• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတ္တရာအရှေ့ခြမ်း ကိုးလုံးပြွန်၊ တံငါရွာ စစ်တပ်ပြန်ရ

by ဧရာဝတီ
27 September 2025
in သတင်း
A A
မတ္တရာအရှေ့ခြမ်း ကိုးလုံးပြွန်၊ တံငါရွာ စစ်တပ်ပြန်ရ

ကိုးလုံပြွန်၊ တံငါရွာများကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထောက်ခံသူတို့၏ ဆိုရှယ်မီဒီယာတွင် တင်ထားသည့်ပုံများ

450
VIEWS
Share on FacebookShare on Twitter

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY PDF သိမ်းထားသော မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ကိုးလုံးပြွန်နှင့် တံငါရွာများအထိ စစ်တပ်က ပြန်လည်ထိန်းခဲ့ပြီးနောက် ဆည်တော်ကြီးရေလှောင်တမံ ဓာတ်အား ပေးစက်ရုံ ပြန်လည်ရရှိရေး ဆက်လက်ကြိုးပမ်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၈) ၏ မိုင်းဖြတ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၂၉ တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းက စက်တင်ဘာ ၂၁ ရက်တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဟု သိရသည်။

“ကိုးလုံးပြွန်စခန်းကို သူတို့ သိမ်းနိုင်ပြီးတော့ မနေ့မနက်ပိုင်းကနေစပြီး ဆည်တော်ကြီးဘက်တက်ဖို့ စစ်ကြောင်းတွေ စလှုပ် လာတာတွေ့ရတယ်။ လက်ရှိမှာ မတ္တရာမြို့ထဲကနေ လက်နက်ကြီးတွေနဲ့ပစ်နေတယ်။ ထီးတော်မိုးဘက်ကနေရော၊ ကျောက်တံတားအထိုင်ကနေရော မတ္တရာအရှေ့မြောက်ခြမ်းဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ အဓိက ဆည်တော် ကြီးဘက်ကို မြေပြင်ကနေ စစ်ကြောင်းတွေ တိုးနိုင်အောင်လုပ်နေတာမျိုးပေါ့” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်တဦးက ပြောသည်။

ကိုးလုံးပြွန်သည် မန္တလေး-မတ္တရာကားလမ်း ကျောက်တံတားနှင့် ငါးလုံးပြွန်ကျေးရွာကြားရှိ ဆည်တော်ကြီးမှ ရေလွှတ် မြောင်းမတော်ကြီးများတွင် တခုအပါအဝင်ဖြစ်သလို တံငါ(တောင်/မြောက်)ရွာသည်လည်း မတ္တရာမြို့အထွက်နှင့် ရေနံ့သာ ကျေးရွာကြားရှိပြီး တံငါတောင်ရွာရှိ စစ်စခန်းများကို ၂၀၂၄ ဇူလိုင်လအတွင်း၌ MDY PDF က တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ခြင်း ဖြစ်သည်။

“ကိုးလုံပြွန်ဆိုတာက ဆည်တော်ကနေလွှတ်တဲ့ မန္တလေးဘက်သွားတဲ့ ရေချောင်းရှိတယ်။ အဲဒီရေချောင်းတွေစီးတဲ့ ပြွန်ကြီး တွေ ကိုးလုံးမြောက်ရှိတဲ့နေရာကို ခေါ်တာပါ။ အဲဒီပြွန်နေရာကို ရွာပုံစံမျိုး အမှီပြုနေကြတာ။ အဲဒီနေရာမှာ စစ်တပ်က ပြန်သိမ်းပြီး အထိုင်ချတပ်စွဲတာမျိုး ပြန်လုပ်ထားတယ်။ ဆည်တော်ကြီးထက်စာရင် မတ္တရာမြို့နဲ့ပိုနီးတယ်။ မတ္တရာမြို့ရဲ့ အရှေ့မြောက်ဘက်နား တံငါရွာဘက်မှာ၊ ဆည်တော်ကြီးနဲ့တော့ တော်တော်ဝေးပါသေးတယ်” ဟု မတ္တရာဒေသခံတဦးက မြေပြင်အခြေအနေကို ပြောပြသည်။

ဆည်တော်ကြီးသည် မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးရွာတွင် တည်ရှိပြီး မတ္တရာမြို့နယ်အရှေ့ခြမ်း၊ အမရပူရမြို့နယ်အရှေ့ခြမ်း၊ ပုသိမ်ကြီးမြို့နယ်အရှေ့ခြမ်းရှိ ဆည်ရေသောက် စိုက်ဧကများအတွက် အရေးပါသလို နန်းမြို့ရိုး ကျုံးအတွင်းသို့ပါ ဆည်ရေများဝင်ရောက်သဖြင့် မန္တလေးမြို့အတွက်လည်း အရေးပါကြောင်း သိရသည်။

မတ္တရာဒေသပြ မြေပုံ (ဧရာဝတီ)

ထို့ပြင် ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံသည်လည်း ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များအတွက် လျှပ်စစ်မီးပေးနေသည့် အဓိကဓာတ်အားပေးစက်ရုံတခုဖြစ်ကာ စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်ကော်မရှင် မှ လေကြောင်းဗုံးကြဲမှုနှင့်အတူ UAV ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဓာတ်အားပေးစက်ရုံအတွင်းသို့ ကျရောက်ပေါက်ကွဲ၍ ထရန်စဖော်မာ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

မတ္တရာမြို့နယ်အရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်များရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ဖယောင်းတောင်သတ္တုတွင်း၊ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်း အပါအဝင် စစ်စခန်း ၄၀ ခုကို မန္တလေး PDF က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း ဖယောင်းတောင်သတ္တုတွင်း၊ အယ်လ်ဖာဘိလပ်မြေစက်ရုံ၊ ကျောက်တံတား -လမိုင်းရွာ အပါအဝင် မတ္တရာအရှေ့ခြမ်းမှ စစ်စခန်းအချို့အား ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်း၌ ပြန်လည်လက်လွှတ်ပေး ထားရသည်။

ထို့နောက် စစ်တပ်သည် မတ္တရာမြို့နယ်အနောက်ခြမ်းမှတဆင့် ရေကြောင်းကနေ၍ လက်နက်ခဲယမ်း၊ လူအင်အား ဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်ပြီး စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် (အင်ကြင်းမြိုင်)၊ ဆည်တော်ကြီးတပ်စခန်းများဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးနေခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ မတ္တရာမှာက မန္တလေး PDF သိမ်းထားနိုင်တဲ့နေရာအချို့ ပြန်ရထားတာဆိုတော့ ဆည်တော်ကြီးပြန်ရဖို့ ဦးတည်ပြီး နယ်မြေရှင်းလင်းနိုင်ဖို့ လုပ်နေတာမျိုး၊ အဓိက သပိတ်ကျင်းနဲ့ မတ္တရာပေါ့။ ရွေးကောက်ပွဲလုပ်မယ့် နယ်မြေထဲမှာပါနေတာ ဆိုတော့ ပိတ်ဆို့ဖြတ်တောက်နိုင်အောင် နယ်မြေရှင်းပြီး အောင်မြေချဲ့ အမြတ်ထုတ်လိုတဲ့ အနေအထားမျိုးလို့ သုံးသပ်လို့ရ တယ်။ သပိတ်ကျင်းဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာဆိုတော့ ကာကွယ်ရေးအင်အားစုတွေက မိုးကုတ်ဘက်ခြမ်းကို ကာမလား၊ ဆည်တော်ကြီးဘက်ကနေ ပြန်ဆုတ်မလားဆိုတဲ့ အနေအထားမျိုး တွေ့နေရတယ်။ လက်ရှိအချိန်ထိ ကာကွယ်ရေးအင်အားစုတွေဘက်ကတော့ အားကောင်းကောင်းနဲ့ ခုခံနေကြပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မန္တလေး PDF ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသလို စစ်ကော်မရှင်ဘက်မှလည်း သတင်းထုတ်ပြန်လာခြင်းမျိုး မရှိသေးပေ။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ်အရှေ့ခြမ်းအပြင် မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ် များပါ ပြန်လည်ရရှိရေး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေရာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ အပြင် အဆင့်မြင့် ဒရုန်းများပါ အလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နေရာ အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

ထို့ပြင် မတ္တရာအရှေ့ခြမ်းရှိ အုန်းပင်၊ ရုံးပင်၊ စကျင်၊ ဆိပ်သာကျေးရွာများဘက်သို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက် ခိုက်နေသလို မတ္တရာ-စဉ့်ကူးနယ်စပ် စဉ့်ကူးမြို့နယ်အတွင်း ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည့် နယ်မြေစာရင်း၌ မန္တလေးတိုင်း ၂၈ မြို့နယ်အနက်မှ ကျောက်ဆည်၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်တို့ ပါဝင်ကာ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်မြို့နယ်များမှာမူ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟု ထုတ်ပြန်ထားသည်။

ကိုးလုံပြွန်၊ တံငါရွာများကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်ထောက်ခံသူတို့၏ ဆိုရှယ်မီဒီယာတွင် တင်ထားသည့်ပုံများ

“စစ်တပ်က ဖိအားတွေများနေတယ်။ မတ္တရာဆိုတာ မန္တလေးနဲ့ကပ်နေတာဆိုတော့ မတ္တရာကိုမှ ရွေးကောက်ပွဲ မလုပ်နိုင် ဘူး ဆိုရင် သူတို့အတွက် စစ်ရေးအရရော၊ နိုင်ငံရေးအရရော သိက္ခာကျမှာ။ အဲဒီအတွက် သူတို့က ပြည့်ဖြိုးမြဲစွမ်းအင် လို့တောင် ပြောရမှာဖြစ်တဲ့ လူသစ်တွေက တောက်လျောက်ရှိနေတာဆိုတော့ လူသစ်တွေနဲ့ အသေခံ၊ အနာခံပြီးတော့ မရရအောင် လုံးသွားမယ့်အနေအထားမျိုးရှိတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

မတ္တရာနယ်မြို့နယ်သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့် မန္တလေးမြို့နှင့် နီးကပ်နေသောကြောင့် တိုက်ပွဲများ ရောက်ရှိမလာနိုင်စေရန်အတွက် မတ္တရာမြို့နယ်ကို ခံတပ်သဖွယ်အသုံးချနေခြင်းဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

မတ္တရာမြို့နယ်သည် မန္တလေးမြို့မှ ကား၊ ဆိုင်ကယ် တနာရီခန့်သာ မောင်းနှင်ရသည့် ၂၅ မိုင်ခန့် အကွာအဝေး၌ တည်ရှိပြီး မန္တလေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြို့နယ်တခုဖြစ်သလို မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေး ရွာပေါင်း ၂၈၆ ရွာရှိကာ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို နှင့် ထိစပ်နေသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

You may also like these stories:

လေးကေ့ကော်ကို အင်အားအလုံးအရင်းဖြင့် စစ်တပ် ထိုးစစ်ဆင်

မွန်-တနင်္သာရီ ဆက်သည့် ပြည်ထောင်စုလမ်းမကြီး ပြန်ထိန်းနိုင်ရေး စစ်တပ်လုပ်နေ

ဗန်းမော်တပ်ရင်းအချို့ KIA ပြန် လက်လွှတ်ရ

Your Thoughts …
Tags: MDY-PDFစစ်ကော်မရှင်ဆည်တော်ကြီးမတ္တရာအရှေ့ခြမ်းရွေးကောက်ပွဲလက်နက်ကြီးလေကြောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
ပြည်သူတွေကို ဘာလို့ ပစ်မှတ်ထား ဗုံးကြဲနေသလဲ (ရုပ်/သံ)

ပြည်သူတွေကို ဘာလို့ ပစ်မှတ်ထား ဗုံးကြဲနေသလဲ (ရုပ်/သံ)

အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်

အကျပ်အတည်းကြားက ရုန်းလွတ်ဖို့ သီရိလင်္ကာ ဆေးခြောက်လည်း စိုက်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved