• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

by Bertil Lintner
20 March 2024
in ဆောင်းပါး
A A
ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

၂၀၁၄ ခုနှစ်က တွေရသည့် SSA/SSPP တပ်ဖွဲ့ဝင်များ / Hseng Noung Lintner

17.5k
VIEWS
Share on FacebookShare on Twitter

မတ်လကုန်ဆုံးခြင်းသည် မြန်မာမှ ရှမ်းတော်လှန်ရေးတပ်ဖွဲ့ အမျိုးမျိုးအကြား ညီညွတ်ရေး တည်ဆောက်ရန် ကြိုးစားမှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်ကာလ ဖြစ်သည်။ ၁၉၆၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA)၊ ရှမ်းအမျိုးသား ညီညွတ်ရေးတပ်ဦး (SNUF) နှင့် ကိုးကန့်တော်လှန်ရေးတပ်မတော် (KRF) တို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှ လျှို့ဝှက်နေရာတခုတွင် တွေ့ဆုံပြီး ရှမ်းပြည်တပ်မတော် (SSA) ကို ထူထောင်သည်။ ထိုဆုံးဖြတ်ချက်ကို ရှမ်းပြည်နယ်အတွင်းမှ ရွာတရွာတွင် ထိုနှစ် ဧပြီလ ၂၄ ရက်နေ့က ကြေညာပြီး ထိုနေ့သည် SSA ကို တည်ထောင်သည့် တရားဝင်နေ့ ဖြစ်လာသည်။

ထိုသို့ လုပ်ကိုင်ခြင်းသည် အာမခံချက် ရှိပုံရသည်။ ညောင်ရွှေ မဟာဒေဝီ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ ကျန်ရစ်သူဇနီး စောဝ်နန်းဟိန်ခမ်သည် SSA ၏ စစ်ကောင်စီကို ဦးဆောင်သည်။ သူသည် သိန္နီပြည်နယ်ကို ကိုယ်စားပြုသည့် ပါလီမန်ကိုယ်စားလှယ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ကို လွန်စွာ ထောက်ခံကာ ကျော်ကြားသော နိုင်ငံရေးသမားတဦးလည်း ဖြစ်သည်။ သို့သော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းသောအခါ ဖက်ဒရယ်စနစ် ဖျက်သိမ်းခံရသည်။

ထိုအချိန်သည် ရန်ကုန်၏နေအိမ်တွင် သူ၏သားများအနက် တဦးဖြစ်သူ စိုင်းမြေး သတ်ဖြတ်ခံရပြီး စဝ်ရွှေသိုက်လည်း အဖမ်းခံရသည့်အချိန် ဖြစ်သည်။ ထိုသမ္မတဟောင်းသည် ထိုနှစ် နိုဝင်ဘာလတွင် ထောင်တွင်း၌ ကွယ်လွန်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခြင်းဖြစ်သည်ဟု ယူဆရသည်။ စဝ်ရွှေသိုက်နှင့် စောဝ်နန်းဟိန်ခမ်တို့၏ အခြား သားတယောက်ဖြစ်သူ လူငယ်ပညာရှင် စဝ်ဇန်ယောင်ဟွေသည် SSA ၏ အဓိက သဘောတရားရေးဆရာ ဖြစ်သည်။

ဂုဏ်သတင်းကောင်းများ ရှိသော်လည်း ထိုအဖွဲ့အစည်းသည် မတူညီသော ရည်ရွယ်ချက်နှင့် အစီအစဉ်များရှိသည့် ကွဲပြားခြားနားသော အုပ်စုများကို စုစည်းထားခြင်း ဖြစ်သည်။ ထို့ပြင် ရှမ်းတော်လှန်ရေးအင်အားစု အားလုံး ထိုတပ်မတော်သစ်တွင် ပါဝင်ကြသည် မဟုတ်ပေ။

ထိုသို့သော ဂုဏ်သတင်းကောင်းများ ရှိသော်လည်း ထိုအဖွဲ့အစည်းသည် မတူညီသော ရည်ရွယ်ချက်နှင့် အစီအစဉ်များရှိသည့် ကွဲပြားခြားနားသော အုပ်စုများကို စုစည်းထားခြင်း ဖြစ်သည်။ ထို့ပြင် ရှမ်းတော်လှန်ရေးအင်အားစု အားလုံး ထိုတပ်မတော်သစ်တွင် ပါဝင်ကြသည် မဟုတ်ပေ။

စဝ်ဇန်ယောင်ဟွေ (ဝဲဘက်မှ ဒုတိယမြောက်)

ကျိုင်းတုံမှ ဒေသခံတော်လှန်ရေးအဖွဲ့ဖြစ်သည့် ရှမ်းအမျိုးသား တပ်မတော် (SNA) သည် ထိုတပ်ဖွဲ့တွင် ပါဝင်ခြင်း မရှိသလို ရှမ်းတပ်များတွင် သက်တမ်းအရင့်ဆုံးဖြစ်သည့် နွမ်စစ်ဟန် (Noom Suk Harn ငယ်ရွယ်ရဲရင့်သော စစ်သည်တော်များ) သည်လည်း ပါဝင်ခြင်း မရှိပေ။

၁၉၆၁ ခုနှစ်တွင် ဘုန်းကြီးလူထွက် ဦးကုဏ္ဍလ (ခေါ်) ကျောက်ဝါးခမ်း တည်ထောင်သည့် SNA သည် သူတို့ကိုယ် သူတို့ အခြားရှမ်းများနှင့်မတူဟု သတ်မှတ်သည့် ကျိုင်းတုံရှမ်းများ အကြားတွင် အာဏာအခြေခံ ရှိသည်။ ၁၉၅၈ ခုနှစ်တွင် နွမ်စစ်ဟန်ကို ယူနန်ဖွား ကျေးလက် စစ်ဘုရင် စိုင်းနွဲ့ (စောရန်ဒ) က တည်ထောင်ပြီး ရှမ်းတက္ကသိုလ်ကျောင်းသားများ သူနှင့်ပူးပေါင်းအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် ထိုကျောင်းသားများသည် မကြာမီ စိုင်းနွဲ့နှင့် အဆင်မပြေဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် SSIA ကို ထူထောင်ကြသည်။ SNUF သည် လက်နက်ကိုင်အဖွဲ့အစည်းတခု မဟုတ်ဘဲ ထိုစဉ်က မတူညီသည့် ရှမ်းတပ်မတော်များကို ညီညွတ်စေရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် ဖိုရမ်တခုသာ ဖြစ်သည်။ ထိုအဖွဲ့ကို မိုးဟိန်းက ဦးဆောင်ပြီး သူ၏အမည်ကို ရောမအက္ခရာဖြင့် Kwon Zerng သို့မဟုတ် Korn Zurng ဟုလည်း သိကြသည်။

သူသည် တခါက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် မဟာမိတ်ဖွဲ့ခဲ့ဖူးပြီး ၁၉၅၆ ခုနှစ်တွင် ခွဲထွက်ကာ သီးခြား ရှမ်းပြည် ကွန်မြူနစ်ပါတီကို တည်ထောင်သည်။

KRF ကို ၁၉၆၃ ခုနှစ်တွင် တည်ထောင်ပြီး ထိုအမည်တွင် ဖော်ပြထားသည့်အတိုင်း ကိုးကန့်ဒေသတွင် အခြေစိုက်စခန်းရှိသည်။ ထိုဒေသသည် ရှမ်းပြည် အရှေ့မြောက်ပိုင်းဒေသမှ တရုတ်လူမျိုးစုများ နေထိုင်ရာဒေသ ဖြစ်သည်။ ထိုအဖွဲ့ခေါင်းဆောင် ဂျင်မီယန်း (ယန်ကျန်းရှန် သို့မဟုတ် ယန်ကျင်းစိန်) သည် ကိုးကန့်ပါလီမန် အမတ်ဟောင်းတဦးနှင့် East Burma Bank ကို တည်ထောင်သူ ဖြစ်သည်။

ရှမ်းတော်လှန်ရေး ရင်ဆိုင်ရသည့် အခြားအဓိက ပြဿနာမှာ ၎င်းတို့လှုပ်ရှားနေသော ဒေသများသည် ဘိန်းနိုင်ငံရေးနှင့် အခြား သွေးကွဲစေသာကိစ္စများ လွှမ်းမိုးသည့် ရွှေတြိဂံဒေသ ဖြစ်သည်။

စတင်ချိန်ကတည်းကပင် ဒေသစွဲသည် အဓိက ပြဿနာဖြစ်သည်။ SNA က ရှမ်းပြည်အရှေ့ပိုင်းတွင် အခြေစိုက်သည်။ နွမ်စစ်ဟန် အကြွင်းအကျန်များသည် ထိုင်းနယ်စပ် ချင်းဒေါ တဖက်တွင် လှုပ်ရှားနေသည်။ ဂျင်မီယန်းသည် ၁၉၄၉ ခုနှစ်တွင် မော်စီတုန်း ကွန်မြူနစ်များ၏ ချေမှုန်းခံရပြီး ရှမ်းပြည်နယ်အတွင်းသို့ ဆုတ်ခွာလာသည့် တရုတ်အမျိုးသားရေး ကူမင်တန်များနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်သည်။ ရှမ်းတော်လှန်ရေး ရင်ဆိုင်ရသည့် အခြားအဓိက ပြဿနာမှာ ၎င်းတို့လှုပ်ရှားနေသော ဒေသများသည် ဘိန်းနိုင်ငံရေးနှင့် အခြား သွေးကွဲစေသာကိစ္စများ လွှမ်းမိုးသည့် ရွှေတြိဂံဒေသ ဖြစ်သည်။

KRF ကို ဆုံးရှုံးပြီးနောက် SSA မှ နောက်ထပ်ခွဲထွက်သော အဖွဲ့တခုမှာ မိုးဟိန်း ဦးဆောင်သည့် ၎င်း၏ တတိယ တပ်မဟာဖြစ်သည်။ ကူမင်တန်၏ အထောက်အပံ့ဖြင့် သူသည် ရှမ်းပြည်ညီညွတ်သော တော်လှန်ရေးတပ်မတော် (SURA) ကို ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တည်ထောင်ပြီး ချင်းဒေါမြို့အနောက်မြောက်ဘက် ထိုင်း-ရှမ်းနယ်စပ် ပီယန်လွန်တွင် အခြေစိုက်စခန်း ထူထောင်သည်။

ပီယန်လွန် နယ်စပ်တွင် SURA တပ်ဖွဲ့ဝင်တဦးကို ၁၉၈၄ ခုနှစ်က မြင်ရစဉ် / Hseng Noung Lintner

အဓိကအားဖြင့် ရွေ့လျားပြောက်ကြားတပ်ဖြစ်သော SSA နှင့်မတူဘဲ SURA သည် ပီယန်လွန်ကို အခိုင်အမာ ထိန်းချုပ်ကာ နယ်စပ်တဖက်အနီးတွင် အမြဲတမ်း စခန်းများရှိပြီး ထိုအချက်ကြောင့် မိုးဟိန်းသည် သူ၏ဒေသတွင်းတွင် ကျောင်းများ ထူထောင်ပြီး ပုံနှိပ်စက်များကို စီမံနိုင်သည့် ရှမ်းပညာတတ်များကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ရှမ်းပြည်နယ်အတွင်း SURA တည်ရှိမှုသည် အကန့်အသတ်ရှိပြီး မြန်မာစစ်တပ်နှင့် တိုက်ပွဲ မဖြစ်ပွားသလောက်ပင် ဖြစ်သည်။ အခြားတဖက်တွင်လည်း SURA သည် ရွှေတြိဂံဒေသအတွင်းတွင် ကူမင်တန်၏ လှုပ်ရှားမှုလက်တံဖြစ်လာပြီး ၎င်းတို့၏ ဝန်တင် မြည်းတန်းများသည် ဘိန်းကို ထိုင်းနယ်စပ်ရှိ ဓာတ်ခွဲခန်းများသို့ သယ်ဆောင်ကြကာ ဘိန်းကုန်ကြမ်းကို ဘိန်းဖြူအဖြစ် ချက်လုပ်ကြသည်။ ထို့ကြောင့် ပီယန်လွန်သည် မြို့ငယ်လေးတမြို့အဖြစ် ကြီးထွားလာပြီး ထိုင်း-ရှမ်းနယ်စပ်တွင် အကြွယ်ဝ အချမ်းသာဆုံး အခြေချဒေသများအနက် တခုဖြစ်လာသည်။

အုပ်စုများပြန့်ကျဲနေခြင်း၊ မဟာမိတ်ဖွဲ့စည်းမှု ပြောင်းလဲခြင်းနှင့် ဘိန်းကုန်ကူးရာမှရသည့် ချမ်းသာကြွယ်ဝမှုတို့သည် ရှမ်းပြည်နယ်ကို ဖရိုဖရဲ မင်းမဲ့ဝါဒ အားပြိုင်နေသည့်နေရာ ဖြစ်စေခဲ့ပြီး တနှစ်ပြီးတနှစ် အခြေအနေ ပိုမိုဆိုးရွားစေသည်။

မြန်မာစစ်တပ်သည်ပင် မိုးခါးရေသောက်ပြီး ဘိန်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ထိရောက်သော ပုန်ကန်မှု နှိမ်နင်းရေးလုပ်ရန် ဗဟိုအစိုးရတွင် ငွေလုံလောက်စွာ မရှိသလို အစိုးရသည် ပြည်တွင်းတွင် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများကိုလည်း ရင်ဆိုင်နေရသည်။

တိုင်းရင်းသားလက်နက်ကိုင်များကိုတိုက်ခိုက်ရန်အတွက် စစ်တပ်သည် ၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေး ဟုခေါ်သည့် ဒေသဆိုင်ရာ ပြည်သူ့စစ်များ ဖွဲ့စည်းခွင့်ပေးသည်။ ထိုပြည်သူ့စစ်များသည် ရှမ်းပြည်နယ်မှ အစိုးရထိန်းချုပ် မြို့များနှင့် လမ်းများကို ဘိန်းကုန်ကူးရန် အသုံးပြုခွင့်ပေးပြီး အပေးအယူအနေဖြင့် သူပုန်များကို တိုက်ခိုက်စေသည်။

တိုင်းရင်းသားလက်နက်ကိုင်များကိုတိုက်ခိုက်ရန်အတွက် စစ်တပ်သည် ၁၉၆၃ ခုနှစ်တွင် ကာကွယ်ရေး ဟုခေါ်သည့် ဒေသဆိုင်ရာ ပြည်သူ့စစ်များ ဖွဲ့စည်းခွင့်ပေးသည်။ ထိုပြည်သူ့စစ်များသည် ရှမ်းပြည်နယ်မှ အစိုးရထိန်းချုပ် မြို့များနှင့် လမ်းများကို ဘိန်းကုန်ကူးရန် အသုံးပြုခွင့်ပေးပြီး အပေးအယူအနေဖြင့် သူပုန်များကို တိုက်ခိုက်စေသည်။ ဘိန်းကုန်ကူးခြင်းဖြင့် ကာကွယ်ရေးများသည် ကိုယ့်ဝင်ငွေ ကိုယ်ရှာနိုင်မည်ဟု စစ်တပ်က မျှော်လင့်ခဲ့သည်။ ကိုးကန့်ကာကွယ်ရေးခေါင်းဆောင် လော်စစ်ဟန်၊ လွယ်မော် ကာကွယ်ရေး ခေါင်းဆောင် ကျောင်ချီဖူ ခေါ် ခွန်ဆာတို့သည် ထိုအပေးအယူဖြင့် ချမ်းသာလာသူများတွင် ပါဝင်သည်။

ခွန်ဆာ / Hseng Noung Lintner

သို့သော် ပုန်ကန်မှုနှိမ်နင်းရေးအတွက် အစိုးရ၏ ငွေကြေးပြဿနာကို ဖြေရှင်းမပေးနိုင်ခဲ့ပေ။ ကာကွယ်ရေး ပြည်သူ့စစ်များကို ၁၉၇၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။ လော်စစ်ဟန်သည် မြေအောက်သို့ ကူးပြောင်းသွားကာ SSA နှင့် ပူးပေါင်းပြီး SSA ကလည်း သူ ထုတ်လုပ်သမျှ ဘိန်းများကို အမေရိကန် အစိုးရသို့ ရောင်းပါက သူ့ကို အကာအကွယ် (ခိုလှုံခွင့်) ပေးထားရန် သဘောတူသည်။

၁၉၇၂-၁၉၇၃ ခုနှစ် SSA တို့ထံတွင် ၁၆ လ နေထိုင်ခဲ့သည့် ဗြိတိန်မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ အက်ဒရီယန် ကောင်းဝဲလ်က ထိုကိစ္စအတွက် အမေရိကန်အစိုးရထံ အဆိုပြုချက်ကို မူကြမ်းရေးသားပေးသည်။ သို့သော် ထိုအဆိုပြုချက်ကို ဘန်ကောက်ရှိ အမေရိကန် သံရုံးသို့ပေးပို့ရန် သူသွားသည့်အချိန်တွင် လော်စစ်ဟန်ကို ရှမ်းနယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အဖမ်းခံရပြီး သူ့ကို မြန်မာသို့ လွှဲပြောင်းပေးလိုက်သည်။

သူ့ကို နိုင်ငံတော်ပုန်ကန်မှုအတွက် သေဒဏ်ချခြင်းဖြစ်ပြီး သူ့ကို တရားဝင် ခွင့်ပြုထားသည့် ဘိန်းကုန်ကူးခြင်းအတွက် သေဒဏ်ချခြင်း မဟုတ်ပေ။ SSA နှင့် ခဏတာ ပူးပေါင်းခဲ့ခြင်းအတွက် နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ချခြင်းဖြစ်သည်။

သို့သော် လော်စစ်ဟန်သည် မည်သည်အခါမှ စီရင်ခံရခြင်း မရှိပေ။ သူ့ကို ၁၉၈၀ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တွင် လွှတ်ပေးပြီး လားရှိုးအရှေ့တောင်ဘက်တွင် စစ်စခန်းတခု တည်ဆောက်ရန် ကျပ် ၂ သန်း (ထိုစဉ်က လွန်စွာများပြားသောငွေ) ကို အစိုးရက ပေးသည်။

သံလွင်ကျေးရွာစုဟု ခေါ်ပြီး ထိုအဖွဲ့သည် ယခုတကြိမ်တွင်မူ ပြည်သူ့စစ် အစီအစဉ်အောက်မှ နယ်မြေစောင့်တပ်ဖြစ်သလို ကာကွယ်ရေးတပ်ဟောင်း ဖျက်သိမ်းပြီးနောက် ပထမဆုံး စတင်သည့် အစီအစဉ် ဖြစ်သည်။ ထိုသဘောတူညီချက်သစ်သည် စစ်တပ်နှင့် ဒေသဆိုင်ရာ ပြည်သူ့စစ်များအကြား ယခင် သဘောတူညီချက်ဟောင်းကဲ့သို့ပင် ပုန်ကန်သူများကို တိုက်ခိုက်ရေးနှင့် အပေးအယူအနေဖြင့် အစိုးရထိန်းချုပ် မြို့များလမ်းများကို မှောင်ခိုလုပ်ငန်းအတွက် အသုံးပြုခွင့်ပေးခြင်း ဖြစ်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
131
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k
သဇင်ပန်း

သဇင်ပန်း

10 January 2026
102

ကာကွယ်ရေးတပ်များအကြား ထင်ရှားသူမှာ ခွန်ဆာဖြစ်ပြီး ရှမ်းတော်လှန်ရေး ကိုယ်စားလှယ်များနှင့် အစည်းအဝေး အပြီး ၁၉၆၉ ခုနှစ်တွင် ဖမ်းဆီးခံရသည်။ ထိုကြောင့် သူ၏လူများသည် မြေအောက်သို့ ရောက်သွားပြီး ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် တောင်ကြီး၌ ဆိုဗီယက်က တည်ဆောက်နေသည့် ဆေးရုံတခုမှ ရုရှားဆရာဝန် နှစ်ဦးကို ပြန်ပေးဆွဲသည်။

အခြား ကာကွယ်ရေးတပ်များအကြား ထင်ရှားသူမှာ ခွန်ဆာဖြစ်ပြီး ရှမ်းတော်လှန်ရေး ကိုယ်စားလှယ်များနှင့် အစည်းအဝေး အပြီး ၁၉၆၉ ခုနှစ်တွင် ဖမ်းဆီးခံရသည်။ ထိုကြောင့် သူ၏လူများသည် မြေအောက်သို့ ရောက်သွားပြီး ၁၉၇၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် တောင်ကြီး၌ ဆိုဗီယက်က တည်ဆောက်နေသည့် ဆေးရုံတခုမှ ရုရှားဆရာဝန် နှစ်ဦးကို ပြန်ပေးဆွဲသည်။

ထိုဆရာဝန်များ လွတ်မြောက်ရေးအတွက် ခွန်ဆာကို ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၌ မန္တလေးတွင် လွှတ်ပေးသည်။ သူသည် သူ့လူများနှင့် ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်ပူးပေါင်းပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း ဘန်ဟင်တက်သို့ ပြောင်းရွှေ့သွားသည်။ လွယ်မော်ကာကွယ်ရေးအဖွဲ့သည် ရှမ်းပြည်ညီညွတ်သော တပ်မတော် (SUA) အဖြစ် ပြောင်းလဲသွားပြီး ရှမ်းပြည်နယ်အတွက် တိုက်နေသည်ဟု ပြောသည်။

သံလွင်မြစ်ကို ဖြတ်ကူးနေသည့် SSA/SSPP တပ်ဖွဲ့ဝင်များ / Bertil Lintner

သို့သော် ထိုင်းနိုင်ငံတွင် ထိုသို့ရှိနေခြင်းသည် အရှက်ကွဲစရာဖြစ်လာပြီး ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထိုင်းစစ်တပ်က သူနှင့် SUA ကို ထိုင်းနိုင်ငံမှ ထွက်သွားခိုင်းသည်။ သို့သော် ၎င်းတို့သည် အနောက်တောင်ပိုင်းသို့ အသာအယာ ရွှေ့ပြောင်းသွားကာ ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် တဖက် ဟိုမောင်းတွင် ဌာနချုပ် ပြန်လည် တည်ဆောက်သည်။

ရှမ်းများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် ထိုင်းများအကြား သူ့အပေါ် အယုံအကြည်ရှိစေရန် လုပ်သည့်အနေဖြင့် သူ၏လှုပ်ရှားမှုတွင် ရှမ်းအခြေအမြစ်ကို မီးမောင်းထိုးပြလာသည်။ ပထမဆုံး ခြေလှမ်းမှာ ထိုင်းလုံခြုံရေး အသိုက်အဝန်းနှင့် အဆက်အသွယ်ရှိသော အချိတ်အဆက်များကို လုပ်ကြံသတ်ဖြတ်ပြီး သူ၏ လူများနှင့် အစားထိုးရန်ဖြစ်သည်။

၁၉၈၇ ခုနှစ် အစောပိုင်းတွင် သူသည် နယ်စပ်ရှိ ထိုင်းဘက်၌ အခြေချနေဆဲတွင်ပင် SSA ၏ အကျွမ်းကျင်ဆုံး တပ်မှူး နှစ်ဦးဖြစ်သည့် စိုင်းမုန်းနှင့် ပန်အောင်တို့သည် ထိုစစ်ဘုရင်ကို တွေ့ဆုံရန် ဘန်ဟင်တက်သို့ သွားစဉ် သဲလွန်စမရှိ ပျောက်ဆုံးသည်။

၁၉၈၃ ခုနှစ်၊ မေလတွင် ခွန်ဆာသည် ဟိုမောင်းတွင် ပြန်လည် နေထိုင်စဉ် SSA ၏ ထိုင်းနှင့် ဆက်ဆံရေး အရာရှိချုပ် ဆိုင်းဟန်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ နေအိမ်တွင် သတ်ဖြတ်ခံရသည်။ ထိုနောက် လုပ်ကြံသတ်ဖြတ်မှု အများအပြားဖြစ်လာပြီး သတ်ဖြတ်ခံရသူအားလုံးသည် နယ်စပ်တွင် အခြေစိုက်သည့် SSA အရာရှိများ ဖြစ်သည်။

နောက်ထပ် ခြေလှမ်းတခုမှာ SUA ကို မိုးဟိန်းအုပ်စုနှင့် ပူးပေါင်းရန်ဖြစ်ပြီး မုံတိုင်းတပ်မတော် (MTA) ဟု ခေါ်သည့် အဖွဲ့သစ်တခု တည်ထောင်သည်။ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လတွင် မိုးဟိန်း သေဆုံးပြီးနောက် ခွန်ဆာသည် MTA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ တရားဝင်ခေါင်းဆောင် ဖြစ်လာသည်။

သို့သော် လူအများအပြား အံ့သြစရာဖြစ်ခဲ့ရသည်မှာ ခွန်ဆာသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာစစ်တပ်ထံ လက်နက်ချပြီး သူ၏ စစ်တပ်ကို ဖျက်သိမ်းကာ ရန်ကုန်သို့ ရွှေ့ပြောင်းနေထိုင်သည်မှာ သူသေဆုံးသည့် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ဖြစ်သည်။

ထိုစဉ်က အငယ်တန်းအရာရှိ တဦးဖြစ်သူ ယွက်စစ် ခေါင်းဆောင်သည့် အုပ်စုတစုသည် SURA ကို ပြန်လည် အသက်သွင်းကာ RCSS ခေါင်းဆောင် ဖြစ်လာသည်။ နောက်ပိုင်းတွင် သူ၏ စစ်တပ်အင်အား ကြီးထွားလာသောအခါ ထိုတပ်ဖွဲ့ကို ရှမ်းပြည်တပ်မတော် (SSA) ဟု အမည်ပေးသည်။ ထိုသို့ အမည်ပေးခြင်းသည် ရှုပ်ထွေးမှုများ ဖြစ်စေပြီး မီဒီယာများက ယွက်စစ်၏ စစ်တပ်ကို ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဟု ခေါ်ပြီး မူလ SSA ကို ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဟု ခေါ်သည်။ သို့သော် ထိုအမည်များကို ထိုအဖွဲ့ နှစ်ဖွဲ့လုံးက အသုံးမပြုပေ။

စဝ်ဇန်ယောင်ဟွေ / Hseng Noung Lintner

မူလ SSA သည် ထိုအချိန်တွင် အကောင်းနှင့် အဆိုးများကို ဖြတ်သန်းနေရသည်။ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဟု ခေါ်သည့် နိုင်ငံရေးအဖွဲ့အစည်းတခုကို ဖွဲ့စည်းပြီး ထိုလှုပ်ရှားမှုသည် တည်ငြိမ်လာပုံရသည်။

သို့သော် ၎င်းတို့၏ ဘိန်းအဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက စဉ်းစားသုံးသပ်ပြီး ပယ်ချလိုက်သောအခါ အခြေအနေပြောင်းလဲသွားသည်။ SSA သည် အနောက်တိုင်းမှ အနည်းဆုံး စိတ်ဓာတ်ရေးရာ ထောက်ခံမှုရရန် မျှော်လင့်ထားခဲ့သော်လည်း ထိုအစီအစဉ် မအောင်မြင်သောအခါ ၎င်းတို့သည် ဗမာပြည်ကွန်မြူနစ်ပါတီဘက်သို့ လှည့်ပြီး ဗကပ ကလည်း တရုတ်မှ ရထားသော လက်နက်များ ထောက်ပံ့သည်။

ဗကနှင့် မဟာမိတ်ဖွဲ့သောကြောင့် SSA အတွင်း အကွဲအပြဲ ဖြစ်စေသည်။ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည့် စဝ်ဇန်ယောင်ဟွေနှင့် သူ၏မိတ်ဆွေရင်း စဝ်ဆိုင်စစ် (ခေါ်) ခွန်ကြာနုတို့သည် ချင်းမိုင်တွင် အနားယူကြသည်။

ဗကနှင့် မဟာမိတ်ဖွဲ့သောကြောင့် SSA အတွင်း အကွဲအပြဲ ဖြစ်စေသည်။ ခေါင်းဆောင်ဟောင်းများ ဖြစ်ကြသည့် စဝ်ဇန်ယောင်ဟွေနှင့် သူ၏မိတ်ဆွေရင်း စဝ်ဆိုင်စစ် (ခေါ်) ခွန်ကြာနုတို့သည် ချင်းမိုင်တွင် အနားယူကြသည်။ စဝ်ဇန်ယောင်ဟွေသည် ကနေဒါသို့ ရွှေ့ပြောင်းအခြေချပြီး အများပြည်သူ လေးစားခံရသည့် ပညာရှင် ဖြစ်လာသည်။ ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် သူကွယ်လွန်သည်။ ခွန်ကြာနုသည် ၂၀၀၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ချင်းမိုင်၌ ကွယ်လွန်သည်။

ယနေ့တွင် SSA/SSPP သည် ဗကပကို ဆက်ခံသည့် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရင်းနှီးသော မဟာမိတ်ဖြစ်ပြီး စစ်ရေးအထောက်အပံ့အတွက် ထိုအဖွဲ့ကို မှီခိုသည်။ သို့သော် UWSA ကဲ့သို့ပင် ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲပြီး ရှမ်းပြည်အလယ်ပိုင်း ကျေးရွာတခုဖြစ်သော ဝမ်ဟိုင်းတွင် ဌာနချုပ်တခုကို ထူထောင်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက နေပြည်တော်တွင် ယွက်စစ်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် / Cincds

ထိုဌာနချုပ်သည် အကြိမ်ကြိမ် တိုက်ခိုက်ခံရသော်လည်း ယခုအခါ အပစ်အခတ်ရပ်စဲရေးသည် တည်မြဲ နေပုံရသည်။ RCSS သည်လည်း စစ်တပ်၏ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းတွင် အိမ်ခြံမြေ တည်ဆောက်ရေးလုပ်ငန်းနှင့်သာ အလုပ်ရှုပ်နေသည်။

ကျန်တနိုင်ငံလုံးတွင် ဖရိုဖရဲအခြေအနေများ ရင်ဆိုင်နေရစဉ်တွင် စုစုပေါင်းအင်အား ၂၀,၀၀၀ ခန့်ရှိသော ရှမ်းတပ်များသည် နောက်ကွယ်တွင်သာ ရှိနေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းသော စစ်ကောင်စီကို ဆန့်ကျင်သည့် တနိုင်ငံလုံးလှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိပေ။ ရှမ်းပြည်နယ်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားသော်လည်း မြန်မာစစ်တပ်နှင့် ကချင်၊ ပလောင်နှင့် ကိုးကန့်တပ်များအကြား မြောက်ပိုင်းတွင် ဖြစ်ပွားခြင်းဖြစ်သည်။

ရှမ်းတပ်မတော်များသည် တနိုင်ငံလုံး အခြေအနေတွင် မည်သည်နေရာ၌ ကျန်ရစ်ခဲ့သည်ကို ပြောရန်ခက်သော်လည်း ၎င်းတို့ဘက်က လှုပ်ရှားမှု မရှိသောကြောင့် စစ်ကောင်စီကို တော်လှန်နေကြသည့် အင်အားစုများအကြား ခါးသီးသောဒေါသကို ဖြစ်စေသည်။ RCSS သည် စစ်ကောင်စီ၏ မဟာမိတ်အဖြစ်ပင် မြင်ကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ ယွက်စစ်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ရှမ်းပြည်နယ်နှင့် နိုင်ငံတည်ငြိမ်ရေးအတွက် လိုအပ်သော အစီအမံများကို ရင်းရင်းနှီးနှီး ဆွေးနွေးကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။ RCSS/SSA က NCA လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှ နယ်မြေများကို သိမ်းပိုက်ရန် ကြိုးစားသောအခါ RCSS/SSA နှင့် SSPP/SSA အကြား တိုက်ပွဲများပင် ဖြစ်ပွားပြီး ထိုကိစ္စသည် ၁၉၆၄ ခုနှစ်က ချင်းမိုင်တွင် တွေ့ဆုံခဲ့သူများ ရည်မှန်းထားသည့် ကိစ္စမဟုတ်ပေ။

သို့သော် ရှမ်းနိုင်ငံရေး၏ ကြမ်းတမ်း ရှုပ်ထွေးမှုများသည် ရှမ်းနိုင်ငံရေးလှုပ်ရှားမှုကဲ့သို့ပင် သက်တမ်းရှည်ကြာပြီ ဖြစ်သည်။ မည်ကဲ့သို့ နိုင်ငံရေးနှင့် ဖက်ဒရယ်စနစ်အတွက် တိုက်ပွဲဝင်သင့်သည်နှင့် ပတ်သက်သည့် ရည်မှန်းချက်ရှိသော စဝ်ဇန်ယောင်ဟွေ ကဲ့သို့သော ခေါင်းဆောင်မျိုး ယနေ့တွင် မရှိတော့ပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Why Shan State’s Formidable Armies Have Shunned the Fight Against Myanmar’s Junta ကို ဘာသာပြန်သည်။)

You may also like these stories:

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

အပြိုင်အဆိုင် စစ်သားစုမှုကြား ပူပန်နေရတဲ့ ရှမ်းပြည်သားတွေ

အခွင့်အလမ်းကောင်းများ လက်လွတ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ

မြောက်ပိုင်းစစ်မျက်နှာမှ တိုက်ပွဲခေါ်သံ

Your Thoughts …
Tags: NCASSAစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံပြည်သူ့စစ်ဖက်ဒရယ်စနစ်ဗကပဗမာပြည်ကွန်မြူနစ်ပါတီဘိန်းကုန်ကူးမှုရွှေတြိဂံဒေသရှမ်းပြည်တပ်မတော်ရှမ်းပြည်နယ်အပစ်အခတ်ရပ်စဲရေး
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်အိမ် ဝယ်သူမရှိဘဲ လေလံပျက်

ဒေါ်အောင်ဆန်းစုကြည်အိမ် ဝယ်သူမရှိဘဲ လေလံပျက်

ဒီလောက်ကြပ်တည်းတဲ့ နိုင်ငံရေးအခက်အခဲ ဒီတခါပဲကြုံဖူးတယ်

ဒီလောက်ကြပ်တည်းတဲ့ နိုင်ငံရေးအခက်အခဲ ဒီတခါပဲကြုံဖူးတယ်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved