မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်လိုက်သော ရစ်ခ်တာစကေး ၇.၇ ရှိသည့် စစ်ကိုင်းငလျင်ကြီးက ခေတ်သစ်သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်သည်။ စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့် စစ်ကိုင်းပြတ်ရွေ့တလျောက် အကြီး အကျယ်ပျက်ဆီးသွားသည်။ လမ်းတံတား၊ အဆောက်အအုံများစွာ ပျက်စီးသွား၏။
စစ်ကောင်စီသည်လည်း ဟန်မဆောင်နိုင်ဘဲ နိုင်ငံခြားအကူအညီများ ချက်ခြင်းတောင်းခံရတော့သည်။ ငလျင် ဒုတိယနေ့တွင် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့်အာစီယံနိုင်ငံများက အကူအညီပေးရေးအဖွဲ့ စတင်စေ လွှတ်ကြရာ အချို့အဖွဲ့များ နေ့ချင်းရောက်လာကြသော်လည်း ကယ်ဆယ်ရေးအစီအစဉ်များတော့ တတိယမြောက်နေ့တွင်မှ စတင်နိုင်ကြသည်။ ထို့ ပြင် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဥရောပနိုင်ငံအချို့ကလည်း အကူအညီပေးမည်ဟု ဆိုသည်ကို တွေ့ရ၏။

စစ်စရိတ်ပိနေသည့်အပြင် စစ်ကောင်စီသည် ငလျင်အတွက် သုံးစရာ ဘတ်ဂျက်မရှိသည့်အတွက် နိုင်ငံတကာ အကူအညီတောင်းခံသည်ဟုလည်း ဆိုကြ၏။ ထို့ပြင် စစ်ကောင်စီတွင် သဘာဝဘေးဒဏ်နှင့်ပတ်သက်၍ ပြင်ဆင်မှုရော၊ အတွေ့အကြုံပါမရှိ၍ အကူအညီတောင်းရခြင်းဖြစ်ပြီး နိုင်ငံတကာ အကူအညီဖြင့်သာ မြန်မြန်ဆန်ဆန် ကယ်ဆယ်ရေးလုပ်နိုင်မည်ဟု အများကယူဆကြ၏။ သို့သော်လည်း နာဂစ်အတွေ့အကြုံများအရ မြန်မာစစ်တပ်သည် ၎င်းအာဏာတည်မြဲရေးကိုသာ ရှေးရှုပြီး ပြည်တွင်းပြည်ပအကူအညီများကို ဟန့်တားခြင်း၊ ပြည်ပအကူအညီများ စစ်တပ်က ဖြတ်တောက်ယူငင်မည်ကို လူအများစုက စိုးရိမ်ပူပန်မှုရှိကြ၏။
လက်ရှိတွင် တရုတ်၊ အိန္ဒိယနှင့် အာစီယံနိုင်ငံများသည် သွက်လက်မြန်ဆန်စွာ ၂၄ နာရီအတွင်း မြန်မာပြည်တွင်းသို့ရောက်ရှိလာခြင်းသည် ကယ်ဆယ်ရေးလုပ်ရုံသက်သက်သာ ဟုတ်ပုံမရပေ။ မြန်မာပြည်တွင်း၌ အနီးကပ် ထိတွေ့ပြီး တဖက်က ကူညီ၍ တဖက်က ဤအချိန်ဤကာလတွင် အပစ်အခတ်ရပ်စဲရေးပြုလုပ်ကြရန် တွန်းအားပေးလိုပုံရ၏။ ပဋိပက္ခဖြစ်နေသော တိုင်းပြည်အချို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်သောအခါ ဒုက္ခအတိရောက်နေသော လူထုမျက်နှာကိုထောက်ရှု၍ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေးပဋိပက္ခကို စေ့စပ်ညှိနိုင်းစေ့စပ်ညှိနိုင်းဖြေရှင်းနိုင်ခဲ့ကြသည့် အစဉ်အလာများကို ထောက်ရှုပြီး ဤသို့စဉ်းစားကြခြင်းဖြစ်သည်။
သို့ဖြစ်ရာ စစ်ကောင်စီဖြစ်စေ တော်လှန်ရေးအင်အားစုများဖြစ်စေ နိုင်ငံတကာ၏ သဘောထားကို သိရှိပြီး နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားရမည့်အချိန်လည်းဖြစ်၏။
ထို့ပြင် နိုင်ငံတကာကယ်ဆယ်ရေးလုပ်ငန်းနှင့် ကူညီမှုအနည်းငယ်သည် ကယ်ဆယ်ရေးလုပ်ငန်းအချို့အတွက် အထောက်အကူဖြစ်နိုင်သော်လည်း တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် မလွယ်ကူပေ။ အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ တသောင်းမှ တသိန်း ကြားရှိနိုင်ပြီး စီးပွားရေးအရ ထိခိုက်မှုမှာ မြန်မာနိုင်ငံ GDP ၏ ၇၀ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ကိုဗစ်အပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားခြင်း၊ ထွက်ခွါသွားခြင်းတို့အပြင် စစ်ဘေးစစ်ဒဏ်သင့် နေသည်မှာလည်း လေးနှစ်တာကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ပြင် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုသကဲ့သို့ပင် မုန်တိုင်းဘေး၊ ရေဘေးတို့ ခံခဲ့ရသည့်အပြင် ယခုအခါ ငလျင်ဘေးကိုလည်း ဆိုးဆိုးဝါးဝါးခံရပြန်၏။ သို့ဖြစ်ရာ မြန်မာပြည်သည် စီးပွါးရေးအရလည်း တိုးတက်မှုမရှိဘဲ အကြပ်အတည်းပေါင်းစုံဆိုက်နေသည်။
လက်ရှိတွင် တရုတ်၊ အိန္ဒိယနှင့် အာစီယံနိုင်ငံများသည် သွက်လက်မြန်ဆန်စွာ ၂၄ နာရီအတွင်း မြန်မာပြည်တွင်းသို့ရောက်ရှိလာခြင်းသည် ကယ်ဆယ်ရေးလုပ်ရုံသက်သက်သာ ဟုတ်ပုံမရပေ။ မြန်မာပြည်တွင်း၌ အနီးကပ် ထိတွေ့ပြီး တဖက်က ကူညီ၍ တဖက်က ဤအချိန်ဤကာလတွင် အပစ်အခတ်ရပ်စဲရေးပြုလုပ်ကြရန် တွန်းအားပေးလိုပုံရ၏။
ငလျင် တတိယနေ့တွင် လူခြောက်ထောင်ခန့် သေဆုံး ဒဏ်ရာရ စာရင်းများထွက်လာသည်။ ဤစာရင်းများထွက်ချိန်ထိ စစ်ကိုင်းအပါ အချို့မြို့များတွင် ကယ်ဆယ်ရေးပင် ကောင်းစွာ မစရသေးပေ။ သို့ဖြစ်ရာ ငလျင်၏ ပျက်စီးဆုံးရှုံးမှုသည် မျှော်လင့်သည်ထက် များပြားနိုင်ပြီ၊ တိုင်းပြည် နလံထူဖို့ပင် ခက်ခဲပေလိမ့်မည်။
ဤသို့သော အခြေအနေအောက်တွင် တိုင်းပြည်ပြန်လည်နလံထူနိုင်ရန်၊ အမြန်ဆုံးတိုင်းပြည်ကို ထူမတ်နိုင်ရန် စစ်ပွဲကို ရပ်တန့်ဖို့သည်ဆိုသည့်အချက်သည် အားလုံးမြင်သာသည့်၊ မငြင်းသာသည့်အချက်ဖြစ်သည်။ မြန်မာငလျင်ဘေးကို လာရောက်ကူညီကြသည့် တရုတ်၊အိန္ဒိယ၊ အာစီယံနိုင်ငံများနှင့် အခြားနိုင်ငံများကလည်း မြန်မာပြည်ပြည်တွင်းစစ်ပွဲကို အမြန်ဆုံးရပ်တန့်ရန် လိုအပ်သည်ဟု ဆိုကြသည်သာမက တွန်းအားပေးကြမည်ဖြစ်၏။ ငလျင်၏ ပျက်စီးမှုများနှင့်အတူ အပစ်ရပ်ရေးနှင့်ပတ်သက်သည့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားကို မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစုများ မှန်မှန်ကန်ကန်ရင်ဆိုင်တုန့်ပြန်ရမည့်အချိန်ကာလလည်းဖြစ်၏။ နိုင်ငံရေးအရ အရေးကြီးသည့်ကာလဖြစ်၏။

စစ်ကောင်စီသည်လည်း နိုင်ငံတကာက လာရောက်ကူညီကြသည့် အခွင့်ခါကောင်းကို ရယူ၍ သူ ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး၏ ထွက်ပေါက်အဖြစ် နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားမည်ဖြစ်၏။ မြန်မာပြည်ပြည်သူများကလည်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဖြေရှင်းရန် လိုအပ်သည့် သော့ချက်ပြသနာအား နိုင်ငံတကာအား လက်တွေ့အနီးကပ် ပြသနိုင်သည့် အခွင့်အခါကောင်းဟု ယူဆရမည်ဖြစ်ပြီး ထိုအခွင့်အလမ်းကို ရယူရမည်ဖြစ်၏။
ထိုကြောင့် စစ်ပွဲကို မည်သို့ရပ်မည်နည်း၊ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန် မည်သည့်အချက်က စမည်နည်းဆိုသည်ကသာ ပြသနာဖြစ်ပေလိမ့်မည်။
ပထမဆုံးအစပြုရမည့်အချက်မှာ တပြည်လုံးအတိုင်းအတာအရ လုံးဝအပစ်အခတ်ရပ်စဲရေးဖြစ်၏။ တပြည်လုံးတွင်ရှိသည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်မည့် အပစ်အခတ်ရပ်စဲရေးဖြစ်၏။ ဤအချက်ကို အစပြုမှသာ ကျန်သည့်အချက်များကို ဆက်၍ ရပေလိမ့်မည်။ ဤနေရာတွင် လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်သည့်အပစ်အခတ်ရပ်စဲရေးကို ဦးစွာလက်ခံကြေညာရမည်မှာ မြန်မာစစ်တပ်ဖြစ်သကဲ့သို့ ဟိုအဖွဲ့မပါရ၊ ဒီအဖွဲ့မပါရဆိုသည့် ကန့်သတ်ချက်များကိုလည်း မြန်မာစစ်တပ်က ရှောင်ရှားမှသာ ဤအချက် အထမြောက်ပေလိမ့်မည်။
၂၀၁၅/၂၀၁၆ ခုနှစ်များက AA /TNLA /MNDAA မြောက်ပိုင်းသုံးဖွဲ့အားအပစ်ရပ်လက်မှတ်ထိုးခွင့်မပြု၊ NCA ထိုးခွင့်မပြု၊ လက်နက်စွန့်ရမည်ဟု ဆိုခဲ့သည်မှာ မြန်မာစစ်တပ်ဖြစ်ပြီး ထိုသုံးဖွဲ့ ပါဝင်ခွင့်မရခဲ့၍ NCA တွင် တိုင်းရင်းသားအဖွဲ့အများစု ပါဝင်လက်မှတ်ထိုးမည့်အခြေအနေပျက် စီးခဲ့ရသည်။ ဤသို့မြောက်ပိုင်းသုံးဖွဲ့အား အထင်သေးခဲ့သည့် ဒဏ်၊ သ ဘောထားတင်းမာသည့် ဒဏ်ကို ယခု မြန်မာစစ်တပ်ခံနေရခြင်းဖြစ်၏။ ယခုအခါ ထိုမြောက်ပိုင်းသုံးဖွဲ့သည် အားကောင်းမောင်းသန်ဖြစ်နေပြီး စစ်ရေးအရအောင်ပွဲ အများအပြားရနေ၏။ နယ်မြေအများအပြား သိမ်းပိုက်ထားနိုင်၏။ အခြားတော်လှန်ရေးတပ်ဖွဲ့များကို ကူညီနေသည်ကို တွေ့မြင်နိုင်၏။
ယခုလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးတွင် မြန်မာစစ်တပ်သည် မြောက်ပိုင်းသုံးဖွဲ့အပါ တိုင်းရင်းသားတပ်ဖွဲ့များနှင့် ဆွေးနွေးရန် လက်ခံပြီး လက်တွေ့တွင်လည်း ဆွေးနွေးနေ၏။ မြန်မာစစ်တပ်နိုင်ငံရေးက ထွက်ခွါရမည်ဟု ဆိုထားသည့် KNU နှင့်ပင် ဆွေးနွေး၍ ရသည်ဟု လေသံပစ်နေသည်ကို တွေ့မြင်နေရသည်။
သို့သော် လက်ရှိအချိန်တွင် မြန်မာစစ်တပ် ခါးခါးသီးသီးငြင်းပယ်နေ သည်မှာ NUG /CRPH/PDF စသည့် နွေဦးအင်အားစုများဖြစ်သည်။ မြောက်ပိုင်းသုံးဖွဲ့တုံးကကဲ့သို့ပင် မြန်မာစစ်တပ်သည် အဆိုပါအင်အားစုများကို အပစ်ရပ်ရန်၊ ဆွေးနွေးရန် ငြင်းပယ်ပြီး ယခင်ကအမှားမျိုးကို ဆက်လက်ကျူးလွန်နေသည်ကို တွေ့ရ၏။
မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံးနှင့် အပစ်ရပ်ပြီး PDF များအပါ နွေဦးအင်အားစုများကို နှိမ်နင်းမည်ဟု စိတ်ကူးယဉ်နေဆဲဖြစသည်။ သို့သော် လက်တွေ့တွင် ပြည်မရှိ PDF အပါ နွေဦးအင်အားစုများ၏ တော်လှန်ပုန်ကန်မှုများသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲများရရှိနိုင်ရန် ထောက်ကူပေးခဲ့သကဲ့သို့ တိုင်းရင်းသား
တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်ပွဲများ ဆက်လက်ရရှိပြီး၊ အောင်မြင်မှုများ တည်တန့်ခိုင်မြဲရေးအတွက်လည်း PDF နှင့် နွေဦးတပ်ဖွဲ့များလိုအပ်သည်ကို တိုင်းရင်းသားတပ်ဖွဲ့များက ကောင်းစွာသဘောပေါက်ကြ၏။
မြန်မာစစ်တပ်သည် AA အပါ မြောက်ပိုင်းသုံးဖွဲ့အား အထင်မြင်သေးခဲ့သကဲ့သို့ PDF နှင့် နွေဦးတပ်ဖွဲ့များကို အထင်သေးနေဆဲဖြစ်၏။ သို့သော် ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်းအား ခြောက်လအတွင်းချေမှုန်းမည်ဆိုသော မြန်မာစစ်တပ်၏ ကြုံးဝါးသံသည် လေထဲတွင်ပျောက်ကွယ်သွားပြီဖြစ်၏။
စစ်ကောင်စီသည်လည်း နိုင်ငံတကာက လာရောက်ကူညီကြသည့် အခွင့်ခါကောင်းကို ရယူ၍ သူ ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး၏ ထွက်ပေါက်အဖြစ် နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားမည်ဖြစ်၏။ မြန်မာပြည်ပြည်သူများကလည်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဖြေရှင်းရန် လိုအပ်သည့် သော့ချက်ပြသနာအား နိုင်ငံတကာအား လက်တွေ့အနီးကပ် ပြသနိုင်သည့် အခွင့်အခါကောင်းဟု ယူဆရမည်ဖြစ်ပြီး ထိုအခွင့်အလမ်းကို ရယူရမည်ဖြစ်၏။
လက်ရှိအချိန်တွင် PDF နှင့်နွေဦးတပ်ဖွဲ့များသည် တိုင်းရင်းသားတပ်ဖွဲ့များနှင့် နှိုင်းယှဉ်လျင်ပင် အချိန်တိုအတွင်း အင်အားကြီးထွားလာသော၊ စည်းရုံးစုဖွဲ့နိုင်သော၊ လက်နက်ခဲယမ်းတပ်ဆင်နိုင်သော၊ တိုက်ရည်ခိုက်ရည်ရှိသော တပ်ဖွဲ့များဖြစ်လာသည်။ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ တိုက်ခိုက်နိုင်လာသည့်အပြင် စစ်ကြောင်းလိုက်ချေမှုန်းရေးတိုက်ပွဲများ နေရာအနှံ့တိုက်ခိုက်လာနိုင်သည့်တပ်ဖွဲ့ဖြစ်သည်ကို တွေ့မြင်နိုင်၏။
PDF သည် မြန်မာစစ်တပ်၏ ပြိုင်ဖက်မဟုတ်ဟု ပြောဆိုသူ တရုတ်အထူးသံဆိုသူကိုယ်တိုင်က မြောက်ပိုင်းအဖွဲ့များနှင့် PDF များကြား ဆက်ဆံရေးဖြတ်တောက်နိုင်ရန် အသည်းအသန် ကြိုးစားနေခြင်းသည်ပင်လျင် PDF များက မြန်မာစစ်တပ်၏ ပြိုင်ဖက်ဖြစ်လာသည်ကို တဖက်လှည့်နှင့်ဝန်ခံနေခြင်းဖြစ်၏။
မြန်မာစစ်တပ်အနေနှင့် ယခု PDF နှင့် မဆွေးနွေးပါက မြောက်ပိုင်းသုံးဖွဲ့ကဲ့သို့ပင် ပို၍ကြီးသော PDF တပ်ဖွဲ့များနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထို့ပြင် မြန်မာပြည်အနှံ့တိုက်ခိုက်နေကြသော NUG / PDF တပ်ဖွဲ့များနှင့် အပစ်မရပ်ပါက တပြည်လုံးအပစ်ရပ်စဲရေးဆိုသည်မှာ ယခင်ကကဲ့သို့ပင် ဖြစ်နိုင်မည်မဟုတ်ပေ။ မြန်မာစစ်တပ်အနေနှင့် NUG / CRPH /PDF တို့အား အကြမ်းဖက်ကြေညာထား၍ မဆွေးနွေးနိုင် အပစ်မရပ်နိုင်ဟု ဆိုပါကလည်း အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် မြောက်ပိုင်းသုံးဖွဲ့နှင့်ဆွေးနွေးခဲ့ပြီး MNDAA နှင့် အပစ်ပင် ရပ်ထားရာ အကြမ်းဖက်သတ်မှတ်ထား၍ဆိုသည်မှာလည်း ခိုင်မာသည့်အကြောင်းပြချက် မဟုတ်ပေ။
ငလျင်ဒဏ်အပါ ဘေးဒုက္ခအမျိုးမျိုးကျရောက်နေသည့် မြန်မာပြည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် တပြည်လုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တိုက်နေသည့်အဖွဲ့အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် ဦးစွာ အစပြုရမည့်အချက် နှစ်ချက်ဖြစ်၏။ ဤအချက်နှစ်ခု အစပြုမှသာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်၍ ရပေလိမ့်မည်။
လက်ရှိ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုသည်များမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအား တကယ်တမ်းတိုက်ခိုက်နေသော လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့မှ မပါဝင်ဘဲ အဓိပ္ပါယ်ကင်းမဲ့နေသည်။ တကယ်တမ်း အပစ်အခတ်ရပ်နိုင်ဖို့ စစ်မြေပြင်တွင်တိုက်နေကြသောအဖွဲ့များ လက်နက်ကိုင်တပ်ဖွဲ့အားလုံးအား စားပွဲဝိုင်းသို့ ဖိတ်ခေါ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
စစ်ပွဲကို ရပ်ရန် ဒုတိယလိုအပ်ချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးအား လွှတ်ပေးရန်ဖြစ်၏။ ဤနေရာတွင် ဦးစွာအားဖြင့် စစ်တပ်အာဏာစသိမ်းကထဲက ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၊ စစ်ကောင်စီအား ဝေဖန်ပြောဆို၍ ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးထားသူများကို ဦးစွာလွှတ်ပေးရန်လိုသည်။ အထူးသဖြင့် စေ့စပ်ညှိနိုင်ရေးအတွက်ဆိုလျင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ထိပ်တန်းခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများကို ဖယ်ထုတ်ထား၍ မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ ငလျင်ဒဏ်အပါ ဘေးဒုက္ခအမျိုးမျိုးကျရောက်နေသည့် မြန်မာပြည် ပြည်တွင်းစစ်ရပ်စဲရေးအတွက် တပြည်လုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တိုက်နေသည့်အဖွဲ့အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးသည် ဦးစွာ အစပြုရမည့်အချက် နှစ်ချက်ဖြစ်၏။ ဤအချက်နှစ်ခု အစပြုမှသာ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်၍ ရပေလိမ့်မည်။
မြန်မာစစ်တပ်သည် AA အပါ မြောက်ပိုင်းသုံးဖွဲ့အား အထင်မြင်သေးခဲ့သကဲ့သို့ PDF နှင့် နွေဦးတပ်ဖွဲ့များကို အထင်သေးနေဆဲဖြစ်၏။ သို့သော် ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်းအား ခြောက်လအတွင်းချေမှုန်းမည်ဆိုသော မြန်မာစစ်တပ်၏ ကြုံးဝါးသံသည် လေထဲတွင်ပျောက်ကွယ်သွားပြီဖြစ်၏။
ဤနေရာတွင် ပထမအချက် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ လက်နက်စွန့်ခိုင်းခြင်းသည် အလုပ်မဖြစ်သကဲ့သို့ နှစ်ဖက်တပ်ရောက်သည့်နေရာတွင် အပစ်ရပ်သည်ကသာ လက်တွေ့အလုပ်ဖြစ်ပေလိမ့်မည်။ တဖက်ကတပ်များကို ဆုတ်မှသာ အပစ်ရပ်မည်ဆိုပါက လက်တွေ့အလုပ်ဖြစ်နိုင်ခြေ နည်းပါးသည်။ ဒုတိယ ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်း သားများစေလွှတ်ရေးဆိုရာတွင် မည်သည့်ဥပဒေပုဒ်မ၊ ပုဒ်ထီးများဖြင့် သတ်မှတ်ဖမ်းဆီးထားသည်ဖြစ်စေ နိုင်ငံရေးအရ စေ့စပ်ဆွေးနွေးရာတွင် အရေးပါသူများ မဖြစ်မနေ လွှတ်ပေးရန် လိုအပ်သည်။ ထိုသို့သောသူများမပါက လက်တွေ့အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်နှစ်ချက် ပြည့်စုံမှလည်း ရှေ့ဆက်၍ ရပေလိမ့်မည်။

ဤနေရာတွင် အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးရေး စသည့် ဦးတည်ချက် အောင်မြင်ရေးအတွက် မြန်မာစစ်တပ်ကို ဦးတည်ပြောရသည့်အချက်မှာ ၂၀၁၅ ခုနှစ်မှစ၍ ယနေ့ကာလထိ ဆယ်နှစ်ကျော်ထိ အပစ်အခတ်ရပ်စဲရေးတွင် အားလုံးပါဝင်ရေးကို မြန်မာစစ်တပ်က ငြင်းပယ်ခဲ့ပြီး ဤသို့ငြင်းပယ်ခဲ့ခြင်းကြောင့် အလုပ်မဖြစ်သည့်အပြင်ပို၍ ဆိုးဝါးလာသည်။ အပ်နှင့်ထွင်ရမည်ကို ပုဆိန်နှင့်ပေါက်ရသည့်အခြေကို ဆိုက်လာ၍ဖြစ်၏။
NUG/PDF များက ယခုထိ တွေ့ဆုံဆွေးနွေးမှုကို တရားဝင် ငြင်းပယ်ခြင်းမရှိသေးပေ။ ထို့ပြင် သွေးကြွေးမှ ာဆွေးနွေးစရာမရှိဆိုသည်မှာ NUG /PDF တို့၏ ကြွေးကြော်သံဖြစ်သော်လည်း မူဝါဒမဟုတ်ပေ။ ယခုထိ စစ်ကောင်စီနှင့် လုံးဝမဆွေးနွေးဟု NUG /PDF မှ မူဝါဒလမ်းစဉ် ထုတ်ပြန် သည်ကို မတွေ့ရသေးပေ။ သို့သော် အားလုံးပါဝင်သည့်အပစ်အခတ်ရပ်စဲရေးကို စစ်ကောင်စီက လက်ခံကမ်းလှမ်းလာသည့်အချိန်တွင် NUG /PDF က ငြင်းဆန်လာပါက ၎င်းတို့အား ဝေဖန်ရမည်ဖြစ်သကဲ့သို့ NUG /PDF အစိတ်အပိုင်းအချို့ကငြင်းဆန်ပါကလည်း ထိုအချိန်ကျလျင် ဝေဖန်ရမည်ဖြစ်၏။ ကြိုတင်ခန့်မှန်းပြောဆိုနေကြသည်က လက်တွေ့မကျပေ။
ယခုအချိန်တွင် NUG /PDF များက ငလျင်ကြောင့် လူထုထိခိုက်နစ်နာမှု မရှိရန် ထိုးစစ်ကို နှစ်ပတ်နားသည်ဟု ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့ပြီး လက်တွေ့ကျသည့်သဘောထားကို ဖေါ်ပြခဲ့ပြီဖြစ်၏။ စစ်ကောင်စီဖက်က NUG / PDF နှင့် ဆွေးနွေးရန် ငြင်းပယ်နေဆဲဖြစ်သည့်အပြင် ငလျင်ဒဏ်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက် လက်တိုက်ခိုက်နေသေးသည့်အတွက် စစ်ကောင်စီအား ဦးစွာထောက်ပြရန် လိုမည်ဖြစ်၏။
မြန်မာပြည်နိုင်ငံရေးနှင့်ပတ်သက်၍ ပြသနာများစွာကို ဖြေရှင်းရန်လိုအပ်နေမည်သာဖြစ်သော်လည်း ပထမခြေလှမ်းကို ဦးစွာလှမ်းပြီး တဆင့်ချင်းဖြေရှင်းသွာရန် လိုအပ်ပေလိမ့်မည်။ ပထမခြေလှမ်းပင် မလှမ်းနိုင်ပါက နောက်ထပ်ခြေလှမ်းများ လှမ်းနိုင်မည်မဟုတ်ပေ။
ယခုအချိန်တွင် NUG /PDF များက ငလျင်ကြောင့် လူထုထိခိုက်နစ်နာမှု မရှိရန် ထိုးစစ်ကို နှစ်ပတ်နားသည်ဟု ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့ပြီး လက်တွေ့ကျသည့်သဘောထားကို ဖေါ်ပြခဲ့ပြီဖြစ်၏။ စစ်ကောင်စီဖက်က NUG / PDF နှင့် ဆွေးနွေးရန် ငြင်းပယ်နေဆဲဖြစ်သည့်အပြင် ငလျင်ဒဏ်ခံရပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက် လက်တိုက်ခိုက်နေသေးသည့်အတွက် စစ်ကောင်စီအား ဦးစွာထောက်ပြရန် လိုမည်ဖြစ်၏။ ကုလသမဂ္ဂနှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့က ကယ်ဆယ်ရေးလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် မြန်မာစစ်တပ်နှင့်စစ်ပွဲတွင်ပါဝင်သူအားလုံး စစ်ပွဲကို ရပ်တန့်ရန် လိုကြောင်း ထောက်ပြပြောဆိုနေကြပြီ ဖြစ်၏။
သို့ဖြစ်ရာ စစ်ကိုင်းငလျင်နှင့်အတူ ငြိမ်းချမ်းရေးကို မည်သည့်အချက်က အစပြုရမည်ဆိုသည်ကို မြန်မာပြည်ကို ငြိမ်းချမ်းစေချင်ကြသည့် အိမ်နီးချင်း နိုင်ငံကြီးများသည်လည်း ကောင်းစွာမြင်တွေ့နိုင်မည်ဖြစ်ပါသည်။
(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။)
ငလျင်ကယ်ဆယ်ရေး ထိုးစစ်တွေရပ်ထားမယ်လို့ NUG ကြေညာ (ရုပ်/သံ)
လူ့အသက်တွေ ကယ်ဖို့က ပိုအရေးကြီးတယ် (ရုပ်/သံ)
ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်
မင်းအောင်လှိုင်၏ ဂယောင်ခြောက်ခြား အိပ်မက်များ
ငလျင်ဒဏ်သင့်ဒေသတွေကို စစ်ကောင်စီ ဗုံးကြဲ ( ရုပ်/သံ)













