• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်

by Uditha Jayasinghe နှင့် Krishna N. Das
27 September 2025
in ဆောင်းပါး
A A
အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်

၂၀၂၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ကိုလံဘိုမြို့တွင် အမျိုးသားပြည်သူ့အာဏာပါတီက ကျင်းပသည့် မေဒေးနေ့ ချီတက်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောနေသော သမ္မတ အနုရာ ကုမာရ ဒက်စာနာယကေး /AFP

503
VIEWS
Share on FacebookShare on Twitter

သီရိလင်္ကာ၏ ပထမဆုံး လက်ဝဲသမ္မတသည် သူ၏ရာထူးသက်တမ်း ပထမဆုံးတနှစ်တွင် ဈေးကွက်ပြုပြင် ပြောင်းလဲမှုများကို ကြိုဆိုခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို အံ့သြစေပြီး ၂၀၂၂ ခုနှစ် စီးပွားရေးပြိုလဲမှုအတွင်း မလုံလောက်မှုအပြီး စွမ်းအင်ရရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ခြေလှမ်းသစ်များကို စီစဉ်နေသည်ဟု အရာရှိများက ပြောသည်။

သမ္မတ အနုရာ ကုမာရ ဒက်စာနာယကေး၏ ရွေးကောက်ပွဲတွင် IMF ရန်ပုံငွေ ဒေါ်လာ ၂.၉ ဘီလီယံကို ပြန်လည်ရယူရန်နှင့် မြီရှင်များထံမှ စည်းကမ်းချက်များကို လိုက်နာရန် ကတိပေးခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

သို့သော် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည့် မစ္စတာ ဒက်စာနာယကေးသည် အလုပ်သမားများ၏ ဆန္ဒပြမှုများရှိသည့်တိုင် စွမ်းအင်ခွန်များ တိုးမြှင့်ကောက်ခံခြင်း အပါအဝင် ယခင်အစိုးရလက်ထက်က ပြုလုပ်ခဲ့သော ကတိကဝတ်များကို များစွာ ချီးကျူးခဲ့သည်။

အစိုးရဝန်ကြီးများနှင့် တာဝန်ရှိသူများက အချို့သော လုပ်ဆောင်မှုများသည် နိုင်ငံ့လူဦးရေ ၂၂ သန်းအတွက် ထိခိုက်စေမည်ဟု ပြောကြားခဲ့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့သည့် စီးပွားရေးပြိုလဲမှုကို ထိန်းထားနိုင်စေရန် ကူညီပေးပြီး နိုင်ငံရေးကို လမ်းကြောင်းလှည့်ကာ ပုံမှန်ကြွေးမြီကို ကျဆင်းစေခဲ့သည်။

အစိုးရဝန်ကြီးများနှင့် တာဝန်ရှိသူများက အချို့သော လုပ်ဆောင်မှုများသည် နိုင်ငံ့လူဦးရေ ၂၂ သန်းအတွက် ထိခိုက်စေမည်ဟု ပြောကြားခဲ့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်က လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့သည့် စီးပွားရေးပြိုလဲမှုကို ထိန်းထားနိုင်စေရန် ကူညီပေးပြီး နိုင်ငံရေးကို လမ်းကြောင်းလှည့်ကာ ပုံမှန်ကြွေးမြီကို ကျဆင်းစေခဲ့သည်။

“ကျနော်တို့ပြည်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်က အခြေခံစားဝတ်နေရေးအတွက် ဝင်ငွေမလုံလောက်ဘူး။ ဒါကြောင့် လူသားချင်းစာနာပြီး လက်တွေ့ကျကျ လုပ်ဆောင်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက် အနီးလ် ဂျယာန်သာ ဖာနန်ဒိုက ပြောသည်။

“ကျနော်တို့က နိုင်ငံတကာငွေကြေး ရန်ပုံငွေဖွဲ့ (IMF) မူဘောင်တွေကို မတည်ငြိမ်အောင်လုပ်တာ ဒါမှမဟုတ် ဖျက်သိမ်းလိုက်ရင် အခြေအနေတခုလုံးက အရမ်းဖရိုဖရဲ ဖြစ်လိမ့်မယ်။ အဲဒါက အကောင်းဆုံး ရွေးချယ်စရာမဟုတ်ဘဲ ကျနော်တို့က ပေးထားတဲ့ အခြေအနေအတိုင်း လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

သမ္မတ အနုရာ ကုမာရ ဒက်စာနာယကေး၏ အမျိုးသားပြည်သူ့အာဏာပါတီ ထောက်ခံသူများ/AFP

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် စီးပွား‌‌‌‌ရေး ကျုံ့သွားပြီးနောက် ယခုနှစ်တွင် ၄.၅ ရာခိုင်းနှုန်းအထိ ပြန်လည် နာလန်ထလာစေရန် မျှော်မှန်းထားကြောင်း၊ စီးပွားရေးသည် လာမည့်နှစ်တွင် ၆ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပြီး နောက်နှစ်များတွင် ၈ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဝန်ကြီး မစ္စတာ ဖာနန်ဒိုက ပြောသည်။

ထိုသို့အောင်မြင်ရန် အစိုးရသည် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် နိုင်ငံများမှ ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေသည်။

လာမည့်နှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်အထိ နှစ်ဆတိုးရန် ရည်မှန်းထားချက်၏ တစိတ်တပိုင်းအဖြစ် အခွန်လျှော့ပေါ့မှုများ၊ အခွန်ကင်းလွတ်ခွင့် ကာလများ၊ ပုဂ္ဂလိက ကတိကဝတ်များအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ခွင့်ပြုပေးရန် IMF နှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သီရိလင်္ကာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ဥက္ကဋ္ဌ အာဂျူနာ ဟာရတ်က ပြောသည်။

“လိုက်လျောစေချင်တယ်ဆိုရင် စည်းကမ်းအခြေခံပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုတယ်လို့ IMF ဘက်ကတော့ ပြောပါတယ်။ ဒါကြောင့် ကျနော်တို့ ညှိနှိုင်းပြီးပါပြီ။ အစိုးရက လိုက်လျောညီထွေနဲ့ မက်လုံးတွေ ပေးနိုင်မယ့် ကန့်သတ်ချက်မြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မကြာခင် ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဥက္ကဋ္ဌက ဟာရတ်က ပြောကြားခဲ့သည်။

IMF မှ လေ့လာသူအဖွဲ့တဖွဲ့သည် သီရိလင်္ကာသို့ သွားရောက်ပြီး IMF ၏ တိုးချဲ့ရန်ပုံငွေ အစီအမံများက ထောက်ကူသည့် သီရိလင်္ကာ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွက် အချက်အလက်သစ်များနှင့် ဘဏ္ဍာရေးမူဝါဒများကို ပြန်လည်သုံးသပ်ရန် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်အထိ သွားရောက်မည်ဟု IMF ပြောခွင့်ရသူတဦးက ပြောသည်။

IMF မှ လေ့လာသူအဖွဲ့တဖွဲ့သည် သီရိလင်္ကာသို့ သွားရောက်ပြီး IMF ၏ တိုးချဲ့ရန်ပုံငွေ အစီအမံများက ထောက်ကူသည့် သီရိလင်္ကာ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွက် အချက်အလက်သစ်များနှင့် ဘဏ္ဍာရေးမူဝါဒများကို ပြန်လည်သုံးသပ်ရန် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်အထိ သွားရောက်မည်ဟု IMF ပြောခွင့်ရသူတဦးက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.1k
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
422
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
168

ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ကလည်း ဆေးဘက်ဆိုင်ရာသုံး ဆေးခြောက်အဆီထုတ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂသို့ တင်ပို့ရန် ဆေးခြောက်စိုက်ခင်း စိုက်ပျိုးရေးစီမံကိန်း ခြောက်ခုအတွက် ဒေါ်လာ သန်း ၁၀၀ နီးပါး ဆွဲဆောင်နိုင်သည်။ စိုက်ပျိုးထုတ်လုပ်မှုသည် လုံခြုံသောဇုန်များတွင် စတင်မည်ဖြစ်ပြီး ကနဦးတွင် ကုန်သေတ္တာများထဲ စိုက်သော ရှေ့ပြေးစီမံကိန်းများ စတင်မည်ဟု ဥက္ကဋ္ဌ ဟာရက်က ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း ဆေးခြောက်စိုက်ခင်းများကို သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးနှိမ်နင်းစဉ်

မရှိမဖြစ် စွမ်းအင်

ပါလီမန်တွင် ခိုင်မာသော အများစု အနေအထားကြောင့် သမ္မတ ဒက်စာနာယကေးသည် ကြီးမားသော ဆန့်ကျင်မှု မခံရဘဲ သီရိလင်္ကာကို ဘဏ္ဍာရေး အကျပ်အတည်းမှ ကယ်တင်ရန် လိုအပ်သည့် အစီအမံများကို လုပ်နိုင်သည်ဟု သုတေသီများက ပြောသည်။

“တကယ် အရေးကြီးတာက ဒီလမ်းကြောင်းကို သူ ဘယ်လောက်အထိ လျှောက်ဖို့ စိတ်ပါလဲဆိုတာပဲ” ဟု Softlogic Stockbrokers မှ သုတေသနတွဲဖက်အကြီးအကဲ ရေနယ် ဝစ်ကရီမေရက်တနီက ပြောသည်။

“သမ္မတဟာ IMF အစီအစဉ်ကို ဆက်လုပ်ပြီး ကြွေးမြီပြန်ဆပ်ဖို့ ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးဆန္ဒသာမက ပြည်သူ့ထောက်ခံမှုလည်း လိုအပ်လို့ ဒီကိစ္စက အရေးကြီးတယ်” ဟု ၎င်းကပြောသည်။

အစိုးရ၏ အဓိက အာရုံစိုက်သည်မှာ စွမ်းအင်ပြုပြင်ပြောင်းလဲရေးဖြစ်ကြောင်း ဝန်ကြီးများက ပြောသည်။

အစိုးရသည် ကြွေးမြီပိနေသည့် ဝန်ထမ်း ၂၆,၀၀၀ ခန့်ရှိသော သီရိလင်္ကာ လျှပ်စစ်ဓာတ်အားဘုတ်အဖွဲ့ကို စွမ်းရည်တိုးတက်ရေးနှင့် ဆုံးရှုံးမှု လျှော့ချရေးအတွက် ကုမ္ပဏီ ခြောက်ခုအဖြစ် ခွဲထုတ်နေသည်။

အလုပ်သမားသမဂ္ဂများက အကျိုးခံစားခွင့်များ ဆုံးရှုံးပြီး နောက်ဆုံးတွင် ပုဂ္ဂလိကပိုင် လုပ်ရမည်ကို စိုးရိမ်သောကြောင့် ထိုပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သည်။ အစိုးရက ဆန္ဒအလျောက် အငြိမ်းစားယူခြင်းကို ကမ်းလှမ်းပြီး ဓာတ်အားကုမ္ပဏီများအား မြင့်မားသော အခွန်နှုန်းဖြင့် အရောင်းနှင့် ဝင်ငွေတိုးမြှင့်ရန်၊ ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုလိုသည်။

အစိုးရသည် ဇွန်လတွင် ဓာတ်အားခဈေးနှုန်းများကို ၁၅ ရာခိုင်နှုန်း မြှင့်တင်လိုက်ပြီး သီရိလင်္ကာ လျှပ်စစ်ဓာတ်အားအဖွဲ့သည် လာမည့်လတွင် နောက်တကြိမ် ဈေးနှုန်းမြှင့်တင်ရန် ကြိုးစားနေသည်။ သမ္မတ ဒက်စာနာယကေးက ဇန်နဝါရီလတွင် ဓာတ်အားဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချသောကြောင့် လျှပ်စစ်ဓာတ်အားလုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေကို ဆိုးရွားစေသည်။

“ကျနော်တို့ဟာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ်။ သူတို့ကို သင့်တင့်တဲ့ ဈေးနှုန်းပေးရမှာ ဖြစ်ပေမဲ့ တဖက်မှာလည်း စွမ်းအင်ထုတ်လုပ်သူတွေကလည်း သူတို့စက်ရုံတွေကနေ အမြတ်တစုံတရာ ရဖို့ မျှော်လင့်နေကြတယ်” ဟု စွမ်းအင်ဝန်ကြီး ကုမာရ ဂျယာကိုဒီက ပြောသည်။ “အဲဒီ နှစ်ခုကို ကျနော်တို့ ချိန်ခွင်လျှာညှိရမယ်။ အဲဒါ ကျနော်တို့အတွက် စိန်ခေါ်မှုပဲ” ဟု ၎င်းကပြောသည်။

“ကျနော်တို့ဟာ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ်။ သူတို့ကို သင့်တင့်တဲ့ ဈေးနှုန်းပေးရမှာ ဖြစ်ပေမဲ့ တဖက်မှာလည်း စွမ်းအင်ထုတ်လုပ်သူတွေကလည်း သူတို့စက်ရုံတွေကနေ အမြတ်တစုံတရာ ရဖို့ မျှော်လင့်နေကြတယ်” ဟု စွမ်းအင်ဝန်ကြီး ကုမာရ ဂျယာကိုဒီက ပြောသည်။ “အဲဒီ နှစ်ခုကို ကျနော်တို့ ချိန်ခွင်လျှာညှိရမယ်။ အဲဒါ ကျနော်တို့အတွက် စိန်ခေါ်မှုပဲ” ဟု ၎င်းကပြောသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ကိုလံဘိုမြို့ရှိ ရုံးတွင် Reuters နှင့် အင်တာဗျူးဖြေနေသည့် သီရိလင်္ကာ ဝန်ကြီးချုပ် ဟာရီနီ အမရာဆူရီယ / Reuters

လက်ရှိအချိန်တွင် စွမ်းအင်အတွက် တရုတ်နှင့် အိန္ဒိယကို မှီခိုနေရသော သီရိလင်္ကာသည် နိုင်ငံပိုင် ရေနံချက်စက်ရုံကို တနေ့ စည်ပေါင်း ၁၅၀,၀၀၀ အထိ လေးဆတိုး ထုတ်လုပ်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အကူအညီဖြင့် ဒေါ်လာ ၃ ဘီလီယံ သုံးရန် ကြိုးစားနေသည်။

အစိုးရသည် တရုတ်နိုင်ငံ၏ Sinopec ကို တောင်ပိုင်း ဟမ်ဘန်တိုတာတွင် ဒေါ်လာ ၃.၇ ဘီလီယံတန် ရေနံချက်စက်ရုံ နောက်တခု စတင်ရန် တောင်းဆိုမှုကို စဉ်းစားနေသည်ဟု ဝန်ကြီး ဂျယာကိုဒီက ယခင်တွင် Reuters သတင်းဌာနသို့ ပြောခဲ့ဖူးသည်။

“နောက်ထပ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာတာကို ကျနော်တို့ မြင်ချင်တယ်” ဟု ဝန်ကြီးချုပ် ဟာရီနီ အမရာဆူရီယက ပြောသည်။

“ကျမတို့ စီးပွားရေး ပြန်လည်နာလန်ထမှုနဲ့ ပတ်သက်ပြီး အဆိုးမြင်သူတဲ့လူတွေ၊ နိုင်ငံတကာ စီးပွားရေးပညာရှင်တွေကို ကျမတွေ့ခဲ့ဖူးတယ်။ သူတို့အားလုံးမှား ယွင်းကြောင်း သီရိလင်္ကာက ပြသခဲ့တယ်” ဟု ၎င်းကပြောသည်။

(Reuters ပါ Uditha Jayansinghe နှင့် Krishna N. Das တို့၏ From crisis to cannabis: Sri Lanka’s president surprises with pro-market pivot ကို ဘာသာပြန်သည်။)

You may also like these stories:

သီရိလင်္ကာကို ဒေါ်လာ ၂.၉ ဘီလီယံ ထုတ်ချေးရန် IMF ပဏာမ သဘောတူ

အခြားအာရှနိုင်ငံများကို သီရိလင်္ကာ သတိပေးနေဟု IMF ပြော

သီရိလင်္ကာစီးပွားရေး မည်သည့်အတွက် ပြိုလဲပြီး မည်သည်တို့ ဆက်ဖြစ်မည်နည်း

တရုတ်အကြွေးပိပြီး ဒေဝါလီခံရတဲ့ သီရိလင်္ကာ

သီရိလင်္ကာ ကျဆုံးခန်း

Your Thoughts …
Tags: IMFစီးပွားရေးတရုတ်ရင်းနှီးမြှုပ်နှံမှုလျှပ်စစ်ဓာတ်အားသီရိလင်္ကာ
Uditha Jayasinghe နှင့် Krishna N. Das

Uditha Jayasinghe နှင့် Krishna N. Das

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
အာဏာသိမ်းတပ် ကျောက်မဲမြို့နားရောက်လာ (ရုပ်/သံ)

အာဏာသိမ်းတပ် ကျောက်မဲမြို့နားရောက်လာ (ရုပ်/သံ)

တရားဝင်မှုအတွက် ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ အသုံးချတာပဲ  (ရုပ်/သံ)

တရားဝင်မှုအတွက် ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ အသုံးချတာပဲ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved