လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာမြောက်ဘက်တွင် မြန်မာစစ်တပ်က ပွိုင့် ၂၂၀၂ (ဆင်ဦးကင်းတောင်) ဟု ခေါ်ဝေါ်သမုတ်သည့် တောင်သည် ဒေသခံတို့က ‘နန်ထင်မင်စမ်း’ ဟု ခေါ်ကြ၏။ တရုတ်ဘာသာဖြင့် “နန်ထင်မင်” ဆိုသည်မှ “တောင်ဘက် ကောင်းကင်တံခါး”ဟု အဓိပ္ပာယ်ရပြီး “စမ်း” ဆိုသည်မှာ “တောင်” ဟု အဓိပ္ပါယ်ရသည်။ သို့ဖြစ်ရာ နန်ထင်မင်စမ်း ဆိုသည်မှာ “တောင်ဘက် ကောင်းကင်တံခါးတောင်” ဟု အဓိပ္ပာယ်ရ၏။
ပေ ၆၆၀၀ ကျော် မြင့်မားသည့်တောင်ဖြစ်သဖြင့် တိမ်များမြူများ ရစ်သိုင်းဆိုင်းဖွဲ့လေ့ရှိရာ ဒေသခံကိုးကန့် လူမျိုးများက ကောင်းကင်ဘုံသို့တက်သည့် တံခါးပေါက်အဖြစ် ရည်ညွှန်းတင်စား ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပုံရသည်။ ထို့ပြင် မိုးနတ်မင်းအား ယုံကြည့်သည့် ကိုးကန့်တို့အတွက် ဘာသာရေးနှင့် ဆက်နွယ်သည့် တောင်တတောင် ဖြစ်ခဲ့ပုံရ၏။
ကိုးကန့်တရုတ်လူမျိုးများသည် ရိုးရာအရ နတ်ကိုးကွယ်ကြသည်။ မိုးနတ်မင်း၊ မြေနတ်မင်းတို့အပြင် ၎င်းတို့၏ ဘိုးဘွားအစဉ်အဆက်တို့အားလည်း အလေးအမြတ်ထား၍ ကိုးကွယ်ကြ၏။ ဤသည်မှာ သူတို့၏ ကိုးကွယ်မှု၊ ယဉ်ကျေးမှုဖြစ်သည်။ သူတို့၏ ရိုးရာအစဉ်အလာဖြစ်၏။
ကိုးကန့်တို့အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ၊ ရိုးရာအစဉ်အလာများကို လေးစာဖို့လိုသည်။ အသိအမှတ်ပြုရန်လိုသည်။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို မဖျက်ဆီးရန်လို၏။ စော်ကားမှု မပြုရန်လို၏။
ကိုးကန့်တို့အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ၊ ရိုးရာအစဉ်အလာများကို လေးစာဖို့လိုသည်။ အသိအမှတ်ပြုရန်လိုသည်။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို မဖျက်ဆီးရန်လို၏။ စော်ကားမှု မပြုရန်လို၏။
နန်ထင်မင်စမ်းတောင်ထိပ်တွင် ကိုးကန့်နတ်ကွန်းနေရာရှိ၏။ ကိုးကန့်တို့ အစဉ်အလာ ရိုးရာကိုးကွယ်မှုဖြစ်သည်။ ကိုးကန့်တို့၏ သမိုင်းအစိတ်အပိုင်းလည်း ဖြစ်၏။ ၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲတွင် နန်ထင်မင်စမ်းတောင်သည် အရေးပါခဲ့သည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်များ၏ နန်ထင်မင်စမ်းတောင် ခံစစ်သည် နာမည်ကျော်၏။ နန်ထင်မင်စမ်း ခေါ် ပွိုင့် ၂၂၀၂ သည် လောက်ကိုင်ကို စိုးမိုးထားသည့် တောင်ကြောဖြစ်သည်။
အဆိုပါ တောင်ကြောသည် အတက်အဆင်း လမ်းကျဉ်းကျဉ်းလေး တခုသာရှိပြီး တောင်ကြောပေါ်တွင် ပွိုင့် ၂၀၀၂၊ ၂၀၅၇၊ ၂၂၀၂ နှင့် ၂၀၇၁ စသဖြင့် ပင်မစခန်းကုန်းများနှင့် တောင်ပေါ်တက်ရာ လမ်းတလျှောက် အခိုင်အမာ ခုခံတိုက်ခိုက်နိုင်သည့် နေရာများစွာရှိ၏။
၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲတွင် အဆိုပါ နန်ထင်မင်စမ်း ခေါ် ပွိုင့် ၂၂၀၂ တောင်ကြောတွင် ခံစစ်ဆင်နေသည့် MNDAA ကိုးကန့်တပ်ဖွဲ့အား တိုက်ခိုက်သိမ်းပိုက်ရရှိနိုင်ရန် မြန်မာစစ်တပ်မှ တပ်ရင်းမှူး အပါအဝင် အရာရှိစစ်သည် ရာနှင့်ချီ သေကြေဒဏ်ရာရှိခဲ့၏။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပြင်းအထန်အသုံးပြုပြီး နှစ်လနီးခန့်ကြာမြင့်အောင် တိုက်ခဲ့ရသည့် တောင်ကြောကြီး ဖြစ်သည်။
၂၀၁၅ တိုက်ပွဲအပြီးတွင် မြန်မာစစ်တပ် အကျအဆုံးများခဲ့သည့် ကုန်းကြမ်းကားလမ်း ၁၈ မိုင်၊ နန်ထင်မင်စမ်း စသည့်နေရာများတွင် စေတီတည်သည်။ နန်ထင်မင်စမ်း၌ စေတီတည်ရာတွင် ပြဿနာရှိသည်။ ထိုပြဿနာမှာ နန်ထင်မင်စမ်းရှိ ကိုးကန့်ရိုးရာ နတ်ကွန်းနေရာကို ဖျက်ဆီးပြီး စေတီတည်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့်လည်း ယခုရက်ပိုင်းတွင် ပွဲဆူနေသည့် နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီကို ဖျက်ဆီးပါသည်ဆိုသည့် ရုပ်သံသည် တုန့်ပြန်ပုံ ပြင်းထန်ခဲ့သော်လည်း ကိုးကန့်တို့၏ ရိုးရာနတ်ကွန်းနေရာကို ဖျက်ဆီးခြင်းခံရသည့်အတွက် တုန့်ပြန်သည့် ကိုးကန့်သားတဦး၏ အမျက်ဒေါသဖြစ်၏။
နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီဖျက်ဆီးခြင်းကို ဘာသာရေးစော်ကားမှု၊ ဖျက်ဆီးမှုအဖြစ် အချို့ သတင်းဌာနများက သရုပ်ဖော်သည်။ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းမှု မပြုကြပေ။ MNDAA တပ်ဖွဲ့က အခြေအနေရှုပ်ထွေးပြီး စစ်ရေးအရ တင်းမာနေစဉ် ပြဿနာ မကြီးမားအောင် ကျူးလွန်သည့် သူတို့ရဲဘော်အား အရေးယူမည်ဟု ထုတ်ပြန်၏။ နောက်ထပ် မဖြစ်ပွားအောင်လည်း ညွှန်ကြားချက်ထုတ်သည်။ ပြဿနာပိုမလာစေရန် နောက်ကွယ်က အကြောင်းများကို ရှင်းလင်းခြင်း မပြုခဲ့ပေ။
သို့သော် မြန်မာစစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ပြီး မဘသများကို ပွဲထုတ်၍ ပွဲဆူအောင်လုပ်သည်။ အမျိုးဘာသာ သာသနာထိရင် လက်မခံဟု လှုံ့ဆော်သည်။ ကိုးကန့်တို့၏ ရိုးရာနတ်ကွန်းနေရာကို အရင်ဖျက်ဆီးခဲ့သည့် မြန်မာစစ်တပ်၏လုပ်ရပ်ကို ဖုံးကွယ်ထားကြ၏။
သို့သော် မြန်မာစစ်တပ်က နောက်ကွယ်မှ ကြိုးကိုင်ပြီး မဘသများကို ပွဲထုတ်၍ ပွဲဆူအောင်လုပ်သည်။ အမျိုးဘာသာ သာသနာထိရင် လက်မခံဟု လှုံ့ဆော်သည်။ ကိုးကန့်တို့၏ ရိုးရာနတ်ကွန်းနေရာကို အရင်ဖျက်ဆီးခဲ့သည့် မြန်မာစစ်တပ်၏လုပ်ရပ်ကို ဖုံးကွယ်ထားကြ၏။
ဗုဒ္ဓဘာသာတို့ တည်ထားသော ဘုရားစေတီဖျက်ဆီးခြင်းကို လက်မခံသည့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာများအနေနှင့် အခြားဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုကို ဖျက်ဆီးခြင်းသည်ရော မှန်ကန်ပါ၏လော၊ အခြား တိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုကို ဖျက်ဆီးပြီး ဘုရားစေတီ တည်ခြင်းသည်ရော မှန်ကန်ပါ၏လော၊ ဗုဒ္ဓဘာသာတို့၏ ဘုရားစေတီကိုဖျက်ပြီး အခြားကိုးကွယ်မှု အဆောက်အအုံ တည်ဆောက်မည်ဆိုပါကလည်း မှန်ကန်ပါ၏လော ဆိုသည်ကို သမာသမတ်ကျသူတိုင်း ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။
တကယ်တော့ ကိုးကန့်တွင်မှ မဟုတ်ပေ။ မြန်မာစစ်တပ်သည် တိုင်းရင်းသားလူမျိုးတို့၏ ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာအစဉ်အလာများအား စော်ကားဖျက်ဆီးသည်ကို နေရာအတော်များများတွင် တွေ့ရ၏။ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ရာ ချင်းပြည်နယ်တောင်တန်းများ၏ တောင်ထိပ်များတွင် ချင်းတို့က သစ်သား လက်ဝါးကပ်တိုင်များ စိုက်ထူထားသည်ကို မြန်မာစစ်တပ်က ဖျက်ဆီးပြီး မီးဆိုက်ပစ်သည်။
ကချင်ပြည်နယ်ရှိ သဘာဝကျောက်နဂါးကို မြန်မာစစ်တပ်က အပေါ်က မြန်မာနဂါးပုံငုံ၍ ဖျက်ဆီးပစ်သည်။ တိုင်းရင်းသားဒေသ အသီးသီးရှိ တိုင်းရင်းရင်းသားလူမျိုး အသီးသီး၏ ရိုးရာယုံကြည်မှု၊ ကိုးကွယ်မှုများ၊ အထိမ်းအမှတ် အစဉ်အလာများကို အရင် လိုက်လံဖျက်ဆီးပစ်သည်က မြန်မာစစ်တပ်ဖြစ်၏။
နန်ထင်မင်စမ်းတောင်မှ ပြဿနာလည်း မြန်မာစစ်က အရင်ဦးစွာ ကျူးလွန်ခဲ့သည့် ပြဿနာဖြစ်၏။ ကိုးကန့်တို့ အစဉ်အလာရိုးရာ နတ်ကွန်းနေရာကို မြန်မာစစ်တပ်က အရင်ဖျက်ဆီးခဲ့သည့် ပြဿနာဖြစ်၏။ နတ်ကွန်းဆို၍ ခေတ်နောက်ကျသည်၊ ဘာသာရေးမှ မဟုတ်တာဟု ဆို၍မရပေ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ တောင်ပြုံးနတ်ပွဲသည်ပင် ယနေ့တိုင် ခြိမ့်ခြိမ့်သဲဆိုသည်ကို သတိပြုရန် လိုပါသည်။
နန်ထင်မင်စမ်းတောင် ဖြစ်စဉ်သည် အကျိုးရှိ၍ အကြောင်းရှိခြင်း ဖြစ်၏။ ကိုးကန့်စစ်သည်၏ တုန့်ပြန်ပုံ လွဲချော်မှု ရှိကောင်းရှိနိုင်သည်။ သို့သော် မြန်မာစစ်တပ်က ကိုးကန့်တို့၏ ကိုးကွယ်မှု ရိုးရာအစဉ်အလာကို အရင်ဆုံး ဖျက်ဆီးခဲ့ခြင်း၊ စော်ကားခဲ့ခြင်းကြောင့် ဖြစ်သည့်ပြဿနာဖြစ်၏။
You may also like these stories:
ရှမ်းမြောက်၌ အရေးနိမ့်နေချိန် စစ်တပ် ဘာသာရေးပဋိပက္ခ လှုံ့ဆော်
ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ
လောက်ကိုင်ကျဆုံးခြင်းနှင့် လှုပ်ရှားလာနေသော ရှမ်းအရှေ့
စစ်ပွဲက ရှုံးနေတော့ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချတာ (ရုပ်/သံ)