ရှမ်းပြည်ဟု အများက ခေါ်ကြသော ရှမ်းကုန်းပြင်မြင့်တွင် အစဉ်အလာအားဖြင့် ရှမ်းစော်ဘွားများ အုပ်ချုပ်သည့် ပြည်နယ်ကြီး ဖြစ်၏။ နယ်ပယ်အလိုက် ပိုင်းခြား သတ်မှတ်ထားသည့်အတိုင်း ရှမ်းစော်ဘွားများက ပိုင်းခြားအုပ်ချုပ်ကြ၏။ ရှမ်းဖက်ဒရယ်ပြည်နယ်များ (Shan Federated States) ဟု ခေါ်ကြ၏။ ရှမ်းစော်ဘွား အုပ်ချုပ်ရေးစနစ်သည် ရှေးဗမာဘုရင်များ လက်ထက်မှသည် ကိုလိုနီခေတ်တလျှောက်လုံး တည်ရှိခဲ့ပြီး လွတ်လပ်ရေးခေတ်ဦးကာလအထိ နှစ်ပေါင်းရာချီ တည်ရှိခဲ့၏။
ထို့ပြင် ရှမ်းပြည်နယ်သည် မြန်မာပြည် နယ်နိမိတ်အတွင်း အကြီးဆုံးပြည်နယ်ဖြစ်ပြီး ရှမ်းလူမျိုးများသာမက အခြား တိုင်းရင်းသားလူမျိုးများစွာလည်း နေထိုင်ကြ၏။ လူဦးရေ ၁ သိန်းအထက်ရှိသော အခြားလူမျိုးများမှာ ဝ၊ ပအိုဝ်း၊ တအာင်း ပလောင်၊ ဓနု၊ ကိုးကန့်၊ လားဟူ၊ အာခါ လူမျိုးများဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေအရ ဝ၊ ပအိုဝ်း၊ တအာင်း ပလောင်၊ ဓနု၊ ကိုးကန့်တို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပေးထား၏။
ရှမ်းပြည်နယ်သည် မြန်မာပြည် နယ်နိမိတ်အတွင်း အကြီးဆုံးပြည်နယ်ဖြစ်ပြီး ရှမ်းလူမျိုးများသာမက အခြား တိုင်းရင်းသားလူမျိုးများစွာလည်း နေထိုင်ကြ၏။ လူဦးရေ ၁ သိန်းအထက်ရှိသော အခြားလူမျိုးများမှာ ဝ၊ ပအိုဝ်း၊ တအာင်း ပလောင်၊ ဓနု၊ ကိုးကန့်၊ လားဟူ၊ အာခါ လူမျိုးများဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေအရ ဝ၊ ပအိုဝ်း၊ တအာင်း ပလောင်၊ ဓနု၊ ကိုးကန့်တို့အား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပေးထား၏။
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်တွင် စော်ဘွားများ အာဏာစွန့်ရ၏။ ရှမ်းပြည်နယ်တွင် ပဒေသရာဇ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ ပအိုဝ်းတို့၏ ရှမ်းစော်ဘွားဆန့်ကျင်ရေး လှုပ်ရှားမှု၊ ဖဆပလ အစိုးရ၏ ဗဟိုမှ ချုပ်ကိုင်သည့် တပြည်ထောင်စနစ် တည်ဆောက်လိုမှု၊ တရုတ်ဖြူအား တိုက်ထုတ်သည့် စစ်ပွဲအတွင်း မြန်မာစစ်တပ် အင်အားများ ရှမ်းပြည်နယ်သို့ ရောက်ရှိနေခြင်း စသည့် အကြောင်းအချက်အောက်တွင် စော်ဘွားများ အာဏာစွန့်လွှတ်ရ၏။
ရှမ်းပြည်စော်ဘွားအုပ်ချုပ်ရေးစနစ် နေရာတွင် သင့်တော်သည့် အုပ်ချုပ်ရေးစနစ် အစားထိုးနိုင်ခြင်း မရှိဘဲ ပြည်မပုံစံ အုပ်ချုပ်ရေးစနစ် အစားထိုးခဲ့သည်။
ရှမ်းပြည်နယ်မှ လက်နက်ကိုင်တပ်ဖွဲ့များ
လွတ်လပ်ရေး ရပြီးသည်မှစ၍ ရှမ်းပြည်နယ်တွင် စစ်မက်ထူပြောခဲ့၏။ တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ရှမ်းပြည်နယ်သည် စစ်ပွဲများအတွက် ရေခံမြေခံကောင်းခဲ့၏။
ထို့ပြင် ရှမ်းပြည်နယ်သည် တရုတ်ဖြူစစ်တပ်၏ ကျူးကျော်မှုအား ၁၉၅၀ မှ ၁၉၇၂ ခုနှစ်ထိ ခံခဲ့ရပြီး စစ်ပွဲနှင့် စတင်ကြုံတွေ့ခဲ့ရ၏။ ၁၉၅၈ ခုနှစ်တွင် ရှမ်းလက်နက်ကိုင်တော်လှန်မှု စတင်ခဲ့ပြီး ၁၉၅၉ ခုနှစ် စော်ဘွားများ အာဏာစွန့်လွှတ်ရပြီးနောက် ပိုမိုအားကောင်းလာခဲ့သည်။
ယနေ့တိုင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟူသည့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့လုံး ရှမ်းပြည်နယ်၌ ရပ်တည်နေသည်ကို တွေ့ရ၏။ ၁၉၆၀ ပြည့်နှစ်မှစ၍ ရှမ်းမြောက်တွင် ကချင်လက်နက်ကိုင် တော်လှန်မှု စတင်ခဲ့ပြီး ယနေ့တိုင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ တပ်ဖွဲ့အချို့ ရှမ်းမြောက်တွင် ရပ်တည်နေ၏။
၁၉၆၈ ခုနှစ်တွင် တရုတ်၏ အကူအညီနှင့် တရုတ်နယ်စပ်တလျှောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အခြေစိုက်ပြီး ရှမ်းပြည်နယ်တခုလုံး၌ ၁၉၈၉ ခုနှစ်အထိ လှုပ်ရှားခဲ့၏။ ဗကပ ပြိုကွဲပြီးနောက် သံလွင်မြစ် အရှေ့ခြမ်းတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဟူသည့် တပ်ဖွဲ့များနှင့် ထိန်းချုပ်ဧရိယာများ ပေါ်ပေါက်လာခဲ့၏။
ထို့ပြင် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့များသည် ၁၉၄၉ ခုနှစ်၊ တအာင်း ပလောင် လက်နက်ကိုင်တပ်ဖွဲ့များသည် ၁၉၆၃ ခုနှစ်၊ အာခါ လက်နက်ကိုင်များသည် ၁၉၆၄၊ ၁၉၆၅ ခုနှစ်များ၊ လားဟူ လက်နက်ကိုင်တပ်ဖွဲ့များသည် ၁၉၇၃ ခုနှစ်တို့တွင် အသီးသီး ပေါ်ပေါက်ခဲ့၏။
ရှမ်းပြည်နယ်တွင် ရှမ်း၊ ပအိုဝ်း၊ ဝ၊ တအာင်း ပလောင်၊ ကိုးကန့်၊ အာခါ၊ လားဟူ၊ ဓနု စသည့် တိုင်းရင်းသားလူမျိုးတိုင်း လက်နက်ကိုင်အဖွဲ့အစည်း ရှိနေကြသည်ကို တွေ့ရ၏။ ထို့ပြင် ဝ၊ တအာင်း ပလောင်၊ ပအိုဝ်းစသည့် လူမျိုးများကလည်း ပြည်နယ်အဆင့်အတန်း တောင်းဆိုနေကြသည်
နောက်အကျဆုံးအနေဖြင့် ဓနုလက်နက်ကိုင် တပ်ဖွဲ့သည်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာခဲ့သည်။ သို့ဖြစ်ရာ ရှမ်းပြည်နယ်တွင် ရှမ်း၊ ပအိုဝ်း၊ ဝ၊ တအာင်း ပလောင်၊ ကိုးကန့်၊ အာခါ၊ လားဟူ၊ ဓနု စသည့် တိုင်းရင်းသားလူမျိုးတိုင်း လက်နက်ကိုင်အဖွဲ့အစည်း ရှိနေကြသည်ကို တွေ့ရ၏။ ထို့ပြင် ဝ၊ တအာင်း ပလောင်၊ ပအိုဝ်းစသည့် လူမျိုးများကလည်း ပြည်နယ်အဆင့်အတန်း တောင်းဆိုနေကြသည်ကို တွေ့ရသည်။
လူမျိုးစုံတဲ့ ရှမ်းပြည်
ကချင်၊ ပအိုဝ်း၊ ဝ၊ တအာင်း ပလောင်၊ ကိုးကန့်၊ အာခါ၊လားဟူ၊ ဓနု စသည့် လူမျိုးများ ရှိကြသည်။ ထိုလူမျိုးများသည် နေရာအတော်များများတွင် ရောယှက်နေထိုင်မှု ရှိသည်။ ထို့ပြင် ထိုတိုင်းရင်းသားလူမျိုးတိုင်းလိုလို လက်နက်ကိုင်တပ်ဖွဲ့ ရှိကြ၏။ ဤသည်မှာ ရှမ်းပြည်နယ်၏ ထူးခြားချက် ဖြစ်သည်။
ထိုအဖွဲ့များထဲမှ ၁၉၈၉ ကတည်းက ဝ၊ အာခါနှင့် ရှမ်းပူးပေါင်းထားသည့် မိုင်းလား၊ ကိုးကန့်တို့သည် အထူးဒေသများအဖြစ် မိမိတပ်၊ မိမိထိန်းချုပ်နယ်မြေဖြင့် ရပ်တည်ခဲ့ကြ၏။ ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင်း ကိုးကန့်သည်လည်း ထိန်းချုပ်နယ်မြေများကို စွန့်လွှတ်ခဲ့ရ၏။
သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ မသိမ်းခင်အထိ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ အခြေအနေကို ကြည့်ပါက UWSA နှင့် NDAA မိုင်းလားသည်သာ ထိန်းချုပ်နယ်မြေရှိပြီး သူ၏တပ်ဖွဲ့နှင့် သူ၏အုပ်ချုပ်ရေးကို ထူထောင်ထားနိုင်ခဲ့သကဲ့သို့ ပန်ဆန်း၊ မိုင်းလားတို့တွင် ဌာနချုပ်များ အခိုင်အမာ ဖွင့်လှစ်ထားနိုင်၏။
ကျန်တပ်ဖွဲ့များဖြစ်သည့် အပစ်အခတ်ရပ်စဲရေး NCA ထိုးထားခြင်းမရှိသော SSPP, KIA, MNDAA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် လည်းကောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် RCSS, ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သည်လည်းကောင်း လွတ်မြောက်သည့် ထိန်းချုပ်နယ်မြေမရှိဘဲ ပြောက်ကျား ထိန်းချုပ်နယ်မြေများသာ ရှိ၏။ SSPP ဌာနချုပ်ကို ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းတွင် အခြေပြုပြီး RCSS ဌာနချုပ်ကို ထိုင်းနယ်စပ် လွယ်တိုင်းလျန်တွင် အခြေပြုသည်။ ရှမ်းနှစ်ဖွဲ့မှအပ ကျန်အဖွဲ့များ၏ ဌာနချုပ်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ထို့ပြင် ရှမ်း၊ လားဟူ၊ ပအိုဝ်း၊ အာခါ၊ ဝ အင်အားစုအချို့မှာ မြန်မာစစ်တပ်၏ ပြည်သူ့စစ်အဖြစ် ရပ်တည်နေကြ၏။
စစ်တပ်အာဏာသိမ်းပြီး အပြောင်းအလဲ
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် MNDAA နှင့် TNLA တို့သည် ၎င်းတို့ စစ်ရေးမဟာမိတ်ဖွဲ့ထားသည့် ရက္ခိုင့်တပ်တော် (AA) အပြင် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာခဲ့သည့် PDF, ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)၊ မွန်ပြည်လွတ်မြောက်ရေး တပ်မတော် (MLA) အပါအဝင် အင်အားစုအားလုံးကို ကူညီလေ့ကျင့်ပေးခဲ့၏။ ကူညီ လက်နက်တပ်ဆင်ပေးခဲ့၏။ ဤအတွက် စစ်တပ် အာဏာသိမ်းပြီးကတည်းက စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး လက်နက်ခဲယမ်းလည်း စုဆောင်းနိုင်ခဲ့ကြ၏။
မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်တပ်အာဏာသိမ်း၍ သုံးနှစ်မပြည့်မီ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနိုင်ခဲ့ပြီး သုံးလမပြည့်ခင်ပင် ရှမ်းပြည်မြောက်ပိုင်းတွင် ထိန်းချုပ်နယ်မြေ အများအပြား ရရှိသွားခဲ့၏။
သို့နှင့် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့သည် စစ်တပ်အာဏာသိမ်း၍ သုံးနှစ်မပြည့်မီ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနိုင်ခဲ့ပြီး သုံးလမပြည့်ခင်ပင် ရှမ်းပြည်မြောက်ပိုင်းတွင် ထိန်းချုပ်နယ်မြေ အများအပြား ရရှိသွားခဲ့၏။ ရှမ်းမြောက်ရှိ စစ်ရေးအရသာမက စီးပွားရေးအရပါ အရေးပါသည့် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့များကိုပါ ထိန်းချုပ်သွားနိုင်သည်ကို တွေ့ရ၏။
အလားတူပင် ရှမ်းမြောက်ရှိ KIA ကလည်း စစ်တပ်အာဏာ သိမ်းပြီးကတည်းက လက်နက်ကိုင် တိုက်ပွဲဝင်နေသကဲ့သို့ PDF များ၊ KNDF များ လေ့ကျင့် လက်နက်တပ်ဆင်ပေးခဲ့ပြီး ၎င်းတို့အင်အားကိုယူ၍ နန့်ဖတ်ကာမြို့နှင့် ရှမ်းမြောက်မှ နယ်မြေတချို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားနိုင်ခဲ့၏။
NCA ထိုးထားသည့် PNLO သည်လည်း ၂၀၂၄ နှစ်ဆန်းတွင် ကရင်နီအင်အားစုများ၊ PDF အင်အားစုများနှင့် ပူးပေါင်း၍ စစ်တပ်ကို ပြန်လည် တိုက်ခိုက်နေ၏။ နောင်ထော်၊ ဆီဆိုင်မြို့တို့ကို သိမ်းပိုက်ထားကာ ဟိုပုန်းမြို့နယ်၊ လွိုင်လင်၊ မိုင်းပွန်အထိ စစ်မျက်နှာ ပျံ့နှံ့လျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိ၏။ တောင်ကြီး၊ ဟိုပုန်း၊ လွိုင်လင်၊ ကျိုင်းတုံ ကားလမ်းမကြီး တလျှောက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ၏။
ရှမ်းပြည်နယ်နှင့် ရှမ်းတပ် နှစ်ဖွဲ့
ရှမ်းပြည်နယ်တွင် အဓိက ရှမ်းအဖွဲ့ကြီး နှစ်ဖွဲ့ဖြစ်သည့် SSPP နှင့် RCSS သည် အင်အား ၁ သောင်း ဝန်းကျင်ခန့်စီရှိပြီး ဝမ်ဟိုင်းနှင့် လွယ်တိုင်းလျန်တွင် အခိုင်အမာ ဌာနချုပ်များ ရှိကြ၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မေလမှစ၍ SSPP ကတဖက်၊ RCSS ကတဖက် နယ်မြေထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ၂၀၂၂ ခုနှစ်အထိ တနှစ်ခန့် ဖြစ်ပွားခဲ့၏။ SSPP ဖက်မှ UWSA, TNLA စသည့် မဟာမိတ်များ ပါဝင်သဖြင့် RCSS အရေးနိမ့်ခဲ့ပြီး တောင်ကြီးကားလမ်းတောင်ဘက် မိုးနဲ၊ လင်းခေး၊ မိုင်းပန်ဒေသနှင့် ရှမ်းအရှေ့သို့ ပြန်လည်ဆုတ်ပေးခဲ့ရ၏။
စစ်တပ်အာဏာသိမ်းပြီး တပြည်လုံး ပုန်ကန်တော်လှန်ကြ၍ စစ်တပ် အကျပ်အတည်း တွေ့နေချိန်တွင် ရှမ်းနှစ်ဖွဲ့သည် အချင်းချင်း တိုက်ခိုက်နယ်မြေလုနေကြ၍ စစ်တပ်၏ အားနည်းချက်ကို ကျန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ အခွင့်ကောင်း မယူနိုင်ခဲ့ပေ။
ထို့ပြင် SSPP ရော RCSS ရော နွေဦးတော်လှန်ရေး အင်အားစုများကို ကူညီလေ့ကျင့်ဖွဲ့စည်း လက်နက်တပ်ဆင်ပေးပြီး ထိုအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ ထိုအင်အားစုများ၏အားကို ရယူနိုင်ခြင်း မရှိပေ။ SSPP အနေဖြင့် မြောက်ပိုင်းမဟာမိတ်များနှင့်အတူ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ဆက်ဆံရေး အထိုက်အလျောက် ရှိသေးသော်လည်း RCSS က နွေဦးတော်လှန်ရေး အင်အားစုများကို စည်းရုံးသိမ်းသွင်းခြင်း မရှိသည့်အပြင် RCSS ဥက္ကဋ္ဌက PDF များကို အပြစ်တင်ပြောဆိုမှုပင် ရှိသည်ကို တွေ့ရ၏။
SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ဤသို့ဆို၍ လက်နက်ကိုင် မတိုက်ဘဲ ရှမ်းအဖွဲ့များ၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝနိုင်၍လောဟု ဆိုပါက ဤသို့မဟုတ်ပြန်ပေ။
နောက်တချက်မှာ SSPP ရော RCSS ပါ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို လုံးဝ လက်နက်ကိုင် တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ ဤသို့ဆို၍ လက်နက်ကိုင် မတိုက်ဘဲ ရှမ်းအဖွဲ့များ၏ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝနိုင်၍လောဟု ဆိုပါက ဤသို့မဟုတ်ပြန်ပေ။
SSPP က ၂၀၂၂ ခုနှစ် စစ်ကောင်စီနှင့် ဆွေးနွေးပွဲတွင် ဆွေးနွေးသည်မှာ ရှမ်းမူ၊ တောင်ကြီးမူကို ကိုင်စွဲ၍ ဆွေးနွေးခြင်းဖြစ်၏။ ၂၀၀၈ အခြေခံဥပဒေကို ကိုင်စွဲထားသည့် စစ်တပ်က မည်သို့မှ လိုက်လျောနိုင်ခြင်း မရှိပေ။ RCSS ဥက္ကဋ္ဌက စစ်ကောင်စီလက်ထက်တွင် ဖက်ဒရယ်ရမည်ဟု တဖက်ကဆိုသော်လည်း NCA ရှစ်နှစ်ပြည့်တွင် NCA သဘောတူညီချက်များ တခုမှ အကောင်ထည်ပေါ်ခြင်းမရှိ၊ တိုးတက်မှု လုံးဝမရှိဟု ဆိုခဲ့ပြန်၏။
ဤသို့သော အခြေအနေအောက်တွင် ရှမ်းလူထုအတွက် ရှမ်းနှစ်ဖွဲ့သည် စိတ်ပျက်စရာဖြစ်လာနေ၏။ မြောက်ပိုင်းတွင် သိန္နီ၊ နမ့်ခမ်း ရှမ်းမြို့များသည် စစ်တပ်ကို သူသေကိုယ်ရှင် တိုက်ယူကြသည့် MNDAA နှင့် TNLA ထိန်းချုပ်မှုအောက် ရောက်သွား၏။ ရှမ်းတောင်တွင်လည်း ဆီဆိုင်တိုက်ပွဲမှစ၍ မိုင်းပွန်၊ လွိုင်လင်အထိရောက်ပြီး တောင်ကြီးကို ခြိမ်းခြောက်လာနေသော်လည်း တိုက်ပွဲအတွင်း ရှမ်းနှစ်ဖွဲ့မပါချေ။ ထိန်းချုပ်နိုင်သည့် မြို့ရွာလည်း တိုးမလာပေ။ ထို့ကြောင့်လည်း ရှမ်းနှစ်ဖွဲ့ကို ဂူအောင်း၍ အိပ်ပျော်နေသလောဟု မေးခွန်းထုတ်လာကြပုံရ၏။
ရှမ်းမြောက်တွင် မြို့များ၊ နယ်မြေများကို မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ပြီးနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် SSPP နှင့် RCSS နှစ်ဖွဲ့သည် ပထမအားဖြင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်၏။ ဒုတိယအားဖြင့် ရှမ်းနှစ်ဖွဲ့လုံး တပ်သားစုဆောင်းရေး လုပ်လာသည်။ ထို့နောက် မည်သည့် ခြေလှမ်း လှမ်းမည်နည်းဆိုသည်မှာ ရှမ်းများအတွက် မေးခွန်းဖြစ်၏။ စစ်တပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်နယ်မြေများ ရယူလားသည့် ရှမ်းမြောက်မှ ကိုးကန့်၊ တအာင်း ပလောင်၊ ရှမ်းတောင်မှ ပအိုဝ်းနှင့် ရှမ်းအရှေ့မှ ဝ နှင့် မိုင်းလားကြားတွင် ရှမ်းနှစ်ဖွဲ့ ဘာလဲဘယ်လဲဆိုသည်မှာ ရှမ်းအမျိုးသားတို့၏ ကံကြမ္မာနှင့် သက်ဆိုင်နေ၏။
လက်နက်ကိုင်တပ်များ ဖွဲ့စည်းထားသည့် ရှမ်းနှစ်ဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် အခွင့်အရေးကို ယခုတိုင် ရယူနိုင်ခြင်းမရှိသည်မှာ ရှမ်းလက်နက်ကိုင်ခေါင်းဆောင်များ အမျှော်အမြင်နည်းခြင်း၊ နိုင်ငံရေးအရ အတွက်အချက်မှားခြင်း၊ သူသေကိုယ်သေ တိုက်ခိုက်ရမည်ကို ရှောင်လွှဲလိုခြင်း၊ မြန်မာစစ်တပ်က ၎င်းတို့၏ ဌာနချုပ်များဖြစ်သည့် ဝမ်ဟိုင်းနှင့် လွယ်တိုင်းလျန်အား ဗုံးကြဲဖျက်ဆီးမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်သည်ဟု ယူဆရ၏။
ရှမ်းလက်နက်ကိုင် အဖွဲ့များသည် ရှမ်းအမျိုးသားတရပ်လုံးအတွက် နိုင်ငံရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ထက် လက်ရှိအဆင့်နေရာတွင် သာယာနေ၍လော၊ ကျေနပ်နေ၍လော
၁၉၅၈ ခုနှစ်က စတင်ခဲ့သည့် ရှမ်းလက်နက်ကိုင် တော်လှန်ရေးနှင့် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများသည် ယခုကာလတွင် စစ်တိုက်ရန် လို၊ မလို စဉ်းစားနေသည်မှာ အံ့ဩဖွယ်ဖြစ်၏။ စစ်တိုက်ရန် မလိုပါက တပ်ဖျက်ပစ်ရန်သာ ရှိသော်လည်း ဖျက်ကြလိမ့်မည် မဟုတ်ပေ။ ထို့ပြင် စစ်တပ်နှင့် ဆွေးနွေးနေ၍လည်း နိုင်ငံရေးအရ မည်သည့်အချက်မှ အကောင်အထည် ပေါ်မလာနိုင်သည်ကိုလည်း ဝန်ခံခဲ့ကြပြီဖြစ်၏။ ရှမ်းလက်နက်ကိုင် အဖွဲ့များသည် ရှမ်းအမျိုးသားတရပ်လုံးအတွက် နိုင်ငံရေးရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်ထက် လက်ရှိအဆင့်နေရာတွင် သာယာနေ၍လော၊ ကျေနပ်နေ၍လောဟု မေးခွန်းထုတ်ရဖွယ်ရှိ၏။
လက်ရှိတွင် ရှမ်းပြည်နယ်တွင် KIA, MNDAA, TNLA, PNLO တို့သည် စစ်ကောင်စီကို တိုက်ခိုက်ပြီး ဒေသများ၊ မြို့များကို သိမ်းပိုက်လျက်ရှိ၏။ MNDAA နှင့် TNLA ကို အကူအညီပေးနေသည့် UWSA ပါ ဟိုပန်၊ ပန်လုံ မြို့နှစ်မြို့ ရလိုက်သေးသည်။ အလားတူ ရခိုင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စစ်ကောင်စီအား တိုက်ခိုက်ပြီး မြို့များ၊ နယ်မြေများ သိမ်းပိုက်ပြီး ၎င်းတို့၏ ထိန်းချုပ်နယ်မြေတွင် ၎င်းတို့၏ အုပ်ချုပ်ရေးများ ထူထောင်ထားနိုင်ခဲ့သည်။ သိမ်းပိုက်နိုင်သည့် မြို့ပေါင်း ၄၀ ကျော်ခဲ့ပြီဖြစ်၏။
ဤသို့သော အခြေအနေအောက်တွင် SSPP အနေနှင့် UWSA ထိန်းချုပ်နယ်မြေရှိရာ သံလွင်ကို ကျောပေးပြီး ရှမ်းမြောက်၊ ရှမ်းတောင်တို့တွင် မြို့များ၊ ဒေသများ သိမ်းပိုက်နိုင်သည့် အခွင့်အလမ်းရှိသကဲ့သို့ RCSS သည်လည်း ရှမ်းတောင်ရှိ မိုးနဲ၊ လင်းခေး၊ မိုင်းပန်နှင့် ရှမ်းအရှေ့ရှိ မြို့များ၊ ဒေသများကို သိမ်းပိုက်နိုင်သည့် အခွင့်အလမ်းရှိ၏။ ယနေ့အချိန်ကာလတွင် စစ်ကောင်စီအား နယ်မြေပေါင်းစုံမှ ထိုးနှက်ပါက တိုင်းရင်းသားတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို အပြန်အလှန် အကျိုးရှိစေလိမ့်မည်။
ပြည်တွင်း နွေဦးတော်လှန်ရေး အင်အားစုများ၊ ဗမာလူမျိုးများကိုယ်တိုင် တိုင်းပြည်အနှံ့၌ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲ အပါအဝင် နည်းလမ်းပေါင်းစုံနှင့် ဆန့်ကျင်တိုက်ခိုက်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအတွက် အခွင့်အခါကောင်းဖြစ်၏။ ထိုအခွင့်အခါကောင်းကို ကချင်၊ ကရင်၊ ချင်း၊ ကရင်နီ၊ ရခိုင်စသည့် အခြားပြည်နယ်မှ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ရှမ်းပြည်နယ်မှ ကိုးကန့်၊ ဝ၊ တအာင်း ပလောင်၊ ပအိုဝ်း၊ အာခါ၊ ဓနု စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက နိုင်ငံရေး စစ်ရေး အခွင့်အလမ်းကောင်းကို အမိအရဆုပ်ကိုင်ပြီး မိမိလူမျိုးအတွက်၊ မိမိအဖွဲ့အစည်းအတွက် အကျိုးရှိသည့် အခြေအနေ ဖန်တီးနိုင်နေချိန်တွင် ရှမ်းနှစ်ဖွဲ့က ထိုအခွင့်အလမ်းကောင်းကို အမိအရ ဆုပ်ကိုင်ရယူနိုင်ခြင်း မရှိသည်မှာ အံ့ဩဖွယ်ဖြစ်၏။
ယခုအထိတော့ အချိန်မီပါသေးသည်။ သို့မဟုတ်ပါက နောင်ကာလတခုတွင် ရှမ်းပြည်နယ်အပါအဝင် အခြားပြည်နယ်မှ တိုင်းရင်းသားလူမျိုးများ၏ ပြောင်းလဲသွားသည့် အခြေအနေကို ရှမ်းတို့ ငေးမော၍ ကြည့်နေရပေလိမ့်မည်။
နှစ် ၆၀ ကျော် ဖြတ်သန်းခဲ့သည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့သည် မြန်မာပြည် လက်ရှိ နိုင်ငံရေးအခြေအနေကို အတွက်အချက် မှားနေသည်လော သို့မဟုတ် လက်ရှိအနေအထားနှင့် တင်းတိမ်ရောင့်ရဲနေသည်လော သို့မဟုတ် ရှမ်းတို့၏ အခွင့်အရေးအား စစ်ကောင်စီထံမှ စားပွဲဝိုင်းတွင် ရနိုင်သည်ဟု ယူဆနေသည်လော သို့မဟုတ် ဌာနချုပ်များ ဗုံးကြဲခံရမည်ကို စိုးရိမ်နေသည်လော မပြောတတ်ပေ။
ဤသို့သော အခွင့်အလမ်းကောင်းများသည် အကြိမ်ကြိမ်လာလေ့မရှိပေ။ ရနိုင်သည့်အချိန်တွင် ယူထားနိုင်မှ ရပေလိမ့်မည်။ ယခုအထိတော့ အချိန်မီပါသေးသည်။ သို့မဟုတ်ပါက နောင်ကာလတခုတွင် ရှမ်းပြည်နယ်အပါအဝင် အခြားပြည်နယ်မှ တိုင်းရင်းသားလူမျိုးများ၏ ပြောင်းလဲသွားသည့် အခြေအနေကို ရှမ်းတို့ ငေးမော၍ ကြည့်နေရပေလိမ့်မည်။
You may also like these stories:
ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်
ရှမ်းမြောက် အပစ်ရပ်မှု ခိုင်မာရေး စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆွေးနွေး
ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်
ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ
စစ်ကောင်စီ ဆုပ်လည်းစူး စားလည်းရူးရတဲ့ ရှမ်းပြည်တောင်ပိုင်း
အပြိုင်အဆိုင် စစ်သားစုမှုကြား ပူပန်နေရတဲ့ ရှမ်းပြည်သားတွေ