ဒေါက်တာ ရှောင်တာနဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လုပ်ကိုင်ခဲ့သည့် စီးပွားရေးပညာရှင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အစောပိုင်းတွင် အစိုးရကို စစ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချပြီးနောက် ရက်ပေါင်း ၆၅၀ ထောင်ချခံရသည်။
စစ်အာဏာသိမ်းမှုသည် နိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်စေသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမျိုးသားနေ့အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် သူနှင့် အခြားအကျဉ်းသား ၅,၇၇၄ ဦးကို ပြန်လွှတ်ပေးသည်။
ပြန်လည် လွတ်မြောက်လာပြီးနောက် သူ၏ ထောင်တွင်းအတွေ့အကြုံများကို ဖော်ပြသည့် “သူ မတူ အကျဉ်းသား” (An Unlikely Prisoner) စာအုပ်ကို ရေးသားသည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်ခေတ်က တိုတောင်းသော မြန်မာ့စီးပွားရေး ပြန်လည်ရှင်သန်မှုအကြောင်း “အကောင်းဆုံး ချမှတ်ထားသည့် စီမံကိန်းများ” (Best Laid Plans) အမည်ရှိ အခြား စာအုပ်တအုပ်ကိုလည်း ရေးသားခဲ့သည်။ လုခ်ဟန့်နှင့် အောက်ပါ တွေ့ဆုံမေးမြန်းမှုတွင် မြန်မာမှ သူ၏ အတွေ့အကြံများအကြောင်း ပြောကြားပြီး စစ်ကောင်စီနေ့ရက်များကို လက်ချိုးရေတွက်နိုင်ပြီဖြစ်သည့် အကြောင်းအချက် အများအပြားကို ပြောထားသည်။
မေး ။ ။ အဲဒီအချိန်က အကြောင်းတွေကို ပြောပြပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု မျှော်လင့်ချက် ရည်မှန်းချက်တွေနဲ့ မြန်မာအတွက် စီမံကိန်းတွေကို ဆွေးနွေးပေးပါ။
ဖြေ ။ ။ ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။ ဒီအစီအစဉ် တခုလုံးကို ပြည်တွင်းမှာပဲ ချမှတ်တာ ဖြစ်ပေမယ့် ကျနော်က ဒီအစီအစဉ် အောင်မြင်အောင် မြန်မာလုပ်ဖော်ကိုင်ဖက်တွေကို ကူညီတယ်။ ဒီအစီအစဉ်ကို အရမ်းကောင်းမွန်စွာ စဉ်းစားသုံးသပ်ထားတယ်။ စွမ်းရည်နဲ့ပညာ ပြည့်ဝတဲ့ မြန်မာလူငယ် စီးပွားရေးပညာရှင်တချို့လည်း ပါဝင်ပြီး ကျနော်တို့ အောင်မြင်အောင် လုပ်နေကြတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၆ ခုနှစ်မှာ အာဏာရလာတဲ့အခါ အစောပိုင်းက မြန်မာနိုင်ငံ စတင်ပြောင်းလဲချိန်မှာ ချထားတဲ့ အုတ်မြစ်အချို့ကနေ စတင်တည်ဆောက်တယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံကို အခြား ထွန်းသစ်လာတဲ့ ကျား စီးပွားရေးအချို့နဲ့ အမီလိုက်ဖို့ အားအင်ပြည့်ဝတဲ့ လှုပ်ရှားမှုဖြစ်ပြီး မြန်မာနိုင်ငံ လွဲချော်သွားခဲ့တဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ၂၀၁၆ ခုနှစ်မှာ အာဏာရလာတဲ့အခါ အစောပိုင်းက မြန်မာနိုင်ငံ စတင်ပြောင်းလဲချိန်မှာ ချထားတဲ့ အုတ်မြစ်အချို့ကနေ စတင်တည်ဆောက်တယ်။ ဒါပေမယ့် ဒါဟာ နိုင်ငံကို အခြား ထွန်းသစ်လာတဲ့ ကျား စီးပွားရေးအချို့နဲ့ အမီလိုက်ဖို့ အားအင်ပြည့်ဝတဲ့ လှုပ်ရှားမှုဖြစ်ပြီး မြန်မာနိုင်ငံ လွဲချော်သွားခဲ့တဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့တယ်။
မေး ။ ။ ခင်ဗျားရဲ့ အမြင်မှာ ရင်းနှီးကျွမ်းဝင်တဲ့ ဇာတ်လမ်းတွေ ပါဝင်တယ်။ အဲဒီဇာတ်လမ်းတွေက ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ အောက်ခြေကနေ တက်လာပုံမရတဲ့ အခြားနိုင်ငံတွေလို ကျနော့်အမြင်မှာ အလားတူပဲ။ နောက်ဆုံးတော့ မြန်မာအတွက် မျှော်လင့်ချက်တချို့တော့ ဖြစ်လာခဲ့တယ်။
ဖြေ ။ ။ လုံးဝ မှန်ပါတယ်။ ဒါတွေအားလုံးက အာဏာသိမ်းမှုဖြစ်စေပြီး နောက်ဆက်ဖြစ်လာတာတွေက စိတ်ပျက်စရာ အရမ်းကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျနော်က စီးပွားရေး တိုးတက်တော့မယ်၊ မြန်မာဟာ နောက်ဆုံးမှာတော့ သူ အမြဲတမ်းဖြစ်သင့်ခဲ့တဲ့ နိုင်ငံတခု ဖြစ်တော့မယ်လို့ ကျနော်တို့ ယုံကြည်လာတဲ့အတွက် ဖြစ်တယ်။
မေး ။ ။ အဲဒီတုန်းက ခင်ဗျားက တရုတ်ကိစ္စကို ကိုင်တွယ်တယ်။ အဲဒါ ဘယ်လိုလဲ။
ဖြေ ။ ။ ဒါဟာ အရမ်းကို ခက်ခဲတဲ့လုပ်ငန်း ဖြစ်တယ်။ မြန်မာဟာ ရပ်ဝန်းနဲ့ပိုးလမ်းမ အစီအစဉ်ရဲ့ ပစ်မှတ်တခုဖြစ်ပြီး ဒါကြောင့် ကျနော်တို့ဟာ အရမ်းကို ကြီးမားတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းအချို့နဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမြဲတမ်း ညှိနှိုင်းနေရတယ်။ ကျနော်တို့မှာ ပြဿနာနှစ်ခု အမှန်တကယ်ရှိခဲ့တယ်။
ပထမအချက်ကတော့ အဲဒီအခြေခံအဆောက်အအုံ စီမံကိန်းတွေဟာ လူမှုနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုကို အာရုံစိုက်မှုနည်းပေမယ့် ကျနော့်လို စီးပွားရေး ပညာရှင်အနေနဲ့ကတော့ မြန်မာဟာ ဒီစီမံကိန်းတွေအတွက် ပေးချေခိုင်းခံရလို့ အကြွေးကိစ္စကို ကျနော်စိုးရိမ်ဖို့ လိုခဲ့တယ်။
ဒေါ်လာ ဘီလီယံပေါင်းများစွာသော အကြွေးတွေကို ကူးသန်းရောင်းဝယ်ရေး အတိုးနှုန်းနဲ့ ယူရမယ်။ ဒါကြောင့် ကျနော်လုပ်ခဲ့တဲ့ တစိတ်တပိုင်းက အချို့ကို တွန်းအားပေးပြီး တရုတ်တွေဆီကို သွားပြီး “တချို့စီမံကိန်းတွေက လက်တွေ့ကျပြီး တချို့က လက်တွေ့မကျဘူး။ အဆင်ပြေတဲ့ စီမံကိန်းတွေတောင်မှ ကြွေးမြီစည်းကမ်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့လိုတယ်” လို့ ပြောရတယ်။ ဒါကြောင့် အဲဒီအတွက် အချိန်အများကြီးပေးပြီး အောင်မြင်မှု အချို့ရခဲ့တယ်။ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်။ တနည်းအားဖြင့် မြန်မာဟာ တရုတ်ကို ငြင်းဆန်နိုင်တဲ့ နိုင်ငံတခုဖြစ်ကြောင်း ပြသလာတယ်။
မေး ။ ။ အဲဒီကိစ္စတွေမှာ ရခိုင်ပြည်နယ်ကနေ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေဆီကို လွန်ခဲ့တဲ့ တလလောက်က ကျသွားတဲ့ လားရှိုးအထိ ဆက်သွယ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေရော ပါလား။
ဖြေ ။ ။ ဒီစီမံကိန်းတွေက အရင် စစ်အုပ်စုအောက်မှာ သဘောတူညီချက်ရထားပြီး အခုလို ဆိုးရွားတဲ့ စစ်အုပ်စုအောက်မှာလည်း အဆင်ပြေနေလို့ ဒါဟာ တကယ့် အကျပ်အတည်းဖြစ်ပေမယ့် တကယ်ကြီးမားတဲ့ ပြဿနာက နယ်မြေကို အမှန်တကယ် ဘယ်သူထိန်းချုပ်ထားလဲ ဆိုတာပဲ။ ဒါကြောင့် စစ်တပ်က ဒီစီမံကိန်းတွေ လုံခြုံရေးကို အာမ မခံနိုင်ဘူး။ ဒါကြောင့် တရုတ်အတွက် ပြဿနာရှိတယ်။ ဒါပေမယ့် တရုတ်အတွက် ပိုမိုကြီးမားတဲ့ ပြဿနာတွေ ရှိသေးတယ်။ စစ်ကောင်စီပြိုကွဲမယ့် လက္ခဏာတွေ ပြသနေပြီး စစ်ကောင်စီ ပြိုကွဲရင် တရုတ်အတွက် အရမ်းအခက်အခဲဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ အရမ်းကို ရှုပ်ထွေးလိမ့်မယ်။
တရုတ်ရဲ့မူဝါဒ အလုံးစုံနဲ့ ပတ်သက်လို့ ကျနော် ကြုံတွေ့ရတဲ့ ပြဿနာက သူတို့က သူတို့ခိုင်းတာလုပ်မယ့် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ရှာနေတာပဲ။ ဒါဟာ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် ဆိုတာကို ကျနော် နားလည်နိုင်ပေမယ့် မြန်မာ့အမြင်ကနေကြည့်ရင် တရုတ်အကျိုးစီးပွားထက် မြန်မာ့အကျိုးစီးပွားကို ကြည့်ရမယ်။
ကျနော်က မြန်မာအတွက် အမှန်တကယ်ဆိုးရွားတဲ့ ဘက်တွေကို ကိုင်တွယ်ဖြေရှင်းတယ်။ တဖက်မှာလည်း သူတို့က အခြေခံတွေကို တည်ဆောက်ပြီးသွားပြီ။ တရုတ်ရဲ့မူဝါဒ အလုံးစုံနဲ့ ပတ်သက်လို့ ကျနော် ကြုံတွေ့ရတဲ့ ပြဿနာက သူတို့က သူတို့ခိုင်းတာလုပ်မယ့် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ရှာနေတာပဲ။ ဒါဟာ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် ဆိုတာကို ကျနော် နားလည်နိုင်ပေမယ့် မြန်မာ့အမြင်ကနေကြည့်ရင် တရုတ်အကျိုးစီးပွားထက် မြန်မာ့အကျိုးစီးပွားကို ကြည့်ရမယ်။
မေး ။ ။ အကြွေးက ဘယ်လောက်မို့လို့လဲ။
ဖြေ ။ ။ ကျောက်ဖြူစီမံကိန်း တခုတည်းတင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အကြွေးတင်ပြီး ပြန်လည် ညှိနှိုင်းတဲ့အခါ မြန်မာက အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ ၁ ဘီလီယံလောက်အထိ ရောက်အောင် လျှော့ချနိုင်တယ်။ သူတို့တွေက ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး အရေးအကြီးဆုံးကတော့ အစိုးရ အာမခံချက်တွေကို ဖယ်ရှားနိုင်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံးမှာ အဲဒီဆိပ်ကမ်းကို အကောင်အထည်ဖော်မယ့် တရုတ်လုပ်ငန်းတွေဟာ စီမံကိန်း မအောင်မြင်ရင် တာဝန်ခံလိုက်ရမယ်ဆိုတာ ဖြစ်လာတယ်။ ရှိရမယ့် လက္ခဏာ အားလုံးရှိလာတယ်။ ဒါဟာ ဝန်ထုတ်ဝန်ပိုးကို မြန်မာ လွတ်မြောက်စေတဲ့ အရေးပါတဲ့ ညှိနှိုင်းမှုတွေ ဖြစ်တယ်။
မေး ။ ။ မင်းအောင်လှိုင် ဆက်လက်ရပ်တည်နိုင်မလား။
ဖြေ ။ ။ မင်းအောင်လှိုင် ဆက်လက် မရပ်တည်နိုင်တော့ဘူး။ သူထွက်သွားတဲ့အခါ ရက်စက်ကြမ်းကြုတ်မှုနဲ့ ကြောက်မက်ဖွယ် အများအပြားရှိမယ်လို့ ထင်တယ်။ ဒါပေမယ့် သူ့ရဲ့ လက်ကျန်ရက်ကို ရေတွက်လို့ရနေပြီလို့ ကျနော် ထင်တယ်။ သူ့စစ်ကောင်စီထဲမှာတောင်မှ သူ့နိဂုံးကို မြင်လိုသူ အများအပြားရှိတယ်။
အလားတူပဲ မူလဇာတ်လမ်းကို ပြန်ပြောရရင် တရုတ်တွေက တည်ငြိမ်တဲ့ မြန်မာနိုင်ငံကို လိုချင်တယ်။ တရုတ်က သူတို့ရဲ့ဘေးမှာ ရှင်သန်တဲ့ ဒီမိုကရေစီတို့၊ ဘာတို့ကို စိတ်ဝင်စားဘူး။ ဒါပေမယ့် ကုန်ကြမ်းရင်းမြစ်တခု ဖြစ်နိုင်တဲ့၊ ဈေးကွက်တခုဖြစ်နိုင်တဲ့ တည်ငြိမ်တဲ့နိုင်ငံကိုတော့ စိတ်ဝင်စားတယ်။
တရုတ်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မှုအချို့မှာ အခန်းကဏ္ဍတခုကနေ ပါဝင်နေတယ်လို့ ကျနော် ထင်တယ်။ ကိစ္စအများအပြားမှာ တရုတ်က ခေါင်းညိတ်တာ၊ မျက်စပစ်တာတွေ ရှိလိမ့်မယ်။ ဒါကြောင့် သူတို့ဟာ မင်းအောင်လှိုင်ရဲ့နိဂုံးကို မြင်လိုတဲ့ အင်အားစုတွေထဲက တခုလို့ ကျနော်ထင်တယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အာဏာရတဲ့ ရှစ်နှစ်အတွင်း တိုင်းရင်းသားပြည်နယ်တွေကို လျစ်လျူရှုတယ်ဆိုတဲ့ မကျေနပ်ချက်တွေကို ကျနော်ကြားရတယ်။ အဲဒါ ပြောင်းလဲသွားနိုင်လား။
ဖြေ ။ ။ ခင်ဗျား လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရင်၊ စီးပွားရေးကို ပြုပြင်ပြောင်းလဲရင် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကြည့်ရမယ်ဆိုတဲ့ အမြင်တခုရှိခဲ့တယ်။ အခု အများကြီး ပိုမိုနားလည်မှုတခု ရှိနေပြီ။ အစကတည်းကနေ မှန်ကန်ဖို့လိုတယ်။ တရားမျှတတဲ့ ဖက်ဒရယ် ဘဏ္ဍာရေးဝါဒဆီကို ကျနော်တို့ကို ဦးတည်စေတဲ့ စီးပွားရေးနဲ့ လူမှု တရားမျှတဲ့ ပိုမိုကျယ်ပြန့်တဲ့ အမြင်ရှိရမယ်။ မျှတတဲ့ ဖက်ဒရယ် ဘဏ္ဍာရေး ဝါဒဆိုတာ အခွန်အစီအစဉ်တွေနဲ့ ပြန်လည်မျှဝေတဲ့ အစိုးရအသုံးစရိတ်နဲ့ လူ့အဖွဲ့အစည်းရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ပိုမိုညီမျှစွာ ခွဲဝေတယ့် အဓိပ္ပာယ်ရှိတယ်။ အဲဒီလို တရားမျှတတဲ့ ဖက်ဒရယ် ရလဒ်မျိုးကို အလေးထားတဲ့ နည်းပညာအင်စတီကျူးရှင်းတွေ၊ မူဝါဒတွေ အမျိုးစုံရှိနေတယ်။
ရှုပ်ထွေးနက်နဲတာတွေ ရှိပေမယ့် ဘယ်သူက ဦးထုပ်မည်း ဆောင်းထားပြီး ဘယ်သူက ဦးထုပ်ဖြူ ဆောင်းထားတယ်ဆိုတာ၊ ဘယ်သူက လူကောင်းလဲ၊ ဘယ်သူက လူဆိုးလဲဆိုတာ အလွယ်တကူ မြင်နိုင်တယ်။ အာရှရဲ့ နောက်ဖေးပေါက်မှာ၊ သူတို့မျက်စိရှေ့မှာ ဖြစ်ပေမယ့် သူတို့က စစ်တပ်နဲ့ပဲ ဆက်လက် ညှိနှိုင်းနေကြတယ်။
မေး ။ ။ မြန်မာကို ပြင်ပကမ္ဘာက အာရုံစိုက်မှုနည်းတာကို စိတ်ပျက်သလား။ သတင်းသမား တယောက်အနေနဲ့ ဒီကိစ္စကို စိတ်ဝင်စားအောင်လုပ်ဖို့ အရမ်းခက်ခဲတယ်။
ဖြေ ။ ။ အဲဒီကိစ္စကို ကျနော် အရမ်းစိတ်ပျက်တယ်။ အရမ်းကို ဆိုးရွားတဲ့ ကြေကွဲစရာ ဇာတ်လမ်းပဲလို့ ထင်တယ်။ ကမ္ဘာမှာ ဒီလောက် အဖြူအမည်း ကွဲပြားတဲ့ ပဋိပက္ခမျိုးကို စဉ်းစားရှာဖွေဖို့ ခက်တဲ့အတွက် ဒီဇာတ်လမ်းဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် ရှင်းလင်းတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်တယ်ဆိုတဲ့ အချက်ကြောင့် ပိုပြီး စိတ်ပျက်တယ်။ ရှုပ်ထွေးနက်နဲတာတွေ ရှိပေမယ့် ဘယ်သူက ဦးထုပ်မည်း ဆောင်းထားပြီး ဘယ်သူက ဦးထုပ်ဖြူ ဆောင်းထားတယ်ဆိုတာ၊ ဘယ်သူက လူကောင်းလဲ၊ ဘယ်သူက လူဆိုးလဲဆိုတာ အလွယ်တကူ မြင်နိုင်တယ်။ အာရှရဲ့ နောက်ဖေးပေါက်မှာ၊ သူတို့မျက်စိရှေ့မှာ ဖြစ်ပေမယ့် သူတို့က စစ်တပ်နဲ့ပဲ ဆက်လက် ညှိနှိုင်းနေကြတယ်။
မေး ။ ။ ကျနော်တွေ့ထားတဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေက စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေထဲက လူငယ်မျိုးဆက်နဲ့ လူကြီးမျိုးဆက်အကြား သဘောထား ကွဲပြားတာပဲ ဖြစ်တယ်။
ဖြေ ။ ။ လုံးဝ ကွဲပြားခြားနားတယ်။ အရပ်သားအစိုးရနဲ့ အတူလုပ်ကိုင်တုန်းက ဝန်ကြီးတွေဖြစ်တဲ့ လူကြီးမျိုးဆက်နဲ့ ကျနော် တော်တော်လေး ဆက်ဆံဖူးပြီး ဝင်လာတဲ့ လူသစ်တွေနဲ့လည်း ကျနော် အများကြီး ဆက်ဆံဖူးတယ်။ ကျနော်ဟာ မြန်မာဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျု (MDI) က သုတေသန ဒါရိုက်တာ ဖြစ်တယ်။ ကျနော်တို့မှာ လူငယ် စီးပွားရေးပညာရှင် ၂၀ လောက်ရှိပြီး တယောက်မှ ၃၀ မကျော်သေးဘူး။ ဒါဟာ အရမ်းသဘောကျစရာ ကောင်းတယ်။ သူတို့ဟာ တကမ္ဘာလုံးမှာ ပျံ့နှံ့နေတာ ကြေကွဲစရာဖြစ်ပေမယ့် သူတို့ကို ပြန်လည် စုစည်းလို့ရတယ်။
ဒါကြောင့် ကျနော့်လို လူတယောက်အတွက် အနာဂတ် အလုပ်အကိုင် မရေရာဘူး။ ဘာကြောင့်လဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ ကျနော်နဲ့ ကျနော့်လိုလူတွေထက် သူတို့က အများကြီး ပိုမိုနားလည်ကြတယ်။
မေး ။ ။ အခု ဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံဟာ နောက် ငါးနှစ်ကြာရင် ဘယ်လိုနေရာကို ရောက်နေမယ်လို့ ထင်လဲ။
ဖြေ ။ ။ ကျနော် မျှော်လင့်ချက်ကောင်းထားတယ်။ ဘဏ္ဍာရေး အခြေအနေတွေ၊ ငွေစီးဆင်းမှုတွေကို ကျနော် အကြာကြီး လေ့လာခဲ့တယ်။ အရမ်းမှန်တဲ့ ဆိုရိုးဟောင်းရှိတယ်။ “ငွေနောက်လိုက်ပါ” တဲ့။ အခုငွေတွေ နိုင်ငံကို စွန့်ခွာထွက်နေကြတာ ကျနော်တို့ မြင်နိုင်တယ်။
ဒါကို စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ မြင်နိုင်တယ်။ ပြည်ပ အလုပ်သမားလွှဲငွေဖြစ်ဖြစ်၊ ပို့ကုန်ရငွေဖြစ်ဖြစ်၊ ဘယ်နေရာကဖြစ်ဖြစ် သူတို့ရနိုင်သမျှ နိုင်ငံခြားငွေတိုင်းကို သူတို့ လိုက်လုနေတဲ့နည်းလမ်းမှာ မြင်နိုင်တယ်။ ဒါဟာ စစ်ကောင်စီရဲ့ တခုတည်းသော စီးပွားရေးမူဝါဒပဲ။
အညွှန်းကိန်း အားလုံးက စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်။ ကျနော် အရမ်းကို ယုံကြည်တယ်။ ဒါဟာ အမှန်တကယ် ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ပြန်လည် တက်လာတာဟာလည်း အရမ်းကို အင်အားပြင်းထန်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွေ ကျဆင်းရင် ဘယ်လိုလဲဆိုတာ ခင်ဗျားသိနိုင်တယ်။
ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နဲ့ ဂျာမနီဟာ ဂန္တဝင်မြောက် ဥပမာတွေ ဖြစ်တယ်။ မူဝါဒကောင်းနဲ့ လူကောင်းတွေနဲ့၊ အင်စတီကျူးရှင်းကောင်းတွေနဲ့ အဲဒါတွေ အားလုံးရှိနေတယ်။ ပြန်တက်လာတဲ့အခါ ကမ္ဘာက ဂရုစိုက်မိလာမယ်ဆိုတာ ကျနော် လုံးဝယုံကြည်တယ်။ အခုတော့ အဲဒီအခြေအနေ မရောက်သေးဘူး။
နိုင်ငံတွေဟာ လူလုပ်တဲ့အကြောင်းရင်းတွေကြောင့် ကျဆင်းတာဖြစ်ပြီး နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့၊ အခြေခံနဲ့ မဆိုင်ဘူး။ နိုင်ငံရေး ဦးတည်ဘက်ပဲ။ အလှည့်အပြောင်းလုပ်လိုက်ရင် သိသိသာသာ မြန်မြန်ဆန်ဆန် ပြန်တက်လာမယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နဲ့ ဂျာမနီဟာ ဂန္တဝင်မြောက် ဥပမာတွေ ဖြစ်တယ်။ မူဝါဒကောင်းနဲ့ လူကောင်းတွေနဲ့၊ အင်စတီကျူးရှင်းကောင်းတွေနဲ့ အဲဒါတွေ အားလုံးရှိနေတယ်။ ပြန်တက်လာတဲ့အခါ ကမ္ဘာက ဂရုစိုက်မိလာမယ်ဆိုတာ ကျနော် လုံးဝယုံကြည်တယ်။ အခုတော့ အဲဒီအခြေအနေ မရောက်သေးဘူး။ ဒါပေမယ့် ရှေ့မှာ အဲဒီလိုဖြစ်မယ်လို့ ကျနော်ထင်တယ်။
(UCA News ပါ Myanmar’s junta is showing signs of crumbling ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်
ထောင်အိပ်မက်တွေ အမြဲမက်နေသူ ပါမောက္ခ ရှောင်တာနဲလ်
မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော
ရှောင်တာနဲလ်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ
ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀