• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် အနုတ်လက္ခဏာ ပြနေတဲ့ မြန်မာ့ဘောလုံး

by ဧရာဝတီ
20 May 2021
in ဆောင်းပါး
A A
မြန်မာအသင်း ပွဲစဉ်တပွဲကို အားပေးခဲ့သော မြန်မာပရိတ်သတ်တဦး / ဧရာဝတီ

မြန်မာအသင်း ပွဲစဉ်တပွဲကို အားပေးခဲ့သော မြန်မာပရိတ်သတ်တဦး / ဧရာဝတီ

74.6k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှ စီနီယာကစားသမားအချို့လူစာရင်းမှ နုတ်ထွက်ခဲ့ ပြီးနောက် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာအသင်းအနေဖြင့် အခက်အခဲ များ ကြုံတွေ့နေပြီး ဝေဖန်မှုများလည်း ခံနေရလျက်ရှိသည်။

လက်ရွေးစင်များဖြစ်သည့် တိုက်စစ်မှူး ကျော်ကိုကို၊ အောင်သူ၊ အသင်းခေါင်းဆောင်များဖြစ်သည့် ဇော်မင်းထွန်း၊ ကျော်ဇင် ထက်နှင့် ထိုက်ထိုက်အောင် အပါအဝင် အမာခံ ကစားသမားအချို့မှာ စစ်အာဏာရှင်လက်အောက်တွင် နိုင်ငံ့လက်ရွေးစင် အဖြစ် ကစားမည် မဟုတ်ကြောင်း သိရသည်။

RelatedPosts

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
524
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

19 July 2025
3.2k
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
303

တိုက်စစ်မှူး ကျော်ကိုကိုက “အာဏာသိမ်းမှုကို မထောက်ခံဘူး၊ မနှစ်မြို့ဘူး။ ဒီအတွက် စစ်ကောင်စီ လက်အောက်မှာ ဘယ် တော့မှ ဘောလုံး မကစားဘူး၊ အကောင်းအဆိုး ခွဲခြားတတ်တဲ့သူ တယောက်အနေနဲ့ အကောင်းဘက်မှာပဲ နေချင်တယ်” ဟု ပြောသည်။

မြန်မာအသင်း အနေဖြင့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များအဖြစ် မေလ ၂၈ ရက်တွင် ဂျပန်အသင်းနှင့် လည်းကောင်း (ဖူကူဒါ ဒန်ရှိကွင်း၊ချီဘား)၊ ဇွန်လ ၁၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့်လည်းကောင်း (ယန်မာကွင်း၊ အိုဆာ ကာ)၊ ဇွန် ၁၅ ရက် တာဂျစ်ကစ္စတန်အသင်းနှင့် လည်းကောင်း (ယန်မာကွင်း၊ အိုဆာကာ) ဂျပန်နိုင်ငံတွင်ပင် အသီးသီး ယှဉ် ပြိုင် ကစားရမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဘက်ကတော့ ဝေဖန်မှုများ ရှိလင့်ကစား အဆိုပါ ပွဲစဉ်များအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလျက်ရှိကြောင်း မေလ ၁၄ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။

မြန်မာပရိတ်သတ် (ဓာတ်ပုံ – ဧရာဝတီ)

သို့သော် စီနီယာ လက်ရွေးစင် ကစားသမားအချို့ နုတ်ထွက်ခဲ့မှုကြောင့် မူလစီစဉ်ထားသည့် ဂျပန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အား နောက်ရွှေ့ထားရပြီး မေလ၂၁ ရက်ခန့်မှသာ သွားရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ကစားသမားအများစုသည် လူထု ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ ခေါင်းဆောင်များ အား ဖမ်းဆီးကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

၎င်းတို့နှင့်ပတ်သက်ပြီး MFF ဘက်က ဆက်သွယ်လာချိန်တွင်လည်း ကစားသမားများဘက်က မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် စစ်တပ်လက်အောက်ခံ မဟုတ်ကြောင်း စာထုတ် ကြေညာပေးရန် တောင်းဆိုခဲ့ကြသော်လည်း MFF ဘက်က ကြေညာပေးခြင်း မရှိခဲ့ကြောင်း ပြောကြသည်။
အသင်းခေါင်းဆောင် ဇော်မင်းထွန်းက “အဖွဲ့ချုပ်က စစ်ကောင်စီလက်အောက်ခံ မဟုတ်ဘူးဆိုတဲ့ စာလေးထုတ်ပေးပါ၊ ဒါမှလည်း ကစားသမားတွေလည်း အဆင်ပြေမှာ ပြောခဲ့တယ်။ သူတို့ဘက်ကတော့ ဒီအတိုင်းပဲ။ အဲဒီတော့ ပြည်သူထဲ ပြည်သူတယောက်ဖြစ်တဲ့ ကျနော်က ပြည်သူတွေဘက်ကပဲ ရပ်တည်လိုက်တာပါ” ဟု ပြောသည်။

ပြည်သူနှင့်အတူ ရပ်တည်ခဲ့သည့် မြန်မာ့လက်ရွေးစင် အားကစားသမား အများအပြားသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြပြီး စစ်အာဏာသိမ်း ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးရသူများ၊ ဖမ်းဆီးခံရသူများ၊ ရာထူး တာဝန်များက ထုတ်ပယ်အရေးယူခံရသူများလည်း ရှိနေသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်က ရန်ကုန်မြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ဟံသာဝတီ ဘောလုံးအသင်း (U 21) အသင်းခေါင်းဆောင် ချစ်ဘိုဘိုငြိမ်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်ခဲ့ပြီး သေဆုံး ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် အသင်း

မန္တလေးမြို့မှ အသက် ၁၈ နှစ်အရွယ် လင်းလက်ဖူဆယ်ကလပ် ဂိုးသမား အောင်ဇင်ဖြိုးမှာလည်း စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် မေလ ၂၇ ရက် ညနေပိုင်းတွင် သေဆုံးခဲ့ရသည်။

ယင်းပြင် လက်ရွေးစင် ဘောလုံးကစားသမားဖြစ်သူ ကောင်းစည်သူမှာလည်း ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်၏ ကန်တော်ကြီးဥယျာဉ်ရှိ အားကစားရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရကာ တရားစွဲဆို အရေးယူခံ ထားရသည်။

လက်ရွေးစင် ကစားသမားဟောင်း တဦးဖြစ်သူ ကောင်းဆက်နိုင်က “ရင်ဘတ်ထဲက တကယ်စစ်မှန်တဲ့ နှလုံးသားရှိရင် ဒီအခြေအနေကြီးမှာ ဘယ်လို ရပ်တည်ရမလဲဆိုတာ အဖြေက ရှင်းရှင်းလေးပါ၊ ငါတို့ဘောလုံးသမားလေးတွေ စီနီယာ အစ်ကိုတွေ အသက်ပေး၊ အဖမ်းခံထားရတာကို တုတ်တုတ်မှ မလှုပ်တဲ့ ငါတို့ရဲ့ကျေးဇူးရှင်လို့ ထင်ခဲ့ဖူးတဲ့ ဘောလုံးအဖွဲ့ချုပ်ကိုလည်း မုန်းတယ်” ဟု ၎င်းရဲ့ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ယခုကဲ့သို့ စစ်အာဏာရှင်လက်အောက်တွင် မကစားလိုကြောင်း ဖော်ပြကြသူများတွင် လက်ရွေးစင်ကစားသမား များသာမက မြန်မာနေရှင်နယ်လိဂ်တွင် ပါဝင်ကစားနေကြသည့် ကစားသမားများလည်း အပါအဝင် ဖြစ်သည်။

“စစ်ကောင်စီ လက်အောက်မှာရှိနေပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့က ကျင်းပမယ့် ပြိုင်ပွဲမှန်သမျှ မကစားတော့ဘူးလို့ ဆုံးဖြတ် လိုက်ပါပြီ။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေ၊ ဘယ်လိုအခြေအနေရောက်ရောက် အဆုံးထိ CDM လုပ်နေတဲ့ ဝန်ထမ်း တွေ၊ ဘဏ်ဝန်ထမ်းတွေနဲ့ ၅၀၅ (က) နဲ့ ပြေးနေရတဲ့ အနုပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေကို ကျနော်တို့ တန်ဖိုးထား လေးစားရပါမယ်။ အရေးတော်ပုံကြီးအောင်မြင်ချိန်ကျရင် ကွင်းထဲမှာ ရှိနေချင်ပါသေးတယ်” ဟုလည်း ကစားသမားတဦး ဖြစ်သူ ဇွန်မိုးအောင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

သို့သော် အချို့သော လက်ရွေးစင် ဘောလုံးကစားသမားများမှာ အခက်အခဲ၊ ဖိအားများကြောင့် လက်ရွေးစင်အသင်းနှင့် ပြန်လည်ပူးပေါင်းပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ပါဝင်ကစားရန် ပြင်ဆင်မှုများလည်း ရှိနေသည်။ သို့သော် လေ့ကျင်ပြင်ဆင်မှုများအား ယခင်ကဲ့သို့ ပြည်သူထံ ချပြခြင်း မရှိဘဲ သိုသိုသိပ်သိပ်လုပ်နေရသည့် အခြေအနေရှိနေသည်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေသည့် မြန်မာ့လက်ရွေးစင်ကစားသမားများ

“ပြည်သူထဲက ပြည်သူတယောက် ဖြစ်တဲ့အတွက် ပြည်သူနဲ့အတူပဲ ရပ်တည်ကြတဲ့သူတွေကို ကျေးဇူးတင်တယ်။ CDM မလုပ်တဲ့ သူတွေကိုလည်း ဘာမှမပြောချင်ပါဘူး။ သူတို့ကို နားလည်ပေးပါလို့ ပြည်သူတွေကို အသင်းခေါင်းဆောင် တယောက် အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်က CDM လုပ်သည့်အနေဖြင့် လက်ရွေးစင်အသင်းမှ နုတ်ထွက်သည့် ကစားသမားများနှင့် ပတ်သက်ပြီး “နိုင်ငံ့လက်ရွေးစင်အ သင်းမှ ခေါ်ယူခြင်းကို ငြင်းဆန်သည့် ကစားသမားအနေဖြင့်လည်း ပွဲပယ်အရေးယူပြစ်ဒဏ်များလည်း ချမှတ်ခြင်းခံရနိုင်ပါ သည်” ဟု သတိပေးထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်သည် ကစားသမားများအပေါ် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခဲ့ကြပြီး လက်မခံနိုင်ကြောင်း ပြောဆိုဝေဖန်မှု များ ရှိနေသည်။

အခြားတဖက်တွင်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အစိုးရလက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ် တည်နေ သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ကစားသမားများမှ CDM ပြုလုပ်သည့်အနေဖြင့် မကစားဘဲနေပါကလည်း အဖြေ ထွက်မလာ နိုင်ဘဲ ဘောလုံးလောကအတွက် နစ်နာမှုများသာ ပိုမိုများလာနိုင်ကြောင်း သုံးသပ်သူများလည်း ရှိနေသည်။

အကယ်၍ မြန်မာအသင်းအနေဖြင့် လက်ကျန်ပွဲစဉ်များအား ဝင်ရောက်ကစားခြင်း မပြုဘဲ နုတ်ထွက်ခဲ့ပါက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ၏ အရေးယူ ဒဏ်ရိုက်မှုနှင့် ဘောလုံးလောက ဖွံ့ဖြိုးရေး အစီအစဉ်များ ဆိုင်းငံ့ခံရခြင်း၊ နိုင်ငံတကာပြိုင်ပွဲ များ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရခြင်းများလည်း ကြုံတွေ့ရနိုင်ကြောင်း ထောက်ပြကြသည်။

အားကစား ကလောင်ရှင်တဦးက “သွားမကစားဘူးဆိုရင် နစ်နာမှာပေါ့ဗျာ။ ဘောလုံးဆိုတာက ဖီဖာအောက်မှာ ရှိတာ။ ဖီဖာ ရဲ့စည်းမျဉ်းတွေအတိုင်း ကစားနေကြတယ်။ နိုင်ငံရေးပြဿနာတွေပေါ်လာလို့ မပြိုင်ဘူးဆိုရင် ဘောလုံးအဖွဲ့ချုပ်လည်း ပျက်စီးသွားလိမ့်မယ်။ နဂိုထဲက ကျဆင်းနေတာက နောက်ထပ်လည်း ကျဆင်းသွားလိမ့်မယ်။ လက်ရှိ စစ်အစိုးရကို မကြိုက် လို့ ဝင်မပြိုင်ဘူး ဆိုတာ ဒီလို မပြိုင်ရုံနဲ့ အဖြေထွက်မလားပေါ့၊ ဘောလုံးအဖွဲ့ချုပ်က အစိုးရလက်အောက်ခံ မဟုတ်ဘူး” ဟု ဝေဖန်ထောက်ပြသည်။

ယင်းပြင် လက်ရှိအခြေအနေနှင့် ပတ်သက်ပြီးလည်း “အဖွဲ့ချုပ်ကို ဝန်ကြီးဌာနက သိမ်းပိုက်လိုက်ရင် ဖွံ့ဖြိုးရေးက ပိုပြီး နောက်ကျသွားလိမ့်မယ်။ ပိုပြီး ပျက်စီးသွားလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီအောက်တွင် မကစားဘဲ CDM လုပ်နေသည့် လက်ရွေးစင် အသင်းခေါင်းဆောင် ဇော်မင်းထွန်း

လက်ရှိ ကမ္ဘာ့ခြေစစ်ပွဲတွင် မြန်မာအသင်း ရပ်တည်မှုအနေဖြင့်လည်း ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်တွင် ၂ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ရမှတ် ၆ မှတ်ဖြင့် အုပ်စုအတွင်း စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။

ဖီဖာ၏ စည်းမျဉ်းများအရ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် အုပ်စု ၈ ခုမှ အကောင်းဆုံးအုပ်စု စတုတ္ထ ၄ သင်းမှာ ၂၀၂၃ တွင် ကျင်းပမည့် အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

ယင်းအတွက် မြန်မာအသင်းအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အကောင်းဆုံးစတုတ္ထ ၄ သင်းထဲ ဝင်ရောက်ပါက နှစ်ပေါင်း ၅၀ ကျော် ဝေးကွာနေသည့် အာရှဖလားပြိုင်ပွဲသို့ ခြေစစ်ပွဲက တဆင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်ချက် ရှိနေသေးသည်။

ယင်းအတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် အန်တိုနီဟေးက လက်ရွေးစင် ကစားသမားအချို့ စစ်အာဏာရှင် ဆန့်ကျင်မှုကြောင့် နုတ်ထွက်သွားသော်လည်း ၅၅ နှစ်ကြာ ကွဲကွာနေသည့် အာရှဖလားပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်နိုင်ရေး မျှော်လင့်ချက်အား မစွန့်လွှတ်သေးကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

မြန်မာအသင်းအနေဖြင့် ၁၉၆၈ ခုနှစ် အာရှဖလားပြိုင်ပွဲတွင် ဒုတိယဆု ဆွတ်ခူးရရှိခဲ့ဖူးသည်။ ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၅ သင်း အုပ်စုပတ်လည် ယှဉ်ပြိုင်ခဲ့ပြီး ၄ ပွဲကန် ရမှတ် ၅ မှတ်ဖြင့် အီရန်အသင်းနောက် ဒုတိယနေရာ ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာအသင်းအနေဖြင့် စစ်အာဏာသိမ်း ကောင်စီလက်အောက်တွင် မကစားစေလိုသူများနှင့် အဖွဲ့ချုပ်ကြား အငြင်း ပွားဖွယ်များဖြစ်နေပြီး ပြည်သူလူထုအတွင်းမှာလည်း ကစားသမားများအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိနေကြသည်။

မြန်မာအသင်း သွားရောက်ယှဉ်ပြိုင်ရမည့် ဂျပန်နိုင်ငံတွင်လည်း မြန်မာလက်ရွေးစင်အသင်း ရောက်ရှိလာပါက ဂျပန်ရောက် မြန်မာအဖွဲ့အစည်းအချို့က ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိနေကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ထုတ်ပြန်ချက်အရလည်း စစ်အာဏာသိမ်းသည့် ဖေဖော် ဝါရီ ၁ ရက်မှ မေလ ၁၇ ရက်အထိ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းမှုများကြောင့် ပြည်သူ ၈၀၂ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၄၁၂၀ ဦးနှင့် ဝရမ်းထုတ်ခံရသူ ၁၆၉၉ ဦး ရှိကြောင်း သိရသည်။

ယင်းသို့ အရေးယူခံရသူများထဲတွင် လက်ရွေးစင် ဘောလုံးကစားသမားများ အပါအဝင် ဖြစ်သကဲ့သို့ အခြားသော နိုင်ငံ့ဂုဏ် ဆောင် ကစားသမားများလည်း ပါဝင်နေသည်။

စစ်တပ်က အာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ ရပ်ကွက်၊ ကျေးရွာတွေထဲ ဘီလူး၊ သရဲစီး အကြမ်းဖက်တာတွေကို လူထုအကြားမှာ ရှိနေတဲ့ လက်ရှိ လက်ရွေးစင် ကစားသမားတွေရော၊ သက်တမ်း အလိုက် အဆင့်ဆင့် တက်လာမယ့် ကစားသမားတွေပါ မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။

စစ်ကောင်စီအောက်တွင် မကစားရန် ဆုံးဖြတ်ထားသည့် လက်ရွေးစင် တိုက်စစ်မှူး ၂ ဦးဖြစ်သည့် အောင်သူနှင့် ကျော်ကိုကို

ဒါကြောင့် အားကစားသမား အများစုဟာ စစ်တပ်အပေါ်မှာ နာကျည်းမုန်းတီးနေကြသလို အနာဂတ်မဲ့နေကြတဲ့ ပြည်သူပြည်သားတွေလိုပဲ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ချိနဲ့ နေကြပါတယ်။ အားကစားသမားတွေ အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း ကြံ့ခိုင်မှု အရေးကြီးပေမယ့် အာဏာသိမ်း စစ်ကောင်စီအောက်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ယုံကြည်မှု ပြန်ရဖို့ ဆိုတာ မလွယ်တော့ပါဘူး။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်တိုင်က စစ်ကောင်စီလက်အောက်ခံမဟုတ်ကြောင်း စာထုတ်ဖို့အခက်အခဲဖြစ်နေတဲ့သဘောရှိနေပါတယ်။ ဒါကြောင့် ဖိအားကြောင့် ဝင်ရောက် ကစားနေမယ်ဆိုရင်တောင် ကစားသမားတွေမှာ ယုံကြည်မှုနဲ့ တွန်းအားတွေ ဆုတ်ယုတ်နေမှာမလွဲပါဘူး။

စစ်တပ်က အာဏာသိမ်းလိုက်တာဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတွေမှာသာ ဆုတ်ယုတ်သွားတာ မဟုတ်ဘဲ ဘောလုံး အပါအဝင် အခြားအားကစား ကဏ္ဍတွေမှာလည်း ရှိပြီးသား အခြေအနေတွေကနေ ထိုးကျတော့မယ့် အရိပ်အရောင်တွေကို မြင်နေရပြီဖြစ်ပါတယ်။

မြန်မာလူထု အများစု အားပေးတဲ့ အားကစားတွေထဲက ဘောလုံးအားကစားဆိုရင် လက်ရွေးစင်အသင်းကြီးမှာဘဲ အဓိကကစားသမားတွေ မပါတော့ဘဲ ဖရိုဖရဲ ဖြစ်နေတာကို လက်တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒါဟာ ဆုတ်ယုတ်မှုရဲ့ အစမြင်ကွင်းပဲ ရှိပါသေးတယ်။

လက်ရွေးစင်အသင်း ခေါင်းဆောင် ဇော်မင်းထွန်းက “ကျနော်တို့ ဒီလို ဖြစ်လာတယ်ဆိုတာ ပြည်သူတွေ အားပေးခဲ့လို့။ ဒါကြောင့် ပြည်သူတွေကို ကျနော်တို့ ကြည့်ရမယ်။ ပြည်သူ တွေလည်း စိတ်ဓာတ်မကျနဲ့၊ ကျန်းမာရေး ဂရုစိုက်၊ ကိုယ်လုပ်စရာ ရှိတာလုပ်၊ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီရ ပါစေလို့ လည်း မေတ္တာပို့ပါတယ်” ဟု ပြောသည်။

You may also like these stories:

စစ်ကောင်စီ လက်အောက် တိုကျိုအိုလံပစ်ကို ယှဉ်ပြိုင်မှာ မဟုတ်တဲ့ မြန်မာ့ရေကူးကစားသမား

မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော

ဗိုလ်ချုပ်ရုပ်ရှင်ကို အပြီးသတ်ထုတ်လုပ်ပြသရန် စစ်ကောင်စီ စီစဉ်

Your Thoughts …
Tags: CDMစစ်ကောင်စီဖီဖာမြန်မာ ဘောလုံးအသင်းအားကစားသမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်တပ်နှင့် ထောက်လှမ်းရေးဌာနများသည် ဆင်းကဒ်များကို ခြေရာခံမှုနှင့် ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်မှု တစုံတရာလုပ်နေကြောင်း Reuters သတင်းက ဆိုသည် / ဧရာဝတီ 

ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

တပ်ချုပ်နှင့် ဒုတပ်ချုပ်တာဝန်ထမ်းဆောင်ခွင့် အသက် ၆၅ နှစ် ကန့်သတ်ချက် ပယ်ဖျက်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.5k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate