• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ရှောင်လာရတဲ့ အနုပညာရှင်တွေ အနုပညာ ဆက်လက်ဖန်တီးနိုင်ရမယ်”

by ဧရာဝတီ
8 July 2023
in အင်တာဗျူး
A A
“မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်” ရုပ်ရှင်ကားတို ရိုက်ကွင်းပေါ်မှ ဒါရိုက်တာ ဏကြီး (ယာ)

“မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ်” ရုပ်ရှင်ကားတို ရိုက်ကွင်းပေါ်မှ ဒါရိုက်တာ ဏကြီး (ယာ)

4.6k
VIEWS
Share on FacebookShare on Twitter

ဒါရိုက်တာ ဏကြီးနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် အချို့သည် ရှောင်တိမ်းလာရသည့် အနုပညာသမားများကို ကူညီရန်၊ ၎င်းတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာထုတ်ဖော်နိုင်ရန် နှင့် ဖိနှိပ်ခံရမည်ကို စိုးရိမ်စရာမလိုဘဲ အနုပညာ ဖန်တီးမျှဝေနိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်တွင် Artists’ Shelter (အနုပညာရှင်များ ခိုကိုးရာနေရာ)ကို ထူထောင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား သိမ်းကျုံးဖြိုခွဲရန် အားထုတ်မှုကြောင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် သောင်းနှင့်ချီသော ပြည်သူများ ထောင်ချခံကြရသည်။ ထောင်ပေါင်းများစွာသော ပြည်သူများလည်း နိုင်ငံမှ ထွက်ပြေးကြရသည်။

အနုပညာသမားများနှင့် အနုပညာတီထွင်ဖန်တီးမှုလုပ်ငန်းမှ လူအများအပြားလည်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သောကြောင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများအောက်တွင် အဖမ်းခံရ၊ ပုန်းအောင်းနေထိုင်ရ၊ နိုင်ငံမှထွက်ပြေးရသည်။

ထင်ရှားသော ရုပ်ရှင်ဒါရိုက်တာ ဏကြီးနှင့် သူ့ဇနီး အကယ်ဒမီဆုရ ရုပ်ရှင်မင်းသမီးနှင့် ဆရာဝန် တဦးလည်းဖြစ်သူ ပိုင်ဖြိုးသုတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် လှုံ့ဆော်မှုဖြင့် တရားစွဲခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရန်ကုန်ရှိ သူ၏ ရုပ်ရှင်စတူဒီယိုကို စစ်ကောင်စီက သိမ်းယူလိုက်သည်။

Artists’ Shelter သည် စစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းဆီးမှုများမှ ရှောင်ရှားလာသည့် မြန်မာမှ နေအိမ်၊ ပိုင်ဆိုင်မှုနှင့် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးရသည့် အနုပညာသမားများအတွက် ဖြစ်သည်။

Artists’ Shelter သည် ၎င်းကဲ့သို့ စစ်ကောင်စီ၏ ဥပဒေမဲ့ ဖမ်းဆီးမှုများမှ ရှောင်ရှားလာသည့် မြန်မာမှ နေအိမ်၊ ပိုင်ဆိုင်မှုနှင့် အသက်မွေးဝမ်းကြောင်း ဆုံးရှုံးရသည့် အနုပညာသမားများအတွက် ဖြစ်သည်။

ရှောင်လာရသည့် အနုပညာသမား အများအပြားသည် စစ်ကောင်စီ၏ တိုက်ရိုက်ခြိမ်းခြောက်မှုမှ လွတ်မြောက်လာသကဲ့သို့ ဖြစ်သော်လည်း ထိခိုက်လွယ်သူများ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် စီးပွားရေးနှင့် လူမှုအကျပ်အတည်းများကို ရင်ဆိုင်ရသည်။

ထို့ပြင် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများအား ဖိနှိပ်ရန် အားထုတ်မှုများကြောင့် ထိုအနုပညာရှင်များသည် ၎င်းတို့၏ အသံများကို ၎င်းတို့၏ အနုပညာမှတဆင့် ထုတ်ဖော်နိုင်ခြင်း မရှိပေ။

ဇွန်လ ၇ ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည့် Artists’ Shelter တွင် ရှင်းလင်းပြတ်သားသော ဦးတည်ချက်၊ ရည်မှန်းချက်များရှိပြီး အဝေးရောက်၊ ပုန်းအောင်းနေရသည့် အနုပညာရှင်များကို ထောက်ပံ့ကာကွယ်ရေး၊ ဖန်တီးမှု ပြုလုပ်နိုင်သည့်နေရာတွင် အနုပညာရှင်များ ဝါသနာကိုလိုက်စားနိုင်ပြီး မိမိတို့ အသံကို ထုတ်ဖော်နိုင်သည့် နေရာတခု ဖန်တီးရေးအတွက် ရည်ရွယ်သည်။

ထိုနေရာသည် ၎င်းတို့၏ ဆန္ဒသဘောထား၊ အသံများကို ထုတ်ဖော်နိုင်သည့် နေရာဖြစ်သည်။

ထိုအစီအစဉ်မှတဆင့် Artists’ Shelter သည် မြန်မာနိုင်ငံ၏အခြေအနေမှန်ကို တင်ပြရန်လည်း ရည်ရွယ်သည်။

ထိုနေရာသည် ကမ္ဘာက ၎င်းတို့ဆန္ဒသဘောထားကို သိရှိလေ့လာနိုင်ရန် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို ဖော်ထုတ်နိုင်သည့် အင်အားကြီးမားသော အင်အားစုတခု ဖန်တီးရေးအတွက် အနုပညာရှင်များ၏ ပြန့်ကျဲလျက်ရှိသည့် ပညာပါရမီ၊ ကျွမ်းကျင်မှုနှင့် အတတ်ပညာများကို စုစည်းပေးသည့် နေရာဖြစ်လာရန်လည်း မျှော်မှန်းထားသည်။ Artists’ Shelter သည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကိုလည်း အထောက်အကူပြုမည် ဖြစ်သည်။

ယခုအခါ ထိုနေရာတွင် ဖန်တီးမှုအနုပညာနယ်ပယ်တွင် လုပ်ကိုင်နေသူအားလုံး အဖွဲ့ဝင်အဖြစ်လျှောက်ထားနိုင်ရန်လည်း ခေါ်ဆိုလျက်ရှိသည်။ အဖွဲ့ဝင်ဖြစ်လိုသူများအနေဖြင့် ၎င်းတို့ ပေ့ချ်မှ တဆင့် စာရင်းပေးနိုင်သည်။

ယခုအခါ ထိုနေရာတွင် ဖန်တီးမှုအနုပညာနယ်ပယ်တွင် လုပ်ကိုင်နေသူအားလုံး အဖွဲ့ဝင်အဖြစ်လျှောက်ထားနိုင်ရန်လည်း ခေါ်ဆိုလျက်ရှိသည်။ အဖွဲ့ဝင်ဖြစ်လိုသူများအနေဖြင့် ၎င်းတို့ ပေ့ချ်မှ တဆင့် စာရင်းပေးနိုင်သည်။

ဧရာဝတီသတင်းဌာနမှ ခင်နဒီသည် ဒါရိုက်တာ ဏကြီးနှင့် Artists’ Shelter အကြောင်း၊ ပြုလုပ်မည့် အစီအစဉ်များအကြောင်းနှင့် ရှောင်လာရသည့် အနုပညာရှင်များ၏ အခြေအနေများကို မေးမြန်းခဲ့သည်။

ဒါရိုက်တာ ဏကြီးနှင့် ဇနီးဖြစ်သူ သရုပ်ဆောင် ပိုင်ဖြိုးသုတို့ ၂၀၂၁ ခုနှစ်က ရန်ကုန်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြနေစဉ်

မေး ။ ။ Artists’ Shelter ကို ဘယ်လို ကနေ စလုပ်ဖြစ်တာလဲ။

ဖြေ ။ ။ ရှောင်လာရတဲ့ artists တွေစုပြီး ကျနော်တို့အဖွဲ့ စီစဉ်နေတာ ကြာပါပြီ။ ဇွန်လ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ကျနော့်ပတ်ဝန်းကျင်မှာ ရှောင်လာရတဲ့ အနုပညာသမားတွေ ရှိတယ်။ ဒီဘက်မှာ ရုပ်ရှင်သမားတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ၊ ဂီတသမားတွေ ဖန်တီးမှုအနုပညာနဲ့ အသက်မွေးတဲ့ အတတ်ပညာရှင်အကုန်လုံးပေါ့။ အသံအင်ဂျင်နီယာနဲ့ အသံဖမ်းသူတွေလည်း ပါဝင်တယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
524
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
44
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
91

ကျနော်တို့က ရှောင်လာရတဲ့ ဖန်တီးမှု အနုပညာလုပ်ငန်းက လူတွေကို ကူညီချင်တယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာ တချို့ဆိုရင် ဈေးထဲမှာအလုပ်လုပ်နေရတဲ့သူတွေရှိတယ်။ တချို့ဆိုရင် ကိုယ်နဲ့မဆိုင်တဲ့ တခြား content writer တို့သူတို့ အရင်တုန်းက လုပ်ခဲ့တဲ့အလုပ်မဟုတ်ဘဲ သူတို့ရပ်တည်ဖို့အတွက်ကို ခက်ခက်ခဲခဲ အလုပ်လုပ်နေရတဲ့သူတွေ တခြား အသက်မွေးဝမ်းကြောင်းကို ပြောင်းပြီးလုပ်နေရတဲ့သူတွေအများကြီးပေါ့။ တချို့လည်း ဒီဘက်ရောက်မှ တော်တော်ခက်ခဲကြတယ်။ တချို့ ဆေးရုံတက်နေရတယ်။

ဒါကြောင့်မို့ Artists’ Shelter ကို ရှောင်လာရတဲ့ အနုပညာသမားတွေ အနုပညာ ဆက်လက် ဖန်တီးနိုင်ဖို့ကာကွယ်ပေးဖို့ ကျနော်တို့ စတင်ထူထောင်တယ်။ ရှောင်လာရတဲ့ အနုပညာသမားတွေဆိုရင် အနုပညာဆက်လုပ်လို့မရဘူး ရပ်သွားတယ် ကျနော်တို့ရဲ့ career သေသွားတယ် အဲ့လိုမျိုးဟာလုံးဝမဖြစ်ရဘူး။

မြန်မာကထွက်ပြေးလာတဲ့ အနုပညာရှင်တွေမှာ ပြည်တွင်းက ပရိသတ်တွေ အများအပြားရှိတယ်။ ဒါကြောင့်မို့ သူတို့နဲ့ သူတို့ ပရိသတ်တွေကြားမှာ ပေါင်းကူးတခုဖြစ်ဖို့လည်း ကျနော်တို့ ကြိုးစားချင်တယ်။ ရှောင်လာရတဲ့အနုပညာရှင်တွေလည်း အနုပညာ ဆက်လုပ်နိုင်တယ်ဆိုတဲ့အရေးကြီးတဲ့ မက်ဆေ့ချ်ပေါ့။

မြန်မာကထွက်ပြေးလာတဲ့ အနုပညာရှင်တွေမှာ ပြည်တွင်းက ပရိသတ်တွေ အများအပြားရှိတယ်။ ဒါကြောင့်မို့ သူတို့နဲ့ သူတို့ ပရိသတ်တွေကြားမှာ ပေါင်းကူးတခုဖြစ်ဖို့လည်း ကျနော်တို့ ကြိုးစားချင်တယ်။ ရှောင်လာရတဲ့အနုပညာရှင်တွေလည်း အနုပညာ ဆက်လုပ်နိုင်တယ်ဆိုတဲ့အရေးကြီးတဲ့ မက်ဆေ့ချ်ပေါ့။

မေး ။ ။ Artists’ Shelter က ဘာတွေလုပ်သွားဖို့ရှိမလဲ။

ဖြေ ။ ။ ကျနော်တို့ပထမဆုံးကတော့ နေရာလေး တနေရာပေါ့။ အနုပညာသမားတွေလုံလုံခြုံခြုံနဲ့ inspiration နဲ့ သူတို့လုပ်ခဲ့တဲ့အလုပ်ကို passionately ဆက်လုပ်လို့ရအောင် နေရာလေးတနေရာရှိမယ်။ အဲ့နေရာမှာ သူတို့ရိုက်ကူးရေးအပြီး တည်းဖြတ်တာတွေ လုပ်နိုင်မယ်။ အသံသွင်း စတူဒီယိုတခုလည်း ရှိမယ်။ ပန်းချီဆရာတွေ ပန်းချီလာဆွဲပြီး စာရေးဆရာတွေ စာလာရေးလို့ရမယ်။

အနုပညာရပ်ဝန်းနဲ့ စာကြည့်တိုက်လည်းရှိမယ်။ ရုပ်ရှင်တွေပြဖို့ ရုပ်ရှင်ပြခန်းလည်းရှိမယ်။ ရုပ်ရှင်တိုတွေရိုက်ပြီး ပြချင်ရင် လူတွေကိုဖိတ်ပြီး ပြလို့ရမယ်။ နောက်ပိုင်းကျရင် ပရောဂျက်အသေးလေးတွေကိုလည်း ဖိတ်ခေါ်သွားမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရှောင်လာရတဲ့ အနုပညာသမားတွေ စုပြီးလုပ်ရတဲ့အတွက်ကြောင့် အင်နဲ့အားနဲ့တော့မဖြစ်သေးဘူး။ ဒါပေမယ့် အခုမှ ကျနော်တို့ စနိုင်လောက်တဲ့ အင်အားရှိသွားပြီ။ ဒီကမှ တဖြည်းဖြည်း ကျနော်တို့ဆက်လုပ်သွားပါမယ်။

“Guilty as Alive” ဇာတ်ကားတို ရိုက်ကွင်း / Artists’ Shelter

မေး ။ ။ အနုပညာရှင်တွေရဲ့လက်ရာနဲ့ မြန်မာပြည်သူတွေကို ဘယ်လို ဆက်သွယ်ပေးမယ်ဆိုတာ ပြောပြပေးပါ။

ဖြေ ။ ။ အခု ကျနော်တို့ စီစဉ်နေတာကတော့ ကြည့်ရှုမှုအလိုက် အခကြေးငွေပေးရမယ့် အစီအစဉ်ဖြစ်တယ်။ ဥပမာ ဂီတဗီဒီယိုတခုကို ကြည့်ရင် ကြည့်ရှုသူက တဒေါ်လာပေးရမယ် ဆိုတာမျိုးပေါ့။ Artists’ Shelter က အကျိုးအမြတ်ယူတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အတွက် အဲဒီလိုတော့ လုပ်လို့မရဘူး။

တခြားပလက်ဖောင်းတွေ အပီလီကေးရှင်းတွေကနေ လုပ်ရမှာ။ ဖန်တီးမှု အဟောင်းတွေကိုလည်း အခမဲ့ကြည့်နိုင်မယ်။ အခုလောလောဆယ်တော့ နိုင်ငံတကာ က ရောက်ရှိနေတဲ့ မြန်မာတွေကိုကိုယ်စားပြုပီးသွားရမှာပေါ့။ ပြည်တွင်းက ပရိသတ်ကိုတော့ ကျနော်တို့က အလကားပြရမှာပေါ့ ဘာလို့ဆိုတော့ သူတို့အတွက် အန္တရယ်ရှိနိုင်တယ်။ ဘဏ်အကောင့်ကနေ လိုက်တာမျိုးဖြစ်နေတော့။ နောက်ပိုင်းကျရင် NUG pay ကနေ ငွေပေးချေတာမျိုးကို ကြိုးစားသွားမယ်။ ဒီဝင်ငွေတွေ က အနုပညာရှင်တွေကို ထောက်ပံ့ဖို့ ဝင်ငွေဖြစ်လာမယ်။

ကျနော်ပြောထားသလိုပဲ လူသတ်နေတဲ့သူနဲ့တော့ပေါင်းပီးတော့ ကျနော်ရုပ်ရှင်မရိုက်နိုင်ဘူး။ ဒါကျနော်တို့ ရွေးချယ်ခဲ့တဲ့လမ်း၊ ကျနော်တို့ ရဲ့ ခံယူချက်နဲ့ဆိုတဲ့အတွက်ကြောင့် နောင်တရတာ ဘာ မှမရှိဘူး။ ကျနော်တို့လမ်းဆုံးတဲ့အထိ ဆက်လျှောက်မယ်။

မေး ။ ။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဆက်လက်ပါဝင်နေတဲ့ အနုပညာသမားတွေ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ဖြေ ။ ။ ကျနော်ပြောထားသလိုပဲ လူသတ်နေတဲ့သူနဲ့တော့ပေါင်းပီးတော့ ကျနော်ရုပ်ရှင်မရိုက်နိုင်ဘူး။ ဒါကျနော်တို့ ရွေးချယ်ခဲ့တဲ့လမ်း၊ ကျနော်တို့ ရဲ့ ခံယူချက်နဲ့ဆိုတဲ့အတွက်ကြောင့် နောင်တရတာ ဘာ မှမရှိဘူး။ ကျနော်တို့လမ်းဆုံးတဲ့အထိ ဆက်လျှောက်မယ်။ တရားမျှတမှုနဲ့ အမှန်တရားအတွက် ကျနော်တို့နဲ့အတူရှိနေတဲ့အနုပညာသမားတွေ ပြည်သူတွေကိုလည်းကျနော် ကျေးဇူးတင်တယ်။

မေး ။ ။ စစ်ကောင်စီက နိုင်ငံအခြေအနေ ပုံမှန်ဖြစ်ဖို့ ကြိုးစားနေပြီး ဝါဒဖြန့်ဖို့အတွက် ရုပ်ရှင်နဲ့ ဂီတကို အသုံးချဖို့ ကြိုးစားလာတာတွေရှိတယ်။ အဲဒီကိစ္စကို ဘယ်လိုထင်လဲ။

ဖြေ ။ ။ သူတို့ ဝါဒဖြန့်ချိတယ်ဆိုတာ လူနည်းစုလောက်ပဲဖြစ်မယ်။ အဓိက ကတော့ normalize (ပုံမှန်အခြေအနေဖြစ်ဖို့) လုပ်နေတာပေါ့။ သူတို့ (အာဏာသိမ်းခေါင်းဆောင်ရဲ့သမီးပိုင်တဲ့ ဖျော်ဖြေရေးကုမ္ပဏီ) Seventh sense လို ကုမ္ဗဏီခွဲကနေပြီး ပေါပေါပဲပဲ series တွေနဲ့ ပုံမှန်အတိုင်းလည်ပတ်နေပါတယ်ပေါ့။ အဓိက လူငယ်တွေ ပြည်သူတွေ ကို တော်လှန်ရေးကနေအာရုံလွှဲဖို့ လုပ်တာပေါ့။ သူတို့နဲ့ပူးပေါင်းပြီး လုပ်တဲ့ သူမှန်သမျှတော့ လုံးဝခွင့်လွှတ်စရာအကြောင်းမရှိဘူး။ ကျနော်တို့ဘက်က လိုအပ်ရင် လိုအပ်သလို သပိတ်မှောက် ဆန့်ကျင်ရမယ်။

မေး ။ ။ တော်လှန်တဲ့ အနုပညာသမားတွေအနေနဲ့ Artists’ Shelter က အဖွဲ့ဝင်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချိရေးကို တန်ပြန်မှု ဖြစ်လာမလား။

ဖြေ ။ ။ ကျနော်ကတော့ အဲ့လိုမျိုးမစဉ်းစားဘူး။ ကျနော်ကတော့ အနုပညာသမားအနုပညာလုပ်ရမယ်။ ရှောင်လာရတဲ့အနုပညာသမားမလို့အနုပညာမလုပ်နိုင်ပဲ ရပ်သွားတယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ရှောင်လာရတဲ့အနုပညာသမားတွေကလည်း အနုပညာတွေဆက်ထွက်နေရမယ်။ ကောင်းကောင်းမွန်မွန်အနုပညာဆက်လုပ်ပြီးရပ်တည်နိုင်ရမယ်ပေါ့။

မပြီးသေးဘူး ငါတို့ အလှည့်ကျန်သေးတယ် ရုပ်ရှင်ကို မလေးရှားနိုင်ငံ (ဝဲ) နှင့် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ (ယာ) တို့တွင် ပြသစဉ်

မေး ။ ။ အာဏာသိမ်းပြီးနောက် ရုပ်ရှင်ကားတိုတွေ ရိုက်ခဲ့တယ်။ ဥပမာ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်”၊ “Guilty as Alive” နဲ့ “နိုင်ငံပျောက်သူ” လို ရုပ်ရှင်တွေပေါ့။ အဲဒါတွေအကြောင်း ပြောပြပါ။

ဖြေ ။ ။ ဒီတော်လှန်ရေးအတွင်းမှာ ကျနော်တို့မှာ ကျနော်တို့ ပြောချင်တဲ့စကားတွေ၊ ကျနော်တို့ကို ခွန်အားပေးတဲ့ စကားတွေ ရှိတယ်။ “နိုင်ငံပျောက်သူ” ဆို အရှုံးမပေးမချင်း ကျနော်တို့နိုင်တယ် ပေါ့။ တော်လှန်ရေးထဲမှာလည်း ကြွေးကြော်သံတွေနဲ့ခွန်အားဖြစ်ဖို့၊ တော်လှန်ရေးအသက်ဆက်ဖို့ ကျနော်တို့ဆက်လုပ်နေရတာပဲ။ နောက်ဆုံးကားဆိုလည်း မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ် ကျ အားတခုလည်းဖြစ်လာတယ်။ ခုဆို ဒီမိုကရေစီလှုပ်ရှားမှုအတွက်ကိုလည်း အထောက်အကူဖြစ်လာတယ်။

ပြည်သူတွေကို ယုံတယ်။ ကျနော်တို့အမှန်တရားဘက်က ရပ်တည်နေသရွေ့ ကျနော်တို့ဘက်က ရပ်တည်မယ်ဆိုတာလည်း ယုံကြည်မှုတွေရှိလာတယ်။

မေး ။ ။ အခုလောလောဆယ် အဲဒီရုပ်ရှင်တွေကို ကမ္ဘာတဝန်းက ရန်ပုံငွေရှာတဲ့ပွဲတွေမှာသာမက ခုခံတော်လှန်ရေး အမာခံဒေသတွေမှာပါ ပြသနေတယ်။ အဲဒီအတွက်ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ ဒါကျနော်တို့အတွက်အားပဲ။ ကျနော်တို့တွေ အလုပ်လုပ်နိုင်ကြောင်းပြတယ်ဆိုတော့ ခက်ခဲနေတဲ့အချိန်မှာ အားရှိလာတယ်။ ရှေ့ဆက်မယ့်အလုပ်တွေအတွက်လည်း ယုံကြည်မှု ပြည့်လာတယ်။ ပြီးတော့ ပြည်သူတွေကို ယုံတယ်။ ကျနော်တို့အမှန်တရားဘက်က ရပ်တည်နေသရွေ့ ကျနော်တို့ဘက်က ရပ်တည်မယ်ဆိုတာလည်း ယုံကြည်မှုတွေရှိလာတယ်။

မေး ။ ။ ပရိသတ်တွေနဲ့ ပြည်သူတွေကို ဘာသတင်းစကားပေးချင်လဲ။

ဖြေ ။ ။ ကျနော်တို့အင်နဲ့အားနဲ့ စုစုစည်းစည်းနဲ့ ဆက်တိုက်ဆက်ပြီး ကြိုးစားအလုပ်လုပ်ဖို့ရှိပါတယ်။

You may also like these stories:

မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း

ဒီမိုကရေစီအရေးလှုပ်ရှားနေသည့် အနုပညာရှင်များ အကယ်ဒမီဆုပေးပွဲ စိတ်မဝင်စား

စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ

မြန်မာ့တော်လှန်ရေးကို နယူးယောက်ဖက်ရှင်ပွဲသို့ ရောက်စေသူ ဒီဇိုင်နာ အင်ကြင်းစံ

ယုန်လေးနောက်က ကျားမှုန်

Your Thoughts …
Tags: Artists’ ShelterNUG paySliderဂီတစစ်ကောင်စီစစ်အာဏာသိမ်းမှုဒါရိုက်တာ ဏကြီးပိုင်ဖြိုးသုမဲဆောက်ရုပ်ရှင်ဝါဒဖြန့်ချိရေးအနုပညာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာနှင့် မြောက်ကိုရီးယားက တရုတ်ကို ကိုးကွယ်အားထားနေခြင်းအား ကွယ်လွန်သူ ကာတွန်းဟန်လေးက လှောင်ပြောင် သရုပ်ဖော်ရေးဆွဲထားပုံ

မြောက်ပိုင်းသုံးဖွဲ့လည်း တရုတ်ကို ကြောက်တာပဲလား

ခင်ဦးမြို့နယ်တွင် လူနေအိမ်နှင့် ကြက်မွေးမြူရေးခြံများကို စစ်တပ်က မီးရှို့ဖျက်ဆီး / Khin U Ko/IRW/CJ

စစ်ကိုင်းတိုင်းတွင် စစ်တပ်က လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved