အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့အရပ်သားပြည်သူတွေပေါ် လေကြောင်းက တဆင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆိုးဆိုးဝါးဝါးကျူးလွန်နေပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တခုဖြစ်တဲ့ ဉာဏ်လင်းသစ် (Nyan Lynn Thit Analytica) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း အရပ်သားတွေအပေါ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၈၃ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၇၂ ဦး သေဆုံးခဲ့တယ်လို့ သိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မှာလည်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဩဂုတ်လ ၃၁ ရက်နေ့ထိ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၃၃၀၀ ကျော်ရှိပြီး ပြည်သူ ၁၄၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဗုံးကြဲ #စစ်တပ် #AA #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













