• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
in ဆောင်းပါး
A A
တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား
7.3k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ခရိုနီ တချို့လည်း ထိန်းသိမ်း စစ်ဆေးခံရသည်ဟု ကြားဖူးသည်။ သတင်းတွေမှာ ဖတ်ရသည်။

ထိပ်ဆုံးက ပါတာက မောင်ဝိတ်။ သူက ရန်ကုန်မှာ တန်ဖိုး အကြီးဆုံး မြေကွက်တွေ ပိုင်သူ။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလည်း အစိုးရနဲ့ နီးစပ်ခဲ့သူ။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ဦးဖြိုးမင်းသိန်းကိုလည်း မှတ်မိကြမည် ထင်ပါသည်။

NLD အစိုးရသည်လည်း မစားတတ် စားတတ်နဲ့ စားသူများကို အစိုးရမှာ ရာထူးကြီးတွေ ပေးခဲ့သည်။ သူတို့လည်း ခရိုနီတွေနဲ့ အတူ အရိုးစူးခဲ့ကြသည်။

နောက်တယောက်က ဦးဇော်ဇော်၊ AYA ဘဏ်ကို ပိုင်ဆိုင်သူ။ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး ၁၀ ဦး စာရင်းထဲမှာပါသူ။ လူငယ် လူရွယ် တက်ကြွသူ တယောက်။ သူသည် ၁၉၈၈ လူထု အုံကြွမှုနှင့် မစိမ်းသူ။

ဒေါ်ဆောင်ဆန်းစုကြည်ကို ဘောလုံးပွဲ ကြည့်ဖို့ ဖိတ်ခဲ့သူ။ ခရိုနီ အစား တိုက်ကွန်း (Tycoon) လို့ ပြောင်းခေါ်ဖို့ တိုက်တွန်း ခဲ့သူ တဦး။

သူလည်း ၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ဆေး မေးမြန်းခြင်း ခံခဲ့ရသူ။ ရေကြည်အိုင်မှာ ဖမ်းချုပ်ထားခံရသူ။

တကယ်တော့ ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
124
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k
သဇင်ပန်း

သဇင်ပန်း

10 January 2026
102

ဒါပေမယ့် သူတို့ရဲ့ ပုံရိပ် Image ထိခိုက်မှာကို စိုးရိမ်သူတွေ ရှိသည်။

ဘယ်သူသေသေ၊ ငတေမာ ပြီးရော၊ “ငါ့ဘို့ ငို့ဘ” ခရိုနီ ကြီး၊ ငယ်၊ လတ် တွေလည်း အများပြား ရှိပါသည်။ ဒီနေ့ ဒီအချိန်မှာတော့ ခရိုနီ ကြီးတွေကတော့ နွံထဲမှာ နစ်သွားကြပြီ။

ထိုသူများထဲတွင် KBZ ဦးအောင်ကိုဝင်း၊ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးမိုက်ကယ် မိုးမြင့်၊ ဦးပြည်အောင်၊ ဦးနေအောင်၊ ဦးသိမ်းဝေ ခေါ် Serge Pun ၊ မောင်ဝိတ်၊ ဦးခင်ရွှေ၊ ဦးချစ်ခိုင် စသည် စသည်တို့ ရှိကြပါသည်။

သူတို့သည် အမှောင်ရိပ်၊ ခေတ်ပျက်မှာ ကြီးပွားလာသူများ ဖြစ်သည်။ ပြည်သူ လူထု အလွန် ရွံမုန်းသော အာဏာရှင် ဗိုလ်ချုပ်ကြီးများနှင့် အတူ အစိုးရ ပရော့ဂျက်ကြီးများကို လုပ်ကိုင်ရင်း ကြီးပွား ချမ်းသာလာသူများ ဖြစ်သည်။

ဥပမာ ဆိုရလျှင် စစ်အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ နေပြည်တော် စီမံကိန်းတွေ၊ သယံဇာတ ရှာဖွေရေး လုပ်ငန်းတွေ၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ စသည် စသည်တို့နှင့် နေ့ချင်း ညချင်း အရှင်သခင် မွေးတော့ ညချင်းကြီး ဆိုသလို ကြီးပွား ချမ်းသာလာခဲ့သူများ ဖြစ်သည်။

ယခု ထောင်ထဲ ရောက်နေသော ဦးချစ်ခိုင် (ဧဒင် ဦးချစ်ခိုင်) သည်လည်း အချမ်းသာဆုံး ၁၀ ဦး စာရင်းဝင် ဖြစ်သည်။ သူသည်လည်း နေပြည်တော် ၆ လုံးတန်းထဲက အိမ်တချို့ကို VVIP မိသားစုတွေ အတွက် ဆောက်ပေးရသူ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် မျက်စိတွေ့သူ ခရိုနီ သူဌေးကြီး။

သို့သော်လည်း နိုင်ငံရေး အရောင်အသွေး ရှိသည်။ ဟိုး တချိန်က NLD ပါတီနှင့် ပတ်သက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရင်းနှီး ခဲ့သည်။

ဦးချစ်ခိုင်က ၁၉၉၀ ဝန်းကျင်မှာ ထောင်ထဲကို ခဏ ဝင်ဖူးသေးသည်။ နောက်ပိုင်း စစ်တပ် အစိုးရနှင့် ပူးပေါင်းပြီး ကြီးပွား ချမ်းသာလာခဲ့သူ။

သူသည် ပုံရိပ် ဆိုးသူ တယောက်တော့ မဟုတ်။ ယုတ်မာတဲ့သူတော့ မဟုတ်။ ယုတ်မာတဲ့ ခရိုနီတွေက မြန်မာပြည်မှာ ခပ်များများ မဟုတ်လား။

ရေနံ သူဌေးကြီး မိုက်ကယ် မိုးမြင့်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့သူ ဖြစ်သည်။ ဒီနေ့တော့ သူသည် စစ်ကောင်စီ လူကြီးများနှင့် ရင်းနှီး ခင်မင်သူ၊ ထိုသူတို့၏ အားကိုးရာ ဖြစ်နေပြီ ဖြစ်သည်။

ထို့ကြောင့် ခရိုနီတွေလည်း အပြောင်းအလဲ အခုန်အကူး နဲ့ ထုံကူးတတ်သည်ဟု ဆိုရမည်။

“ကျနော်တို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ ဘယ်ဘက်ကမှ မပါဘူး” ဟု ဆိုတတ်သော သူဌေးကြီး အများစုကို သေသေ ချာချာ ဆန်းစစ်ကြည့်ပါက သူတို့သည် “အာဏာသည် သေနတ် ပြောင်းဝမှ လာသည်” ကို နားလည် ထားသူများ ဖြစ်သည်။

မြန်မာပြည် ပွင့်လင်း လွတ်လပ်လာချိန် ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်မှာ ခရိုနီ သူဌေးကြီးတွေ ထိုအချိန် အစိုးရနှင့် ပေါ်ပေါ်ထင်ထင် မတွဲပြရဲကြပါ။

စစ်တပ်သည် အာဏာ အပြည့်ရှိသည်။ သေနတ်လည်း ရှိသည် ဆိုတာကို။ ဒါကို သူတို့ သိသည်။

တကယ်တော့ မြန်မာပြည်ကို တိုးတက်စေချင်သူ၊ တည်ငြိမ် အေးချမ်းပြီး အိမ်နီးချင်း နိုင်ငံတွေလို ကြီးပွား တိုးတက် လိုသော စိတ်ဆန္ဒများ ခရိုနီ သူဌေးကြီး တချို့မှာ ရှိပါသည်။ သေချာပါသည်။ အကုန်လုံးမှာတော့ မဟုတ်။

ဘယ်သူသေသေ၊ ငတေမာ ပြီးရော၊ “ငါ့ဘို့ ငို့ဘ” ခရိုနီ ကြီး၊ ငယ်၊ လတ် တွေလည်း အများပြား ရှိပါသည်။ ဒီနေ့ ဒီအချိန်မှာတော့ ခရိုနီ ကြီးတွေကတော့ နွံထဲမှာ နစ်သွားကြပြီ။

သူတို့သည် စစ်တပ် နှင့်၊ လက်ရှိ အာဏာ ရယူထားသူများနှင့် ချက်ကြော ဖြတ်၍ မရတော့။ သို့သော် သူတို့သည် အနာဂတ် နှင့် သူတို့၏ မိသားစုများ၊ သားသမီးများ အတွက်တော့ စိုးရိမ်ကြသည်။

ဆန်ရှင် (Sanction) နှင့် ပုံရိပ် ထိခိုက်မှာကို သေမလောက် ကြောက်ကြသည်။ တော်လှန်ရေး၊ ဒီမိုကရေစီရေး လုပ်ဆောင် နေသူများကိုလည်း မကြိုက်။ စစ်တပ်ကပဲ ပြန်လည် အာဏာယူ ထိန်းချုပ်ဖို့ကို လိုလားကြသည်။

ခက်တော့ ခက်သည်။ သူတို့ ကျွံသွားကြလေပြီ။

ထောင်ထဲ ရောက်နေသော ဦးချစ်ခိုင် နှင့် ဦးခင်ရွှေ (ဇေကမ္ဘာ ဦးခင်ရွှေ) တို့ကတော့ ဒီနေ့ ဖြစ်ပေါ်နေသော အခြေအနေကို ဘယ်လို ရှုမြင် ခံစား သံဝေဂ ရနေသလဲတော့ မသိ။

ဦးချစ်ခိုင် နှင့် ဦးခင်ရွှေ ပြန်လွတ်လာတဲ့နေ့မှာ သုံးနှစ်အတွင်း တိမ်ကော စုတ်ပြတ်သွားသော မြန်မာပြည်၏ အခြေအနေ၊ ဆင်းရဲတွင်း နက်သထက် နက်သွားသော မြန်မာ လူထု အခြေအနေကို ဘယ်လို ပြောကြမလဲ…။

ဘန်ကောက် နဲ့ စင်ကာပူမှာ ကွန်ဒို ကောင်းကောင်းဝယ်ပြီး သွားနေတာပဲ ကောင်းမှာပါကွာ တွေးမလား…။

ရန်ကုန်က ဦးချစ်ခိုင် ရဲ့ ဆိုင်တဆိုင် ဖြစ်တဲ့ Fuji စားသောက်ဆိုင်မှာ ရိုးရှင်းသော မနက်စာ ပဲပြုပ်နံပြား၊ ပလာတာ၊ လက်ဖက်ရည် နှင့် မုန့်တီ စားရင်း ခရိုနီ အတွေးများက ခုနစ်စဉ် အမျှင်တန်းလျက်…။ ။

Your Thoughts …
Tags: AYAFujiKBZNLDSliderခရိုနီစစ်တပ်ဆန်ရှင်ဇေကမ္ဘာတိုက်ကွန်းတော်လှန်ရေးဒီမိုကရေစီရေးဗိုလ်ချုပ်ဧဒင်
ကြာဖက်နှင်း

ကြာဖက်နှင်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
စစ်တွေ၊ ဗျိုင်းဖြူရွာမှာ အစုလိုက်အပြုံလိုက် အသတ်ခံရကြောင်း AA အတည်ပြု (ရုပ်/သံ)

စစ်တွေ၊ ဗျိုင်းဖြူရွာမှာ အစုလိုက်အပြုံလိုက် အသတ်ခံရကြောင်း AA အတည်ပြု (ရုပ်/သံ)

စစ်ကောင်စီကို ဦးမိုက်ကယ်မိုးမြင့် ရေနံ ကူညီတူးပေးမည်

စစ်ကောင်စီကို ဦးမိုက်ကယ်မိုးမြင့် ရေနံ ကူညီတူးပေးမည်

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved