• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

by စောရယ်
20 January 2024
in ဆောင်းပါး
A A
၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

၂၀၁၆ ခုနှစ် RCSS/SSA ဗဟိုဌာနချုပ်တွင် ကျင်းပသော ရှမ်းအမျိုးသားနေ့ စစ်ရေးပြအခမ်းအနားနှင့် တက်ရောက်သူ ပရိသတ်များ/ ဧရာဝတီ

10.3k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “၁၀၂၇ စစ်ဆင်ရေး”သည် ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း မြေပြင်တွင်မူ နှစ်ဖက် တပ်ဆိုင်ထားပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ကွတ်ခိုင်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) အကြား ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”သည် မပြီးဆုံးသေးသော်လည်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)နှင့် မြန်မာ အမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) တို့သည် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များတွင် အုပ်ချုပ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ရန်စိုင်းပြင်းလာကြသည်။

၁၀၂၇ စစ်ဆင်ရေး နယ်မြေတွင် ရှမ်းတိုင်းရင်းသားအများစု နေထိုင်သော မြို့များလည်း ပါဝင်သည်ဖြစ်ရာ ၎င်းတို့၏ သဘောထားသည်လည်း မေ့မထားအပ်ဘဲ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်သည်။

၎င်းတို့ အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်ရန် လုပ်ဆောင်နေသည့်နေရာများတွင် ရှမ်းတိုင်းရင်းသားအများစု နေထိုင်သော မြို့များလည်းပါဝင်သည်ဖြစ်ရာ ၎င်းတို့၏ သဘောထားသည်လည်း မေ့မထားအပ်ဘဲ ထည့်သွင်းစဉ်းစားရမည့်ကိစ္စ ဖြစ်လာသည်။

သိန္နီမြို့တွင် နေထိုင်ခဲ့ပြီး တိုက်ပွဲများကြောင့် လားရှိုးမြို့ဘက် စစ်ရှောင်လာရသည့် အသက် ၃၀ ကျော်အရွယ် ရှမ်းတိုင်းရင်းသူ မနန်း (အမည်လွှဲ) က စစ်ပွဲကို ရပ်စေချင်သည်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျမတို့ကတော့ ပြေးရတာ စိတ်ရော ကိုယ်ပါ အရမ်း ပင်ပန်းနေပါပြီ။ ဒီပွဲကြောင့် ကျမတို့ အကုန် ဆုံးရှုံးရတယ်။ အိမ်၊ အလုပ်အကိုင် ၊ မိဘ ဆွေမျိုး အကုန် တကွဲတပြားစီ ဖြစ်သွားရကုန်ပြီ။ စစ်ကိုမုန်းနေပါတယ်ဆို စစ်ပွဲဒဏ် ပြန်လာခံရတော့ ပိုပြီးမုန်းသွားတယ်” ဟု ဆိုသည်။

TNLA ထိန်းချုပ်ထားသော နမ့်ခမ်းမြို့/ဧရာဝတီ

မနန်းသည် ကလေး ၅ ယောက်အပါအဝင် အဖွား ၄ ယောက်တို့နှင့်အတူ စစ်ကောင်စီထိန်းချုပ်ထားသည့် လားရှိုးမြို့ဘက်ကို စစ်ရှောင်လာကြသူများဖြစ်သည်။

“၁၀၂၇ စစ်ဆင်ရေး”စတင်သည့် အောက်တိုဘာ ၂၇ ရက် ကတည်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲသံများ ကြောင့် နေအိမ်တွင် မအိပ်နိုင်ဘဲ အနီးရှိ စစ်ရှောင် ၃,၀၀၀ ခန့်ရှိသော ဘုန်းကြီးကျောင်းတကျောင်းသို့ တိမ်းရှောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဘုန်းကြီးကျောင်းတွင် ၁၅ ရက်ခန့် ခိုလှုံပြီးနောက် အရပ်သားများကိုပါ လက်နက်ကြီး ထိမှန် သေဆုံးမှုများရှိလာသဖြင့် အခြားသော စစ်ရှောင်များနှင့်အတူ လားရှိုးမြို့ဘက်သို့ တိမ်းရှောင်လာခဲ့ခြင်းဖြစ်ပြီး ယခုနေရာတွင်ပါ လက်နက်ကြီး ပစ်ခတ်သံများ ကြားရသဖြင့် ဘေးကင်းလုံခြုံသည့် အခြေအနေ မရှိသေးကြောင်း ၎င်းက ပြောသည်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
19
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
115
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299

၎င်းက “ထပ်ပြေးရမလိုတောင် ဖြစ်နေပြီ ။ ဘယ်ကိုထပ်ပြေးရမလဲ မသိဘူးဖြစ်နေတယ်။ ကျမတို့ဆို မိသားစုများတယ်။ သိန္နီကနေပြေးလာရတာ ဘာမှမရခဲ့တော့ ရလာတဲ့နဲနဲကလည်း ကုန်တော့မယ်။ အခု လားရှိုးကနေ ထပ်ပြေးရမယ်ဆိုရင် ဒီထက် ခက်ခဲကြလိမ့်မယ်” ဟု ဆိုသည်။

မနန်းတို့နေထိုင်ခဲ့သည့် သိန္နီမြို့သည် လက်ရှိတွင် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) နှင့် MNDAA တို့လက်အောက် ရောက်နေပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့အခြေစိုက်သည့် စခန်းသစ်ကုန်းအား တိုက်ခိုက်အောင်နိုင်ပြီးနောက် TNLA သည် နမ့်ခမ်းမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ နမ့်ခမ်းမြို့တွင် နေထိုင်ကာ စစ်ရှောင်များကို ကူညီပေးနေသော လူမှုကူညီရေးအဖွဲ့တခုမှ အသက် ၄၀ ဝန်းကျင်အရွယ် ရှမ်းတိုင်းရင်းသားတဦးကမူ မြို့သို့ စစ်ရှောင်များပြန်လာနေနိုင်ပြီ ဖြစ်သော်လည်း လက်ရှိတွင် မြို့လူဦးရေ၏ ထက်ဝက်ခန့်သာ ပြန်လာနေကြကြောင်း ဆိုသည်။

နမ့်ခမ်းမြို့သည် တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဘေးတွင်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာကျသည့် မူဆယ်မြို့နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်ထုတ် အချက်အလက်များ အရ ရှမ်းတိုင်းရင်းသား ၄၇,၉၂၂ ဦးနေထိုင်ပြီး ဒုတိယလူဦးရေ အများစုမှာ တအာင်း(ပလောင်) တိုင်းရင်းသားဖြစ်ကာ စုစုပေါင်း ၄၀,၀၆၀ ကျော်နေထိုင်သည်။ တတိယ လူဦးရေအများစုမှာ ကချင်တိုင်းရင်းသားဖြစ်သည်။

နမ့်ခမ်းမြို့သည် တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ဘေးတွင်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာကျသည့် မူဆယ်မြို့နှင့် မိုင် ၂၀ ခန့်အကွာတွင်ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်ထုတ် အချက်အလက်များ အရ ရှမ်းတိုင်းရင်းသား ၄၇,၉၂၂ ဦးနေထိုင်ပြီး ဒုတိယလူဦးရေ အများစုမှာ တအာင်း(ပလောင်) တိုင်းရင်းသားဖြစ်ကာ စုစုပေါင်း ၄၀,၀၆၀ ကျော်နေထိုင်သည်။ တတိယ လူဦးရေအများစုမှာ ကချင်တိုင်းရင်းသားဖြစ်သည်။

လားရှိုးမြို့ရှိ စစ်ရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာ တန်းစီယူနေစဉ်/AFP

TNLA သည် နမ့်ခမ်းတွင် အုပ်ချုပ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်လာနေပြီဖြစ်သလို TNLA တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့သည်လည်း နမ့်ခမ်းမြို့ကို မကြားသေးမီကပင် လာရောက် ကွင်းဆင်း စစ်ဆေးထားသည်။

နမ့်ခမ်းမြို့တွင် နေထိုင်သည့် လူမှုကူညီရေး လုပ်ဆောင်သည့်အဖွဲ့မှ အမျိုးသားတဦးကလည်း TNLA သည် ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ကာ ၎င်းတို့ဘက်က ရှင်းပြလိုသည်များကို ပြောပြကြောင်းဆိုသည်။

၎င်းက “သူတို့ချပြတဲ့ဟာတွေ ရှိတယ်။ ကောလာဟလတွေကို နားမထောင်ဖို့၊ ဆက်ကြေးပိုကောက်ဖို့ ဘာညာ မရှိဘူးပေါ့။ စစ်သားစုဆောင်းတာကလည်း ပလောင်လူမျိုးကလွဲရင် တခြားလူမျိုး မကောက်ဘူးပေါ့။ နောက်ပြီးတော့ ဝန်ထမ်းဖြစ်စေ ၊ ဘာဖြစ်စေ ပြန်လာကြပါ။ ဘာမှမလုပ်ဘူး ဆိုတာပေါ့။ အမှိုက်ကိစ္စဆိုရင်လည်း သူတို့သတ်မှတ်တဲ့အချိန်ပဲ လာပစ်ကြပါ။ အဲဒီလိုမျိုးပေါ့။ သူတို့ကျတော့ မြို့လုံခြုံရေးပေါ့။ မြို့ထဲ ဟိုနေရာနဲနဲ ၊ ဒီနေရာနဲနဲ ပတ်တဲ့သူလည်းပတ် အဲဒီလိုတော့ ရှိတယ်” ဟု ဆိုသည်။

TNLA ဘက်က မြို့တွင် နေထိုင်သည့် ပြည်သူလူထုနှင့် တိုက်ရိုက်တွေ့ဆုံပြောဆိုမှုကို မလုပ်ဆောင်သေးကြောင်း နမ့်ခမ်းမြို့တွင် နေထိုင်သည့် လူမှုကူညီရေး လုပ်ဆောင်သည့်အဖွဲ့မှ အမျိုးသားတဦးက ပြောသည်။

၎င်းက “လူထုကိုတော့ သူတို့လည်း ကောင်းကောင်းမွန်မွန်ပဲ ပြောတယ်။ ဒါပေမယ့် များများစားစား အဝင် အထွက် သိပ်မရှိသေးဘူး။ သူတို့ကလည်း သူတို့ ၊ လူထုကလည်း လူထု၊ ဒီအတိုင်းပဲပေါ့။ အဓိကကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပဲပေါ့။ လူထုကျတော့ သူ့ဟာသူနေ၊ သူတို့လည်း သူ့ဟာသူနေ အဲဒီလိုမျိုးပေါ့” ဟု ဆိုသည်။

TNLA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းကလည်း TNLA ထိန်းချုပ်ထားသည့် မြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဦးစားပေး လုပ်ဆောင်သွားမည်ဟု ဇန်နဝါရီ ၁၂ ရက်တွင်ကျရောက်သည့် တအာင်းတော်လှန်ရေးနေ့မိန့်ခွန်းတွင် ထည့်ပြောထားသည်။

သိန္နီမြို့ကို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်က သိမ်းယူအပြီး/The Kokang

၎င်းက“လက်ရှိတအာင်းဒေသ၊ မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှ ထိန်းသိမ်းထားတဲ့ မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဒေသခံမိဘပြည်သူတွေရဲ့ အိုးအိမ်တွေကို ပြန်လည်ထူထောင်နိုင်ဖို့ ကနဦး ဦးစားပေးအဆင့်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း စတင်ဆောင်ရွက်တဲ့အခါမှာ မိဘပြည်သူများအနေနဲ့လည်း ကာယအား ၊ ဓနအားတွေ တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ အလေးအနက်ထား တိုက်တွန်းတောင်းဆိုအပ်ပါတယ်” ဟု ဆိုသည်။

TNLA သည်“၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မြို့ ၇ မြို့ကို သိမ်းပိုက်ထားသည်။ ယင်းမြို့များမှာ နမ့်ဆန် ၊ မန်တုံ ၊ နမ္မတူ ၊ မိုင်းငေါ့ ၊ မိုင်းလုံ ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့ တို့ဖြစ်သည်။ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသအား အခြေပြုကာ ပလောင်ပြည်နယ် ထူထောင်ရန် နိုင်ငံရေးရည်မှန်းချက်ရှိသည်။

TNLA သည်“၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မြို့ ၇ မြို့ကို သိမ်းပိုက်ထားသည်။ ယင်းမြို့များမှာ နမ့်ဆန် ၊ မန်တုံ ၊ နမ္မတူ ၊ မိုင်းငေါ့ ၊ မိုင်းလုံ ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့ တို့ဖြစ်သည်။ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသအား အခြေပြုကာ ပလောင်ပြည်နယ် ထူထောင်ရန် နိုင်ငံရေးရည်မှန်းချက်ရှိသည်။

အဆိုပါမြို့များတွင် ဒေသခံတိုင်းရင်းသားလူမျိုး မခွဲခြားဘဲ မှန်ကန်မျှတသည့် တရားဥပဒေစနစ်အပေါ်အခြေခံကာ တရားမျှတသည့် ဥပဒေများ ရေးဆွဲပြဌာန်းမည်ဖြစ်ကြောင်း ၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားသစ် စတင် လည်ပတ်ရေး ဖော်ဆောင်မည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

အလားတူ MNDAA သည်လည်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားမှုနှင့် ဒေသဦးစီးအဖွဲ့ဟောင်းက ထုတ်ပြန်ခဲ့သည့် အမိန့် ညွှန်ကြားချက်အားလုံးကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်တွင် ကြေညာသည်။

ထိုအမိန့်များ ဖျက်သိမ်းပြီးနောက် ကိုးကန့် အထူးဒေသ ၁ ၏ မူလဥပဒေနှင့် နည်းဥပဒေများအား ပြန်လည် အသုံးပြုသွားမည်ဖြစ်ပြီး ရှင်းလင်းမှု မရှိပါက ဒေသဆိုင်ရာအစိုးရဌာနများထံ တိုင်ပင် ဆွေးနွေးနိုင်ကြောင်းလည်း ထုတ်ပြန် ပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA တပ်ဖွဲ့ဝင်များ/AFP

MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပန်ဆိုင်း ၊ မုန်းကိုး ၊ မော်ထိုက် ၊ တာမိုးညဲ ၊ ကုန်းကြမ်း ၊ လောက်ကိုင် ၊ ချင်းရွှေဟော် ၊ ကွမ်းလုံနှင့် သိန္နီစသည့် မြို့ ၉ မြို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

MNDAA သည် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ဒေသဦးစီးအဖွဲ့ဟောင်းလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့ သော ဌာနဆိုင်ရာ ဝန်ထမ်းများကို ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားကာ ကိုယ်ရေးအချက်အလက်များ ပေးပို့ရန် ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာချက် ထုတ်သည်။

သတ်မှတ်ရက်အတွင်း ကိုယ်ရေးအချက်အလက်များ လာရောက်စာရင်းပေးခြင်းမရှိသော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းဟောင်းများအနေဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူရမည်ဟုလည်း MNDAA က ဆိုသည်။

MNDAA သည် ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသအတွင်းရှိ ပြည်သူ ၁,၀၀၀ ခန့်နှင့် စတင်တွေ့ဆုံသည့် ဆွေးနွေးပွဲ တရပ်လည်း လုပ်ထားကြောင်း ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ယင်းဆွေးနွေးပွဲတွင် လူထုအား မြေမြှုပ်မိုင်းနှင့် စစ်အကြွင်းအကျန်ပစ္စည်းများ သတိထားရန် MNDAA ခေါင်းဆောင်အချို့က မှာကြားသလို လူထုအတွက် လမ်းတံတားများ ဖောက်လုပ်ပြီး ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပြန်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ဆိုသည်။

TNLA နှင့် MNDAA တို့ လက်အောက်ကျသွားသည့် မြို့များတွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသားဦးရေမှာ သိန်းချီရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသား သတင်းစာဆရာအချို့က ခန့်မှန်းသည်။

တနည်းအားဖြင့် MNDAA သည်လည်း အုပ်ချုပ်ရေးလုပ်ငန်း စတင်လည်ပတ်ရန် အားထုတ်လာသည့် သဘော ဖြစ်သည်။ TNLA နှင့် MNDAA တို့ လက်အောက်ကျသွားသည့် မြို့များတွင် နေထိုင်သည့် ရှမ်းတိုင်းရင်းသားဦးရေမှာ သိန်းချီရှိနိုင်ကြောင်း ရှမ်းတိုင်းရင်းသား သတင်းစာဆရာအချို့က ခန့်မှန်းသည်။

သိန္နီမြို့မှ စစ်ရှောင်လာသည့် ရှမ်းတိုင်းရင်းသူ မနန်း(အမည်လွှဲ) ကမူ “၁၀၂၇ စစ်ဆင်ရေး”သည် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် နယ်မြေအသစ်များ ရလိုက်သော်လည်း ရှမ်းတိုင်းရင်းသားများအတွက် နေရပ်စွန့်ခွာထွက်ပြေးရကြောင်း ဆိုသည်။

နမ့်ဆန်မြို့တွင်းမြင်ကွင်း/AFP

၎င်းက “စစ်နယ်မြေဖြစ်တဲ့နေရာမှာ ရှမ်းရွာတွေများတယ်။ ဒါပေမယ့် တိုက်တာက ရှမ်း (EAOs ၂ ဖွဲ့) မပါဘူးဆိုတော့ စစ်တိုက်တဲ့သူတွေက ရှမ်းရှိတဲ့နေရာကိုပဲ ဦးတည်ပြီးတိုက်နေသလားလို့ထင်ရတယ်။ ရှမ်းလူထုတွေကို ဒုက္ခရောက်အောင် တမင်လုပ်နေသလားပေါ့။ ဒီလိုတွေဖြစ်လာတော့ ရှမ်းပြည်သူလူထုအများစုကတော့ ရှမ်းလက်နက်ကိုင်တွေအပေါ်လည်း ယုံကြည်မှုပျက်ပြားသွားကြတယ်။ နောက်တခုက ကျမတို့ ရှမ်းဘိုးဘွားနယ်မြေ (အမိမြေ) ပါဆုံးရှုံးသွားရလို့ ခံစားရတယ်။ ကျမတော့ ခေါင်းဆောင်ပျောက်သလို ခံစားရတယ်” ဟု ဆိုသည်။

မနန်းက MNDAA အနေနှင့် သိန္နီမြို့တွင် ရှမ်းတိုင်းရင်းသားများ၏ ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုကို မထိပါးဘဲ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံပါက အုပ်ချုပ်ရေးလုပ်ငန်း အဆင်ပြေနိုင်ကြောင်း ဆိုသည်။

၎င်းက “ ပုံမှန်ဆက်ဆံရေးဆိုရင်တော့ ပြေလောက်ပါတယ်။ ဘာသာရေး၊ ယဉ်ကျေးမှု၊ ရိုးရာဓ‌လေ့နဲ့ ပတ်သက်ပြီး တခုခု ထိပါးမှုတွေရှိလာရင်တော့ အဆင်ပြေကြလိမ့်မယ်လို့ ကျမ မထင်ဘူး။ ဘာလို့လဲဆိုတော့ လူတွေက ကိုယ့်ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို တော်တော်မြတ်နိုးကြတယ်။ အဓိကတော့ ရှမ်းလူမျိုးပေါ့။ အထိ မခံချင်ကြပါဘူး” ဟုပြောသည်။

MNDAA ဘက်ကလည်း လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးဆန့်ကျင်ခြင်းနှင့် ဘာသာရေး အဆောက်အအုံ ဖျက်ဆီးရန် အမိန့်ပေးခြင်းများ လုံးဝမရှိခဲ့ကြောင်းနှင့် အကာအကွယ်ပေးရန်သာ ညွှန်ကြားထားကြောင်း ဇန်နဝါရီ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။ ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးသည့် MNDAA တပ်ဖွဲ့ဝင်များကိုလည်း အရေးယူသွားမည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံရေးသားသူများဘက်ကမူ MNDAA တပ်ဖွဲ့ဝင်တဦးက စေတီတဆူအား တူဖြင့် ထုသည့် ရုပ်သံဖိုင်အပါအဝင် တရုတ်စကားပြောလူအချို့က ဗုဒ္ဓဘာသာရုပ်ပွားတော်ကို ဖြိုဖျက်သည့်ရုပ်သံဖိုင်အား တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေကာ ဗုဒ္ဓဘာသာကို ထိပါးတိုက်ခိုက်နေပြီဟု ဝါဒဖြန့်ရေးသားမှုများရှိသည်။

ထို့ပြင် စစ်ကောင်စီထောက်ခံသည့် ဘုန်းကြီးအချို့ကလည်း မြန်မာပြည်အလယ်ပိုင်းက မြို့အချို့တွင် စစ်ကောင်စီထောက်ခံသူများကို ဦးဆောင်ကာ MNDAA နှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့ကို ကန့်ကွက် ဆန္ဒပြကြသည်။

ရှမ်းနိုင်ငံရေးသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ” ၁၀၂၇ စစ်ဆင်ရေး”သည် အများမျှော်လင့်ထားသလို ပြည်မအထိ ကျယ်ပြန့်လာမည်မဟုတ်ကြောင်း ရှုမြင်သည်။

ရှမ်းနိုင်ငံရေးသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ” ၁၀၂၇ စစ်ဆင်ရေး”သည် အများမျှော်လင့်ထားသလို ပြည်မအထိ ကျယ်ပြန့်လာမည်မဟုတ်ကြောင်း ရှုမြင်သည်။

၎င်းက “အများမျှော်လင့်ထားသလို မြန်မာတပြည်လုံးအတွက်၊ နွေဦးတော်လှန်ရေးအတွက်က သဘောတရားလောက်ပဲ ပါဝင်ပါတယ်။ MNDAA တို့၊ TNLA တို့ ဆိုတာ ပြည်မအထိလိုက်ပြီး တိုက်ပွဲဝင်ပေးဖို့ စိတ်ကူးတောင် မရှိဘူးဆိုတာ ထင်ရှားပါတယ်။ အလွန်ကို ကတိတည်ပြီး သစ္စာရှိခဲ့မယ်ဆိုရင်တော့ သူတို့ကို ကူညီခဲ့တဲ့ AA , BPLA , PLA , KNDF , BNRA စတဲ့တပ်ဖွဲ့တွေရဲ့ အိမ်အပြန်မှာ လက်နက်ခဲယမ်းတွေကို ပေးလိုက်ရမှာဖြစ်ပြီး ဆက်လက် ဖြည့်ဆည်းပေးဖို့ ဆိုတာလောက်ပဲ ဖြစ်လာနိုင်ပါတယ်” ဟု ဆိုသည်။

ဗုံးခိုကျင်းတူးနေသော နမ့်ဆန်သားတဦး/AFP

၎င်းက ညီနောင်မဟာမိတ် ၃ ဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး”ပြုလုပ်မည်ဆိုသည့်ကိစ္စကို ၎င်းတို့၏ နိုင်ငံရေးမဟာမိတ် ဖြစ်သော ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကိုပင် ကြိုတင် အသိပေးခဲ့ပုံ မရကြောင်းဆိုသည်။

ထို့ကြောင့် “၁၀၂၇ စစ်ဆင်ရေး”စတင်ချိန်တွင် KIA နှင့် SSPP တို့သည် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ မပါဝင်နိုင်ဘဲ ထိုင်ကြည့်နေခဲ့ရသည့် အခြေအနေသာ ဖြစ်ခဲ့ကြောင်း ၊ စစ်ဆင်ရေးသည် အကန့်အသတ်ဖြင့် ဖြစ်သော စစ်ပွဲသာ ဖြစ်ပုံရကြောင်း ၎င်းက သုံးသပ်သည်။

၎င်းက “ အကယ်၍များ အဲဒီ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွက်ဖြစ်တယ်ဆိုရင် အခြားတပ်တွေဖြစ်တဲ့ KIA ,SSPP, တို့ကို ပါဝင်ဖို့ ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ အခြားဒေသကနေ လာပြီးအကူအညီပေး၊ တိုက်ပွဲဝင်ပေးကြတဲ့ တပ်ဖွဲ့တွေရဲ့ မိခင်ဌာန ဒေသတွေကိုလည်း စစ်ဆင်ရေးကိစ္စ ညှိနှိုင်းပြီး အတူတကွ စစ်ဆင်ကြဖို့ လုပ်ရမှာဖြစ်တယ်။ အခုတော့ အဲဒီအချက်တွေကို မတွေ့ရတော့ ၁၀၂၇ ဟာ အကန့်အသတ်နဲ့ စစ်ပွဲသာ ဖြစ်တယ်လို့ ကောက်ချက်ချ နိုင်ပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ စစ်တပ်အုပ်ချုပ်ထားသည့်မြို့များကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထူထောင်မည့် TNLA နှင့် MNDAA တို့၏ အုပ်ချုပ်ရေးသည်လည်း စစ်အုပ်ချုပ်ရေးသာဖြစ်ရန် အခြေအနေများကြောင်း သုံးသပ်သည်။

၎င်းက “စစ်တပ်အုပ်ချုပ်ရေးကနေပြီးတော့ MNDAA စစ်အုပ်ချုပ်ရေးနဲ့ TNLA စစ်အုပ်ချုပ်ရေးကို ပြောင်းသွားတာပဲ ဖြစ်လာပါလိမ့်မယ်။ ဥပဒေဆိုတာလည်း သူတို့လုပ်တဲ့ ဥပဒေမို့ စစ်အုပ်ချုပ်ရေးလို့ ပြောနိုင်တာပါ။ ကိုးကန့်မှာတော့ ပြဿနာအသေးတွေဖြစ်နိုင်ပြီး နမ့်ခမ်းမှာတော့ ပြဿနာအကြီးတွေ ဖြစ်နိုင်ပါတယ်။ နမ့်ခမ်းမှာက ရှမ်းနဲ့ ကချင်က လူများစုကြီးဖြစ်နေလို့ပါ။ ဘယ်လိုတွေ ဖြစ်လာနိုင်တယ်ဆိုတာကတော့ ပြောဖို့စောပါသေးတယ်” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှောင်ဦးရေ ၆ သိန်းရှိပြီဟု ကုလသမဂ္ဂက ဆိုသည်/AFP

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အသက် ၂၆ နှစ် အရွယ် ရှမ်းတိုင်းရင်းသူ ဗန်ဒါကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်များကို စိုးမိုးထိန်းချုပ်ထားသော သက်ဆိုင်ရာ EAOs များအနေနှင့် ပြည်သူလူထု၏ သဘောဆန္ဒကို အလေးထားရန်လိုကြောင်း ပြောသည်။

၎င်းက “ကျမတို့အနေနဲ့ တော်လှန်မှုတိုင်းက တရားတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ဒီလိုမျိုး တော်လှန်မှုရဲ့နောက်မှာ လက်နက်အားကိုးပြီး အဓမ္မ ဒေသခံတိုင်းရင်းသားတွေကို လျစ်လျူရှုပြီး နယ်မြေတည်ဆောက်တာမျိုးတော့ မမြင်ချင်ဘူး။ အဲဒီလိုကနေမှ လူမျိုးရေး ပဋိပက္ခဖြစ်လာမှာကို ကျမတို့ စိုးရိမ်တယ်။ သက်ဆိုင်ရာ EAOs တွေ ၊ သက်ဆိုင်ရာ Stakeholders တွေ သေချာလေး ညှိနှိုင်းဆွေးနွေးပြီး အုပ်ချုပ်ရေးစသင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ဆိုသည်။

ရှမ်းပြည်နယ်အတွင်း သတင်းများကို ဖော်ပြပေးနေသည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်းကလည်း “၁၀၂၇ စစ်ဆင်ရေး”တွင် ရှမ်းနာမည်ဖြင့် တပ်ဖွဲ့များမပါဝင်သော်လည်း TNLA နှင့်အတူ တိုက်သည့် PDF များထဲတွင် ရှမ်းလူငယ်အများအပြားပါဝင်နေကြောင်း ဆိုသည်။

ရှမ်းပြည်နယ်အတွင်း သတင်းများကို ဖော်ပြပေးနေသည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်းကလည်း “၁၀၂၇ စစ်ဆင်ရေး”တွင် ရှမ်းနာမည်ဖြင့် တပ်ဖွဲ့များမပါဝင်သော်လည်း TNLA နှင့်အတူ တိုက်သည့် PDF များထဲတွင် ရှမ်းလူငယ်အများအပြားပါဝင်နေကြောင်း ဆိုသည်။

ရှမ်းလူငယ်များသည် ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် SSPP နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ၏ ပဋိပက္ခကြောင့် အဆိုပါအဖွဲ့များအတွင်း ပါဝင်ရန် စိတ်ပျက်ကြပြီး စစ်ကောင်စီတပ်ကို တိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ထဲဝင်သွားကြသည်မှာ လူသိနည်းသည့် ကိစ္စတခုဖြစ်သည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်းက “ဥပမာ နမ့်ခမ်းတိုက်ပွဲမှာ ပလောင်တပ်နဲ့အတူ ပါလာတဲ့ PDF ထဲမှာ ရှမ်းလူငယ်တွေပါတယ်။ မန္တလေး PDF ထဲမှာလည်း ရှမ်းလူငယ်တွေပါတယ်။ ရှမ်းတပ်နာမည်နဲ့ တော့ တပ်တခု ထွက်မလာပေမယ့် PDF ထဲမှာတော့ ရှမ်းလူငယ်တွေပါနေတယ်။ တန့်ယန်းမြို့နယ်ထဲက လူငယ်တယောက်က ကျနော့်ကို ဘာပြောသလဲဆိုရင် ရှမ်းတပ်ထဲကိုလည်း ကျနော် မဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စစ်အာဏာရှင်ကို တိုက်ခိုက်ချင်တဲ့အတွက် PDF ထဲသွားမယ်ဆိုပြီး သူကိုယ်တိုင် တခြားလူငယ်တွေကို စည်းရုံးပြီး နောင်ချိုမြို့ထဲမှာရှိတဲ့ PDF ထဲသွားဝင်တယ်” ဟု ဆိုသည်။

နွေဦးတော်လှန်ရေးတွင် ရှမ်းလူငယ်များပါဝင်နေသော်လည်း တဖက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ လူမျိုးရေးအရ ပဋိပက္ခများဖြစ်လာနိုင်သည့်အန္တရာယ်ကို ရှမ်းနိုင်ငံရေးသမားအချို့နှင့် ရှမ်းတိုင်းရင်းသား သတင်းစာဆရာအချို့က စိုးရိမ်ပူပန်နေကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းသည် ရှမ်း ၊ ကချင် ၊ တအာင်း(ပလောင်) ၊ ကိုးကန့် စသည့် လူမျိုးစုများ ရောယှက် နေထိုင်ကြပြီး လူမျိုးစုအလိုက် တည်ထောင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ နယ်မြေသတ်မှတ်ချက် သည်လည်း ရောယှက်နေသောကြောင့်ဖြစ်သည်။

မန္တလေးပီဒီအက်ဖ်သို့ ရှမ်းလူငယ်များလည်း ဝင်ကြသည်/AFP

ထို့ကြောင့် လူမျိုးစုအလိုက်တည်ထောင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ နယ်မြေသတ်မှတ်ရေး သဘောတူညီမှုမရပါက ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ်များအချင်းချင်း တိုက်ပွဲဖြစ်နိုင်သည့် အန္တရာယ်ရှိနေသည်ဟု ရှမ်းနိုင်ငံရေးသမားအချို့နှင့် ရှမ်းတိုင်းရင်းသားများက ခန့်မှန်းကြသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်းက “ရှမ်းကလည်း နဂိုကတည်းက ရှမ်းပြည်၊ တအာင်းပလောင်ကလည်း ပလောင်ပြည်နယ်ကို တည်ထောင်ချင်တယ်။ ကချင်ကလည်း ကချင် Sub-state ကို လုပ်ချင်တယ်ဆိုတော့ ဒီဟာကလည်း ထပ်နေတော့ ကျနော်တို့လည်း မြင်မိပါတယ်။ ဒါက ရှင်းရှင်းပြောရရင် အခုတော်လှန်ရေးပြီးတာတောင် ရှမ်းပြည်ရဲ့ စစ်ရေး ပြဿနာက ပြီးမလားဆိုတဲ့ စိုးရိမ်ချက်ရှိတယ်” ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းရင်းသားများအကြား လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခ ဖြစ်မလာရန် မည်ကဲ့သို့ ညှိနှိုင်းထိန်းသိမ်းကြမည်ဆိုသည်မှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား အလေးအနက်ထား စဉ်းစားအကောင်အထည် ဖော်ရမည့် ကိစ္စဖြစ်ကြောင်း ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူများက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သက်ဆိုင်ရာ တိုင်းရင်းသားများအကြား လူမျိုးရေးအသွင်ဆောင်သည့် ပဋိပက္ခ ဖြစ်မလာရန် မည်ကဲ့သို့ ညှိနှိုင်းထိန်းသိမ်းကြမည်ဆိုသည်မှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား အလေးအနက်ထား စဉ်းစားအကောင်အထည် ဖော်ရမည့် ကိစ္စဖြစ်ကြောင်း ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူများက ဆိုသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ အယ်ဒီတာချုပ် စိုင်းမိဏ်းကမူ TNLA နှင့် MNDAA တို့ဖော်ဆောင်မည့် အုပ်ချုပ်ရေးအတွင်း ရှမ်းတိုင်းရင်းသားများနှင့် သဟဇာတဖြစ်နိုင်ခြေရှိ ၊ မရှိနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများသည် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံပါက ပျော့ပြောင်းတတ်သူများဖြစ်ပြီး ဖိနှိပ်မှုကြုံလာပါက တော်လှန်တတ်သူများ ဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များကို သိမ်းပိုက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် အတင်းအကျပ် ဖိအားပေးလုပ်ဆောင်သည့်နည်းကို သုံးလာပါက လူထုနှင့် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

၎င်းက “ရှမ်းက ကိုယ့်လူမျိုးကို Tai လို့ခေါ်တယ်။ Tai ဆိုတာက လွတ်လပ်မှုပေါ့။ ဖိနှိပ်ချုပ်ချယ်မှုလာရင်တော့ ပုန်ကန်မှုကတော့ ဖြစ်မှာပဲ။ TNLA ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုတဲ့ နမ့်ခမ်းမြို့နယ်ထဲမှာဆိုရင် အခွန်ရုံးတို့ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့ ၊ အုပ်ချုပ်ရေးရုံးတို့နာမည်တွေ ထွက်လာတယ်။ တချို့နာမည်တွေဆိုရင် အနောက်က စကားလုံး ၂ လုံးက ရှမ်းနာမည်။ ရှေ့က တာတို့ မိုင်တို့ထည့်ရင် ပလောင်ရဲ့အသွင်ဆောင်တဲ့နာမည်တွေ ဖြစ်နေတယ်။ ဒီလိုအသေးအမွှားလေးတွေကအစ သတိထားရင် ပူးတွဲအုပ်ချုပ်ရေးတို့ ၊ ပူးတွဲတာဝန်ထမ်းဆောင်ရေးတို့ဆိုတာက ပြေလည်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

You may also like these stories:

၁၀၂၇ စစ်ဆင်ရေးအလွန် မြန်မာတွင် ဗဟိုဖြန့်ထွက်စနစ်သစ် လိုအပ်

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်စခန်း ၅၃ ခုကို TNLA သိမ်းပိုက်ထား

၁၀၂၇ စစ်ဆင်ရေးက အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ယူဆောင်လာသည်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ရှမ်းမြောက်၌ အရေးနိမ့်နေချိန် စစ်တပ် ဘာသာရေးပဋိပက္ခ လှုံ့ဆော်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးMNDAASliderTNLAပြန်လည်ထူထောင်ရေးရှမ်းတိုင်းရင်းသားရှမ်းမြောက်ဒေသအပစ်ရပ်အုပ်ချုပ်ရေးယန္တရား
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ရှိန်မြင့်နေချိန် ရခိုင်ရှိ တရုတ်ဆိပ်ကမ်းကို စစ်ကောင်စီ တွန်းလုပ်နေ

စစ်ရှိန်မြင့်နေချိန် ရခိုင်ရှိ တရုတ်ဆိပ်ကမ်းကို စစ်ကောင်စီ တွန်းလုပ်နေ

ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း

ဖားကန့်က ဝှေခါတပ်စခန်းကို KIA သိမ်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved