• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
in ဆောင်းပါး
A A
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

7.8k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း ၇၀ နီးပါး ရောက်ရှိခဲ့ပါပြီ။

သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ဒေသတခု ဖြစ်ပါတယ်။

စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက အာဏာရှင်တိုက်ဖျက်ဖို့၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ် အဖိနှိပ်ခံဘဝ လွတ်မြောက်ဖို့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာ တွေ့ရပါတယ်။

ထိုနည်းအတိုင်း သျှမ်းလက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့လည်း အပါအဝင် ဖြစ်ပါတယ်။

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

နွံစစ်ဟန် ခေါ် ရဲရင့်သော သျှမ်းတော်လှန်ရေးတပ်မှ သစ္စာရေ သောက်သုံးစဥ်

သို့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တကျော့ပြန် ဖြစ်လာခဲ့ပြီး အခုဆိုရင် ၄ နှစ်ကျော်ကာလထိ ရောက်ရှိလာပေမယ့် စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ်ဖို့၊ အာဏာရှင်မှန်သမျှ တွန်းလှန်ဖို့ သျှမ်းလူမျိုး၊ သျှမ်းပြည် အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ဆိုပြီး လက်နက်ကိုင်လာတဲ့ သျှမ်းတပ်နှစ်တပ်ဟာ ပျောက်ခြင်း မလှ ပျောက်နေပါတယ်။

ဒါကြောင့် သျှမ်းတပ်နှစ်တပ်အနေနဲ့ ဘာကြောင့် လက်နက်စွဲကိုင်နေသေးလဲဆိုတာ သျှမ်းလူထုက မေးခွန်းထုတ်နေသလို သျှမ်းတပ် နှစ်တပ်အနေနဲ့လည်း ပြန်လည်ဆန်းစစ် သုံးသပ်သင့်ကြောင်း သျှမ်းလူထုက ပြောဆိုလိုက်ပါတယ်။

“အခြားလူမျိုးစုတွေက လက်နက်ကိုင်ပြီး အင်တိုက်အားတိုက် တော်လှန်ရေးလုပ်နေချိန် သျှမ်းတပ်နှစ်တပ်က ဘယ်မှာများ ပုန်းရှောင်သွားကြလဲ၊ ဘယ်မှာများ နေနေကြလဲ။ ဘာကြောင့် ကျနော်တို့ သျှမ်းပြည်သူတွေ မျက်နှာငယ်အောင် ပစ်ထားရ တာလဲ” လို့ အသက် ၄၅ နှစ်အရွယ် လားရှိုးမြို့နေ စိုင်းလှရွှေက သျှမ်းတပ်နှစ်တပ်ကို မေးခွန်းထုတ်လိုက်ပါတယ်။

စိုင်းလှရွှေဟာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ နေထိုင်သူဖြစ်ပြီး “၁၀၂၇ စစ်ဆင်ရေး” အတွင်း အိုးပျက်အိမ်ပျက် ကိုယ်တိုင်ကြုံတွေ့ကာ စစ်ဘေးရှောင်ဘဝ ရောက်ရှိခဲ့ရသူဖြစ်သလို လက်ရှိ စစ်ဆင်ရေး ပြီးဆုံးပြီးနောက် လားရှိုးမြို့ပေါ် ပြန်လည်နေထိုင်နေသူ တယောက်လည်း ဖြစ်ပါတယ်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
10
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
285
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

4 January 2026
1.1k

မြန်မာနိုင်ငံရဲ့ အစဉ်အလာကို ကြည့်ခြင်းအားဖြင့် လူမျိုးစုတခုမှာ လက်နက်ကိုင်တာ မရှိပါက အားကိုးရာမရှိကြောင်း ထင်မြင်ယူဆနေချိန် လူမျိုးစုငယ်တွေ လက်နက်ကိုင်ပြီး ကိုယ့်အမျိုးသားရေးအတွက် ကာကွယ်မြှင့်တင်နေတဲ့ အချိန်ကာလ တခုဖြစ်တယ်လို့ စိုင်းလှရွှေက ထောက်ပြပြောဆိုပါတယ်။

သျှမ်းလူမျိုးတွေမှာလည်း နှစ်ပေါင်းများစွာ အခြားလူမျိုးတွေ အားကျခဲ့ရတဲ့ ကြီးမားထင်ပေါ်တဲ့ စစ်တပ်ကြီးရှိခဲ့ပြီး သျှမ်း လူထုထောက်ခံမှု၊ သျှမ်းလူထုအားပေးပံ့ပိုးမှုကြောင့် ယခုထိတိုင် ရပ်တည်နေနိုင်တဲ့ သျှမ်းတပ်နှစ်တပ် ရှိနေပါတယ်။

၂၀၂၅ ဖေဖော်ဝါရီ ၉ ရက်၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၌ ကျင်းပသည့် NCA အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် တက်ရောက်မှု မြင်ကွင်း/ Tai Freedom

သျှမ်းစစ်တပ်တွေဆိုသည်မှာ တဖက်က ကျောသားဖြစ်ရင် တဖက်ကလည်း ရင်သားဖြစ်ပြီး ခွဲခြားလို့မရအောင် ယှဉ်တွဲခဲ့ ကြတာကို သျှမ်းတပ်မတော်တွေအနေနဲ့ မမေ့ဖို့ လိုအပ်ပါတယ်။

“ကျနော်တို့ သျှမ်းလူမျိုးပြောအရဆိုရင် ပြည်သူနဲ့ စစ်တပ်က ကျောသားဖြစ်ရင် တဖက်က ရင်သားပဲ။ ဒီလိုကို ဖြစ်နေဖို့ အရေးကြီးတယ်။ ကျနော်တို့ သျှမ်းပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာလည်း သျှမ်းစစ်တပ်ကနေပြီး မမေ့မလျော့ဘဲ သူ့မှာရှိတဲ့တာဝန်ကို တင်းပြည့်ကျပ်ပြည့်နဲ့ ကျနော်တို့ ပြည်သူကို ကာကွယ်ရမယ်၊ ထိန်းသိမ်းရမယ်” လို့ စိုင်းလှရွှေက ပြောပါတယ်။

တော်လှန်ရေးဆိုသည်မှာ အာဏာရှင်ကို တော်လှန်ခြင်း၊ မတရားသော စနစ်တခုကို တော်လှန်ခြင်း ဖြစ်တဲ့အလျောက် လက်ရှိ “သျှမ်းတော်လှန်ရေး” လို့ ခေါင်းစဉ်တပ်ထားတဲ့ သျှမ်းတပ်နှစ်တပ်က ဘယ်သူ့ကို တော်လှန်နေလဲဆိုတာကို တက်ကြွလှုပ်ရှား သျှမ်းလူငယ် ယိင်းနွံလောဝ်က ထပ်လောင်း မေးခွန်းထုတ်လိုက်ပါတယ်။

“သျှမ်းတော်လှန်ရေးက ရှိသေးလား။ သျှမ်းတော်လှန်ရေး လုပ်နေသူတွေက ပြည်သူတွေကို ပြန်ပြီးမှ တော်လှန်နေသလိုပဲ” လို့ ယိင်းနွံလောဝ်က လက်ရှိ သျှမ်းတော်လှန်ရေးတပ် အခြေအနေကို ထောက်ပြပြောဆိုပါတယ်။

သျှမ်းတော်လှန်ရေး လုပ်ဆောင်နေပြီး အမျိုးသားရေးအတွက်ဆိုတဲ့ သျှမ်းတပ်မတော်တွေဟာ လက်ရှိမှာ ပြည်သူလူထုကို မကာကွယ်ပေးကြောင်း၊ သျှမ်းလူထုအနေဖြင့် အားကိုးစရာ၊ အားရစရာတစက်မျှ မရှိကြောင်းလည်း သူ့ရဲ့ ခံစားချက်ကို ပြောထွက်လာပါတယ်။

“ကျမက ပြည်သူတယောက်အနေနဲ့ လူငယ်တယောက်အနေနဲ့ တော်လှန်ရေး လုပ်ဆောင်နေသူကို အားကိုးချင်တယ်၊ ယုံကြည်ချင်တယ်” လို့လည်း ယိင်းနွံလောဝ်က ပြောပါတယ်။

အလားတူ သျှမ်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ နိုင်ငံရေးသုတေသီလည်းဖြစ်တဲ့ နန်းခွမ်လိတ်ကလည်း “လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီး သျှမ်းလူငယ် သျှမ်းပြည်သူတယောက်အနေနဲ့ သျှမ်းတပ်တွေကို အားရစရာ ကျေနပ်မှုမရှိဘူး” လို့ ပြောဆိုလိုက်ပါတယ်။

သျှမ်းတော်လှန်ရေးဟာ သျှမ်းအမျိုးသားရေး၊ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေး ရရှိဖို့အတွက် စတင်လက်နက်ကိုင် တော်လှန်လာတာ နှစ်ပေါင်း ၆၇ နှစ် တိုင်လာပေမယ့် ရည်မှန်းချက်ပန်းတိုင်ကို မရောက်ရှိသေးပေ။

၂၀၂၄ ဧပြီ ၂၄ ရက်တွင် ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်း၌ ကျင်းပသည့် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနား၌ SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖကို တွေ့ရစဥ်/ Shan News

လက်ရှိ သျှမ်းတော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ လုပ်ပုံကိုင်ပုံနဲ့ နွေဉီးတော်လှန်ရေးမှာ ပါဝင်မှုကို ကြည့်ခြင်း၊ နှိုင်းယှဉ်ကြည့်ပါက အားမရကြောင်း၊ ထိုနည်းအတူ သျှမ်းလူငယ်၊ သျှမ်းလူထုအနေဖြင့် လမ်းပျောက်နေကြောင်းလည်း နန်းခွမ်လိတ်က ထောက်ပြပြောဆိုပါတယ်။

သျှမ်းပြည်တပ်မတော် SSA လို့ ခံယူထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS တို့ကြား ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ နှစ်ဖွဲ့ကြား စစ်ရေးတင်းမာခြင်းနှင့် တိုက်ခိုက်ခြင်းတွေကို ပြုလုပ်တဲ့အတွက် လူငယ်တွေနဲ့ ပြည်သူလူထုတွေဟာ သျှမ်းအမျိုးသားရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပါဝင်လိုမှု မရှိတော့ဘဲ စိတ်ပျက်လာခြင်းဖြစ်ကြောင်းလည်း နန်းမွေက ဆိုပြန်ပါတယ်။

SSPP နှင် RCSS ကြား ပဋိပက္ခနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေ

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး သျှမ်းပြည်မြောက်ပိုင်းမှ RCSS နဲ့ SSPP၊ ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား နယ်မြေပိုင်နက် အငြင်းပွားမှုကြောင့် တိုက်ပွဲတွေ စတင်လာခဲ့ တာ ယနေ့အထိပါပဲ။

RCSS ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားပြီး SSPP က လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ ဒါ့ပြင် SSPP ဟာ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင် ဖြစ်ပါတယ်။

သျှမ်းတပ်နှစ်တပ်ရဲ့ ပဋိပက္ခဟာ သျှမ်းပြည်မြောက်ပိုင်းကနေ စတင်လာပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်ဘက်ထိ ရောက်ရှိလာသလို ၂၀၂၃ ခုနှစ်မှာ ရပ်စောက်မြို့အထိ ပျံ့နှံလာခဲ့ပါတယ်။

၎င်းတပ်နှစ်တပ်ရဲ့ စစ်ရေးပဋိပက္ခကြား နှစ်ဖက်တပ်စလုံးက တပ်သားသစ်စုဆောင်းမှုကြောင့်လည်း သျှမ်းလူထုတွေ စိတ်သောကအမျိုးမျိုး ကြုံတွေ့ခဲ့ရပြန်ပါတယ်။

ထို့နောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှာ အပစ်အခတ်ရပ်စဲကြောင်း နှစ်ဖက်ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် ၂၀၂၄ ဇူလိုင်လမှာ တိုက်ပွဲတွေ တဖန်ပြန်ဖြစ်ပွားလာတဲ့အတွက်လည်း သျှမ်းနိုင်ငံရေးသမားတွေ သျှမ်းလူထုအတွက် စိတ်ပျက် ဖွယ်ရာ ထပ်ဖြစ်လာပြန်ပါတယ်။

RCSS/SSA နှင့် SSPP အပစ်ခတ်ရပ် စာချုပ်ချုပ်ဆို

အခုတဖန် မေလ ၂၁ ရက် သျှမ်းတော်လှန်ရေးနေ့အတွင်း သျှမ်းတပ်နှစ်တပ် ရောက်ရှိနေတဲ့နေရာမှ အပစ်အခတ် ရပ်ထား ကြရန် အပြန်အလှန် အမိန့်ပေးစာစောင်လည်း လူမှုကွန်ရက်စာမျက်နှာပေါ် သျှမ်းဘာသာနဲ့ မေ ၁၆ ရက်နေ့မှာ ထပ်မံပျံ့နှံ့ လာတဲ့အပေါ်လည်း အလွန်ပင် ရှက်စရာကောင်းတဲ့ လုပ်ရက်တခုလို့ သျှမ်းလူထုတွေက ပြောဆိုလိုက်ပါတယ်။

ဝါရင့် သျှမ်းနိုင်ငံရေးခေါင်းဆောင် တဦးကလည်း သျှမ်းတပ်နှစ်တပ် ပူးပေါင်းရေး၊ အချင်းချင်းကြား တိုက်ပွဲမဖြစ်ပွားရေး ကိစ္စကို ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီး မအောင်မြင်ရခြင်းဟာ သျှမ်းတပ်နှစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ သျှမ်းတပ်တွေ ပေါ်လစီ တွေ ပြန်ပြီးပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

“ကျနော်တို့ သျှမ်းတွေအချင်းချင်း မတိုက်ဖို့ ပြောဆိုလာတာလည်း ကြာပြီ။ မအောင်မြင်တာကတော့ ခေါင်းဆောင်တွေနဲ့ သူရဲ့ အနီးကပ်လူယုံတွေနဲ့ ဆိုင်မယ်ထင်တယ်။ ဒီခေါင်းဆောင်တွေက ကြာပြီလေ။ ဘာမှ မပြောင်းလဲလာဘူး။ ဒီခေါင်း ဆောင်တွေကို အရင်ပြောင်းလဲဖို့လိုတယ်လို့ ကျနော်ထင်တယ်” လို့ ဝါရင့် သျှမ်းနိုင်ငံရေးခေါင်းဆောင်တဦးက မှတ်ချက်ပြုလိုက်ပါတယ်။

သျှမ်းလူငယ်နဲ့ သျှမ်းတော်လှန်ရေး

သျှမ်းပြည်တပ်မတော် စတင်တည်ထောင်ချိန်က မိမိတိုင်းပြည်နဲ့ အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ “နွမ်စစ်ဟန်” လို့ခေါ်တဲ့ သျှမ်းလူငယ် ၃၁ ဦးဟာ ၁၉၅၈ ခုနှစ် မေ ၂၁ ရက်မှာ မိုင်းတုံမြို့နယ် နမ့်ကျွတ် ချောင်းဘေး တောတွင်းနေရာမှာ သွေးသစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန်ဆန် ဗမာစစ်တပ်က ကြိုးကိုင်ပြီး လူ့အခွင့်အရေးကျူးလွန် ဖိနှိပ်ခံရမှုတွေကြောင့် သျှမ်းလူထုဟာ အခွင့်အရေးဆုံးရှုံးရမှုကို မခံနိုင်တဲ့အတွက် ၁၉၅၈ ခုနှစ်က စတင်ပြီး သျှမ်းလူငယ်တွေ ဦးဆောင်တဲ့ သျှမ်းပြည်တပ်မတော် ကို တည်ထောင်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ သျှမ်းပြည်လူထု၊ သျှမ်းအမျိုးသားရေးကို ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းတပ်မတော်တွေက လက်ရှိမှာ သျှမ်းလူထုရဲ့ မျက်ရည်ကိုတောင် မကြည့်တော့တဲ့ အခြေအနေ ဖြစ်နေပါပြီ။

အခု အနေအထားအရဆိုရင် သျှမ်းလူထုတွေ၊ သျှမ်းလူငယ်တွေဟာ “သျှမ်းခေါင်းဆောင်တွေ အချင်းချင်းကြား မတည့်တဲ့ ပြဿနာကြောင့် ပျောက်သောလမ်းမှာ စမ်းတဝါးဝါး” ဆိုတဲ့အတိုင်း တွေဝေမှု ဖြစ်နေကြပါတယ်။

“တပ်မတော်တခု ဖျက်ဆီးဖို့ဆိုတာ ခဏသာဖျက်ဆီးနိုင်ပေမယ့် အခုလို အခိုင်အမာရှိတဲ့ သျှမ်းတပ်နှစ်တပ် ဖြစ်လာဖို့ဆိုတာ နှစ်ပေါင်းများစွာ သျှမ်းလူထုရဲ့ သွေးချွေးတွေနဲ့ ပေးဆပ်ပြီး တည်ဆောက်ခဲ့တာ။ သျှမ်းလူငယ်တွေကလည်း ကျနော့်လို သျှမ်းတပ်တွေကို ယုံကြည်အားကိုးနေကြဆဲပါ။

သျှမ်းတပ်နှစ်တပ် အချင်းချင်း ပဋိပက္ခဖြစ်ပြီး ပျက်စီးသွားဖို့ ဘယ်သူမှ မလိုလားကြဘူး။ သျှမ်းလူထု အားကိုးရသလို သျှမ်းလူငယ်တွေလည်း တော်လှန်ရေးစိတ်ဓာတ် ပိုပြီးအားသန်လာအောင် သျှမ်းခေါင်းဆောင်တွေအနေနဲ့ ဖြစ်နေတဲ့အရာကို ပြုပြင်ပေးပါ” လို့ လားရှိုးမြို့နေ စိုင်းလှရွှေက တောင်းဆိုလိုက်ပါတယ်။

ထို့ပြင် သျှမ်းတော်လှန်ရေးဟာ သက်တမ်းအတော်ကြာပြီဖြစ်ပြီး ယင်းကို စတင်ခေါင်းဆောင်ခဲ့သူတွေကလည်း တက္ကသိုလ် ကျောင်းသားလူငယ်တွေ ဖြစ်ကြတာကြောင့် အဲဒီသမိုင်းနောက်ခံကို ကြည့်တဲ့အခါမှာ လက်ရှိ သျှမ်းလူငယ်တွေအနေနဲ့ လည်း သျှမ်းပြည်ငြိမ်းချမ်းရေးနဲ့ တန်ဖိုးရှိတဲ့ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံရေး ပြောင်းလဲမှုတွေအတွက် တာဝန်ယူမှုရှိတာကို ရှောင်လွဲမရကြောင်းလည်း နန်းမွေက ထောက်ပြပြောဆိုပါတယ်။

၂၀၂၅ ဧပြီလအတွင်းက တွေ့ရသည့် SSPP တပ်ဖွဲ့ဝင်များ / SSPP Info

အခုကာလဟာ တနိုင်ငံလုံး တော်လှန်ရေးအုံကြွတဲ့ကာလ ဖြစ်တဲ့အလျောက် နိုင်ငံရေးအပြောင်းအလဲ အခွင့်အလမ်း အရေးကြီးဆုံးကာလမှာ နောင်တရစရာ ဖြစ်မယ့်အထိ တိတ်ဆိတ်မနေရအောင်၊ ငြိမ်းချမ်းရေးအတွက်ဖြစ်စေ၊ တန်ဖိုးရှိတဲ့ အနာဂတ်တခုအတွက်ဖြစ်စေ၊ သျှမ်းလူမျိုးအတွက် တာဝန်ယူမယ့် လူငယ်ခေါင်းဆောင်မှုဖြင့် ပါဝင်ဖို့ ကြိုးစားသင့်ကြောင်း လည်း သူက ဆိုပြန်ပါတယ်။

“လက်နက်ကိုင်မှ ဖြစ်ရမယ် မဆိုလိုပေ၊ အခြားသော နိုင်ငံရေးလှုပ်ရှားမှုနဲ့ လူထုလှုပ်ရှားမှုမှာ အသံတိတ်မနေဘဲ သက်ဆိုင် ရာနည်းလမ်းနဲ့ မျှတမှုအတွက် မျှော်လင့်ချက်တွေ ထိန်းသိမ်းပေးခြင်း၊ ပညာ၊ သတင်းအချက်အလက်၊ အာဏာရှင်မှန်သမျှ ပြည်သူလုထုနှင့် အမျိုးသမီးများအပေါ် လူ့အခွင့်ရေးချိုးဖောက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဖြစ်ပျက်နေတဲ့ အပေါ် လူမှုကွန်ရက်ပေါ်မှာ အသံထွက်ပေးခြင်းနဲ့ ကျူးလွန်သူများဖြစ်တဲ့ စစ်ကောင်စီဖြစ်စေ၊ အခြားလက်နက်ကိုင်ဖြစ်စေ၊ သျှမ်းတော်လှန်ရေးတပ်ဖြစ်စေ အရေးယူရန် ပူးပေါင်းအသံဖော်ထုတ်သည့်အပိုင်း လုပ်ဆောင်သင့်တယ်” လို့ နန်းမွေက အကြံပေး ပြောဆိုလိုက်ပါတယ်။

လူငယ်သဘောသဘာဝအရ လွတ်လပ်မှု၊ ပိုပြီးကောင်းမွန်တဲ့ ပြောင်းလဲမှုနဲ့ ဖိနှိပ်မှုကို တော်လှန်လိုစိတ် ရှိပြီးသားဖြစ်ပြီး နိုင်ငံရေးဖြစ်စဉ်၊ တော်လှန်ရေးဖြစ်စဉ်မှာ လူငယ်တွေ ပါဝင်လာဖို့ကလည်း ခေါင်းဆောင်ဆိုသူက လမ်းပြ လက်တွဲခေါ်သင့် ကြောင်း နန်းခွမ်လိတ်က ပြောပါတယ်။

“ကျမတို့ အခြေအနေက ဘယ်လိုဖြစ်နေလဲဆိုရင် စစ်ရေး၊ နိုင်ငံရေးအခြေအနေမှာ ကောင်းကောင်းများ အသုံးမချတတ်တဲ့ အခြေအနေများ ဖြစ်နေသလား။ တဖက်မှာ လူကြီးတွေဘက် အတွေ့အကြုံရှိတယ်။ လမ်းပြရမှာ သူတို့မှာ တာဝန်ရှိတယ်။ လူငယ်တွေ ပါဝင်လာဖို့ နှစ်ဖက်စလုံး နိုင်ငံရေးကို စိတ်ပါဝင်စားရမယ်၊ လုပ်ချင်တဲ့ဆန္ဒလည်း ရှိရမယ်” လို့ နန်းခွမ်လိတ်က ထောက်ပြပြောဆိုလိုက်ပါတယ်။

သျှမ်းတပ်နှစ်တပ် အချင်းချင်းကြား ပစ်ခတ်မှုကြောင့် သျှမ်းလူငယ်တွေဟာ “ပဲ့မပါတဲ့လှေ” ကို လှော်ခတ်နေရသလို ဖြစ်နေ ကြောင်းလည်း သျှမ်းလူငယ်တွေက ပြောဆိုပါတယ်။

အချင်းချင်းပစ်ခတ်မှုကြောင့် သျှမ်းလူငယ်တွေကလည်း သျှမ်းတပ်ထဲ တပ်သားအဖြစ် သွားလုပ်ရန် တွန့်ဆုတ်နေကြပြီး စစ်အာဏာရှင်ကို တော်လှန်ပုန်ကန်ချင်သော်လည်း အခြား ပြည်သူ့ကာကွယ်ရေးတပ် (PDF)ထဲမှာ သွားရောက်ပူးပေါင်းရတဲ့ သျှမ်းလူငယ်များလည်း ရှိကြပါတယ်။

၇၈ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားတွင် တွေ့ရသည့် RCSS အဖွဲ့ဝင်များ/ Tai Freedom

“တကယ်ဆို သျှမ်းတပ်နှစ်တပ်က အချင်းချင်းပဋိပက္ခမဖြစ်ရင် လူငယ်တွေ အုံလိုက်ကျင်းလိုက် သျှမ်းတပ်ထဲဝင်တယ်။ အခုက အချင်းချင်းပစ်ပြီး ကိုယ့်လူမျိုး ဆုံးရှုံးမှာကြောက်လို့ သျှမ်းတပ်ထဲ မဝင်ချင်တာနဲ့ ပြေးကြတာ၊ တိမ်းရှောင်ကြတာ။ ဒါကိုလည်း ခေါင်းဆောင်တွေက မသိကြဘူးလား၊ ပြန်သုံးသပ်ပါ။ သျှမ်းတပ်တွေ အချင်းချင်းမပစ်ဘူးဆိုတာ အာမခံပေးရင် ကျနော်တို့ တပ်ထဲဝင်ဖို့ အဆင်သင့်ပါပဲ” လို့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နေ စိုင်းမိန်းက ပြောဆိုလိုက်ပါတယ်။

သျှမ်းတော်လှန်ရေးဟာ အကျပ်အတည်း အခက်အခဲတွေကြား ကျရောက်နေတဲ့အချိန်၊ အချင်းချင်းကြား မပူးပေါင်းနိုင်ပါက စစ်ရေးပဋိပက္ခ ရပ်တန့်ပြီး သျှမ်းနိုင်ငံရေး၊ သျှမ်းပြည်ထဲနေထိုင်တဲ့ သျှမ်းပြည်သားအရေးကို ဆွေးနွေးပေးချိန် ကျရောက် နေပြီဖြစ်ကြောင်း ဝါရင့်သျှမ်းနိုင်ငံရေးသမားက ဆိုပြန်ပါတယ်။

“သျှမ်းတော်လှန်ရေး ခေါင်းဆောင်လို့ ခံယူသူတွေ ခေတ်ကာလနဲ့အညီ တွေးတောဖို့ ပြည်သူမျက်နှာ ထောက်ဖို့လိုပြီ။ တော်လှန်ရေးကိုလည်း ပုံစံပြောင်းဖို့၊ လူထုကိုငဲ့ညာဖို့လည်း လိုတယ်။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် သျှမ်းလူမျိုးတွေ အတွက် အန္တရာယ်ဇုန် ကျရောက်နေမယ်။ လူငယ်တွေလည်း သျှမ်းနိုင်ငံရေးကို အားတက်သရော ပါဝင်လာဖို့ လိုအပ်နေ တယ်” လို့ သျှမ်းခေါင်းဆောင်များအတွက် ဝါရင့်သျှမ်းနိုင်ငံရေးသမားက ထပ်လောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။

ဒါကြောင့် ဒီ “၆၇ နှစ်မြောက် သျှမ်းတော်လှန်ရေးနေ့” ကစပြီး သျှမ်းလူထုတွေ၊ သျှမ်းပြည်သားတွေအတွက် သျှမ်းတပ် မတော်ဟာ ဘာတွေများ ကောင်းမွန်စွာ ပြုပြင်လာမှာလဲဆိုတာကိုတော့ အားလုံးက မျှော်လင့်ပြီးရင်း ထပ်မျှော်လင့်နေရတဲ့ အခြေအနေပါပဲ။ ။

(သျှမ်းသံတော်ဆင့် သတင်းဌာန၌ ၂၀၂၅ မေ ၂၁ ရက်က ဖော်ပြခဲ့သော “တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်” ဆောင်းပါးအား ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်။)

You may also like these stories:

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

တရုတ်က ပိတ်ဆို့ပေးလို့ ရှမ်းမြောက်ကို စစ်ကောင်စီ ပြန်ရနိုင်သလား

Your Thoughts …
Tags: RCSSSliderSSPPစစ်ရေးပဋိပက္ခတော်လှန်ရေးလူငယ်သျှမ်းလက်နက်ကိုင်အာဏာရှင်
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
878

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved