• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး

by ဧရာဝတီ
30 April 2025
in ဆောင်းပါး
A A
အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး

မန္တလေးမှ ငလျင်ရှောင်ယာယီစခန်းများ/ ဧရာဝတီ

4.3k
VIEWS
Share on FacebookShare on Twitter

မတ် ၂၈ ရက် ငလျင်က မန္တလေး ချမ်းမြသာစည် အောင်သာယာရပ်ကွက်က ကိုအောင်တို့ နေအိမ်လည်း ပြိုကျခဲ့သည်။

၎င်းတို့၏ သွပ်မိုး၊ ထရံကာ နှစ်ထပ်အိမ်လေးပေါ် ဘေးမှ ၄ ထပ်ခွဲတိုက်က ပြိုကျခြင်းဖြစ်ပြီး မိသားစုများ သေကံမရောက် သော်လည်း ဒဏ်ရာများတော့ ရခဲ့၏။ ယခုတိုင်ဆေးကုသနေရဆဲဖြစ်၍ ယာယီစခန်းတွင် နေရန် အဆင်မပြေတာကြောင့် ပြိုကျသည့် အိမ်ဘေးတွင်သာ တဲထိုးနေထိုင်ရသည်။

ငလျင်ကြီးလှုပ်ခဲ့သည်က တလပြည့်ပြီဖြစ်သော်လည်း မန္တလေးမြို့တွင်ကိုအောင်တို့ မိသားစုကဲ့သို့ပင် အခြားသိန်းချီသော ငလျင်ဘေးသင့် မိသားစုဝင်များမှာ ငလျင်ဘေးအပြင် အပူဒဏ်အပြင် မိုးဒဏ်လေ ဒဏ်ကိုပါ ခံစားနေကြရသည်။

“ငလျင်ကြောင့် ဒုက္ခရောက်နေရတဲ့ကြားထဲ နေကအရမ်းပူတော့ ဘယ်လိုမှ နေလို့ထိုင်လို့မရဘူး။ မခံမရပ်နိုင်အောင်ပူတဲ့ ရာသီဥတု ညဘက်ရောက်မှာတောင် ကြောက်နေရတယ်။ အိပ်ရေးပျက်ရတဲ့ညတွေလည်း များနေပြီ” ဟု ကိုအောင် က ဆိုသည်။

လက်ရှိထိ နောက်ဆက်တွဲငလျင်ငယ်များ မကြာခဏလှုပ်ခတ်နေဆဲဖြစ်ရာ မြို့ခံအများစုမှာ နေအိမ်များအတွင်း နေထိုင်ရဲခြင်းမရှိသေးဘဲ ထိခိုက်ပျက်စီးမှုမရှိသည့် ဆွေမျိုးအိမ်၊ စာသင်ကျောင်း၊ ဘောလုံးကွင်း၊ ဘုန်းကြီးကျောင်းဝင်းနှင့် ကွင်းပြင်ကျယ်နေရာများတွင် ယာယီရွက်ဖျင်တဲများထိုး၍ ရှောင်တိမ်းနေထိုင်ကြပြီး အချို့ရပ်ကွက်များ၌ အဆောက်အဦ ကြီးများနှင့် လွတ်ကင်းသည့်လမ်းမများပေါ် အိပ်စက်နေကြရဆဲ ဖြစ်သည်။

မန္တလေးမြို့၏ အမြင့်ဆုံးအပူချိန်မှာ ၄၂ ဒသမ ၄ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၁၂ ဒသမ ၀ ဒီဂရီစင်တီဂရိတ် ထိ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်. ဧပြီလလယ်ပိုင်းမှစတင်ပြီး နေ့အပူချိန်များ မြင့်တက်လာခဲ့ရာ ဧပြီ ၂၈ ရက်တွင် ၄၀ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်ရှိသည်။

ဖားကန့်မြို့မှ စစ်ရှောင်လာသည့် ငလျင်ဘေးသင့်သူတဦးက “ပူလွန်အားကြီးတော့ ဝဋ်ကတော့ ကြီးပါတယ်။ မိုးလင်းခါနီး လောက်မှ အိပ်ပျော်တာ။ မနက် ၄ နာရီနောက်ပိုင်းမှ အပူချိန်က လျော့တာလေ။ ငလျင်ကြောင့် အိမ်ပြိုအိမ်ပျက်လို့ စိတ် ညစ်ရတဲ့ကြား သူခိုးရန်ကလည်း ကြောက်နေရသေးတော့ ငလျင်ပြီးကတည်းက ညအိပ်မပျော်တာ တော်တော်ကြာပြီ။ အိပ်ရေးမဝတော့ သွေးပေါင်တွေကျ ဆေးခန်းပြ လုပ်နေရတယ်” ဟု ပြောသည်။

ငလျင်ဘေးသင့်သူအများစုမှာ မြေပြင်ပေါ် မိုးကာ၊ ဖျာများခင်း၍ အိပ်စက်နေရကြပြီး တနေကုန်ပူပြင်းထားမှုက ညအချိန် မြေငွေ့ပျံခြင်းကြောင့် ပါးစောင်များ ရောင်ရမ်းခြင်း၊ မျက်ဝတ်ထွက်၊ မျက်စိဝါးခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ ခါးနာခြင်း၊ အရေ ပြားယားယံပြီး အနီစက်ထွက်ခြင်း၊ ခြေဆစ်လက်ဆစ်များ ကိုက်ခဲခြင်း၊ ချောင်းဆိုးရင်ကျပ်ခြင်း၊ ခေါင်းကိုက်၍ စိတ်မကြည် လင်ခြင်း စသည့် ရောဂါဝေဒနာများ ခံစားရနိုင်ကြောင်း ဆရာဝန်များက သတိပေးထားသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
124
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k
သဇင်ပန်း

သဇင်ပန်း

10 January 2026
102
မန္တလေးမှ ငလျင်ရှောင်ယာယီစခန်းများ/ ဧရာဝတီ

ယခုဧပြီလအတွင်း၌ပင် မန္တလေးတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငလျင်သင့်ပြိုလုဆဲ အဆောက်အဦတချို့ ပြိုကျခဲ့သလို လမ်းများ၊ ကွင်းပြင်များ၌ နေထိုင်နေကြရသည့် ငလျင်သင့်ပြည်သူများ ဒုက္ခပေါ် ဒုက္ခထပ်ဆင့်ခဲ့ရပြန်သည်။

“ဒီလောက် နေ့ပူညပူနဲ့ ဖြစ်နေတဲ့အချိန် လျှပ်စစ်မီးတွေကလည်း ပြန်ပျက်သွားတယ်။ နဂိုကတည်းကမှ သောကတွေ၊ အပူတွေနဲ့ဆိုတော့ စားချင်သောက်ချင်စိတ်တွေပါ ပျောက်တယ်။ ဒီကြားထဲ ရှေ့ရက်တွေက မိုးသက်လေပြင်းတွေ ပါကျတော့ ဒုက္ခတမျိုးထပ်တိုးပြန်ရော” ဟု ချမ်းအေးသာစံမြို့နယ်မှ ငလျင်ဘေးသင့်သူတဦးက ပြောသည်။

ငလျင်ဘေးသင့်ဒေသများရှိ ပြည်သူ ၄၀,၀၀၀ ကျော်တို့သည် လာမည့် မုတ်သုံရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိသော ရွက်ဖျင် တဲများတွင် နေထိုင်ကြရဆဲဖြစ်သောကြောင့် မိုး၊ လေဒဏ်ခံနိုင်သည့် အမိုးအကာများ အချိန်မီလုပ်ဆောင် ပေးသင့်ကြောင်း Save the Children က တိုက်တွန်းထားသည်။

ပြင်းထန်ငလျင်ကြောင့် လူပေါင်း ၂၀၆,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၎င်းတို့အနက် ၄၂,၀၀၀ ခန့်မှာ ပြင်းထန် သောရာသီဥတုကို ခံနိုင်ရည်မရှိသည့် ရွက်ဖျင်တဲ သို့မဟုတ် အခြားအမိုးအကာများအောက်၌ ရှိနေကြဆဲဖြစ်ပြီး ရေကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများကို ကာကွယ်နိုင်သည့် သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် လည်း ခက်ခဲနေသည်ဟု ဆိုသည်။

ထို့ပြင် ငလျင်သင့်ဒေသများတွင် ရွှေ့ပြောင်းနေထိုင်ရသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ မြင့်တက်လာ ပြီး လူများစုပြုံနေရခြင်း၊ မိလ္လာစနစ်ညံ့ဖျင်းခြင်း၊ အဆောက်အဦပျက်များနှင့် အကန့်အသတ်ရှိသည့် ကျန်းမာရေးဝန်ဆောင် မှုများကြောင့် ရောဂါဖြစ်ပွားမှုအန္တရာယ်ဆီ တွန်းပို့နေကြောင်းလည်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးထား သည်။

ငလျင်ဒဏ်ကြောင့် သင့်လျော်သည့်ရေနုတ်မြောင်း (သို့) မိလ္လာစနစ်မရှိဘဲ လူအများစုဝေးနေထိုင်ရာနေရာများ၌ ခြင်ပေါက် ပွားမှု အရှိန်မြင့်လာသည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များမှာ ထိခိုက်လွယ်သူများဖြစ် ကြောင်း၊ ရေကြောင့်ဖြစ်သော ရောဂါများသည်လည်း ခြိမ်းခြောက်မှုဖြစ်ပြီး ကာလဝမ်းရောဂါဖြစ်ပွားမှု မှတ်တမ်းရှိသည့် မြန်မာနိုင်ငံအနေဖြင့် အန္တရာယ်များမြင့်တက်လာကြောင်း၊ အန္တရာယ်များသောဒေသများတွင် သောက်ရေသန့်ရရှိရေး၊ တကိုယ်ရေသန့်ရှင်းမှုနှင့် မိလ္လာသန့်ရှင်းရေးတို့ မြှင့်တင်ရန် မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဟု WHO က ပြောထားသည်။

လက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ ၆၂ လမ်းပေါ်ရှိ ကုတင် ၃၀၀၊ ကန်တော်နဒီဆေးရုံ၊ အရိုးအထူးကု ဆေးရုံများအပြင် ပြည်ပအကူအညီအနေဖြင့် မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီရုံးအတွင်း ဂျပန်ဆေးရုံ၊ ချမ်းမြသာစည်လေဆိပ်ဟောင်း၊ မန္တလာသီရိဘောလုံးကွင်း တို့တွင် ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့မှ Medical Team များဖြင့် ကုသပေးလျက်ရှိကြောင်း သိရသည်။

တဖက်တွင်လည်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုများအား ဖြိုဖျက်ခြင်းနှင့် ရှင်းလင်းရေးများ ထိထိရောက်ရောက် မလုပ် ဆောင်နိုင်သေးဘဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာမူ စလုံးရေပင်မစနိုင်သေးပေ။

ငလျင်ဘေးသင့်သူများမှာ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများ၏ ကူညီထောက်ပံ့လှူဒါန်းမှု များဖြင့်သာ ရပ်တည်နေကြရသလို ငလျင်လှုပ်ခတ်ခဲ့ပြီးချိန်မှ ယနေ့အထိ စီးပွားရေးလုပ်ငန်းများလည်း ရပ်နားထားကြဆဲ ဖြစ်ရာ အခြေခံလူတန်းစားများနှင့် လူလတ်တန်းစာများမှာ ပုံမှန်ဝင်ငွေ မရရှိသေးသဖြင့် အချို့မှာ စားသောက်ရေး အခက် အခဲများကိုပါ ရင်ဆိုင်နေကြရသည်။

“အပျက်အစီးတွေကြားမှာပဲ ကူညီမှုတွေကတော့ တော်တော်နည်းသွားပြီ။ အပျက်အစီးပုံတွေကလည်း ရှင်းလင်းဖို့က တော်တော်ကြီး ကျန်နေသေးတယ်။ အခုဆိုရင် တလပြည့်ပြီ။ အရင်အတိုင်းပဲ၊ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ပြီးတဲ့ အတိုင်းပဲ၊ ဘာမှမပြောင်းလဲသေးတာတွေ အများကြီးပဲ။ ရှင်းလင်းရေးတွေတောင် လုပ်လို့မပြီးသေးတော့ ပြန်လည် ထူထောင်ရေးဆိုတာ အဝေးကြီးလိုပါသေးတယ်” ဟု အမရပူရမြို့နယ်မှ ငလျင်ဘေးကူညီနေသူတဦးက ပြောသည်။

ထို့ပြင် စိတ်မချရသော အဆောက်အဦများနှင့် ပြိုကျပျက်စီး အဆောက်အအုံများအား ဖြိုချခြင်း၊ ရှင်းလင်းခြင်းများကို မြို့ခံလူမှုကူညီရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း၍ ကိုယ်ထူကိုယ်ထအစီအစဉ်များဖြင့်သာ လုပ်ဆောင်နေရသည်ဟု ဆိုသည်။

ဖြိုဖျက်ရှင်းလင်းပြီးသည့် နေအိမ်ပြိုကျသွားသူများနှင့် နေအိမ်မပြိုသော်လည်း ထိခိုက်ပျက်စီးမှုရှိသော နေအိမ်များမှာ ပြန်လည်ပြုပြင်ခြင်း၊ အသစ်ပြန်ဆောက်ခြင်းများအတွက် ငွေကြေးအခက်အခဲ ရှိနေကြောင်း၊ တပိုင်းတစပျက်စီးသွားသည့် နေအိမ်များမှာလည်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုများ ရှိနေဆဲဖြစ်သောကြောင့် နေထိုင်ရဲခြင်း မရှိသေးသဖြင့် ငလျင် သင့်ပြည်သူများမှာ စားဝတ်နေရေးအခက်အခဲအပြင် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားနေကြရသည်။

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုအနေဖြင့် ဧပြီ ၂၈ ရက်ထိ ၁၅၈ ကြိမ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်ထားပြီး ဧပြီ ၂၇ ရက် ညနေ ၆ နာရီထိ ငလျင်ကြောင့် သေဆုံးသူ ၃,၇၆၉ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၁၀၇ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ယာဉ်၊ စက်၊ ယန္တရား၊ ဝန်ထမ်းအင်အားများဖြင့် မတ် ၂၉ ရက်မှစတင်ကာ လုပ်ဆောင်ပေးနေသလို ပြိုကျပျက်စီး အဆောက် အအုံများအား အခမဲ့ ဖြိုချရှင်းလင်းပေးကြောင်း၊ မန္တလေးမြို့တွင် ပြင်းထန်ငလျင်ကြောင့် လုံးဝ ပြိုကျသည့် အဆောက်အဦ ၄,၀၀၀ နီးပါးရှိပြီး တအိမ်ချင်းရှင်းလင်းမှုကို အချိန်ယူရှင်းနေရ၍ အမြန်ဆုံးနှင့် အန္တရာယ် အကင်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသော်လည်း တင်ပြအကူအညီတောင်းခံမှုများအား ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသလို ငွေကြေးတောင်းခံမှုများလည်း ရှိကြောင်း မြို့ခံများက ဆိုသည်။

ငလျင်သင့် မန္တလေးမြို့မှ အပျက်အစီးတချို့/ ဧရာဝတီ

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် သေဆုံးသူ တဦးလျှင် ငွေကျပ် ၁၈ သိန်းဖြင့် သေဆုံးသူ ၂,၁၅၂ ဦးကိုလည်းကောင်း၊ လတ်တလော စားသောက်ရေး အဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) ၁ လစာအား ငလျင်ဘေးသင့်သူ ၁၃၇,၀၈၁ ကိုလည်းကောင်း ဧပြီ ၂၈ ရက်၌ အခမ်းအနားဖြင့် ပေးအပ်ခဲ့ပြီး နေအိမ်ပျက်စီးသွားသူများအတွက် ပျက်စီးဆုံးရှုံးမှုများစိစစ် ကာ ထောက်ပံ့ပေးနိုင်ရေးနှင့် တိုင်းအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိ ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယနေ့အချိန်ထိ ငလျင်ဘေးအတွက် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လေယာဉ်ပေါင်း ၁၄၇ စင်း၊ သင်္ဘော ၇ စင်း၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂,၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂,၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၁,၁၉၇ ဒသမ ၁၂ တန်၊ စုစုပေါင်းတန်ချိန် ၃,၈၃၃ ဒသမ ၈၄ တန် လှူဒါန်းကူညီခဲ့သည် ဟု စစ်ကောင်စီ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပ အလှူရှင်များမှ အလှူငွေများပေးအပ်ရာ ဧပြီ ၂၄ ရက်ထိ ကျပ် ၁၁၅ ဒသမ ၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃,၁၅၀ တို့အား လက်ခံရရှိထားကာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ငွေစာရင်းသို့ ထည့်သွင်းထားရှိကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှတဆင့် စစ်ကိုင်းတိုင်းအတွက် ငွေကျပ် ၅၀ ဘီလီယံ၊ မန္တလေးတိုင်းအတွက် ငွေကျပ် ၆၀ ဘီလီယံ လက်ဝယ်ပေး အပ်ခဲ့ကြောင်း ဒုစစ်ခေါင်းဆောင်က ပြောထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “နိုင်ငံတကာက အကူအညီပေးထားတဲ့ ငွေတွေ၊ ပစ္စည်းတွေက တကယ့်မြေပြင်ကို ရောက်ဖို့ ပိုအရေးကြီးတယ်။ အခုက သဘာဝဘေးဒဏ်ကြောင့် ဘယ်လိုပြန်လည်ထူထောင်မယ်၊ ထပ်လာဦးမယ့် သဘာဝ ဘေးတွေအတွက် ဘယ်လိုပြင်ဆင်မယ်ဆိုတာမျိုးမရှိဘဲ တိုင်းပြည်အန္တရာယ်ကင်းအောင် ထေရ်ကြီးဝါကြီး ဆရာတော် တွေနဲ့ ပရိတ်လေးရွတ်မယ်၊ မိုင်းဖုန်းဆရာတော်ကို ဆုတောင်းခိုင်းတယ်ဆိုတာမျိုးက အစိုးရတရပ်ရဲ့ လုပ်ရပ်မဟုတ်ဘူး။ သဘာဝ ဘေးအန္တရာယ်ဆိုတာ ဘယ်ဘုရား၊ ဘယ်တန်ခိုးရှင်ကမှ ဟန့်တားလို့မရဘူး” ဟု ဆိုသည်။

ငလျင်ဖြစ်ပွားပြီး တလအကြာတွင် လူဦးရေ ၂ သန်းခန့်သည် အရေးပေါ်အကူအညီများ အလွန်အမင်း လိုအပ်နေဆဲဖြစ် ကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း International Office for Migration (IOM) က ဧပြီ ၂၃ ရက်၌ ထုတ်ပြန်ထားသည်။

ငလျင်အပြီး တလနီးပါးကြာသည့်တိုင် ပြိုပျက်ခဲ့ရသည့် အိမ်အများစုမှာ ငွေကြေးမတတ်နိုင်၍ ဖြိုဖျက်ရှင်းလင်းခြင်းများ မလုပ်ဆောင်နိုင်သေးသလို ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေသည်ဟု မန္တလေးမြို့ခံများနှင့် ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ဆိုသည်။ ။

This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.

You may also like these stories:

မန္တလေးမှ အိမ်အများစု ငွေကြေးအခက်အခဲကြောင့် မရှင်းလင်းနိုင်

ငလျင်သင့် ပြိုကျပျက်စီးအိမ်များပါ မီတာခ ဆောင်ခိုင်း

ငလျင်က ချည့်နဲ့နေသော ခရီးသွားလုပ်ငန်းကို ထပ်မံထိုးနှက်

Your Thoughts …
Tags: Sliderကယ်ဆယ်ရေးစခန်းငလျင်ပြန်လည်ထူထောင်ရေးမန္တလေးမိုးဒဏ်လေဒဏ်ရာသီဥတုပူပြင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ AA ကြိုဆို (ရုပ်/သံ)

PDF စခန်းတချို့ လက်လွှတ်ရသော်လည်း မိုးဗြဲကို စစ်ကောင်စီ မထိုးဖောက်နိုင်သေး

ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ AA ကြိုဆို (ရုပ်/သံ)

ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ AA ကြိုဆို (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved