ပြောပြရင်လည်း လွန်ရာကျမယ်ဆိုပေမဲ့ မပြောမပြီး မတီးမမြည်ဆိုသလို စစ်ကိုင်းငလျင်မှာ တွေ့ရတဲ့ အထူအပါး နားမလည်းတဲ့ စစ်တပ်အကြောင်းပဲ ပြောရဦးမယ်။
လိုချင်ပေမဲ့ ပေါ်မှာကြောက်နေတဲ့ စစ်တပ်
မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီး လှုပ်ပြီးတဲ့အခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တယောက် နိုင်ငံတကာအကူအညီကို ဒရောသောပါး တောင်းခံတာတွေ့ရပါတယ်။ လေဘေး၊ ရေဘေး ဒုက္ခမျိုးစုံက ကျရောက်ခဲ့တဲ့ လွန်လေပြီးတဲ့ ကာလကများတုန်းက နိုင်ငံခြားအကူအညီ မတောင်းဘဲ လာကူမဲ့လူတွေကိုတောင် အမျိုးမျိုး ပိတ်ဆို့မှုတွေ လုပ်ခဲ့တဲ့အပြင် ပြည်တွင်းက ကူညီသူတွေကိုတောင် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ စစ်တပ်ဟာ ဒီတကြိမ်မှာ နိုင်ငံတကာကို ညတွင်းချင်း အကူအညီတောင်းတာ အံ့အားသင့်ဖွယ်တွေ့ ရပါတယ်။
မတောင်းစဖူး အတောင်းထူးတဲ့အတွက် စစ်ကိုင်းငလျင်ကြီးကြောင့် ကြီးကြီးမားမား ပျက်စီးသွားတယ်လို့ ခန့်မှန်းရသလို အဓိက စစ်ကောင်စီရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး ဗဟိုချက်ဖြစ်တဲ့ နေပြည်တော်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တဲ့အတွက် အကူအညီ တောင်းတာဖြစ်တယ်လို့ အများက တွက်ချက်ကြပါတယ်။
တကယ်လို့သာ နေပြည်တော်ကို ထိခိုက်မှု မရှိရင် တခြားနေရာတွေ ဘယ်လောက်ပဲ ထိခိုက်ပါစေ ဒီလို နိုင်ငံခြားအကူအညီ တောင်းတာတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ စစ်တပ်ရဲ့ အကျင့်ကို ကောင်းကောင်းသိသူတွေက ဆိုပါတယ်။ စစ်တပ်အကျင့်အရဆိုရင် သူတို့ဒီလိုဆိုတာလည်း မလွန်ဘူးလို့ ဆိုရပါမယ်။
နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ တက်တက်ကြွကြွ ရောက်လာကြပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ အကျင့်အတိုင်း လိုကလည်းလိုချင်ပေမဲ့ ဖုံးထားသမျှ ပေါ်မှာကလည်းစိုးတော့ နိုင်ငံခြားသတင်းထောက်တွေ ဝင်ခွင့်မပြုပါဘူးတဲ့။ ငလျင်လှုပ်လို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ နိုင်ငံတကာသတင်းတွေမှာ ပါလေလေ၊ နိုင်ငံတကာရဲ့ စာနာထောက်ထားမှုရလေ၊ နိုင်ငံတကာရဲ့ အကူအညီရလေပါပဲ။
တကယ်လို့သာ နေပြည်တော်ကို ထိခိုက်မှု မရှိရင် တခြားနေရာတွေ ဘယ်လောက်ပဲ ထိခိုက်ပါစေ ဒီလို နိုင်ငံခြားအကူအညီ တောင်းတာတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ စစ်တပ်ရဲ့ အကျင့်ကို ကောင်းကောင်းသိသူတွေက ဆိုပါတယ်။
ဒါပေမဲ့ စစ်တပ်ကတော့ အကူအညီ အငမ်းမရလိုချင်ပေမဲ့ နိုင်ငံခြားသတင်းထောက်တွေ ဝင်ခွင့်မပေးပါဘူး။ အကြောင်းပြချက်ကလည်း အတော်လေး ရုပ်ပေါက်ပါတယ်။ သတင်းထောက်တွေ အိပ်စရာ ဟိုတယ် မရှိလို့ဆိုပဲ။
ရေဘေး၊ မီးဘေး၊ လေဘေးသာမက စစ်ပွဲအတွင်းမှာပါ ဖြစ်သလို နေထိုင်သွားလာ၊ စားသောက်ပြီး သတင်းလိုက်နေကြတဲ့ နိုင်ငံခြားသတင်းထောက်တွေကို တည်းစရာ ဟိုတယ်မရှိလို့ဆိုတဲ့ စစ်တပ်ရဲ့ ဆင်ခြေဆင်လက်ဟာ တကယ့်ကို အပေါစားပျက်လုံးမှန်း လူတိုင်းသိကြပါတယ်။ နိုင်ငံတကာကတော့ မြန်မာစစ်တပ် လူမသိစေချင်တဲ့၊ ဖုံးကွယ်လိုတဲ့ အရာကိစ္စတွေ ရှိပြီဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါတယ်။

ငလျင်ကြောင့် ဘေးဒုက္ခရောက်နေကြတဲ့ မြင်ကွင်းတွေပျံ့နှံ့ရင် နိုင်ငံတကာက စာနာပြီး အကူအညီ ပိုမိုရနိုင်မယ့် အခွင့်အရေး မရနိုင်တော့ပါဘူး။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သူတို့ရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေ ပေါ်လာမှာ စိုးရိမ်သလို စစ်ကောင်စီရဲ့ နေပြည်တော်ဌာနချုပ်မှာ အပျက်အစီး များနေတာကို ဖုံးကွယ်လိုပုံ ရပါတယ်။ ဒါ့ပြင် ငလျင်ဘေးမှာ သူတို့ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ အထုပ်ဖြည်ပြသလို ဖြစ်မှာလည်း စိုးရိမ်ပုံရပါတယ်။ လိုချင်ပေမယ့် ပေါ်ကုန်မှာလည်း ကြောက်နေပုံရပါတယ်။
မလုပ်တတ် မကိုင်တတ် စစ်တပ်
တကယ်လည်း မလုပ်တတ် မကိုင်တတ်ပါပဲ။ ကြီးကြီးကျယ်ကျယ် ပြောနေတဲ့ စစ်ကောင်စီရဲ့ လက်အောက်မှာ သဘာဝဘေးကယ်ဆယ်ရေးအတွက် စနစ်တကျ လေ့ကျင့်သင်တန်းပေးထားတဲ့အဖွဲ့၊ လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ တပ်ဆင်ထားတဲ့အဖွဲ့ မရှိဘူးဆိုတာ တပြည်လုံး၊ တကမ္ဘာလုံး မြင်တွေ့ခွင့်ရလိုက်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များမှာ အဆင့်မြင့်ကယ်ဆယ်ရေးပစ္စည်း မပြောနဲ့ လက်အိတ်တောင် မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက အရှက်မဲ့စွာ ဝန်ခံခဲ့တာကိုလည်း အားလုံး တွေ့ရမှာပါ။ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထားခဲ့တဲ့ ရန်ပုံငွေတွေကိုလည်း တလွဲသုံးခဲ့သလို ကယ်ဆယ်ရေး လုပ်ငန်းများမှာလည်း ဘာရဟတ်ယာဉ်မှ မသုံးစွဲခဲ့တာလည်း အားလုံး တွေ့ခဲ့ရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့များမှာ အဆင့်မြင့်ကယ်ဆယ်ရေးပစ္စည်း မပြောနဲ့ လက်အိတ်တောင် မရှိဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက အရှက်မဲ့စွာ ဝန်ခံခဲ့တာကိုလည်း အားလုံး တွေ့ရမှာပါ။ သဘာဝဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထားခဲ့တဲ့ ရန်ပုံငွေတွေကိုလည်း တလွဲသုံးခဲ့သလို ကယ်ဆယ်ရေး လုပ်ငန်းများမှာလည်း ဘာရဟတ်ယာဉ်မှ မသုံးစွဲခဲ့တာလည်း အားလုံး တွေ့ခဲ့ရပါတယ်။
ပြည်တွင်းပြည်ပ စေတနာဝန်ထမ်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လာလုပ်နေတာတောင် ဘယ်လို စီမံခန့်ခွဲရမှန်း မသိပါဘူး။
ငလျင်ဒဏ်နဲ့ မီးလောင်ကျွမ်းမှုတွေကြောင့်အပြင် နောက်ဆက်တွဲ ငလျင်တွေကြောင့် နေစရာမရှိဘဲ လမ်းမပေါ် ရောက်နေတဲ့ လူတွေကို ဒုက္ခသည်စခန်း ဖွင့်ပေးပြီး စားစရာ၊ နေစရာနဲ့ ကျန်းမာရေးကိစ္စတွေ ဖြေရှင်းပေးတာ အစောပိုင်းရက်တွေမှာ မတွေ့ရပါဘူး။

နိုင်ငံတကာက လာကူတဲ့သူတွေက လူတွေကို ဒီလိုနေရင် ကူးစက်ရောဂါ ဖြစ်လိမ့်မယ်ဆိုပြီး ရွက်ဖျင်တဲတွေလှူမှပဲ ဒုက္ခသည်စခန်းမှာ လာနေလို့ရတယ်လို့ ကြေညာပေမဲ့ စားစရာ၊ သုံးရေ၊ သောက်ရေ၊ ကျန်းမာရေးကိစ္စတို့ကို စနစ်တကျ စီမံခန့်ခွဲနိုင်တာ မတွေ့ရပါဘူး။
တရုတ်၊ ဂျပန်၊ ရုရှားစတဲ့ နိုင်ငံတကာက ဆေးအဖွဲ့တွေ လာရောက်ကူညီနေတာတောင် လူထုကို လမ်းညွှန်ပို့ဆောင် ကုသစေတာ မလုပ်နိုင်ပါဘူး။ ဆေးဝါးကုသဖို့ လိုအပ်နေသူတွေက အရပ်သားအချင်းချင်း မေးမြန်းပြီး ကုလို့ ရ၊ မရ သွားမေးနေရတာတွေ၊ ကုလိုရတယ်ဆိုမှ လူနာခေါ်ပြီး သွားကုနေရတာတွေက စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ဘယ်လောက် ညံ့ဖျင်းတယ်ဆိုတာကို ပြနေပါတယ်။
စစ်တပ် ဘာလုပ်နေလဲ
ငလျင်ကယ်ဆယ်ရေး စတင်တဲ့နေ့ရက်တွေမှာ စစ်သားနဲ့ရဲ လမ်းပေါ်အပြည့် လုံခြုံရေးယူထားတဲ့ မန္တလေးလိုမြို့မှာတောင် ကယ်ဆယ်ရေးလုပ်ငန်းမှာ စစ်သားနဲ့ရဲ မတွေ့ရပါဘူး။ နောက်ပိုင်းနေ့တွေမှာ တွေ့ရပြန်တော့လည်း ပြိုနေတဲ့ အုတ်ပုံက အုတ်ကို ပျင်းရိပျင်းတွဲ လက်ဆင့်ကမ်းသယ်နေတာ၊ လူ ၂၀ လောက် စုရုံးစုရုံး လုပ်နေပေမဲ့ လူ သုံး၊ လေးယောက်ပဲ အလုပ်လုပ်နေတာ၊ စစ်ဘက်အရာရှိဆိုသူက ဓာတ်ပုံအရိုက်ခံပြီး ပြစားဖို့လုပ်နေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာပါတယ်။
ကယ်ဆယ်ရေး လာကူတဲ့အထဲမှာ ပါတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသားတယောက်က တရုတ်ဘာသာစကားနဲ့ ရှင်းပြပြီး နိုင်ငံတကာက တက်တက်ကြွကြွ လာကူနေတဲ့ အချိန်မှာတောင် မြန်မာစစ်တပ်က ဘာမှ ထိထိရောက်ရောက်မလုပ်ဘဲ ယောင်ပေပေ လုပ်နေတဲ့အကြောင်း TikTok မှာ တင်ပြီး ဖွင့်ချထားတာ တွေ့ရပါတယ်။
ကယ်ဆယ်ရေး လာကူတဲ့အထဲမှာ ပါတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသားတယောက်က တရုတ်ဘာသာစကားနဲ့ ရှင်းပြပြီး နိုင်ငံတကာက တက်တက်ကြွကြွ လာကူနေတဲ့ အချိန်မှာတောင် မြန်မာစစ်တပ်က ဘာမှ ထိထိရောက်ရောက်မလုပ်ဘဲ ယောင်ပေပေ လုပ်နေတဲ့အကြောင်း TikTok မှာ တင်ပြီး ဖွင့်ချထားတာ တွေ့ရပါတယ်။
ကယ်ဆယ်ပစ္စည်းနဲ့ ကယ်ဆယ်ရေး အလှူငွေ
ငလျင်ဒဏ်ကြောင့် အသက်ဘေး ကယ်ဆယ်ရေး ကူညီရေးအဖွဲ့တွေ ရောက်ရှိလာကြသလို နိုင်ငံတကာက ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းတွေ လေယာဉ်စီးလုံးတိုက်နဲ့ တန်ချိန်ပေါင်းများစွာ ရောက်ရှိလာပါတယ်။
တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ ထိုင်းတို့ကတော့ ကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီလက်ထဲ အပ်ပါတယ်။ ဒါပေမဲ့ ငလျင်ဒဏ်ခံရတာ နှစ်ပတ်ခန့်ရှိသည့်တိုင် ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေလက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိတာကို မတွေ့ရပါဘူး။ မန္တလေး၊ စစ်ကိုင်းစတဲ့ ငလျင်ဒဏ်ခံလူထုဟာ ပြည်သူလူထုရဲ့ အကူအညီနဲ့သာ ရုန်းကန်နေရတာ တွေ့ရပါတယ်။
ဒီလို အခြေအနေဟာ ယခင်အခါကလည်း တွေ့ကြုံခဲ့ဖူးတော့ အနောက်တိုင်းနိုင်ငံတွေက ကယ်ဆယ်ရေး ပစ္စည်းတွေကို စစ်ကောင်စီလက်ထဲ မအပ်ကြပါဘူး။ ကုလသမဂ္ဂ၊ ယူနီဆက်ဖ် (UNICEF) စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ လက်ထဲကို အပ်ကြပါတယ်။
နိုင်ငံတကာရဲ့ ငွေကြေးလှူဒါန်းမှုဟာလည်း ဒေါ်လာ သန်း ၁၀၀ နီးပါးရှိပေမဲ့ စစ်ကောင်စီလက်ထဲ မရောက်ဘဲ ကုလသမဂ္ဂလက်ထဲမှာပဲ ရှိပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ငလျင်ဒဏ်ခံလူထုကို တိုက်ရိုက် ဖြန့်ဝေမှာပါ။
လက်ရှိ စစ်ကိုင်းငလျင်ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာဒေသတွေနဲ့ နေပြည်တော် စစ်ရုံးအပါအဝင် စစ်တပ်အခြေစိုက်ထားတဲ့ နေရာတွေမှာ အဓိက ဖြစ်ပွားပြီး စစ်ဘက်နဲ့ အရပ်ဘက် အုပ်ချုပ်ရေး အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီအခြေအနေကို မကျေနပ်တဲ့ စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်စာတစောင် ထွက်တာ တွေ့ရပါတယ်။ ယခင်အချိန်တွေကတည်းက ကယ်ဆယ်ရေးပစ္စည်းတွေ အလွဲသုံးစား လုပ်ခဲ့တာတွေကြောင့်ရော၊ လက်ရှိ စစ်ကောင်စီလက်ထဲ တိုက်ရိုက်ထည့်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အခုထိ ငလျင်ဒဏ်ခံလူထုထံ မရောက်တာတွေကြောင့်လည်း ဖြစ်ရတာပါ။ ပြောရရင် ဒါဟာ စစ်ကောင်စီအဖို့ ဘယ်သူမပြု မိမိမှုလို့သာ ဆိုရပါမယ်။
အပူရုပ်နဲ့ ဟန်လုပ်နေသူ
စစ်ကိုင်းငလျင်ကြီးမှာ စစ်ကောင်စီအတွက် အရှိုက်ထိသလို ဖြစ်သွားတာက အဓိက စစ်ဘက်ဆိုင်ရာ အဆောက်အအုံ အများအပြားနဲ့ အခြေခံအဆောက်အုံတွေပါ ထိခိုက်နစ်နာဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟန်ဆောင်နေပေမဲ့ ဗျာများနေတာကို တွေ့နိုင်ပါတယ်။
လက်ရှိ စစ်ကိုင်းငလျင်ဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ နေရာဒေသတွေနဲ့ နေပြည်တော် စစ်ရုံးအပါအဝင် စစ်တပ်အခြေစိုက်ထားတဲ့ နေရာတွေမှာ အဓိက ဖြစ်ပွားပြီး စစ်ဘက်နဲ့ အရပ်ဘက် အုပ်ချုပ်ရေး အဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ပါတယ်။
PDF တွေနဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေက ၁၀၇ မမ အလုံးရေ ထောင်ချီပြီး ပစ်ခတ်မယ်ဆိုရင်တောင် ဒီလောက် မပျက်စီးနိုင်သလို လေယာဉ်နဲ့ အကြိမ်ရေ ရာနဲ့ချီပြီး ဗုံးကြဲမယ်ဆိုရင်တောင် အခုလောက် ပျက်စီးနိုင်မှာ မဟုတ်ပါဘူး။
စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖို့ ငလျင်ကြောင့် စစ်ဘက်နဲ့ အရပ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အအုံများ ထိခိုက်ခံရမှုဟာ အရှိုက်ကို အထိုးခံရသလိုပါပဲ။ ဒါကြောင့်လည်း ငလျင်လှုပ်ပြီး မင်းအောင်လှိုင်တို့တတွေ မြင်ရတာ အပူရုပ်နဲ့ လူလုပ်နေသလိုပါပဲ။
ငလျင်နဲ့ စစ်ကောင်စီရဲ့ သဘောထားအမှန်
တကမ္ဘာလုံးက အာရုံစိုက်ခံရတဲ့ ငလျင်မှာ စစ်ကောင်စီက နိုင်ငံတကာမှာ ဝင်ဆန့်အောင်၊ သံတမန်ရေး အမြတ်ထွက်အောင် ကြိုးစားရှာတာ တွေ့ရပါတယ်။ ပွဲကြိုက်မောင် မင်းအောင်လှိုင်လည်း ငလျင်လှုပ်တဲ့နေရာတွေ လှည့်လည် စစ်ဆေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ မီဒီယာတွေမှာ တလွှားလွှားတွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့အတွင်းသဘော မမှန်တော့ လမ်းကြောင်းမှန်ပေါ် ရောက်မလာပါဘူး။
ငလျင်ဘေးကြောင့် လူထု အတိဒုက္ခရောက်နေတဲ့အချိန်မှာ စစ်ကောင်စီဟာ စစ်ပွဲတွေရပ်ပြီး နိုင်ငံရေးအရ သဘောထားကြီးကြောင်း ပြရမှာပါ။ ဒါပေမဲ့ စစ်ရှုံးမှာကြောက်နေတဲ့ စစ်ကောင်စီဟာ လူထုထိခိုက်မှုထက် သူ့အာဏာတည်မြဲရေးကိုပဲ ကြည့်ပါတယ်။
တချို့တွေကတော့ BIMSTEC အစည်းအဝေး တက်ခွင့်ရလို့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်လာလို့၊ ကုလသမဂ္ဂက လာလို့၊ တရုတ်၊ အိန္ဒိယ၊ ရုရှားခေါင်းဆောင်တွေကိုယ်တိုင် ဆက်သွယ်ပြီး ဝမ်းနည်းကြောင်းပြောလို့ မင်းအောင်လှိုင်အနေနဲ့ သံတမန်ရေးအရ အောင်မြင်မှုရတယ်လို့ ထင်နေကြပါတယ်။
အပစ်မရပ်တဲ့အပြင် အရပ်သားပစ်မှတ်တွေကို ပိုမို ဗုံးကြဲလာတာကိုတောင် တွေ့ရပါတယ်။ ဒါပေမဲ့ ငလျင်လှုပ်ပြီး နောက်တရက် မတ်လ ၂၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ PDF က ငလျင်လှုပ်တဲ့ ဒေသတွေမှာ နှစ်ပတ်တာ အပစ်ရပ်ကြေညာပါတယ်။ တဖန် မြောက်ပိုင်းသုံးဖွဲ့ကလည်း ဧပြီလ ၁ ရက်နေ့မှာ ၁ လတာ အပစ်ရပ်ကြေညာပါတယ်။
ဒီအချိန်အထိ မင်းအောင်လှိုင်က အပစ်မရပ်ဘူးလို့ ပြောနေတုန်း၊ မိုက်လုံးကြီးနေတုန်းပါပဲ။ ဒါပေမဲ့ ဧပြီလ ၂ ရက်နေ့မှာတော့ စစ်ကောင်စီက ဧပြီလ ၂၂ ရက်နေ့အထိ ရက် ၂၀ အပစ်ရပ်ကြောင်း ကြေညာတာ တွေ့ရပါတယ်။
ဧပြီလ ၃ ရက်နေ့ ဘန်ကောက်မှာပြုလုပ်တဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ဆွေးနွေးပွဲ မတက်ခင် မျက်နှာပန်းလှအောင် ကြေညာလိုက်ပုံရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ လက်ဦးမှု မဲ့သွားခဲ့တဲ့ အခြေအနေကို ရှောင်လွှဲလို့မရပါဘူး။ ဒါ့ပြင် လေကြောင်းတိုက်ခိုက်မှုတွေကလည်း ဆက်လက်လုပ်နေတာကြောင့် စစ်ကောင်စီရဲ့ အပစ်ရပ်ကို ဘယ်သူမှ မယုံကြပါဘူး။
တချို့တွေကတော့ BIMSTEC အစည်းအဝေး တက်ခွင့်ရလို့၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်လာလို့၊ ကုလသမဂ္ဂက လာလို့၊ တရုတ်၊ အိန္ဒိယ၊ ရုရှားခေါင်းဆောင်တွေကိုယ်တိုင် ဆက်သွယ်ပြီး ဝမ်းနည်းကြောင်းပြောလို့ မင်းအောင်လှိုင်အနေနဲ့ သံတမန်ရေးအရ အောင်မြင်မှုရတယ်လို့ ထင်နေကြပါတယ်။

တကယ်တော့ ဒါတွေဟာ ငလျင်ဒဏ် ပြင်းပြင်းထန်ထန် ခံလိုက်ရတဲ့ တိုင်းပြည်တပြည်အတွက် နိုင်ငံတကာက တုံ့ပြန်တဲ့ သာမန်လုပ်ရိုးလုပ်စဉ်တွေပါ။ ဒါတွေကို ထွန်းကားအောင်လုပ်နိုင်မှ အောင် မြင်မှုရတယ်လို့ ဆိုနိုင်မှာပါ။
လက်တွေ့ အပစ်အခတ်ရပ်စဲရေးမှာ နိုင်ငံရေးအရ လက်ဦးမှု မယူနိုင်တဲ့အပြင် အရပ်သားပစ်မှတ်တွေကို ဗုံးဆက်ကြဲနေတယ်။ ငလျင်ကယ်ဆယ်ရေးမှာ နိုင်ငံခြားသတင်းထောက်တွေ ဝင်ရောက် သတင်းယူခွင့် ပိတ်ထားတဲ့အတွက် နိုင်ငံတကာရဲ့ ယုံကြည်မျှော်လင့်မှု ကျရှုံးနေတယ်။
ငလျင်ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ပြည်တွင်းရော ပြည်ပကပါ အယုံအကြည် မရှိကြဘူး။ ပြည်တွင်းစစ်ရပ်စဲရေး၊ တွေ့ဆုံညှိနိုင်း အဖြေရှာရေးကို မျက်ကွယ်ပြုပြီး စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကိုသာ အတင်းဦးတည်လုပ်ဖို့ စိုင်းပြင်းနေပြီး ဒီရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ ကြိုးစားနေတာပဲ တွေ့ရပါတယ်။
ဒီလို အခြေအနေမျိုးတွေအောက်မှာ စစ်ကောင်စီရဲ့ သံတမန်ရေးဟာ အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး။ ငလျင်သတင်းတွေ ပြည်ပသတင်းစာမျက်နှာတွေမှာ လျော့ကျသွားပြီး နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု လျော့ကျသွားတာနဲ့ စစ်ကောင်စီဟာလည်း နိုင်ငံတကာမှာ အပယ်ခံ ပြန်ဖြစ်သွားမှာ သေချာသလောက်ရှိပါတယ်။
ဒါ့ပြင် ငလျင်ကယ်ဆယ်ရေးအတွက် ပြည်ပက ကယ်ဆယ်ရေးအဖွဲ့တွေ လက်ခံလိုက်တာက မင်းအောင်လှိုင်ကို ပိုကံဆိုးစေပါတယ်။ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြန်မာလူထု အခြေအနေနဲ့ စစ်တပ် အခြေအနေကို မြေပြင်မှာထိတွေ့ပြီး မြန်မြန်ဆန်ဆန် သဘောပေါက်သွားကြတာပဲ။
တကယ်က ငလျင်ဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အများကြီး ရယူနိုင်ခဲ့ပါတယ်။ တိုင်းပြည်အတွက် နိုင်ငံရေးအရလည်း အခွင့်အလမ်းအများကြီး ဖန်တီးယူလို့ ရပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအခွင့်အလမ်း ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။
လက်ရှိအချိန်မှာ စစ်တပ် ဘာလုပ်လုပ် မျက်စေ့စုံမှိတ် ထောက်ခံမှာက ရုရှားပဲ ရှိပါလိမ့်မယ်။ တရုတ်တောင် အခြေအနေ၊ အချိန်အခါနဲ့ သူ့အကျိုးရှိမှုပေါ်ကပဲ တခုချင်း ဆုံးဖြတ်သွားမဲ့ သဘောရှိပါတယ်။
တကယ်က ငလျင်ဟာ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အများကြီး ရယူနိုင်ခဲ့ပါတယ်။ တိုင်းပြည်အတွက် နိုင်ငံရေးအရလည်း အခွင့်အလမ်းအများကြီး ဖန်တီးယူလို့ ရပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအခွင့်အလမ်း ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။
ဒါဟာ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက မလုပ်တတ် မကိုင်တတ်ဖြစ်နေတာကို ပြသနေတဲ့အပြင် ငလျင်ဒဏ်၊ စစ်ဒဏ်ခံနေရတဲ့ လူထုအပေါ် ရိုးသားမှု မရှိတဲ့အတွက်လို့ ပြောရမှာပါ။
အင်း ဒီလိုပြောလို့ ခင်မမ လွန်ရာကျတယ်လို့ မဆိုကြစေချင်ပါဘူး။ တကယ် မြေပြင်မှာ ဖြစ်ပျက်နေတာတွေက ခင်မမ ပြောတာထက် အများကြီး ပိုပြီးဆိုးဝါးပါတယ်။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
နိုင်ငံတကာ ငလျင်ဂရုဏာနဲ့ တရားဝင်ချင်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်
ငလျင်က မင်းအောင်လှိုင် ဓာတ်ပုံအရိုက်ခံဖို့လား
ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်
ဗိုလ်ချုပ်များ အာဏာမြဲရေး သဘာဝဘေးကို အမြတ်ထုတ်
စစ်သားနဲ့ ရဲတွေ ဘာလုပ်နေလဲ (ရုပ်/သံ)
ငလျင်ကယ်ဆယ်ရေးမှာ ဓာတ်ပုံရိုက်ခံနေတဲ့ စစ်တပ် (ရုပ်/သံ)
နောက် ငလျင်က ရန်ကုန်ကို လာမလား (ရုပ်/သံ)