• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle အားကစား

မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော

by မစ်ကီ
29 April 2021
in အားကစား
A A
မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championship

မြန်မာ့စပါးအုံး အောင်လအန်ဆန် / ONE Championship

22k
VIEWS
Share on FacebookShare on Twitter

ONE Light ဟဲဗီးဝိတ် ချန်ပီယံဖြစ်ခဲ့သူ မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ ဧပြီလ ၂၈ ရက် ညပိုင်းမှာပဲ Reinier de Ridder နဲ့ ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်သွားတာကြောင့် နောက်ထပ် ချန်ပီယံ ခါးပတ်တခုကို လက်လွှတ်လိုက်ရပါတယ်။ အဲဒီ ပွဲမတိုင်မီ သူ့စိတ်ထဲမှာ လမ်းနှစ်ခု ကွဲနေတယ်လို့လည်း ဆိုပါတယ်။

Reinier de Ridder ကို ရှုံးကြွေးဆပ်ဖို့အတွက် အခွင့်အရေးနဲ့အတူ ပွဲအတွက် တဖက်မှာ အာရုံစိုက်ထားပေမယ့် တဖက်မှာတော့ သူ့ရဲ့မွေးရပ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ဘယ်တော့မှ မေ့ထားလို့ မရဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အရှေ့တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ပါလီမန်လွှတ်တော်ကို ၈၃ ရာခိုင်နှုန်း ထိန်းချုပ်ဖို့အထိ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီးတဲ့နောက် စစ်တပ်က အာဏာအရပ်ရပ်ကို ပြန်လည် ထိန်းချုပ်လိုက်ပါတယ်။

၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံဟာ စစ်တပ် အုပ်ချုပ်မှုအောက်မှာ ရှိနေခဲ့ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးအောက်ကို ပြန်လည် ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံတဝန်း ဆန္ဒပွဲတွေဟာ ချက်ချင်း ပေါ်ပေါက်လာခဲ့ပေမယ့် ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဖြိုခွင်းရေးတွေအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၇၀၀ ကျော်အထိ သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မိသားစုနဲ့အတူ နေထိုင်ခဲ့ဖူးတဲ့ အောင်လဟာ လက်ရှိ သူလေ့ကျင့်နေတဲ့ Sanford MMA ရှိရာ ဖလော်ရီဒါပြည်နယ်ကနေ အတော့်ကို ဝေးကွာတဲ့ သူ့ရဲ့မွေးရပ်နိုင်ငံမှာ ဖြစ်နေတာတွေကို သိရှိထားတယ်လို့လည်း ဆိုပါတယ်။ သူဟာ လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်နေဆဲဖြစ်တဲ့ မိသားစုနဲ့ သူငယ်ခချင်းတွေကို တွေ့ဖို့သာမက မြန်မာနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး အားကစားသံတမန် တဦးအနေနဲ့ပါ သူဟာ ပုံမှန် မွေးရပ်မြေကို ပြန်လေ့ရှိသူလည်း ဖြစ်ပါတယ်။

အခုတော့ သူဟာ နေ့စဉ် မြန်မာနိုင်ငံကနေ ထွက်လာတဲ့ ပိုဆိုးသထက်ဆိုးတဲ့ သတင်းတွေကို ကြားသိလာရပြီး မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ အသိပညာပေးမျှဝေဖို့ အကောင်းဆုံး လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အောင်လက “ခက်ခဲပါတယ်။ မနက်တိုင်း ကျနော့် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဆီကနေ စိတ်မကောင်းဖွယ် သတင်းတွေကို ရနေတာက တော်တော်လေးကို ခက်ခဲပါတယ်။ အထူးသဖြင့် အာဏာသိမ်းချိန် အစပိုင်းကစလို့ တော်တော်လေးကို ခက်ခဲပင်ပန်းခဲ့ပါတယ်။ ကျနော့် နှလုံးတွေ ထိခိုက် ကြေကွဲရပါတယ်။ စိတ်မချမ်းမသာ ဖြစ်ရပါတယ်”လို့ ဆိုပါတယ်။

အောင်လက “Follower အများကြီးရှိတဲ့ လူတယောက်အနေနဲ့ ကျနော် လုပ်သင့်တာကို လုပ်ရမယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ ကျနော့်က ကျနော် လုပ်ဆောင်နိုင်တဲ့ စွမ်းအားထက် ကျော်လွန်ပါတယ်။ ကျနော့် ပရိသတ် တော်တော်များများက အဲ့ဒါကို နားမလည်ကြပါဘူး။ ကျနော်ဟာ ဖခင်တယောက်နဲ့ ခင်ပွန်းတယောက် ဖြစ်ပါတယ်။ ကျနော် နိုင်ငံရေးသမားတယောက် မဟုတ်ပါဘူး။ ဒါကြီးကို ဖယ်ရှားရှင်းလင်းဖို့ ကျနော် မစွမ်းသာပါဘူး”

“ပရိသတ်တချို့က အထူးသဖြင့် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ ကျနော် ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်ဆိုပြီး ပြောလာကြတယ်။ လူတွေ အမုန်းတရားဘက် လှည့်သွားတာကို မြင်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါ ကျနော် လွှမ်မိုးထိန်းချုပ်နိုင်တဲ့အရာလည်း မဟုတ်ပါဘူး။ သူတို့တွေ ဒေါသထွက်နေမယ်ဆိုတာ၊ အကူအညီမဲ့နေမယ်ဆိုတာ ကျနော် သိပါတယ်။ အဲဒီ အရာတွေကို သူတို့လိုချင်သလို ကျနော် အဆုံးသတ်ပေးချင်ပါတယ်”လို့ ဆိုပါတယ်။

သူကဆက်ပြီး “အားကစားသမားတယောက်အနေနဲ့ ကျနော် လုပ်နိုင်တာတွေ အားလုံးကတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို ပြောပြပေးဖို့ပဲ ဖြစ်ပါတယ်။ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိကြတဲ့ လူတွေကိုလည်း ပြောပြပေးဖို့ ဖြစ်ပါတယ်။ ကျနော့်ထက် ပိုကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်မယ့် လူတချို့ရဲ့ နှလုံးသားကိုလည်း ပြောင်းလဲနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
140
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

“ဘာကြောင့်လဲဆိုတော့ ကျနော်က ရမ်ဘို မဟုတ်ပါဘူး။ ကျနော် အဲဒီကို သွားပြီး စစ်တပ်ကို တိုက်ခိုက်လို့မရပါဘူး။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံသားတဦးအနေနဲ့ ကျနော် ပြောနိုင်တာကတော့ သူတို့လုပ်နေတာတွေက မမှန်ဘူး ဆိုတာပါပဲ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ အောင်လဟာ မြန်မာနိုင်ငံမှာ ပွဲကစားဖို့ အခွင့်အရေးရခဲ့ပြီး သူ့ရဲ့နိုင်ငံကပါ သူ့ရဲ့အောင်မြင်မှုတွေအတွက် ပွဲအခမ်းအနားတွေနဲ့ ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီအထဲမှာ လက်ရှိ အာဏာသိမ်းယူထားတဲ့ စစ်တပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း သူ့ရဲ့နာမည်နဲ့ ဆုတွေတက်ရောက် ချီးမြှင့်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

အခုတော့ သူဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို အာဏာရယူခွင့် ရပ်တန့်စေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေအပေါ် စစ်တပ်ကနေ လုပ်ဆောင်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

အောင်လက “စိတ်မကောင်းဖြစ်ရပါတယ်။ ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်တာကို ခံနေရပါတယ်။ ဘာနဲ့မှ နှိုင်းယှဉ်မရနိုင်အောင်ပါပဲ။ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒီမနက်မှာ ကျနော့် အစ်ကိုက ကျနော့်ဆီ မက်ဆေ့ချ်ပို့ပြီး ကျနော့် ဝမ်းကွဲ ညီမလေးရဲ့ ခင်ပွန်းက နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှု အသုံးမပြုချင်လို့ အထိန်းသိမ်းခံရလိုက်ရတယ်လို့ ပြောခဲ့ပါတယ်။ သူက အဲဒီမှာ ရဲတပ်ဖွဲ့ဝင် ဖြစ်ပါတယ်။ တကယ့်ကို စိတ်မကောင်းဖြစ်ဖွယ် အခြေအနေပါ”လို့ ဆိုပါတယ်။

သူက “ကျနော့်မိသားစုက နိုင်ငံရေးမှာ ထဲထဲဝင်ဝင် မပါကြပါဘူး။ သူတို့ဟာ နိုင်ငံရေးသမားတွေ မဟုတ်တာကြောင့် သူတို့က ဘေးကင်းပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေအပေါ် အကြမ်းမဖက်ချင်တဲ့ ရဲအရာရှိ ရှိနေပြီး ထိန်းသိမ်းခံထားရပါတယ်။ အဲဒီအတွက် အဖမ်းခံရပါတယ်။ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်”လို့ ဆိုပါတယ်။

စစ်တပ်က မြန်မာအစိုးရရဲ့ ထိန်းချုပ်မှုကို ပထမဆုံး ရယူခဲ့ပြီးတဲ့နောက် အောင်လဟာ ကမ္ဘာတဝန်းက သူ့ရဲ့ ပရိသတ်တွေ ရှိနေတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာတော်တော်များများကို ဝေမျှတာအပါအဝင် ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို အသိပညာပေးခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

သူက “အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကျနော်တို့ဆီမှာရှိနေတဲ့ လွတ်လပ်မှုနဲ့ တခြားအရာတွေအတွက် ကျေးဇူးတင်သင့်တယ်လို့ ထင်ပါတယ်။ တခါတလေ ကျနော်တို့မှာကတော့ သေချာပေါက်ပိုင်ဆိုင်ထားပေမယ့် ကမ္ဘာ့နေရာ တော်တော်များများမှာ ကျနော်တို့ဆီမှာ ရှိနေတဲ့ လွတ်လပ်မှု မရှိကြဘူး။ အဲဒီအတွက် ကျနော်တို့ ကျေးဇူးတင်သင့်တယ်။ ဆက်ပြီးတော့ အကောင်းမြင်တွေးကြရမယ်”လို့လည်း ဆိုပါတယ်။

Ref: mmafighting , asia.nikkei

You may also like these stories:

စစ်ကောင်စီ လက်အောက် တိုကျိုအိုလံပစ်ကို ယှဉ်ပြိုင်မှာ မဟုတ်တဲ့ မြန်မာ့ရေကူးကစားသမား

တိုကျိုအိုလံပစ်ပြိုင်ပွဲကို နိုင်ငံတကာ အားကစား ပရိသတ် မပါဘဲ ကျင်းပမည်

Your Thoughts …
Tags: ဒီမိုကရေစီမြန်မာစစ်တပ်မြန်မာ့စပါးအုံးအာဏာသိမ်းမှုအောင်လအန်ဆန်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

by ဧရာဝတီ
21 September 2024
10.9k

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်တာဗျူး တတိယပိုင်းဖြစ်ပါတယ်။

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

by ဧရာဝတီ
24 August 2023
8.3k

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်ပို့ရောင်းချသောလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူပိတ်ဆို့များ တိုးချဲ့ချမှတ်နေပြီး ယခုလုပ်ဆောင်ချက်သည် စစ်ကောင်စီကို ပိုမို ဖိအားပေးရာရောက်မည်ဖြစ်ကာ မြန်မာပြည်သူများကိုလည်း ကူညီရာရောက်ကြောင်း

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

Next Post
မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

ကိုဝေမိုးနိုင်ကို နိုင်ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မများစွာဖြင့် ထပ်တိုး၍ အရေးယူ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာကြီးများတွင် တွေ့ရသည့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကော်ဖီမစ်၊ ကော်ဖီနှင့် အချိုရည်များ / ဧရာဝတီ

ပိတ်ပင်ကုန်များ နယ်စပ်ဖြတ် ပြန်ပို့ခွင့်အတွက် ထိုင်းဝန်ကြီး မြန်မာပြည် လာမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved