• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

by မိုးစက်ငြိမ်းချမ်း
25 January 2024
in ဆောင်းပါး
A A
ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတွင် ပအို့ဝ်အလံကို ကိုင်မြှောက်ပြီး ပါဝင်ဆင်နွှဲစဉ်/AFP

13.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်မျက်နှာတွင် တရုတ်ကျေးဇူးဖြင့် ခေတ္တမျှ ငြိမ်သက်နေချိန်တွင် ရခိုင်စစ်မျက်နှာဘက်မှ တိုက်ပွဲကြီးများကို အားစိုက်နေသည့် စစ်ကောင်စီသည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် စစ်မျက်နှာသစ် ဖွင့်လှစ်လာခြင်းနှင့် ကရင်ပြည်နယ် စစ်မျက်နှာတွင် အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းတို့ကို တချိန်တည်း၊ တပြိုင်တည်းတွင် ကြုံတွေ့နေရပြီဖြစ်၏။

ရှမ်းတောင်မှ စစ်မျက်နှာ အသစ်

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.1k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
903
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
8.2k

၂၀၂၄ ခုနှစ်၊ ဇန်နဝါဝါရီလ ၂၁ မှ ၂၄ ရက်များအတွင်း ပအိုဝ်းဒေသဖြစ်သည့် ဆီဆိုင်‌နှင့် ဆက်စပ်ဒေသများတွင် စစ်မျက်နှာအသစ်တခု ပေါ်ပေါက်လာသည်ကို တွေ့ရ၏။ ထိုစစ်မျက်နှာသည် ရုတ်ချည်းပေါ်လာသည်တော့ မဟုတ်ပေ။ ဇန်နဝါရီ ၂၁ ရက်‌နေ့က ဟိုပုံးမြို့နယ် မြောက်ဘက် မဲနယ်တောင်ရှိရာ စကားဒေသ၊ စံဖူးရွာတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တပ်ဖွဲ့ဝင်များ၏ ကား ငါးစီးပါ ယာဉ်တန်းအား စစ်ကောင်စီနှင့် ဦးအောင်ခမ်းထီ လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် / ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ရာမှ စတင်ကာ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုယာဉ်တန်းသည် PNLO တပ်ဖွဲ့၏ လက်နက်များ သယ်ဆောင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တားဆီးပိတ်ဆို့ကာ လက်နက်များအပ်ရန် ဖိအားပေးခဲ့သည့်အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း PNLO တပ်ဖွဲ့ဝင်တဦးက ဆိုသည်။

သို့သော်လည်း ထိုလက်နက်များသည် မြောက်ပိုင်းမှ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေကိုဖြတ်ပြီး PNLO တို့က ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) အတွက် သယ်ပေးသော လက်နက်များဖြစ်သည်ဟု စစ်တပ်ထောက်ခံသူများက ဆိုကြ၏။

ယာဉ်တန်းသည် PNLO တပ်ဖွဲ့၏ လက်နက်များ သယ်ဆောင်လာခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တားဆီးပိတ်ဆို့ကာ လက်နက်များအပ်ရန် ဖိအားပေးခဲ့သည့်အတွက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဤအကြိမ်ပါဆိုလျှင် ထိုနယ်မြေတွင် လက်နက်ခဲယမ်း ဖမ်းဆီးမှုသည် တတိယကြိမ်မြောက်ဖြစ်ပြီး တကြိမ်လျှင် လက်နက် ၅၀၀ ခန့်ဖြင့် လက်နက် ၁,၅၀၀ ခန့် ရှိပြီဖြစ်၏။ တတိယအကြိမ်သာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ပထမနှင့် ဒုတိယအကြိမ်တွင် စစ်တပ်က သိမ်းဆည်းရမိသွားသည်။

ဤဆီဆိုင်၊ နောင်ထော်၊ မဲနယ်တောင်ဒေသသည် မူလက ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) ထိန်းချုပ်ရာဒေသ ဖြစ်၏။ ရလလဖ သည် မူလ ပအိုဝ်းအဖွဲ့ဖြစ်ပြီး ပအိုဝ်းနီဟုလည်း သိကြသည်။ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးယူစဉ်ကာလထိ ပအိုဝ်းဖြူထက်ပို၍ အားကောင်းသည်။ ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် ငြိမ်းချမ်းရေးယူစဉ်က ဦးအောင်ခမ်းထီ ဦးစီးသည့် ပအိုဝ်းဖြူ – PNO အဖွဲ့မှာ အင်အား ၁,၄၀၀ ခန့်ရှိပြီး ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလတွင် ငြိမ်းချမ်းရေးယူသည့် ဦးတာကလယ် ဦးစီးသည့် ရလလဖ – ပအိုဝ်းနီမှာ အင်အား ၃,၁၄၈ ဦးရှိ၏။

ရလလဖ ဌာနချုပ် အခြေချရာဒေသသည် နောင်ထော်ဒေသ ဖြစ်သည်။ ရလလဖသည် ထိုစဉ်က ဗကပ၊ SSPP တို့နှင့် မဟာမိတ်ဖြစ်ပြီး မြောက်ဘက်ရှိ ဗကပ အခြေခံဒေသဖြစ်သည့် သံလွင်အရှေ့ခြမ်းရှိ ဝ နယ်၊ သံလွင်အနောက်ခြမ်းရှိ SSPP ထိန်းချုပ်ရာဒေသနှင့် ရလလဖ ထိန်းချုပ်ရာ နောင်ထော်ဒေသတို့သည် တဆက်တစပ်တည်းဖြစ်သကဲ့သို့ ဗကပ၊ SSPP, ရလလဖ တို့နှင့် မဟာမိတ်ဖြစ်သည့် ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) စသည့် ကရင်နီအင်အားစုများ လှုပ်ရှားထိန်းချုပ်ရာ တောင်ဘက်ရှိ ကရင်နီဒေသများနှင့်လည်း တဆက်တစပ်တည်းဖြစ်၏။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးယူပြီးနောက် ယခင် အင်အားကောင်းခဲ့သော ရလလဖသည် အဖွဲ့အစည်းကို မထိန်းသိမ်းနိုင်ခဲ့ပေ။ ၂၀၀၆ ခုနှစ်တွင် ရလလဖ အဖွဲ့ကြီးကို တလျှောက်လုံး ခေါင်းဆောင်လာခဲ့သည့် ဦးတာကလယ် နာယက အဖြစ် ပြောင်းလဲခံယူလိုက်ရချိန်တွင် ရလလဖ၏ ဥက္ကဋ္ဌမှာ ဗိုလ်မှူး ချစ်မောင် ဖြစ်လာခဲ့ပြီးနောက် ရလလဖ (ပအိုဝ်းနီ) အတွင်း၌ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့၏။ ဗိုလ်မှူးကြီး ခွန်ထိဆောင်နှင့် ခွန်သူရိန် ခေါင်းဆောင်သည့် အဖွဲ့သည် ရလလဖမှ ခွဲထွက်သွားပြီး PNLO အမည်နှင့် မောက်မယ်ဒေသတွင် ရပ်တည်ခဲ့သည်။

ရလလဖ ဥက္ကဋ္ဌ ဗိုလ်မှူး ချစ်မောင် ဦးဆောင်သည့်အစုအဖွဲ့သည် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လထဲတွင် နအဖထံ အပြီးအပိုင် လက်နက်ချသွားခဲ့၏။ ရလလဖ ဌာနချုပ်စခန်း နောင်ထော်တွင် ဥက္ကဋ္ဌဟောင်း ဦးတာကလယ်နှင့် နာယကအဖွဲ့က ဆက်လက် ကျန်ရစ်ခဲ့ပြီ ရလလဖ အဖွဲ့အား ပြန်လည် ထူထောင်ရန် ကြိုးစားသော်လည်း အောင်မြင်မှု မရတော့ပေ။

ထို့နောက်တွင် ရလလဖ ဌာနချုပ်ဖြစ်ခဲ့သည့် နောင်ထော်တွင် ရလလဖ ရဲဘော်ဟောင်းများ ဆက်လက် နေထိုင်ကြသော်လည်း နောင်ထော်၊ မဲနယ်တောင်ဒေသကို စစ်တပ်နှင့် PNO ပြည်သူ့စစ်များက ထိန်းချုပ်လာခဲ့၏။

နောင်ထော်သည် ဆီဆိုင်၏ အနောက်တောင်ဘက်၊ မိုင်းပွန်၏တောင်ဘက် နန်ပွန်ချောင်းဖျားတွင်ရှိပြီး နောင်ထော်၏ တောင်ဘက် လွိုင်လင်လေးဒေသသည် ကရင်နီအင်အားစုများ၊ ရှမ်းတောင် PDF များ လှုပ်ရှားရာဒေသ ဖြစ်သည်။ နောင်ထော်၏ မြောက်ဘက် မိုင်းပွန်အနီးတွင် SSPP နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မ‌တော် (UWSA) တပ်ဖွဲ့များရှိသည်။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်အတွင်း SSPP နှင့် UWSA တပ်များက RCSS အား တိုက်ထုတ်ပြီး ဝင်ရောက်နေရာယူထားခြင်း ဖြစ်၏။

၂၀၀၆ ခုနှစ်တွင် ရလလဖ အဖွဲ့ကြီးကို တလျှောက်လုံး ခေါင်းဆောင်လာခဲ့သည့် ဦးတာကလယ် နာယက အဖြစ် ပြောင်းလဲခံယူလိုက်ရချိန်တွင် ရလလဖ၏ ဥက္ကဋ္ဌမှာ ဗိုလ်မှူး ချစ်မောင် ဖြစ်လာခဲ့ပြီးနောက် ရလလဖ (ပအိုဝ်းနီ) အတွင်း၌ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့၏။ ဗိုလ်မှူးကြီး ခွန်ထိဆောင်နှင့် ခွန်သူရိန် ခေါင်းဆောင်သည့် အဖွဲ့သည် ရလလဖမှ ခွဲထွက်သွားပြီး PNLO အမည်နှင့် မောက်မယ်ဒေသတွင် ရပ်တည်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း စစ်တပ်က ရာဇသံပေး ကန့်ကွက်ခဲ့သော်လည်း SSPP နှင့် UWSA တပ်များက လုံးဝ ဆုတ်မပေးသဖြင့် စစ်မျက်နှာသစ် မဖွင့်နိုင်သည့် စစ်တပ် လေသံလျှော့ပေးလိုက်ရသည့် ဒေသဖြစ်သည်။

ကရင်နီဒေသနှင့် SSPP, UWSA ထိန်းချုပ်ရာ မိုင်းပွန်ဒေသကြားတွင် ယခင် ရလလဖ ထိန်းချုပ်သည့် နောင်ထော်နှင့် မဲနယ်တောင်ဒေသသည် အရေးပါနေသည့် ဆက်စပ်ဒေသဖြစ်၏။ မြောက်ပိုင်းရှိ မဟာမိတ်အင်အားစုများနှင့် ကရင်နီအင်အားစုများသည် မဟာမိတ်များဖြစ်ကြပြီး မြောက်ပိုင်းမှ ကရင်နီအင်အားစုများအား လက်နက်ခဲယမ်း ထောက်ပံ့နေသည်မှာ အားလုံးသိသည့် လျှို့ဝှက်ချက်ဖြစ်၏။

ထိုလမ်းကြောင်းတွင် စစ်တပ်နှင့် PNO ပြည်သူ့စစ် (ပသစ) တို့၏ လက်နက်ခဲယမ်း ဖမ်းဆီးမှုများကြောင့် တတိယအကြိမ်တွင် ထိပ်တိုက်တွေ့လာ၏။ ဤအကြိမ်တွင် တော်လှန်ရေးအင်အားစုများက ယခင်နှစ်ကြိမ်ကဲ့သို့ ငြိမ်မနေတော့ဘဲ ထိုဒေသအား ထိန်းချုပ်ရန် တုန့်ပြန်သည့် စစ်ရေးလှုပ်ရှားမှုပါ ပေါ်ပေါက်လာတော့သည်။

ယာဉ်တန်းသည် PNLO တပ်ဖွဲ့၏ လက်နက်များ သယ်ဆောင်လာခြင်းဖြစ်ပြီး လက်နက်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့သည်

ဇန်နဝါရီလ ၂၁ ရက်နေ့ စံဖူးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ခဲယမ်းတင် ကားများ မီးရှို့ဖျက်ဆီးခဲ့ရပြီးနောက် စစ်ရေးလှုပ်ရှားမှုများ ဆက်လာသည်။ တော်လှန်ရေးအင်အားစုများ စုဖွဲ့လာမှုကြောင့် ဇန်နဝါရီလ ၂၂ ရက်နေ့က နောင်ထော်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၏။

ထိုနေ့မှာပင် ဆီဆိုင်အခြေစိုက် ခမရ ၄၂၃ နှင့် ၄၂၄ မှ တပ်မိသားစုဝင်များ တောင်ကြီးသို့ အမြန် ပြောင်းရွှေ့သွားကြ၏။ ဇန်နဝါရီလ ၂၃ ရက်တွင် နောင်ထော်ရှိ စစ်တပ်နှင့် PNO စခန်း‌ လေးခုအား PNLO က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ဆီဆိုင်ရဲစခန်း၊ ဆီဆိုင် စုပေါင်းဂိတ်တို့အား တော်လှန်ရေးအင်အားစုများက ဝင်ရောက် တိုက်ခိုက်ပြီး စစ်တပ်၊ PNO ပူပေါင်းအင်အားများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆီဆိုင်တွင် စကခ ၇ လက်အောက်ခံ ခမရ ၄၂၃ နှင့် ၄၂၄ အခြေစိုက်သည်။ ထိုတပ်များသည် ရှမ်းမြောက်တွင် စစ်ဆင်ရေးထွက်ပြီး နမ့်ခမ်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ခိုက်ပြီးနောက် အထိနာနေသည်။ ထို့ပြင် ဇန်နဝါရီလဆန်းပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၊ မန်ဝိန်းကြီးတွင် ကချင်လွတ်မြောက်‌ရေး တပ်မ‌တော် (KIA) ၏ တိုက်ခိုက်မှုကြောင့် ခမရ ၄၂၄ မှ တပ်ရင်းမှူး သို့မဟုတ် ဒု တပ်ရင်းမှူး အပါအဝင် အများအပြား သုံးပမ်းအဖြစ် အဖမ်းခံရ၊ ချေမှုန်းခံထားရသည်။ ဆီဆိုင် နောက်တန်းဌာနချုပ်တွင် အင်အားများများစားစား ရှိပုံမရပေ။

ဆီဆိုင်တွင် စကခ ၇ လက်အောက်ခံ ခမရ ၄၂၃ နှင့် ၄၂၄ အခြေစိုက်သည်။ ထိုတပ်များသည် ရှမ်းမြောက်တွင် စစ်ဆင်ရေးထွက်ပြီး နမ့်ခမ်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ခိုက်ပြီးနောက် အထိနာနေသည်။

လက်ရှိအချိန်တွင် ဆီဆိုင်၊ နောင်ထော်၊ မဲနယ်တောင်ဒေသသည် မြောက်ပိုင်းနှင့် ကရင်နီဒေသ အပါအဝင် တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဆက်သွယ်ရေးတွင် အရေးပါသောဒေသဖြစ်ရာ ထိုဒေသကို ထိန်းချုပ်ရန် တော်လှန်ရေးအင်အားစုများက စစ်မျက်နှာဖွင့်လိုက်ပြီ ဖြစ်သည်။

လက်ရှိ ဆီဆိုင်၊ နောင်ထော်ဒေသအား ဝင်ရောက်ထိန်းချုပ် စစ်မျက်နှာဖွင့်သည့် တပ်များနှင့် ပတ်သက်၍ ရှင်းလင်းခြင်း မရှိသေးပေ။ လောလောဆယ် သတင်းများအရ PNLO, KNDF, PDF များအပြင် SSPP/SSA တပ်များ ပါဝင်တိုက်ခိုက်နေသည်ဟု သျှမ်းသံတော်ဆင့်တွင် ဖော်ပြထားသည်ကို တွေ့ရ၏။

သို့သော် နီးနီးကပ်ကပ်ရှိနေသည့် နောက်ကွယ်မှအင်အားမှာ SSPP အပြင် UWSA ဖြစ်သည်။ ထိုတပ်ဖွဲ့များသည် လက်ရှိအချိန်တွင် ဗြောင်အတိအလင်း ရပ်ခံခြင်း မရှိသေးသော်လည်း နောက်ကွယ်မှ အတိအလင်း ပါနေသည်ကို စစ်တပ်က သိနေသည်။

ထိုလက်နက်ခဲယမ်းများသည် ကရင်နီသို့ SSPP မှတဆင့် သယ်လာသည်မှာ အားလုံးသိသည့် လျှို့ဝှက်ချက် ဖြစ်၏။ စစ်တပ်ပြဿနာမှာ UWSA နှင့် SSPP ကို စစ်မျက်နှာ အတိအလင်း ဖွင့်မည်လော၊ အတိအလင်း မကြေညာဘဲ ရှေ့ထွက်များနှင့်သာ တိုက်မည်လောဆိုသည့် အကျပ်အတည်း ကြုံနေပြီဖြစ်၏။

ဟိုပုံးမြို့နယ် စံဖူးကျေးရွာသို့ မီးကူးစက်လောင်ကျွမ်းစဉ်/ CJ

ပြဿနာမှာ စစ်အင်အားအကျပ်အတည်း ဖြစ်သည်။ ဆီဆိုင်၊ နောင်ထော်ဒေသသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ဒေသဖြစ်သော်လည်း ရပခ တိုင်းတပ်အများစုမှာ ကရင်နီစစ်မျက်နှာတွင် နစ်နေကြ၏။ ဆက်စပ်နေသည့် ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) တိုင်းတပ်များမှာလည်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လားရှိုးကို ကူနေရသည်။

ဆီဆိုင်၊ နောင်ထော်ဒေသတွင် ရင်ဆိုင်စရာ လုံလောက်သည့်တပ် မရှိပေ။ နေပြည်တော်မှလည်း စစ်ကူထပ်ဖြည့်ပေးစရာ တပ်မရှိပေ။ ဗြောင်အတိအလင်း ထွက်လာသည့် စစ်အင်အားများအပြင် နောက်ကွယ်က UWSA စစ်အင်အားများလည်းရှိရာ ရှမ်းတောင် စစ်မျက်နှာသည် စစ်ကောင်စီတပ်အတွက် ဆုပ်လည်းစူး စားလည်းရူး အခြေအနေ ဖြစ်၏။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ နောင်ထော်၊ မဲနယ်တောင်ဒေသတွင် ပေါ်ပေါက်လာသည့် စစ်မျက်နှာအသစ်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း အင်အားစုများကို ဆက်သွယ်ပေးသည့် ဗျူဟာမြောက်သော စစ်မျက်နှာဖြစ်၏။ ဤသည်ကို စစ်တပ်လည်း ကောင်းစွာသိသည်။ သို့သော် ဤဗျူဟာမြောက် စစ်မျက်နှာကို ရင်ဆိုင်ရန် စစ်တပ်တွင် လုံလောက်သည့်အင်အား မရှိတော့သည့်အပြင် ဘက်စုံက အကျပ်အတည်းများ တိုး၍လာနေပေပြီ။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ နောင်ထော်၊ မဲနယ်တောင်ဒေသတွင် ပေါ်ပေါက်လာသည့် စစ်မျက်နှာအသစ်သည် မြောက်ပိုင်းနှင့် တောင်ပိုင်း အင်အားစုများကို ဆက်သွယ်ပေးသည့် ဗျူဟာမြောက်သော စစ်မျက်နှာဖြစ်၏။ ဤသည်ကို စစ်တပ်လည်း ကောင်းစွာသိသည်။

SSPP အနေနှင့် အတိအလင်း ပါဝင်လာပါက ရှမ်းပြည်တောင်ပိုင်း စစ်မျက်နှာသည် တဖြည်းဖြည်း ကြီးထွားလာပြီး ရှမ်းပြည်တောင်ပိုင်းတခုလုံးအား ပျံ့နှံ့သွားရန် အချိန်မဝေးတော့ပေ။ စစ်တပ်သည် ဝမ်ဟိုင်းကို ဗုံးကြဲသည်မှအပ အခြား လုပ်နိုင်ဖွယ်ရာ မရှိပေ။ မေမြို့-လားရှိုး ကားလမ်းနှင့် တောင်ကြီး-ကျိုင်းတုံ ကားလမ်းကြား ရှမ်းတောင်ဒေသအား SSPP ထိန်းချုပ်သွား‌ရန် အချိန်မဝေးတော့ပြီ။

ကရင်စစ်မျက်နှာ အပြောင်းအလဲ

ထို့ပြင် တချိန်တပြိုင်တည်းလိုလိုတွင် အပြောင်းအလဲဖြစ်သည်က ကရင်စစ်မျက်နှာ ဖြစ်သည်။ ကရင်စစ်မျက်နှာမှာ စစ်ကောင်စီအတွက် အသစ်တော့ မဟုတ်၊ အဟောင်းဖြစ်သည်။ ပြဿနာမှာ ကရင်စစ်မျက်နှာရှိ စစ်ကောင်စီ၏ လက်ရင်းအားထားရသည့် ကရင် နယ်ခြားစောင့်တပ် (BGF) များက စစ်ကောင်စီ၏ အထောက်အပံ့ရော အမိန့်ပါ မနာခံတော့ခြင်းဖြစ်၏။

ဇန်နဝါရီ ၂၃ရက်က ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဘားအံမြို့သို့ လာရောက်၍ BGF ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းသော်လည်း မည်သည့်ရလဒ်မှ မထွက်ခဲ့ပေ / ဧရာဝတီ

အင်အား တပ်ရင်း ၁၃ ရင်းခန့်ရှိ ဗိုလ်မှူးကြီး စောချစ်သူနှင့် BGF တပ်များ၏ ဤသို့ ပြောင်းလဲရပ်တည်မှုသည် ရှုပ်ထွေးသည်။ ထိုင်းနယ်စပ်ရှိ ငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို ဖြိုခွဲရန် တရုတ်နှင့်ထိုင်းက ဖိအားပေးလာသည့် အချိန်တွင် စစ်ကောင်စီ၏ အင်အားအကောင်းဆုံး နယ်ခြားစောင့်တပ်နှင့် ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်များ အဓိကအားကိုးရသည့် နယ်ခြားစောင့်တပ်များက စစ်ကောင်စီအမိန့် မနာခံတော့ဟု ဆိုခြင်းက စစ်ကောင်စီ၏အရှိုက်ကို အထိုးခံရခြင်းဖြစ်၏။ ကရင်နယ်ခြားစောင့်တပ်သည် စစ်ကောင်စီနှင့်အတူ ပြိုလဲမခံနိုင်ဟု တွက်ဆပြီး ဆုံးဖြတ်ချက်ချပုံရ၏။

လက်ရှိကာလတွင် မြဝတီ၊ ရွှေကုက္ကိုနှင့် သူတို့၏ တပ်ရင်းများတွင်သာ ခံစစ်ယူထားပြီး ကြားနေမည်ဟု ဆိုထား၏။ စစ်ကောင်စီ၏အမိန့်ကို နာခံခြင်း မရှိတော့သကဲ့သို့ စစ်ဆင်ရေးများတွင်လည်း ပါဝင်ခြင်း မရှိတော့ဟု ဆိုထား၏။ ယခင် နယ်ခြားစောင့်တပ် ညွှန်မှူးဟောင်း၊ လက်ရှိ စစ်ကောင်စီ ဝန်ကြီးဖြစ်သူ၊ လက်ရှိ နယ်ခြားစောင့်တပ် ညွှန်မှူးကို စေလွှတ်ပြီး ဗိုလ်မှူးကြီး စောချစ်သူနှင့် ဆွေးနွေးသော်လည်း သဘောတူညီချက် မရသကဲ့သို့ ဒုချုပ် စိုးဝင်းကိုယ်တိုင် ဘားအံသို့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီချက် မရပေ။

လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ်များသည် စစ်ကောင်စီတပ်များအား တိုက်ခိုက်မည် မဟုတ်သော်လည်း စစ်ကောင်စီ၏ ကရင်စစ်မျက်နှာ စစ်ဆင်ရေးများတွင် အားကိုးအားထား မရှိတော့ဘဲ ယုတ်လျော့သွားတော့မည် ဖြစ်၏။

ကရင် နယ်ခြားစောင့်တပ်များအားလုံး စစ်တပ်နှင့် တွဲထားသည့် စစ်ဆင်ရေးနယ်မြေများမှ ပြန်လည်ဆုတ်ခွာရန် ဇန်နဝါရီလ ၂၁ ရက်တွင် စတင်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း၊ စံဖူးတွင် PNLO နှင့် တိုက်ပွဲဖြစ်ပွားသည့်နေ့ဖြစ်၏။ ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီတပ်မှ ဒုချုပ် စိုးဝင်းကိုယ်တိုင် ကရင်ပြည်နယ်သို့ လာရောက်၍ ဖျောင်းဖျရန် ကြိုးစားသော်လည်း အောင်မြင်မှု မရရှိပေ၊၊

လောလောဆယ်တွင် ဗိုလ်မှူးကြီး စောချစ်သူတပ်များသည် ကြားနေမည်၊ ကိုယ့်ဒေသကိုယ် ကာကွယ်မည်ဟု ကြေညာထားပြီး စစ်တပ်အား ချက်ချင်း ပြန်လည်တိုက်ခိုက်မှု ပြုမည်မဟုတ်သော်လည်း စစ်တပ်အတွက် ကရင်စစ်မျက်နှာတွင် လက်မောင်းတဖက် ပြုတ်သွားပြီဖြစ်၏။

လောလောဆယ်တွင် ဗိုလ်မှူးကြီး စောချစ်သူတပ်များသည် ကြားနေမည်၊ ကိုယ့်ဒေသကိုယ် ကာကွယ်မည်ဟု ကြေညာထားပြီး စစ်တပ်အား ချက်ချင်း ပြန်လည်တိုက်ခိုက်မှု ပြုမည်မဟုတ်သော်လည်း စစ်တပ်အတွက် ကရင်စစ်မျက်နှာတွင် လက်မောင်းတဖက် ပြုတ်သွားပြီဖြစ်၏။

စစ်ဆင်ရေးလုပ်ရန် မဆိုထားနှင့် သူ၏တပ်များအား ရိက္ခာပို့ရန်ပင် ခက်ခဲသွားပြီဖြစ်၏။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ မှ ၂၄ ရက်အတွင်း ရှမ်းပြည်တောင်ပိုင်း၌ စစ်မျက်နှာအသစ် ပေါ်လာခြင်းနှင့် ကရင်စစ်မျက်နှာ အပြောင်းအလဲဖြစ်ခြင်းသည် တိုက်တိုက်ဆိုင်ဆိုင် တချိန်တည်း ပေါ်ပေါက်လာ၏။

ထို့ပြင် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကရင်နီပြည်နယ်၌ စစ်တပ်၏ တပ်ရင်းများနှင့် တပ်ရင်းလိုက် ဘက်ပြောင်းရန် ညှိနှိုင်းနေသည်ဟု KNDF က ကြေညာသည်ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့အား ရက္ခိုင့်တပ်တော် (AA) က အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟု ကြေညာသည်ကိုလည်းကောင်း၊ KIA က ခလရ ၁၂၃ နှင့် နန့်ဖတ်ကာမြို့ကို သိမ်းပိုက်နိုင်ပြီဟု ကြေညာသည်ကိုလည်းကောင်း ကြားသိရ၏။

ကံဆိုးမိုးမှောင်ကျမှုများသည် တကိုယ်တည်းမလာ၊ အဖော်အပေါင်းနှင့် လာ‌နေသည်ကို စစ်ကောင်စီတပ် ကြုံနေရပေပြီ။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

ဟိုပုံးတိုက်ပွဲအပြီး စစ်တပ်ဖမ်းသွားသည့် PNLO တောင်ကြီးတာဝန်ခံ ပြန်လွတ်လာ

သံတမန်များပါသည့် ယာဉ်တန်း အတိုက်ခံရမှု ၎င်းတို့ လက်ချက်မဟုတ်ဟု PNLO ငြင်း

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ကရင် BGF တပ်များ မြဝတီ ပြန်ဆုတ်

Your Thoughts …
Tags: BGFKIAKNDFPDFPNLOPNO/PNASliderSSPPTNLAUWSAကရင်ပြည်နယ်ကလလတစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုနယ်ခြားစောင့်တပ်ပြည်သူ့စစ်ရလလဖရှမ်းပြည်နယ်လက်နက်ခဲယမ်းလေကြောင်းတိုက်ခိုက်မှု
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဖိထာ ဆက်ရပ်တည်ခွင့်ရသော်လည်း ပါတီအနာဂတ် ထိုင်းတရားရုံး လာမည့်အပတ် ဆုံးဖြတ်မည်

ဖိထာ ဆက်ရပ်တည်ခွင့်ရသော်လည်း ပါတီအနာဂတ် ထိုင်းတရားရုံး လာမည့်အပတ် ဆုံးဖြတ်မည်

တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း

တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

22 hours ago
8.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate