မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်သည့် ဖျက်အားပြင်းငလျင်သည် မန္တလေးနှင့် စစ်ကိုင်းတိုင်းသာမက နေပြည်တော် ပြည်ထောင်စုနယ်မြေတွင်လည်း အပျက်အစီးအများအပြား ဖြစ်စေသည်။ ဧပြီလလယ် ရောက်သောအခါ သေဆုံးမှုနှုန်း လူ ၃,၆၀၀ ကျော်ပြီး ဒဏ်ရာရသူ ၅,၀၀၀ ကျော်သည်ဟု ဆိုသည်။
ထိုငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေးတွင် အဆောက်အအုံ ၁,၈၅၀ ကျော် လုံးဝပျက်စီးပြီး အခြား အဆောက်အအုံ ၂,၂၅၀ ထိခိုက်သည်။ သို့သော် စစ်ကောင်စီ ထိန်းချုပ်မှု ပြင်ပဒေသများမှ ထိခိုက်ပျက်စီးမှုများကို ကန့်သတ်ချက်များကြောင့် မဖော်ပြနိုင်သဖြင့် ထိုကိန်းဂဏန်းများသည် ငလျင်၏ အမှန်တကယ် ထိခိုက်မှုကို မဖော်ပြနိုင်လောက်ပေ။
ငလျင်အပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီ အခြေအနေသည် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားမှ တုံ့ပြန်မှုများရှိသော်လည်း စိန်ခေါ်မှုများမှာ ရှည်ကြာဖွယ်ရှိသည်။ လူသားချင်းစာနာမှု အကျပ်အတည်းအပြင် ထိုငလျင်သည် မြန်မာ့စီးပွားရေး ချိနဲ့မှုကို ပိုမိုဆိုးရွားစေရန် ခြိမ်းခြောက်နေသည်။
ငလျင်အပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီ အခြေအနေသည် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားမှ တုံ့ပြန်မှုများရှိသော်လည်း စိန်ခေါ်မှုများမှာ ရှည်ကြာဖွယ်ရှိသည်။ လူသားချင်းစာနာမှု အကျပ်အတည်းအပြင် ထိုငလျင်သည် မြန်မာ့စီးပွားရေး ချိနဲ့မှုကို ပိုမိုဆိုးရွားစေရန် ခြိမ်းခြောက်နေသည်။
စီးပွားရေးနည်းလမ်းကို စစ်ကောင်စီ ပြန်လည်မစဉ်းစားပါက ငလျင်၏ နောက်ဆက်တွဲသည် ဆင်းရဲနွမ်းပါးမှုနှင့် ငွေကြေးဖောင်းပွမှု ပိုမိုမြင့်မားစေနိုင်ပြီး ပို့ကုန်နှင့် ကုန်ထုတ်စွမ်းအား ကျဆင်းကာ နှစ်ပေါင်းများစွာကြာသည့် သက်ရောက်မှုများ ဖြစ်စေနိုင်သည်။
ငလျင်၏ တိုက်ရိုက် သက်ရောက်မှုများသည် သတိပြုစရာ သိသာထင်ရှားသည်။ ကြေကွဲစရာ အသက်များ သေဆုံးခြင်းအပြင် ပိုင်ဆိုင်မှုပစ္စည်းများ၊ ငွေရင်းနှင့် အခြေခံအဆောက်အအုံ ပျက်စီးမှု အလွန်ဆိုးရွားသည်။ မြန်မာနိုင်ငံ အထက်ပိုင်း၏ စီးပွားရေးအချက်အချာ မန္တလေးသည် ဒေသတွင်း ကုန်စည်တင်ပို့ရေးကွင်းဆက်၏ ဗဟိုချက်ဖြစ်သည်။ မန္တလေး၏ စက်မှုဇုန်များနှင့် သယ်ယူပို့ဆောင်ရေး အချက်အချာများသည် စီးပွာရေးလုပ်ငန်း ထောင်ပေါင်းများစွာရှိသော နေရာဖြစ်ပြီး ၎င်းတို့အနက် အများအပြားသည် ငလျင်ကြောင့် သိသိသာသာ ပျက်စီးသည်။
လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်အပါအဝင် အခြေခံအဆောက်အအုံများ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးမှုသည် စစ်ကောင်စီ ထိန်းချုပ်ဒေသများကိုသာမက နိုင်ငံတော်အဆင့် မဟုတ်သည့် အာဏာပိုင်များ ထိန်းချုပ်ဒေသများကိုပါ ထိခိုက်စေသည်။ စစ်ကိုင်းနှင့် မန္တလေးကို ဆက်သွယ်ထားသည့် သမိုင်းဝင်တံတားတခု ကျိုးကျပျက်စီးပြီး အခြားတခု ထိခိုက်ကာ ကုန်တင်ကားငယ်များသာ သွားလာနိုင်ပြီး မန္တလေးအနီး ဆိပ်ကမ်းကို အသုံးမပြုနိုင်တော့ပေ။
ထိုအပျက်အစီးများသည် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကိုသာမက အရေးပါသည့် ကုန်စည်တင်ပို့ရေးကွင်းဆက်များ၊ အထူးသဖြင့် စိုက်ပျိုးရေးကွင်းဆက်များကိုလည်း ထိခိုက်စေသည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသသည် နှမ်း၊ ပဲစင်းငုံနှင့် ကုလားပဲစသည့် ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးသည့် ထိပ်တန်းဒေသဖြစ်ပြီး ၎င်းတို့အနက် အများစုကို မေလတွင် စိုက်ပျိုးရသည်။
လယ်သမားများအတွက် သွင်းအားစုရရှိမှု နည်းစေသည့်၊ ကုန်ကျစရိတ်များစေသည့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုသည် စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေး လည်ပတ်မှုကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ထိခိုက်လွယ်ပြီးဖြစ်သော ဒေသတွင် လယ်သမားများ၏ ဝင်ငွေကို ထိပါးစေနိုင်သည်။
လယ်သမားများအတွက် သွင်းအားစုရရှိမှု နည်းစေသည့်၊ ကုန်ကျစရိတ်များစေသည့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုသည် စိုက်ပျိုးရေးနှင့် ရိတ်သိမ်းရေး လည်ပတ်မှုကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ထိခိုက်လွယ်ပြီးဖြစ်သော ဒေသတွင် လယ်သမားများ၏ ဝင်ငွေကို ထိပါးစေနိုင်သည်။
မြို့တော် နေပြည်တော်မှ ထိခိုက်သေဆုံးမှုသည် နှောင့်နှေးမှုများနှင့် ဝန်ဆောင်မှု ပြတ်တောက်ခြင်းများ ဖြစ်စေနိုင်သည်။ အစိုးရ အဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ အပြင်းအထန် ထိခိုက်ပျက်စီးပြီး နိုင်ငံ့ဝန်ထမ်း အများအပြား သေဆုံး၊ ဒဏ်ရာရသည်။
ထိုကိစ္စသည် လယ်ယာထုတ်ကုန်များ တင်ပို့ခြင်းအတွက် အစားအသောက် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြုလက်မှတ်ကဲ့သို့သော ဝန်ဆောင်မှုများကို နှောင့်နှေးစေနိုင်သည်။ စစ်ကောင်စီ၏ စီးပွားရေး ဗဟိုထိန်းချုပ်မှုသည် သက်ရောက်မှုများကို ပိုမိုဆိုးရွားစေနိုင်ပြီး အထူးသဖြင့် ကုန်သွယ်ရေးလိုင်စင် ချပေးခြင်းကဲ့သို့သော လုပ်ငန်းများမှာ အထူးစိုးရိမ်စရာ ကောင်းသည်။
ငလျင် အပျက်အစီးနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုများသည် အဓိကကျသည့် ဆင်းရဲနွမ်းပါးမှု မြင့်မားခြင်းနှင့် ဝင်ငွေလျော့ကျခြင်း အပါအဝင် မက်ခရို စီးပွားရေးနှင့် လူမှုစီးပွားရေး အကျိုးဆက်များ ဖြစ်လာမည်ဖြစ်သည်။ ပို့ကုန်ကျဆင်းနိုင်ပြီး အကန့်အသတ်ရှိပြီးဖြစ်သော နိုင်ငံသုံးအရန်ငွေကို ဖိအားပေးနိုင်ကာ ငွေလဲလှယ်နှုန်း ချိနဲ့သွားနိုင်သော်လည်း ဝင်ရောက်လာသည့် နိုင်ငံခြားအကူအညီက ထိုအခြေအနေကို အထိုက်အလျောက် လျှော့ချပေးနိုင်ဖွယ်ရှိသည်။
ထိုအခြေအနေသည် နိုင်ငံခြားငွေ အသုံးပြုခွင့်ရရန် ငွေလဲနှုန်း အမျိုးမျိုးသတ်မှတ်နေသည့် စစ်ကောင်စီအတွက် အန္တရာယ်များစေပြီး ကန့်သတ်မှုများ တင်းကျပ်ခြင်း၊ အခြားနေရာများမှ ရှာဖွေခြင်းများ ဖြစ်စေနိုင်သည်။ ထိုသို့လုပ်ခြင်းသည် စိန်ခေါ်မှု များနှင့်ပြီးဖြစ်သော စီးပွားရေးလုပ်ငန်း အခြေအနေကို ပိုမိုဆိုးရွားစေပြီး ဆင်းရဲနွမ်းပါးမှု တိုးစေနိုင်သည်။
ငလျင် ပြန်လည်နာလန်ထရေးကို ကူညီရန် သွင်းကုန်ဝယ်လိုအား တိုးလာမည်ဖြစ်သော်လည်း စစ်ကောင်စီ၏ တင်းကျပ်သော သွင်းကုန်လိုင်စင်သည် ကုန်စီးဝင်မှုကို ကန့်သတ်နိုင်သည်။ ပြည်တွင်း အာမခံလုပ်ငန်းများအနက် အများအပြားသည် အရေးယူပိတ်ဆို့မှုများ၊ ငွေကြေးကန့်သတ်ချက်များနှင့် နိုင်ငံတကာ အာမခံလုပ်ငန်းအချို့ ထွက်ခွာသွာခြင်းကြောင့် ပြန်လည် အာမခံထားရန် စိန်ခေါ်မှုများ ရင်ဆိုင်ရခြင်းအပါအဝင် ကြီးမားသောအန္တရာယ် ရင်ဆိုင်ရသောကြောင့် အခက်အခဲ ကြုံရမည်ဖြစ်သည်။
ငလျင် ပြန်လည်နာလန်ထရေးကို ကူညီရန် သွင်းကုန်ဝယ်လိုအား တိုးလာမည်ဖြစ်သော်လည်း စစ်ကောင်စီ၏ တင်းကျပ်သော သွင်းကုန်လိုင်စင်သည် ကုန်စီးဝင်မှုကို ကန့်သတ်နိုင်သည်။ ပြည်တွင်း အာမခံလုပ်ငန်းများအနက် အများအပြားသည် အရေးယူပိတ်ဆို့မှုများ၊ ငွေကြေးကန့်သတ်ချက်များနှင့် နိုင်ငံတကာ အာမခံလုပ်ငန်းအချို့ ထွက်ခွာသွာခြင်းကြောင့် ပြန်လည် အာမခံထားရန် စိန်ခေါ်မှုများ ရင်ဆိုင်ရခြင်းအပါအဝင် ကြီးမားသောအန္တရာယ် ရင်ဆိုင်ရသောကြောင့် အခက်အခဲ ကြုံရမည်ဖြစ်သည်။
လူမှုစီးပွား စိန်ခေါ်မှုများရှိသော်လည်း ပြန်လည်တည်ဆောက်ရေး ဝန်ထုပ်ဝန်ပိုးသည် မြန်မာပြည်သူများအပေါ် အဓိကအားဖြင့် ကျရောက်နိုင်သည်။ ငလျင်ဒဏ်ခံဒေသများတွင် အာမခံထားရှိမှုနှုန်း နိမ့်သောကြောင့် အာမခံလျော်ကြေးငွေ အကန့်အသတ်ရှိပြီး စစ်ကောင်စီသည် ပြန်လည် တည်ဆောက်ရေး ကုန်ကျစရိတ်ကို စိုက်ထုတ်ရန် နည်းလမ်းအကန့်အသတ်ဖြင့်သာ ရှိနေသည်။
လိုငွေသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၅.၄ ရာခိုင်နှုန်းရှိသောကြောင့် မြင့်မားသော ဘဏ္ဍာရေးဖိအားများနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်က ငလျင်မတိုင်မီကပင် ဖော်ပြခဲ့သည်။ အခွန်ဆောင်သော စီးပွားရေးလုပ်ငန်း လျော့ကျလာပြီး ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက ၄၀ ရာခိုင်နှုန်းရှိရာမှ ၂၀၂၄ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်။
အခွန်ဝင်ငွေနိမ့်ကျပြီး တိုးတက်မှု မရှိသလောက်ဖြစ်ကာ ၂၀၂၁ ခုနှစ်က ကျပ် ၈.၆ ထရီလီယံရှိရာမှ လွန်ခဲ့သောနှစ်တွင် ၉ ရာခိုင်နှုန်းအထက် ကျပ် ၉.၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ) သာရှိသည်။ ငွေကြေးဖောင်းပွမှုသည် အလားတူကာလအတွင်း ဈေးနှုန်းများ ၃ ဆတက်သည့် ငွေကြေးဖောင်းပွမှု ရှိသည့်တိုင် ထိုမျှသာ တိုးတက်ခြင်းဖြစ်သည်။ ဝင်ငွေ မလုံလောက်ခြင်းသည် ငလျင်ဒဏ်ခံဒေသများတွင် ယာယီအားဖြင့်ဖြစ်စေ အခြေအနေ ဆိုးရွားစေနိုင်သည်။

စစ်ကောင်စီသည် ချေးငွေရရှိရေးတွင်လည်း အလားတူ စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်။ အာဏာသိမ်းပြီးနောက် ချေးငွေအများစုမှာ ပြည်တွင်းရင်းမြစ်များမှဖြစ်ပြီး အဓိကအားဖြင့် စစ်ကောင်စီ ဗဟိုဘဏ်မှ ဖြစ်သည်။ မြန်မာဘဏ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများသည် ပြန်လည်တည်ဆောက်ရေးအတွက် ငွေစုစာချုပ်များကို အကြောင်းအမျိုးမျိုးကြောင့် ဝယ်ယူဖွယ် မရှိပေ။
ဥပမာအားဖြင့် အတိုးနှုန်းသည် ၇.၅ နှင့် ၈ ရာခိုင်နှုန်းအကြားရှိနေပြီး ငွေကြေးဖောင်းပွမှုထက် များစွာလျော့နည်းသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၃၀ နှင့် ၃၅ ရာခိုင်နှုန်းကြားရှိပြီး ငွေစုစာချုပ်ကိုင်ထားသူများကို အပြင်းအထန် ထိခိုက်စေသည်။
ထိုအခြေအနေကြောင့် စစ်ကောင်စီသည် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ရန် ပြည်တွင်းနည်းလမ်း မရှိပေ။ ထို့ကြောင့် ငွေစက္ကူရိုက်ထုတ်ခြင်းကို အားကိုးမည် ဖြစ်သော်လည်း ငွေကြေးဖောင်းပွမှု ပိုမိုဖြစ်စေကာ လက်ရှိစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေနိုင်သည်။
ပြဿနာ၏ အတိုင်းအတာအရ နိုင်ငံတကာအကူအညီ မလုံလောက်ဟု မျှော်လင့်ရသည်။ နိုင်ငံတကာအကူအညီများ ရောက်ရှိနေဆဲ ဖြစ်သော်လည်း အကန့်အသတ်ရှိပြီး အထူးသဖြင့် ၂၀၂၃ ခုနှစ် တူရကီ-ဆီရီးယား ငလျင်အတွက် အကူအညီ ယူရို ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ) နှင့် ယှဉ်လျှင် လွန်စွာနည်းသည်။ စစ်ကောင်စီသို့ နိုင်ငံတကာက ငွေထုတ်ချေးမှုသည် အနည်းဆုံးအနေအထားတွင် ရှိမည်။
ပြဿနာ၏ အတိုင်းအတာအရ နိုင်ငံတကာအကူအညီ မလုံလောက်ဟု မျှော်လင့်ရသည်။ နိုင်ငံတကာအကူအညီများ ရောက်ရှိနေဆဲ ဖြစ်သော်လည်း အကန့်အသတ်ရှိပြီး အထူးသဖြင့် ၂၀၂၃ ခုနှစ် တူရကီ-ဆီရီးယား ငလျင်အတွက် အကူအညီ ယူရို ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၉ ဘီလီယံ) နှင့် ယှဉ်လျှင် လွန်စွာနည်းသည်။ စစ်ကောင်စီသို့ နိုင်ငံတကာက ငွေထုတ်ချေးမှုသည် အနည်းဆုံးအနေအထားတွင် ရှိမည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ရှောင်ရှားသည့် အလှူရှင်များနှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် စစ်ကောင်စီကို ငွေချေးရန် တွန့်ဆုတ်နေမည်ဖြစ်သည်။ စစ်ကောင်စီ၏ ငွေလဲနှုန်း အမျိုးမျိုးသတ်မှတ်သည့်စနစ်သည် ပြည်ပ အကူအညီ၏ အကျိုးသက်ရောက်မှုနည်းစေကာ စစ်ကောင်စီကို အထောက်အကူပြုမည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိသည်။ ငလျင်မတိုင်မီက ပြည်ပအကူအညီပေးသူများသည် ထိုစနစ်ကြောင့် ၎င်းတို့ထံ ဝင်ရောက်လာသည့် ရန်ပုံငွေ၏ ၁၀ ရာခိုင်နှုန်း မကြာခဏ ဆုံးရှုံးသည်။
နိုင်ငံတော်အဆင့် မဟုတ်သော အာဏာပိုင်များ ထိန်းချုပ်ဒေသသို့ အကူအညီ မရောက်မည်ကို အကြီးအကျယ် စိုးရိမ်မှုများ ရှိသည်။ အရေးပါသည့် စိုးရိမ်ပူပန်မှုတခုမှာ ငလျင်အတွက် ရည်ရွယ်သည့် ရန်ပုံငွေများကို စစ်ကောင်စီက အခြားကိစ္စများအတွက် အလွဲသုံးစားလုပ်မည့် အလားအလာဖြစ်သည်။
ပိုမိုအခြေခံကျသော မေးခွန်းမှာ စီးပွားရေးစနစ်နှင့် ပတ်သက်သည့် စစ်ကောင်စီ၏ အပြောင်းအလဲများသည် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းကို အားပေး၊ မပေးဆိုသည့်ကိစ္စ ဖြစ်သည်။ ကုန်သွယ်ရေးလိုင်စင်ချပေးခြင်း၊ ဈေးနှုန်းထိန်းချုပ်မှု၊ ငွေလဲနှုန်းအမျိုးမျိုးသတ်မှတ်ခြင်း စသည့် အပြောင်းအလဲများနှင့်အတူ မြန်မာ့စီးပွားရေးစနစ်သည် လွန်ခဲ့သော ငါးနှစ်ကအတိုင်း ကုန်ထုတ် ရင်းနှီးမြှုပ်နှံမှုကို အားမပေးတော့ပေ။
ထိုအခြေအနေသည် ပြန်လည် ရင်းနှီးမြှုပ်နှံမှုကို အားမပေးဘဲ အထူးသဖြင့် လက်ရှိငွေရင်းကို စီမံပြီး ငွေရင်းကုန်ကျမှုသစ်များအောက်တွင် ရုန်းကန်နေရသည့် အမြတ်အစွန်းနည်းသော လုပ်ငန်းများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းကို အားမပေးပေ။
ထိုအချက်များ အားလုံးက ငလျင်ကြောင့် ကာလရှည်ကြာ အမာရွတ် ကျန်စေရန် ခြိမ်းခြောက်နေသည်။ ထိုအမာရွတ်မှာ စီးပွားရေးစွမ်းရည် ကျဆင်းသွားသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ဖြေရှင်းရန်ခက်ခဲသည့် လေးနက်ပြင်းထန်သော ဆင်းရဲနွမ်းပါးမှု ဖြစ်သည်။
(Fulcrum ပါ Jared Bissinger ၏ How Myanmar’s devastating earthquake threatens to leave a lasting economic scar ကို ဘာသာပြန်သည်။ ဂျရက် ဘစ်ဆင်ဂျာသည် စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ မြန်မာလေ့လာရေးအစီအစဉ် ဧည့်သုတေသီနှင့် Catalyst Economics မှ သုတေသနဦးဆောင်သူ ဖြစ်သည်။)
You may also like these stories:
ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်
ငလျင်ကပ်ဘေးအလွန် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များ
စစ်ကောင်စီကို တရုတ်ထောက်ခံမှု ဒေါသက ငလျင်အကူအညီ ကျေးဇူးကို ဖုံးလွှမ်း
အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး
မြန်မာပြည် သတင်းအမှောင်ကျနေမှုက ငလျင်ဒဏ် ပိုခံရသည်
စစ်ကိုင်းငလျင်နဲ့ ယောင်ခြောက်ဆယ် စစ်ကောင်စီ
ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်













