလည်း ရှိပါတယ်။

အခုအချိန်ထိ တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြတဲ့ အနုပညာရှင်တွေလည်း ရှိသလို၊ နောက်ကွယ်ကနေ ပံ့ပိုးပေးနေတဲ့ အနုပညာရှင်တွေလည်း ရှိနေပါတယ်။ တချို့ အနုပညာတွေကတော့ ပြည်သူ ဘက်က မရပ်တည်ဘဲ အာဏာသိမ်းစစ်တပ်ရဲ့ ပွဲလမ်းသဘင်တွေမှာ ပါဝင်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တော်လှန်အနုပညာရှင်များရဲ့ တူညီသည့် ရည်မှန်းချက်ကတော့ တော်လှန်ရေး ခရီးကြမ်းကို အဆုံးသတ်တိုက်ပွဲအထိ လျှောက်လှမ်းပြီးတော့ အောင်ပွဲတွေနဲ့အတူ အိမ်ပြန်နိုင်ရေးနဲ့ တတ်ကျွမ်းတဲ့ အနုပညာတွေ လွတ်လပ်စွာ ဖန်တီးနိုင်ရေးပါပဲ။ ။

You may also like these stories:

မြန်မာ့တော်လှန်ရေးကို နယူးယောက်ဖက်ရှင်ပွဲသို့ ရောက်စေသူ ဒီဇိုင်နာ အင်ကြင်းစံ

မြန်မာအလှမယ် ဟန်လေး ဘာကြောင့် ထိုင်းလေဆိပ်မှာ ထိန်းသိမ်းခံနေရသလဲ

သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချခံရ

လှောင်ချိုင့်ထဲက တေးသီငှက် (သို့မဟုတ်) ဂျန်ဇီခေတ်ရဲ့ အဆိုတော် ပိုပို

Your Thoughts …
Tags: စစ်တပ်အာဏာသိမ်းမှုတော်လှန်ရေးအနုပညာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
6.7k

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

Next Post
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် / ဧရာဝတီ

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် ထောင်၂ နှစ်ချ

လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ /  Loikaw PDF

စစ်အုပ်ချုပ်ရေး ၃၇ မြို့နယ် ထပ်တိုးကာ ဖိနှိပ်ရေး အရှိန်မြှင့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved