• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ငလျင်ကပ်ဘေးအလွန် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များ

by Adelina Kamal
10 May 2025
in သူ့အတွေး သူ့အမြင်
A A
ငလျင်ကပ်ဘေးအလွန် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များ

မတ်လ ၂၈ ရက် ပြင်းထန်ငလျင်အပြီး မန္တလေး၊ အင်းဝရှိ လောကသရဖူစေတီတော်တွင် ဗုဒ္ဓရုပ်ပွားတော်တဆူအနီး အပျက်အစီးများကို ရှင်းလင်းနေသူတဦး / AFP

790
VIEWS
Share on FacebookShare on Twitter

ပြဿနာသည် စစ်အာဏာရှင်စနစ်တခုတည်း မဟုတ်ပါ။ ၎င်းကို သက်ဆိုးရှည်စေသော လိမ်လည်လှည့်ဖြားမှုများမှာလည်း ပြဿနာဖြစ်သည်။

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်သည် အကျပ်အတည်းပေါင်းစုံနှင့် နာလန်မထူနိုင် ဖြစ်နေသော မြန်မာနိုင်ငံအတွက် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်ခဲ့သည်။ သို့သော် ငလျင်နှင့်အတူ လိုက်ပါလှုပ်ခတ်လာခဲ့သည့် အရာမှာ အမြတ်ထုတ်မှုများနှင့် ပြည့်နေသော နိုင်ငံအခင်းအကျင်း ဖြစ်သည်။

ငလျင်နောက်ဆက်တွဲ အဖြစ်အပျက်များသည် သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု သက်သက်သာ မဟုတ်တော့ဘဲ နိုင်ငံရေး လှည်စားမှုများလည်း ပါဝင်လာခဲ့သည်။ စစ်ကောင်စီသည် ကြုံလာသောကပ်ဘေးကို အသုံးချကာ နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် မည်သို့ ကြိုးစားခဲ့ကြောင်း၊ အဖြစ်မှန်ကို ဖုံးဖိကာ မည်သို့ လိုသလို ပုံဖော်ခဲ့ကြောင်း၊ လူထုတော်လှန်ရေး လမ်းချော်သွားစေရန် မည်သို့ ကြိုးစားလာခဲ့ကြောင်း ဤဆောင်းပါးတွင် ထောက်ပြဆွေးနွေးသွားပါမည်။

ကြုံလာသော သဘာဝဘေးဒုက္ခ

ပိုမိုဆိုးရွားလာသော အထွေထွေ အကျပ်အတည်း။ ။ မြန်မာနိုင်ငံတွင် လှုတ်ခတ်သွားခဲ့သော ငလျင်သည် ရက်စက်မှုများဖြင့် ပြည့်နေသော ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခအဖုံဖုံ ကြုံတွေ့နေရသော မြန်မာပြည်သူများအပေါ် ထပ်မံ ကျရောက်လာခဲ့သော ဘေးဒုက္ခတခု ဖြစ်သည်။

မြန်မာနိုင်ငံသည် ငလျင်မလှုပ်ခင် ကာလကတည်းကပင် ဒေသတွင်းနိုင်ငံများထဲတွင် ထိခိုက်လွယ်မှု အများဆုံး နိုင်ငံတခု ဖြစ်ခဲ့သည်။ လူဦးရေ တဝက်နီးပါးခန့် ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေပြီး ငလျင်ကြောင့် အထွေထွေအကျပ်အတည်း ပိုမိုကြီးထွားလာခဲ့ကာ ဒုက္ခနှင့် ယဉ်ပါးလာသော ပြည်သူများ၏ ရင်ဆိုင် အန်တုနိုင်စွမ်း ပြိုလဲလုမတတ် ဖြစ်လာခဲ့ရသည်။

မြန်မာနိုင်ငံသည် ငလျင်မလှုပ်ခင် ကာလကတည်းကပင် ဒေသတွင်းနိုင်ငံများထဲတွင် ထိခိုက်လွယ်မှု အများဆုံး နိုင်ငံတခု ဖြစ်ခဲ့သည်။ လူဦးရေ တဝက်နီးပါးခန့် ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေပြီး ငလျင်ကြောင့် အထွေထွေအကျပ်အတည်း ပိုမိုကြီးထွားလာခဲ့ကာ ဒုက္ခနှင့် ယဉ်ပါးလာသော ပြည်သူများ၏ ရင်ဆိုင် အန်တုနိုင်စွမ်း ပြိုလဲလုမတတ် ဖြစ်လာခဲ့ရသည်။

ကြိုတင်တွက်ဆနိုင်သော သဘာဝဘေးအန္တရာယ် ။ ။ စစ်ကိုင်းငလျင်သည် တည်နေရာနှင့် ပြင်းအားကို ကြိုတင်တွက်ဆနိုင်သော်လည်း ကျရောက်လာမည့်အချိန်ကိုမူ လုံးဝမှန်းဆ၍ မရနိုင်သော ကပ်ဘေးတခု ဖြစ်သည်။ စစ်ကိုင်းပြတ်ရွေ့တလျှောက် ငလျင်လှုတ်ခတ်ခြင်းသည် အံ့ဩစရာကိစ္စတခု မဟုတ်ချေ။

ကြိုသိထားပြီးသား မလွဲမသွေ ကြုံလာရမည့် အရာဖြစ်သည်။ သမိုင်းတလျှောက် လှုပ်ရှားမှု အလွန်များလာခဲ့သော ပြတ်ရွေ့တခုဖြစ်ပြီး ကြီးမားသော လှုပ်ခတ်မှုများလည်း ရှိခဲ့သည်။ သိပ္ပံနည်းကျ တွက်ချက်မှုအရ ရှင်းရှင်းလင်းလင်း သိထားပြီးသား အရာဖြစ်သည်။ ကျရောက်လာမည့်အချိန်ကို မသိနိုင်သော်လည်း သေချာပေါက် ကျရောက်နိုင်ခြေရှိသည်ကို သိထားပြီးဖြစ်သည်။ ကျရောက်လာမည့်အချိန်ကို စောင့်နေရုံသာ တတ်နိုင်သော ကြိုတင်တွက်ဆထားပြီးသား ဘေးအန္တရာယ်တခု ဖြစ်သည်။

စစ်ဒဏ်သင့် အခြေအနေအောက်က လျစ်လျူရှုခံရမှု ။ ။ ဆယ်စုနှစ်ပေါင်းများစွာ ရှိလာခဲ့သော နိုင်ငံရေး မတည်ငြိမ်မှုများနှင့်အတူ အထူးသဖြင့် လွန်ခဲ့သော လေးနှစ်က ဖြစ်ပေါ်ခဲ့သော စစ်အာဏာသိမ်းမှုကြောင့် သဘာဝဘေးအန္တရာယ် စီမံအုပ်ချုပ်ရေးကဏ္ဍ ကမောက်ကမ ဖြစ်လာခဲ့ရသည်။ လက်ရှိ ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးအပေါ် အာရုံမစိုက်နိုင်၊ အရင်းအမြစ် မသုံးစွဲနိုင် ဖြစ်နေရသည်။

ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများသည်လည်း စိတ်ဒဏ်ရာများနှင့် အန္တရာယ်အသစ်များ ထပ်မံ ကြုံတွေ့လာခဲ့ရသည်။ စီးပွားရေးအကျပ်အတည်းများ၊ မလုံခြုံမှုများနှင့် အကြောက်တရားများကြောင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်စွမ်းလည်း နည်းပါးခဲ့ရသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေမှာ သဘာဝဘေးဒုက္ခ သက်သက်သာ မဟုတ်ဘဲ စစ်ဒဏ်သင့်နေသော အခြေအနေအောက်က လျစ်လျူရှုခံရမှု ဖြစ်သည်။

စစ်အာဏာရှင်စနစ်

အရှိန်ပျက်ခြင်း ။ ။ ငလျင် မလှုပ်မီကာလက မြန်မာ့တော်လှန်ရေးလှုပ်ရှားမှု အရှိန်ကောင်းနေခဲ့သည်။ တော်လှန်ရေးအင်အားစုများသည် နယ်မြေထိန်းချုပ်မှုများ တိုးချဲ့ခြင်း၊ စင်ပြိုင်အုပ်ချုပ်ရေး ယန္တရားများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံစနစ်များ စုစည်းတည်ဆောက်ခြင်း၊ နိုင်ငံတကာနှင့် သွေးစည်းညီညွတ်မှု တည်ဆောက်ခြင်း စသည်တို့ ဆောင်ရွက်လာခဲ့ကြသည်။ စစ်အုပ်စုသည် ထိန်းချုပ်နိုင်စွမ်း သိသိသာသာ ကျဆင်းနေခဲ့သည်။

သို့သော် ငလျင်အရေး နိုင်ငံတကာနှင့် သံတမန် ထိတွေ့မှုကြောင့် စစ်အုပ်စုသည် အပယ်ခံဘဝမှ ပြန်လည် လွတ်မြောက်လာခဲ့ကာ တံခါးပေါင်းစုံဖွင့်၍ လူတောထဲသို့ ပြန်တိုးလာခဲ့သည်။ စစ်အုပ်စုသည် လူသားချင်းစာနာမှု အကူအညီပေးရေး ဝင်ရောက်လုပ်ကိုင်ခွင့်ပေးသည့် ဂိတ်မှူးတဦးသဖွယ်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းဆောင်ရွက်မှုများအတွက် အခြား နိုင်ငံအစိုးရများနှင့် တရားဝင် ဆက်ဆံခွင့်ရှိသော မရှိမဖြစ် မိတ်ဖက်အစိုးရတခုသဖွယ်လည်းကောင်း နေရာပြန်ရလာခဲ့သည်။

သို့သော် ငလျင်အရေး နိုင်ငံတကာနှင့် သံတမန် ထိတွေ့မှုကြောင့် စစ်အုပ်စုသည် အပယ်ခံဘဝမှ ပြန်လည် လွတ်မြောက်လာခဲ့ကာ တံခါးပေါင်းစုံဖွင့်၍ လူတောထဲသို့ ပြန်တိုးလာခဲ့သည်။ စစ်အုပ်စုသည် လူသားချင်းစာနာမှု အကူအညီပေးရေး ဝင်ရောက်လုပ်ကိုင်ခွင့်ပေးသည့် ဂိတ်မှူးတဦးသဖွယ်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းဆောင်ရွက်မှုများအတွက် အခြား နိုင်ငံအစိုးရများနှင့် တရားဝင် ဆက်ဆံခွင့်ရှိသော မရှိမဖြစ် မိတ်ဖက်အစိုးရတခုသဖွယ်လည်းကောင်း နေရာပြန်ရလာခဲ့သည်။

တဖက်တွင်မူ စစ်အုပ်စုသည် လေကြောင်းဖြင့်၊ မြေပြင်လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုများ ဆက်လက် ပြုလုပ်လာခဲ့ရာ ၎င်းတို့ ထုတ်ပြန်လိုက်သော အပစ်အခတ်ရပ်စဲရေး ကြေညာချက်ဟူသည်မှာ ထုံးစံအတိုင်း ကတိကဝတ်တခု မဟုတ်ဘဲ အယောင်ဆောင် အပြုအမူတခုသာဖြစ်ကြောင်း ထပ်မံ သက်သေပြနေသည်။

အတိတ်မေ့တတ်သော နိုင်ငံတကာ ။ ။ နိုင်ငံတကာ၏ တုံ့ပြန်မှုများသည် ပါမောက္ခ မက်ခ် ဂျင်တီ အခေါ် “မျက်မှောက်ကာလ ပဓာနဝါဒ” ပုံစံမျိုးနှင့် တူနေသည်။ ၎င်းတို့သည် စစ်ကိုင်းငလျင်ကဲ့သို့ လက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာ တခုစာလောက်သာ အာရုံစိုက်ကြပြီး အကျပ်အတည်း၏ ပိုမိုနက်နဲသော သမိုင်းကြောင်း၊ နိုင်ငံရေးနှင့် စနစ်ပိုင်းဆိုင်ရာ ဇာစ်မြစ်များကို လျစ်လျူရှုထားကြသည်။

စစ်အုပ်စုသည် အသက်မဝင်တော့သည့် တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်ခြင်း၊ အာဆီယံ၏ အချက် ငါးချက်ပါ ဘုံသဘောတူညီချက်ကို အရေးမစိုက်ခြင်းနှင့် ၎င်းတို့ကိုယ်တိုင်က အပစ်အခတ်ရပ်စဲရေး ကြေညာထားစဉ် ရမ်းကားတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ခြင်း စသည့် မြင်သာသော ချိုးဖောက်မှုများ အပါအဝင် သမိုင်းတလျှောက် ချိုးဖောက်မှုများစွာ ပြုလုပ်လာခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းသည် ငလျင်အရေးကို နိုင်ငံရေးဟာကွက်တခုအတွင်းက နိုင်ငံရေးအားပြိုင်မှုနှင့် မဆိုင်သည့် သာမန်ဖြစ်ရပ်တခုလိုသာ သဘောထား ဆက်ဆံလာခဲ့ကြသည်။

အားလုံးမှာ “aid washing” ဟုခေါ်သည့် လူသားချင်းစာနာမှုအရေး ခေါင်းစဉ်အောက် သွတ်သွင်းခြင်း ခံလိုက်ရပြီး စစ်ရာဇဝတ်မှုများမှာလည်း သဘာဝဘေးအန္တရာယ်ကို အရေးပေါ်ကိစ္စတခုသဖွယ် ပုံသွင်းခံလိုက်ရခြင်းကြောင့် မှေးမှိန်သွားခဲ့ရသည်။

အားနည်းလာနေသော စစ်တပ်အတွက် မတန်မရာ အသိအမှတ်ပြုမှု ။ ။ စစ်အုပ်စုသည် ပြည်တွင်းတွင် တရားဝင်မှု ပျောက်ဆုံးလာနေသော်လည်း နိုင်ငံ၏ ကျောရိုးသဖွယ် သတ်မှတ်ဆက်ဆံခြင်း ခံနေရဆဲဖြစ်သည်။ ၎င်းသည် လက်တွေ့တွင် အခွင့်ထူးခံ ဗမာလူမျိုး အုပ်စုတစုက ကြီးစိုးထားသည့် တစတစ ပိုမိုအထီးကျန်လာနေသော သီးခြားအဖွဲ့တခုမျှသာ ဖြစ်လာနေသည်။ လူများစု ဗမာတိုင်းရင်းသားများကပင် ၎င်းတို့အပေါ် သစ္စာခံမှု မရှိတော့ချေ။

လူထုတော်လှန်ရေးသည် စစ်အုပ်စုထက် ပိုမိုအင်အားကြီးလာနေသော်လည်း နိုင်ငံတကာက ဤအပြောင်းအလဲကို အမီလိုက်နိုင်စွမ်း မရှိချေ။ ပြည်သူများက တိုင်းပြည်ကို တည်ဆောက်နေချိန် စစ်အုပ်စုကို နိုင်ငံတော် အစိုးရတခုသဖွယ် ဆက်လက် ဆက်ဆံနေခြင်းသည် စိတ်မကောင်းဖွယ် လွဲချော်မှု ဖြစ်သည်။

လူထုတော်လှန်ရေးသည် စစ်အုပ်စုထက် ပိုမိုအင်အားကြီးလာနေသော်လည်း နိုင်ငံတကာက ဤအပြောင်းအလဲကို အမီလိုက်နိုင်စွမ်း မရှိချေ။ ပြည်သူများက တိုင်းပြည်ကို တည်ဆောက်နေချိန် စစ်အုပ်စုကို နိုင်ငံတော် အစိုးရတခုသဖွယ် ဆက်လက် ဆက်ဆံနေခြင်းသည် စိတ်မကောင်းဖွယ် လွဲချော်မှု ဖြစ်သည်။

လှည့်စားမှု

ကြိုတင် ဇာတ်တိုက်ထားသော နိုင်ငံရေးကစားကွက်များ ။ ။ စစ်အုပ်စုသည် ကပ်ဘေးအလွန်ကာလတွင် အတုအယောင် ဒီမိုကရေစီအတွက် အခင်းအကျင်းတခုကို ဖန်တီးလိုက်သည်။ သို့သော် စစ်အုပ်စုက ကြေညာထားသည့် ရွေးကောက်ပွဲမှတဆင့် တည်ဆောက်သွားမည့် ဒီမိုကရေစီစနစ်သည် ၎င်းတို့ကသာ တရားဝင်မှု ရှိသူများဖြစ်ကြောင်း အများက အမြင်မှားစေရန် စနစ်တကျ အကွက်ချထားသော လှည့်စားမှုသာ ဖြစ်သည်။

ဤအစီအစဉ်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တခု မဟုတ်ပါ။ စစ်တပ်သည် ယခင်ကလည်း ဤသို့ လုပ်ဆောင်ဖူးပြီး လက်သင့်ရာ ရွေးချယ်ထားသူများနှင့် ရွေးကောက်ပွဲ ပြုလုပ်ခြင်း၊ အများပါဝင်မှုရှိကြောင်း ပုံဖော်ခြင်းနှင့် အခြေအနေ တိုးတက်အောင် ဆောင်ရွက်မည်ဟု ခြေကုန်လက်ပန်းကျနေသော သံတမန်များကို ကတိကဝတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်လာခဲ့သည်။

လက်ရှိ စစ်အုပ်စုက ကမ်းလှမ်းလာသောအရာသည် ငြိမ်းချမ်းရေးလမ်းစဉ် မဟုတ်ချေ။ နိုင်ငံတကာ ဖိအားများ မရောက်လာအောင် အချိန်ဆွဲရန်၊ တော်လှန်ရေးအင်အားစုများကို သွေးခွဲရန်နှင့် ၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်မှုကို ပြန်လည် အသက်သွင်းရန်အတွက် တည်ငြိမ်မှုရှိသယောင် ပုံဖော်ထားသည့် ဇာတ်ကွက်တခုသာဖြစ်ပြီး အကြမ်ဖက်မှုသံသရာကို သက်ဆိုးရှည်စေမည့် လုပ်ရပ်သာဖြစ်သည်။

သွေးစည်းညီညွတ်မှုလော၊ ကြံရာပါဖြစ်ခြင်းလော ။ ။ ရှင်းလင်းစွာ စည်းနီ မတားထားသော ထိတွေ့ဆက်ဆံမှုသည် သွေးစည်းညီညွတ်မှု မဟုတ်ချေ။ ထိုသို့သော ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် လူသိရှင်ကြား ဖိတ်ခေါ်လိုက်သလို ဖြစ်စေသည်။

ခြွင်းချက်မထားသော ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စုကို ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ဇာတ်ကောင်ရွေးကာ ဇာတ်လမ်းတပုဒ်လုံးကို ကိုယ်တိုင် စီစဉ်ရိုက်ကူးရန် ခွင့်ပြုလိုက်သလို ဖြစ်စေသည်။

နိုင်ငံတကာအကူအညီများနှင့် သံတမန် ထိတွေ့ဆက်ဆံမှုများသည် စစ်အုပ်စုကို တစုံတရာ ဝေဖန်မေးခွန်းထုတ်မှု မရှိဘဲ ၎င်းတို့ပြင်ဆင်ထားသော ပြဇာတ်စင်ပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသောအခါ သွေးစည်းညီညွတ်မှုဟူသည် ကြံရာပါ ပါဝင်ပတ်သက်မှု ဖြစ်လာသည်။

လူထုတော်လှန်ရေးကို နှုတ်ဆိတ်သွားစေပြီး မူအခြေပြု ဘက်မလိုက်မှုကို ပြဇာတ်ဆန်သော ဘက်မလိုက်မှုတခုသဖွယ် ဖြစ်သွားစေသည်။ နိုင်ငံတကာအကူအညီများနှင့် သံတမန် ထိတွေ့ဆက်ဆံမှုများသည် စစ်အုပ်စုကို တစုံတရာ ဝေဖန်မေးခွန်းထုတ်မှု မရှိဘဲ ၎င်းတို့ပြင်ဆင်ထားသော ပြဇာတ်စင်ပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသောအခါ သွေးစည်းညီညွတ်မှုဟူသည် ကြံရာပါ ပါဝင်ပတ်သက်မှု ဖြစ်လာသည်။

နတ်ဆိုးများနှင့် ကခုန်ခြင်းလော၊ နတ်ဆိုးလက်ထဲသို့ ပုံအပ်ခြင်းလော ။ ။ ဝင်ရောက်ဆောင်ရွက်ခွင့်ရရေး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည်ဟု အချို့က စောဒကတက်ကြသည်။ ရှင်းလင်းသော ခြွင်းချက် သတ်မှတ်ချက်များထား၍ လူသားချင်းစာနာမှု ဝင်ရောက်ခွင့်အတွက် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်းနှင့် စည်းကမ်း သတ်မှတ်ချက်များကို စစ်အုပ်စုစိတ်ကြိုက် ပြင်ဆင်သတ်မှတ်ခွင့်ပေးကာ ပူးပေါင်းခြင်းသည် တူညီသော နည်းလမ်းနှစ်ခု မဟုတ်ချေ။

ထို့ပြင် စစ်အုပ်စု၏ ပျက်ကွက်မှုများကို ကာလရှည်ကြာ ဝင်ရောက် ဖြည့်ဆည်း ဆောင်ရွက်လာခဲ့သော လူထုဦးဆောင်သည့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များ၊ တိုင်းရင်းသားလူမျိုးစုအခြေပြု ဝန်ဆောင်မှုပေးရေး ကွန်ရက်များနှင့် တော်လှန်ရေး ပရဟိတသမားများကဲ့သို့ ပိုကောင်းသော အစားထိုးနည်းလမ်းများလည်း ရှိနေသည်။

တာဝန်ခံမှု မရှိသော ဝင်ရောက် ဆောင်ရွက်ခွင့်သည် မတရားမှုကို ပိုမို နက်ရှိုင်းသွားစေနိုင်သည်။ ဝင်ရောက် လုပ်ကိုင်ခွင့်ရရန် မကောင်းဆိုးဝါးများနှင့် အလိုက်သင့် ကခုန်ခြင်းကတမျိုး၊ ဇာတ်လမ်းကို ၎င်းတို့ စိတ်ကြိုက်ပြင်ဆင် ရေးသားရန် ပုံအပ်လိုက်ခြင်းကတဖုံ အားလုံးသည် ကြံရာပါ ပါဝင်ပတ်သက်မှုမြောက်သည်။

အကြံပြုချက်များ

တာဝန်ခံမှုမရှိဘဲ စစ်အုပ်စုနှင့် ဆက်လက် ထိတွေ့ဆက်ဆံခြင်းသည် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်အုပ်စုကို အားပေးမှု ဖြစ်စေနိုင်သည်။

မလွယ်ကူသော်လည်း ဤအမှန်တရားကို အာဆီယံနှင့် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ လက်ခံရန် လိုအပ်သည်။ အောက်ပါ အကြံပြုချက်များသည် မြေပြင် အရှိတရားအပေါ်လည်းကောင်း၊ ဖိနှိပ်သူများဘက်က မဟုတ်ဘဲ ပြည်သူများဘက်က ရပ်တည်ရန် အရေးတကြီး လိုအပ်ချက်တခုအပေါ်လည်းကောင်း အခြေခံထားသည်။

လူသားချင်းစာနာမှု လမ်းကြောင်းများမှတဆင့် စစ်အုပ်စု ပြန်လည် နာလန်ထူအောင် အကူအညီ မပေးပါနှင့် ။ ။ အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေး (သို့မဟုတ်) ညှိနှိုင်းဆောင်ရွက်ရေးအတွက် စစ်အုပ်စုကို တဦးတည်းသော ကြားခံတာဝန်ခံအနေဖြင့် သဘောထား ဆက်ဆံခြင်းမျိုး မပြုမိအောင် ရှောင်ကြဉ်ပါ။

လူထုဦးဆောင်မှုနှင့် တော်လှန်ရေးအင်အားစုများ၏ စီမံအုပ်ချုပ်မှုအောက်ရှိ အကူအညီပေးရေး ကွန်ရက်များကို ပံ့ပိုးကူညီပါ ။ ။ တိုင်းရင်းသားလူမျိုးစုအခြေပြု ဝန်ဆောင်မှုပေးသူများ၊ ဒေသခံ အကူအညီအပေးရေး အဖွဲ့များနှင့် တော်လှန်ရေး ပရဟိတသမားများကို ရန်ပုံငွေထောက်ပံ့မှုဖြင့် အသိအမှတ်ပြုမှုပေးပါ။ ၎င်းတို့သည် ယခင်ကတည်းက စစ်အုပ်စုထိန်းချုပ်မှုပြင်ပ နယ်မြေများတွင် အကူအညီနှင့် အကာအကွယ်များ ပေးလာခဲ့ကြသူများ ဖြစ်သည်။

လူထုယုံကြည်သော ကြားကာလအုပ်ချုပ်ရေး ယန္တရားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်များ၊ နယ်စပ်ဒေသအခြေပြု လူသားချင်းစာနာမှု စင်္ကြံများနှင့် မိတ်ဖက် လက်တွဲဆောင်ရွက်ခြင်းကို ဦးစားပေးပါ။

လူထုယုံကြည်သော ကြားကာလအုပ်ချုပ်ရေး ယန္တရားများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း ကွန်ရက်များ၊ နယ်စပ်ဒေသအခြေပြု လူသားချင်းစာနာမှု စင်္ကြံများနှင့် မိတ်ဖက် လက်တွဲဆောင်ရွက်ခြင်းကို ဦးစားပေးပါ။

စင်ပြိုင် ချဉ်းကပ်ဆောင်ရွက်ခြင်းသည် စွန့်စားမှုများသော်လည်း တကယ်တမ်းအသုံးပြုပါက ခိုင်မာသော အကာအကွယ် ဖြစ်စေသည် ။ ။ နှစ်လှမ်းသွားပုံစံမျိုးဖြင့် ဆောင်ရွက်ခြင်းကို ရှောင်ရှားရန် မဖြစ်နိုင်သည့် အခြေအနေများတွင် စစ်အုပ်စုကိုပေးသော အကူအညီများနှင့် တော်လှန်ရေး ထိန်းချုပ်နယ်မြေများကို ပေးသောအကူအညီများကို တင်းကျပ်စွာ သီးခြားစီခွဲထားပါ။

ထိခိုက်မှု၊ လေလွင့်မှု (သို့မဟုတ်) လက်တုံ့ပြန် ရန်ရှာမှု မဖြစ်အောင် ကြိုတင်ကာကွယ်ရန် ခိုင်မာသော လုပ်ငန်းလည်ပတ်မှုဆိုင်ရာ၊ သတင်းအချက်အလက်ဆိုင်ရာနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးအစီအမံများ ချမှတ်ထားပါ။ တော်လှန်ရေး ထိန်းချုပ်နယ်မြေများသို့ပေးသော လျှို့ဝှက်အကူအညီများအတွက် လိုအပ်သော ကာကွယ်မှုနှင့် အရင်းအမြစ်ပံ့ပိုးမှု မဖြစ်မနေ ပေးရန်လိုအပ်ပြီး ဝန်ထမ်းများကိုလည်း လိုအပ်သလောက်သာ အသိပေးသည့်မူဖြင့် တင်းကျပ်စွာ ဆောင်ရွက်ရမည်။

ထိတွေ့ဆက်ဆံမှု အားလုံးအတွက် စည်းနီတားပြီး ကြိုတင်သတ်မှတ်ချက်များ ချမှတ်ထားပါ ။ ။ စစ်အုပ်စုဖြစ်စေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖြစ်စေ၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းဖြစ်စေ မည်သူ့ ထိန်းချုပ်နယ်မြေတွင်မဆို ၎င်းတို့၏ ဝင်ရောက်စွက်ဖက်ခြင်း၊ ကန့်သတ်ပိတ်ပင်ခြင်း သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များ၏ အဖော်ပြုလိုက်ပါခြင်းမရှိဘဲ အကန့်အသတ်မရှိ ဝင်ရောက်ဆောင်ရွက်ခွင့်ရရန် တောင်းဆိုပါ။

အရပ်သားများနှင့် ကူညီကယ်ဆယ်ရေးလုပ်သားများကို အကာအကွယ်ပေးခြင်း အပါအဝင် ထိတွေ့ဆက်ဆံမှု အားလုံးအတွက် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများနှင့်အညီ အပြည့်အဝ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြိုတင်သတ်မှတ်ချက် ချမှတ်ထားပါ။ ချမှတ်ထားသောစည်းနီကို ချိုးဖောက်ပါက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပါ။

အရပ်သားများနှင့် ကူညီကယ်ဆယ်ရေးလုပ်သားများကို အကာအကွယ်ပေးခြင်း အပါအဝင် ထိတွေ့ဆက်ဆံမှု အားလုံးအတွက် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေများနှင့်အညီ အပြည့်အဝ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြိုတင်သတ်မှတ်ချက် ချမှတ်ထားပါ။ ချမှတ်ထားသောစည်းနီကို ချိုးဖောက်ပါက ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပါ။

အရပ်သားများနှင့် အဆောက်အဦများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုများသည် စည်းနီတားထားရမည့် အသိသာဆုံးသော လုပ်ရပ်များဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများ လွယ်ကူအဆင်ပြေမှု ရှိစေရန် ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာ တာဝန်ခံမှုများကို စတေးလိုက်၍ မရနိုင်ပါ။

အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှု အကူအညီ တားဆီးပိတ်ပင်မှုများကို စောင့်ကြည့်ပါ ။ ။ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်ခြင်း၊ အကူအညီများ တားဆီးပိတ်ဆို့ခြင်းနှင့် အရပ်သားများကို တိုက်ခိုက်ခြင်း စသည့် အပြုအမူများကို စောင့်ကြည့်သည့် သီးခြားလွတ်လပ်သော တရားဝင် (သို့မဟုတ်) အလွတ်သဘော အစီအမံများကို ဖော်ဆောင်ပါ၊ ဖော်ဆောင်နိုင်အောင် ပံ့ပိုးကူညီပါ။

ဂြိုဟ်တုနည်းစနစ်များ၊ ပြည်ပအဖွဲ့အစည်း အစီရင်ခံစာများ၊ လက်တွေ့အခြေအနေကိုသိသော တော်လှန်ရေး ကွန်ရက်များနှင့် မိတ်ဖက်လက်တွဲဆောင်ရွက်မှုများ စသည့်နည်းလမ်းများကို အသုံးပြုကာ မြေပြင်အခြေအနေများကို စိစစ်အတည်ပြုနိုင်အောင် ဆောင်ရွက်ပါ။ တွေ့ရှိချက်များကို ထုတ်ပြန်ကာ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ပါ။ နှုတ်ဆိတ်နေမှုသည် လူမိုက်အားပေး ဖြစ်စေသည်။

စစ်အုပ်စုသည် အဓိက ကျူးလွန်သူဖြစ်ပြီး နိုင်ငံတကာဥပဒေများအရ အရေးယူခံရမည့်သူ ဖြစ်သော်လည်း ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ အားလုံးသည် အပတ်အခတ်ရပ်စဲရေး ကတိကဝတ်ကို လိုက်နာခြင်း၊ အကူအညီများအား တားဆီးပိတ်ဆို့မှု မပြုမိအောင် ရှောင်ကြဉ်ခြင်း၊ အရပ်သားများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား တိုက်ခိုက်နေခြင်းကို အဆုံးသတ်ခြင်း မဖြစ်မနေ ပြုလုပ်ရမည်။ ထို့ပြင် အရေးအကြီးဆုံးအနေဖြင့် လေကြောင်းနှင့် မြေပြင်လက်နက်ကြီး ပစ်ခတ်မှုများကို ရပ်တန့်ရမည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်ကို တရားဝင်မှု၊ အများပါဝင်မှုနှင့် ကိုယ်စားပြုမှု မရှိသော အစီအစဉ်တခုအဖြစ် လူသိရှင်ကြား ရှုတ်ချပါ။ စောင့်ကြည့်လေ့လာသူများ ပေးပို့ရန်၊ နည်းပညာ အကူအညီများပေးရန် သို့မဟုတ် တနည်းနည်းဖြင့် အားပေးထောက်ခံမှုပြုရန် ငြင်းဆိုပါ။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ငြင်းပယ်ပါ ။ ။ စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်ကို တရားဝင်မှု၊ အများပါဝင်မှုနှင့် ကိုယ်စားပြုမှု မရှိသော အစီအစဉ်တခုအဖြစ် လူသိရှင်ကြား ရှုတ်ချပါ။ စောင့်ကြည့်လေ့လာသူများ ပေးပို့ရန်၊ နည်းပညာ အကူအညီများပေးရန် သို့မဟုတ် တနည်းနည်းဖြင့် အားပေးထောက်ခံမှုပြုရန် ငြင်းဆိုပါ။

စစ်အုပ်စုနှင့် ဆက်နွှယ်သော ကိုယ်စားလှယ်များကို ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပါဝင်ခွင့် မပေးပါနှင့် ။ ။ အာဆီယံနှင့် နိုင်ငံတကာ အခမ်းအနားများသည် စစ်အုပ်စုနှင့် ဆက်နွှယ်သော၊ စစ်အုပ်စုက ခန့်အပ်ထားသော ကိုယ်စားလှယ်များထက်စာလျှင် တော်လှန်ရေးအစုအဖွဲ့များ၊ တိုင်ရင်းသားလူမျိုးစု ခေါင်းဆောင်များနှင့် မြေပြင်အင်အားစုများကို အဓိက ဦးစားပေးမှု ရှိစေရန် အခိုင်အမာ ဆောင်ရွက်ပါ။

တိုင်းပြည်ကို အောက်ခြေမှ ပြန်လည် တည်ဆောက်နေကြသည့် ပြည်သူများ၏အသံကို နားထောင်ပေးခြင်းဖြင့် ဒေသတွင်း သံတမန်ဆက်ဆံရေးလုပ်ငန်းအပေါ် အများ ယုံကြည်ကိုးစားမှု ပြန်လည်ရရှိလာအောင် ဆောင်ရွက်ပါ။

အနှစ်ချုပ်

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်နှင့် ကြုံခဲ့ရသည်။ သို့သော် လှည့်စားမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။ စစ်အုပ်စုသည် ငလျင်ကို အသုံးချခဲ့သည်။ ကမ္ဘာကြီးက ၎င်းတို့ကို အာရုံစိုက်မှုပေးခဲ့သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည် စစ်အုပ်စုက စီစဉ်ထားသော ဇာတ်ညွှန်းအတိုင်း အလိုက်သင့် မျောသွားမည်လား၊ စင်ပေါ်မှဆင်း၍ စစ်အုပ်စုကရေးသော ဇာတ်ညွှန်းကို ငြင်းပယ်ကာ ကိုယ်ပိုင်အနာဂတ်တခုကို အောက်ခြေမှ ပြန်လည် ပုံဖော်တည်ဆောက်နေကြသည့် ပြည်သူများနှင့်အတူ ခိုင်မာပြတ်သွားစွာ ရပ်တည်သွားမည်လား။

မည်သို့ဖြစ်စေ တော်လှန်ရေးက ဆက်ရှိနေမည်ဖြစ်ပြီး နောက်ဆုံးတွင် ပြည်သူ့တော်လှန်ရေးသာ အောင်နိုင်သွားပါလိမ့်မည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Adelina Kamal ၏ Inside the Myanmar Junta’s Post-Earthquake Theater of Control ကို ဘာသာပြန်သည်။ အက်ဒလီနာ ကမယ်လ်သည် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Centre) အမှုဆောင် ဒါရိုက်တာဟောင်းဖြစ်သည်။ ယခုအခါ လွတ်လပ်သော သုတေသီ၊ အရှေ့တောင်အာရှ အမျိုးသမီးများ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့၏ ပဲ့ကိုင် ကော်မတီဝင်တဦး ဖြစ်သည်။)

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
124
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
91
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.4k

You may also like these stories:

ငလျင်ဘေးနှင့် စစ်ကောင်စီ၏ မရိုးသားသော အပစ်ရပ်

စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ

ငလျင်ဒဏ် အကြောင်းပြုပြီး စစ်ကောင်စီ အမြတ်ထုတ်မလား (ရုပ်/သံ)

စစ်ကိုင်းငလျင်က စစ်ကောင်စီ အရှိုက်ကို ထိုးလိုက်သည်

စစ်ကိုင်းငလျင်နဲ့ ယောင်ခြောက်ဆယ် စစ်ကောင်စီ

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

Your Thoughts …
Tags: NUGစစ်ကိုင်းငလျင်စစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးဘုံသဘောတူညီချက် ငါးချက်ရွေးကောက်ပွဲလူသားချင်းစာနာမှု အကူအညီလေကြောင်းတိုက်ခိုက်မှုသဘာဝဘေးအန္တရာယ်အပစ်အခတ်ရပ်စဲရေးအာဆီယံ
Adelina Kamal

Adelina Kamal

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved