အာဏာသိမ်းစစ်တပ်က ဖမ်းဆီးချုပ်နောင်ထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့ စိုးရိမ်သံတွေ ပိုကြားလာရပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် ဝန်ကြီးချုပ်တွေကို ဖမ်းဆီးအကျဉ်းချထားတာဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ချုပ်နောင်ထားတယ် ဆိုတာကို အသိမပေးသလို ပြည်သူလူထုနဲ့ နိုင်ငံတကာကိုလည်း အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ သက်ရှည်ကျန်းမာရေး အတွက် စက်တင်ဘာ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီမှာရှိတဲ့ သမ္မတ အိမ်ဖြူတော်ရှေ့မှာ ဆုတောင်းတာ၊ ဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာပြည်ဖွားတွေအနေနဲ့ သမ္မတ ထရမ့်တက်လာပြီး နောက်ပိုင်း အိမ်ဖြူတော်ရှေ့မှာ ပထမဆုံး ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဝါရှင်တန်ဒီစီမှာရှိတဲ့ တရုတ်သံရုံးရှေ့ကိုလည်း သွားရောက်ခဲ့ကြပြီး မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ ဝရမ်းပြေး မင်းအောင်လှိုင် စစ်အုပ်စုကို စစ်လက်နက်နဲ့ နိုင်ငံရေး အကူအညီတွေ မပေးဖို့၊ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့နဲ့ အတုယောင်ရွေးကောက်ပွဲကို ထောက်ခံကူညီခြင်း မပြုလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #အမေရိကန် #ဝါရှင်တန်ဒီစီ #ဒေါ်အောင်ဆန်းစုကြည် #တရုတ် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













