• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
in အင်တာဗျူး
A A
ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တရုတ်နယ်စပ်ရှိ မြန်မာစစ်တပ်စခန်းများကို သိမ်းပိုက်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့များ

19.9k
VIEWS
Share on FacebookShare on Twitter

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် (MNDAA) ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့၏ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် စခန်းများ မြို့များ လက်လွှတ်ခဲ့ရသည့် စစ်ကောင်စီသည် ယခုအခါ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ၎င်းတို့ဖြင့် ဆွေးနွေးနေ သည်ဆိုသော် လည်း သဘောတူညီမှု တစုံတရာမရပေ။

ဦးသိန်းစိန် အစိုးရလက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA )လက်မှတ်ထိုးရာတွင် ကျန်အဖွဲ့များ ဖိတ်ခေါ်ခံရသော်လည်း ယင်း ညီနောင် ၃ဖွဲ့ကိုမူ စစ်တပ်က လက်မခံခဲ့ပေ။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၃ဖွဲ့အပေါ် ထိုသို့သဘောထားခဲ့သည့် စစ်တပ်သည် ယခုအခါ တရုတ်၏ အကူအညီ ဖြင့် ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဆွေးနွေးနေရသည့် အခြေအနေဖြစ်သည်။ ထိုအတွက် NCA လက်မှတ်ရေး ထိုးစဉ်က ပါဝင်ခဲ့သော ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC ) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးစတင်ဆွေးနွေးတုန်းက မြောက်ပိုင်းညီနောင် ၃ဖွဲ့ လုံးပါခဲ့တယ်။ ဒါပေမယ့် လက်မှတ်ထိုးခါနီးမှာ စစ်တပ်ဘက်က လက်မခံလို့ ညီနောင် ၃ဖွဲ့က NCA မှာ ပါခွင့် မရခဲ့ဘူး။အဲဒီတုန်းက ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ပြန် ပြောပြပေးပါလား။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC ) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို ၂၀၂၂ ခုနှစ် ဧပြီလက တွေ့ရစဉ်/PNFC

ဖြေ။ ။စစ်အုပ်စုက စစ်ဝါဒီတွေဖြစ်တယ်။ စစ်ပဒေသရာဇ်တွေဖြစ်တယ်။ ဖြစ်တဲ့အတွက် သူတို့က တန်းတူရေးဆိုတာကို မစဉ်းစားဘူး။ သူတို့ကတော့ ကိုယ်ထက်အားကြီးရင် အောက်ကျို့ဖို့ ဝင်မလေးသလိုပဲ ကိုယ်ထက် အားနည်းတဲ့သူကိုလည်း သူတို့က အနိုင်ကျင့်ဖို့ အဆင်သင့်ပဲ။ဒီသဘောထားအပေါ်မှာ အခြေခံခဲ့တယ်လို့ သုံးသပ်ရမယ်။

နောက်တချက်က ဘာလဲဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်တို့ ၈၉ မှာ အပစ်အခတ်ရပ်စဲရေးလုပ်တုန်းက တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့တွေကို တဖွဲ့ချင်းပဲ ညှိတယ်။ ပေါင်းပြီးတော့ မညှိဘူး။ ဘာကို စိုးရိမ်လဲဆိုရင် တိုင်းရင်းသား တော် လှန်ရေး အဖွဲ့တွေက ပေါင်းပြီးတော့ လာမှာကို သူတို့စိုးရိမ်တယ်။ သို့သော် သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ မဖြစ်မနေမို့ သူတို့ခွင့်ပြုလိုက်ရတဲ့ အခြေအနေတရပ်ရှိတယ်။

အဲဒီတုန်းက ဆက်ဆံခံရတဲ့ပုံစံတွေက ဘာကွာလဲဆိုတော့ ကရင်မှာ သုံးဖွဲ့ရှိတယ်။ KNU ( ကရင်အမျိုးသားအစည်းအရုံး) DKBA (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)နဲ့ KNU/KNLA -PC ( ငြိမ်းချမ်းရေးကောင်စီ ) ၃ ဖွဲ့ရှိ တယ်။ ကရင် ၃ဖွဲ့ကိုတော့ တဖွဲ့ချင်း လက်မှတ်ထိုးတာကို လက်ခံတယ်။

အဲဒီတုန်းက ရခိုင်မှာလည်း တော်လှန်ရေးအဖွဲ့အစည်းက ၃ ဖွဲ့ရှိတယ်။ ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)ရယ်၊ AA (ရက္ခိုင့်တပ်တော်)ရယ်၊ နောက် ANC ( ရခိုင်ပြည် အမျိုးသားကောင်စီ) ရယ်။ အဲဒီတော့ သူတို့ကရခိုင်ကို ဆက်ဆံတဲ့အခါ ALP က တဖွဲ့ချင်းအနေနဲ့ ထိုးချင်ရင် ထိုးလို့ရတယ်။ ဒါမှမဟုတ်ရင် ကျန်တဲ့ ANC နဲ့ AA နဲ့သုံးဖွဲ့ပေါင်းပြီးတော့ ရခိုင် ၃ ဖွဲ့ပေါင်းပြီးတော့ ထိုးပေါ့။

ဒီမှာသူက ဘယ်လိုဆက်ဆံလဲဆိုရင် ကရင် ၃ ဖွဲ့ကိုတော့ တဖွဲ့ချင်း ထိုးတာကို လက်ခံပြီးတော့ ရခိုင် ၃ ဖွဲ့ကိုတော့ ပေါင်းပြီး ထိုးခိုင်းတယ်။ ALP က သီးသန့် ထိုးချင်ရင်ထိုး၊ ဒါမှမဟုတ်ရင် ရခိုင် ၃ ဖွဲ့ပေါင်းထိုး။ AA ကို သူတို့ဆက်ဆံခဲ့တဲ့ဟာက ဘယ်လိုလဲဆိုရင် AA က နိုင်ငံရေး ဦးဆောင်အဖွဲ့ဆိုတာ မရှိသေးဘူး။ ပြီးတော့ ကချင်မှာစုဖွဲ့ပြီးတော့ ရခိုင်မှာ မရှိဘူးပေါ့။ ဒီလိုအချက်တွေနဲ့ တဖွဲ့ချင်း ထိုးဖို့ကို ငြင်းပယ်ခဲ့တာဖြစ်တယ်။

အားလုံးကို တန်းတူရည်တူ ဆက်ဆံတဲ့သဘောထား မရှိဘူး။ အင်အားပေါ်မှာပဲ အခြေခံပြီးတော့ ဆုံးဖြတ်ခဲ့တာ တွေရှိ တယ်။ စုပေါင်းပြီးတော့ ဆောင်ရွက်တာကို တတ်နိုင်သမျှ အင်အားချည့်နဲ့အောင်လုပ်တာ။

မေး။ ။ ဒါကတော့ AA အပေါ်သဘောထားပေါ့နော်။ နောက် TNLA ( ပလောင် (တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်) တို့ ကိုးကန့်အဖွဲ့ဖြစ်တဲ့ MNDAA( မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) တို့အပေါ်မှာရော စစ်တပ်က ဘယ်လို သဘောထားမျိုးရှိခဲ့လဲ။

ဖြေ။ ။ အစပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့လုံးအပေါ်မှာ NCA လက်မှတ်ရေးထိုးဖို့ ငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း NCA ထိုးခါ နီးလောက်ကျမှ TNLA ကိုညှိတာပေါ့။ TNLA ကိုတော့ ဖိတ်ခေါ်တယ်။ TNLA အနေနဲ့ NCA မထိုးခင်မှာ ပြည်နယ်အဆင့်လို အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ NCA မှာထိုးဖို့ပေါ့။ သို့သော် TNLA ကအဲဒါကို ငြင်းတယ်။ ကျွန်တော်တို့ သိသလောက် ပေါ့။

ဘာဖြစ်လို့ ငြင်းသလဲဆိုတော့ ဒါက ဂုဏ်ယူရမယ့် ဂုဏ်ပြုရမယ့် အချက်ဖြစ်ပါတယ်။ ညီနောင် ၃ ဖွဲ့ကြားမှာ ထားတဲ့ တပ်ပေါင်းစုအပေါ်မှာ သဘောထား။ ညီနောင် ၃ ဖွဲ့က တပ်ပေါင်းစုဖွဲ့တဲ့အခါ မူအရ တဦးတယောက်ကို အတိုက်ခံရရင်၊ အားလုံးကို အတိုက်ခံရတယ်လို့သတ်မှတ်တယ်ဆိုတဲ့ စစ်ရေး၊ နိုင်ငံရေး တပ်ပေါင်းစုတွေရဲ့မူ၊ မိမိတို့အဖွဲ့အစည်းတခုကို တိုက်ခံရရင် ညီနောင်အဖွဲ့အစည်း ၃ ခုစလုံးကို တိုက်ခံရတယ်။ ပြန်လည် တုန့်ပြန်ရမယ်ဆိုတဲ့ အဲဒီမူကို အပြည့် သူတို့က ကျင့်သုံးတာဖြစ်ပါတယ်။

ဒါကြောင့် TNLA ကို ခွဲထုတ်ပြီးတော့ NCA ထိုးဖို့လုပ်တာကို TNLA ကငြင်းလိုက်တာ ဖြစ်ပါတယ်။ AA နဲ့ကိုးကန့်အဖွဲ့တို့ပါ ဝင်ခွင့်မရတဲ့အပေါ်မှာ TNLA ကသူတို့လက်မှတ်ထိုးခွင့်ကို ငြင်းလိုက်တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်း KIO( ကချင် လွတ်လပ်ရေးအဖွဲ့) တို့လည်း မပါတော့ဘူးပေါ့။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.2k
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
118
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k

မေး ။ ။ MNDAA ကိုးကန့်အဖွဲ့အပေါ်မှာ စစ်တပ်က ဘယ်လို သဘောထားရှိခဲ့လဲ။

ဖြေ။ ။ အဲဒီကာလတုန်းက အစည်းအဝေးတွေမှာရော မီဒီယာတွေမှာရော ကျွန်တော်တို့ အမြဲပြောခဲ့တာ ရှိပါတယ်။ အဲဒါ ကတော့ ဘာလဲဆိုရင် MNDAA ကိုးကန့်အဖွဲ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီးတော့ စစ်အုပ်စုနဲ့ ပထမဦးဆုံး အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ဒါကြောင့် အဲဒီကာလက ဦးသိန်းစိန်အစိုးရက ဦးအောင်မင်းတို့ကို ကျွန်တော်တို့ ပြောခဲ့တယ်။ MNDAA ကိုးကန့်အဖွဲ့ဆိုတာ ခင်ဗျားတို့နဲ့ ပထမဦးဆုံးသော အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ မဟာမိတ်အဖွဲ့အစည်းဖြစ်တယ်။ဒါကြောင့် ခင်ဗျားတို့ အနေ နဲ့ ကိုးကန့်အဖွဲ့ နဲ့သေချာညှိနှိုင်းကြဖို့ လိုတယ်။ အပြန်အလှန် တန်ဖိုးထားဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့လည်း ကြိမ်ဖန်များစွာ ပြောခဲ့တယ်။

ဒါပေမယ့် သူတို့က ကိုးကန့်အဖွဲ့ကို ၂၀၀၉ မှာ နယ်ခြားစောင့်တပ်အဖြစ် ပြည်သူ့စစ်အဖြစ် ကူးပြောင်းခိုင်းတာ မပြောင်းဘဲ ပြန်တိုက်တဲ့အပေါ်မှာ အင်မတန် နာကြည်းတယ်ပေါ့၊ ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်ကတော့ အခုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လို့ ပြောပါတယ်။ စစ်ခေါင်းဆောင်ကနေပြီးတော့မှ ဒီပေါ်မှာ နာနာကြည်းကြည်း ခါးခါးသီးသီး ဖြစ်တဲ့ အပေါ် မှာလည်း အဲဒီကာလက ဦးအောင်မင်းတို့ ဦးသိန်းစိန်တို့အစိုးရတို့က ညှိလို့မရခဲ့တာလို့ပဲ ကျွန်တော်တို့ ကြားခဲ့ရတယ်။

မေး ။ ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အပေါ် အဲဒီအချိန်တုန်းက စစ်တပ်က ဘယ်လိုသဘောထားရှိခဲ့လို့ NCA မှာ လက်မှတ် ထိုးဖို့ ထားခဲ့တာလဲဆိုတာကို အများနားလည်အောင် ရှင်းပြပေးပါလား။

ဖြေ ။ ။ စစ်တပ်ကတော့အင်အားကိုပဲ ကြည့်မယ်။ အင်အားနဲ့ပဲ ဆုံးဖြတ်မယ်။ နိုင်ငံရေးအရ တန်းတူရည်တူဆိုတဲ့ သဘော ထားမျိုး မရှိဘူး။ ဒါကြောင့်အဲဒီကာလတုန်းကတော့ ညီနောင် ၃ ဖွဲ့ရဲ့ စစ်ရေးအင်အားက အခုလောက်ထိ အားမကောင်း သေးတာလည်းပါတယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ပြိုကွဲဖို့အတွက် လာချင်လာ သို့သော်လည်း အင်ကောင်းအားကောင်း မဖြစ်အောင် ဒီလိုသဘောထားတွေနဲ့ လုပ်ခဲ့တာလို့ ကျွန်တော်ယူဆပါတယ်။

ရိုးရိုးပြောရရင်တော့ အထင်သေးခဲ့တာပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ဒီစစ်ခေါင်းဆောင်တွေ အနေနဲ့ ကတော့ ညီနောင်၃ ဖွဲ့အပေါ်မှာ အထင်သေးခဲ့တာပါတယ်။ ပြီးရင် ရန်လိုမုန်းတီးမှုလည်း သူတို့ ၃ ဖွဲ့အပေါ်မှာ အင်မတန် ကြီးခဲ့တာ ဖြစ်ပါတယ်။ ရန်သူတွေထဲမှာမှ သူတို့အနေနဲ့ အင်မတန်မုန်းတီးတဲ့ရန်သူတွေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါ တယ် ဒါကြောင့်လည်း မဖြစ်မနေ ချန်ထားခဲ့တာလို့ ဒီလိုထင်ပါတယ်။

မေး ။ ။ စစ်တပ်ပြောင်းလာတဲ့ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ကြံ့ခိုင်ရေးအစိုးရကရော အဲဒီတုန်းက ညီနောင် ၃ ဖွဲ့ အပေါ် ဘယ်လို သဘောထားမျိုးရှိခဲ့လဲ။စစ်တပ်နဲ့သဘောထား အတူတူပဲရှိခဲ့တာလား။

ဖြေ ။ ။ အစိုးရရော စစ်တပ်ရော အကုန်လုံးက စစ်အုပ်စု တစုတည်းက ဖြစ်ပါတယ်။ စစ်အုပ်စု တစုလုံးရဲ့ သဘောထားက ခေတ်ပြောင်း၊ စနစ်ပြောင်းမှာကို မလိုလားပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကာကွယ်ယူထားပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ရင် လုံးဝအထိ မခံပါဘူး။စစ်တပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အရာရာကို တိုင်းပေမယ့် ဒီ ဦးသိန်းစိန်အစိုးရဘက်မှာကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ပတ်သက်ရင် အပေါ်ယံ ပြုပြင်ပြောင်းလဲရေးလုပ်ပြီးတော့ သွားချင် တယ်။

ဒီတုန်းက စစ်တပ်ကိုကိုင်ထားတာက မင်းအောင်လှိုင် စစ်တပ်ကကန့်ကွက်ရင် သူတို့ဆက်လုပ်လို့ မရဘူး။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ခေါင်းမာခဲ့တာတွေ၊ ထိုက်သင့်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ့်အပေါ်မှာ သူတို့လွဲလွဲမှားမှား ရပ်ခဲ့ တဲ့အပေါ်မှာ အင်အားအပေါ်မှာပဲ အခြေခံပြီးတော့ စဉ်းစားခဲ့တာတွေက ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ရဲ့ မှားပြီးသား အမှားတွေကို ထပ်ထပ်မှားနေတာပဲလို့ ထင်ပါတယ်။

မေး ။ ။ ဆယ်စုနှစ်တခုနီးပါး ၇ နှစ်၊ ၈ နှစ် ကြာလာတဲ့အချိန်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင်က ငြင်းပယ်ခဲ့တဲ့ ဒီမြောက်ပိုင်း ၃ ဖွဲ့ကို ဆွေးနွေးချင်ပါတယ်ဆိုပြီး တရုတ်ကိုအကူအညီ တောင်းတဲ့အနေအထားမျိုး ဖြစ်လာတာတွေ့ရတယ်။ ဒီလိုမျိုး စစ်ခေါင်းဆောင်စိတ်ဓာတ် ပြောင်းလာတာက ဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ အင်အားကြီးလာရင် အောက်ကျို့ဖို့ ဝင်မလေးဘူး။ အင်အားနည်းရင်တော့ အနိုင်ကျင့်ဖို့ ဝန်မလေးဘူး။ ဘယ်အခြေ အနေမှာမဆို ကတိသစ္စာမတည်ဘူး တာဝန်မခံ တာဝန်မယူဘူး။ ဒါက မင်းအောင်လှိုင်ရဲ့အကျင့်။ ကျွန်တော်တို့ NCA မှာ လက်မှတ်ရေးထိုးခဲ့တယ်။ မင်းအောင်လှိုင်ကိုယ်တိုင်လည်း လက်မှတ်ရေးထိုးခဲ့တယ်။ ဒီလိုလက်မှတ်ရေးထိုးခဲ့ပြီးတော့မှ အတူတကွ လက်မှတ်ရေးထိုးခဲ့ပြီးမှ အစိုးရနဲ့ နိုင်ငံရေးအရ ကျေလည်မှု မဖြစ်တဲ့အချိန်မှာ NCA အရဆိုရင် နိုင်ငံရေးအရပဲ ညှိနှိုင်းကြရမှာ။ ဒီလို အင်အားသုံး မဖြေရှင်းရဘူး အာဏာသိမ်းလို့ မရဘူး။ ဒီကနေ့ အာဏာသိမ်းခဲ့တာဟာ အစိုးရ ဆိုတဲ့ ပြည်ထောင်ဘက် အပေါ်မှာ စစ်အုပ်စု မင်းအောင်လှိုင်တို့က သစ္စာဖောက်ခဲ့တာဖြစ်သလို NCA ကိုလည်း ချိုးဖေါက်ခဲ့တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ NCA အပေါ်မှာ တာဝန်မယူဘူး၊ တာဝန်မခံဘူး။ သစ္စာ ဖေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလူမျိုးက နောက်ထပ် ချုပ်ဆိုမယ့် ကတိကဝတ်တွေ စာချုပ်တွေကို ဘယ်သူက တာဝန်ယူပေးမှာလဲ။အခု တော်တော် များများ ပြောနေတာရှိတယ်။ တရုတ်ရဲ့ဖိအားပေးမှု ဘာညာ၊ ကျွန်တော်တို့ ရိုးရိုးနားလည်တာက တရုတ်က စစ်အုပ်စုကို တာဝန်ယူပေးမလား၊ တာဝန်ခံပေးမလား။ စစ်အုပ်စုက နောင် ဒီလိုအမှားတွေ မကျူးလွန်တော့ပါဘူးလို့ တရုတ်က တာဝန် ယူပေးနိုင်မှာလား။ ကျွန်တော်ထင်တယ်၊ တရုတ်အစိုးရလည်း တာဝန် မယူပေးနိုင်ဘူး။

NCA မှာ တရုတ်က လက်မှတ်ထိုးခဲ့တယ်။ အခု NCA ကို မင်းအောင်လှိုင်ဦးဆောင်ပြီး စစ်အုပ်စုက ချိုးဖေါက်တဲ့အချိန်မှာ တရုတ်က ဘာမှ လုပ်ပေးတာမှ မဟုတ်တာ။ ဒါကို ညီနောင် ၃ ဖွဲ့က ကောင်းကောင်းသိတယ်လို့ ကျွန်တော် နားလည် တယ်။ NCA ထိုးခဲ့သည်ဖြစ်စေ၊ မထိုးခဲ့သည်ဖြစ်စေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ဒီအတွေ့အကြုံက ခါးခါးသီးသီး ကျွန်တော်တို့ အများကြီး ရှိပြီးသား၊ ညီနောင် ၃ ဖွဲ့အနေနဲ့ ဒီကနေ့ တော်လှန်ရေးကို ရပ်တန့်မှာ မဟုတ်ဘူး။

ဒီတော်လှန်ရေးကိုဆက်လက်ပြီးတော့မှ ဦးဆောင် ဆင်နွှဲမယ်လို့ ကျွန်တော်တို့ ဒီလို ယုံကြည်ထားပါတယ်။သို့သော် အခြေ အနေတရပ်အရ အခုလိုအခါမျိုးမှာ တရုတ်ကလည်း သူ့အနေနဲ့နိုင်ငံရေးအရ ပြောတာဆိုတာတွေရှိမယ်။ ညီနောင် ၃ ဖွဲ့တို့ ကလည်း ခံပြောလို့ မရတဲ့အခြေအနေမှာ ခံမပြောပေမယ့် နားထောင်မှာတော့ မဟုတ်ဘူးလို့ ကျွန်တော် ဒီလိုထင်ပါတယ်။

မေး ။ ။ တရုတ်နိုင်ငံရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ စစ်ကောင်စီနဲ့ညီနောင် ၃ ဖွဲ့တို့ရဲ့ဆွေးနွေးပွဲက ဘာတွေများ ဆက်ဖြစ်လာ နိုင်မလဲ။

ဖြေ။ ။ကျွန်တော်ရိုးရိုးပဲ နားလည်တာက ညီနောင် ၃ ဖွဲ့အနေနဲ့ကတော့ မလွဲသာ မရှောင်သာ အခြေအနေတရပ်မှာ သူတို့ ပြောရဆိုရတာတွေရှိမယ်။ ဒါပေမယ့် စစ်ကောင်စီကို သူတို့ယုံမှာ မဟုတ်ဘူး။ ထိုနည်းတူပဲ ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့ အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ ဒါက ရှင်းတယ်။
အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။ အင်မတန် အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကိုနားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကိုပြန်ပြီး တော့ ပြန်သတ် မှာပဲ။ ဒါကိုညီနောင်၃ ဖွဲ့က ကောင်းကောင်းသိတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတချိန်မှာတော့ တပြည်လုံးမှာ စုပေါင်းဆင်နွှဲနေတဲ့ ယနေ့တော်လှန်ရေးကြီးကိုတော့ ညီနောင် ၃ ဖွဲ့ ကတော့ ဆက်လက်ပြီးတော့မှ ဦးဆောင် ဆင်နွှဲမယ်လို့ ဒီလို ကျွန်တော်ယုံကြည်တယ်။

You may also like these stories:

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

“၁၀၂၇ စစ်ဆင်ရေး” နှင့် ရက်ပေါင်း ၆၀

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

၁၀၂၇ စစ်ဆင်ရေးအကြောင်း စစ်ကောင်စီ လိမ်ညာ ဝါဒဖြန့်နေသည်

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

Your Thoughts …
Tags: AAMNDAANCASliderTNLAစစ်ခေါင်းဆောင်ညီနောင် ၃ ဖွဲ့ညှိနှိုင်းရေးတရုတ်နယ်ခြားစောင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post

ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ

နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း

နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved