• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှောင်တာနဲလ်ပြောတဲ့ မြန်မာထောင်တွင်း ရက် ၆၅၀

by ဧရာဝတီ
23 November 2022
in ဆောင်းပါး
A A
ဩစတြေးလျသို့ ပြန်ရောက်လာသည့် ရှောင်တာနဲလ် နှင့် ဇနီး ဟာဗူ  / Ha Vu Facebook

ဩစတြေးလျသို့ ပြန်ရောက်လာသည့် ရှောင်တာနဲလ် နှင့် ဇနီး ဟာဗူ / Ha Vu Facebook

9.9k
VIEWS
Share on FacebookShare on Twitter

(ဒီဆောင်းပါးဟာ The Australian သတင်းစာက အာမန်ဒါ ဟော့ဂျ်က နိုဝင်ဘာ ၂၁ က ရှောင်တာနဲလ် နှင့် တွေ့ဆုံ စကားပြောပြီး နိုဝင်ဘာ ၂၂ ရေးသားထုတ်ဝေလိုက်တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဧရာဝတီက ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။)

ညစ်ပတ်စုတ်ပြတ် ပြတင်းပေါက် မပါသည့် မြန်မာအကျဉ်းတိုက်အတွင်း ရှောင်တာနဲလ် နေထိုင်ရသည့် ၂၁ လကြာ ကာလအတွင်း အခြား နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်သောကြောင့် အော်ဟစ်နေသည်ကို မကြာခဏ ကြားနေရသလို ခြေထောက်ကို သံခြေကျင်းခတ်ကာ စစ်မေးရန် အိပ်ရာမှ ဆွဲခေါ်သွားခံရသည့် ကာလများအတွင်း သူလွတ်မြောက်သည်ဟု အိပ်မက် အကြိမ်ကြိမ်မက်ခဲ့သည်။

“ဒါပေမယ့် အိပ်မက်ထဲမှာ ထောင်ထဲကိုပဲ ပြန်ပြန်ရောက်သွားတယ်။ အချစ်ရေ၊ ညနေ ၆ နာရီ ကိုယ်ပြန်လာမယ်လို့ ‘ဟာ’ ကို ကျနော်ပြောတယ်” ဟု သူ့ဇနီး ဒေါက်တာ ဟာဗူကို ရည်ရွယ်ပြီး စီးပွားရေးပညာရှင် ရှောင်က ဆစ်ဒနီမှ တိုက်ခန်းတွင် The Australian သတင်းစာသို့ သူလွတ်မြောက်လာပြီး ၃ ရက်အကြာ လက်ခံတွေ့ဆုံပြောပြသည်။ ဩစတြေးလျ ဖက်ဒရယ်အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းသည့် မြန်မာစစ်ကောင်စီ ဖမ်းဆီးမှုမှ သူလွတ်မြောက်ရန် လုပ်ဆောင်ခဲ့သည်။

“ကျနော် အိပ်ရာက နိုးလာပြီး အဲဒီ သွေးစွန်းတဲ့ အကျဉ်းတိုက်ထဲကို ပြန်ရောက်နေမှာကို အရမ်းစိုးရိမ်ခဲ့တယ်။ ကျနော် မခံစားနိုင်ဘူး”

ဖြုတ်ချခံ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကာလကြာမြင့်ပြီဖြစ်သော စီးပွားရေးမူဝါဒ အကြံပေး အသက် ၅၈ နှစ်အရွယ် ရှောင်တာနဲလ်သည် ဖမ်းဆီးခံထားရစဉ်အတွင်း မှောင်မိုက်သောကာလ အများအပြားကို ဖြတ်သန်းရသော်လည်း လွန်ခဲ့သော နိုဝင်ဘာလ ၁၈ နေ့က သြစတြေးလျ နိုင်ငံသို့ အပြန်ခရီးသည် နောက်ထပ် အိပ်မက်တခုဖြစ်နေမည်ကို စိုးရိမ်နေခဲ့ခြင်းသည် သူ၏ဆိုးရွားသော အတွေ့အကြုံများအနက် အထင်ရှားဆုံး စိုးရိမ်မှုဖြစ်ကြောင်း သူကပြောသည်။

“ကျနော် အိပ်ရာက နိုးလာပြီး အဲဒီ သွေးစွန်းတဲ့ အကျဉ်းတိုက်ထဲကို ပြန်ရောက်နေမှာကို အရမ်းစိုးရိမ်ခဲ့တယ်။ ကျနော် မခံစားနိုင်ဘူး” ဟု သူကပြောသည်။ ရှောင်တာနဲလ်ကို ရက်ပေါင်း ၆၅၀ ကြာ ဖမ်းဆီးထားပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာ ‘အမျိုးသားနေ့’ တွင် အခြားအကျဉ်းသား ၆,၀၀၀ နီးပါးနှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။ အများအပြားမှာ အမည်ဆိုးကျော်ကြားသည့် အင်းစိန်ထောင်မှ လွတ်မြောက်ကြခြင်း ဖြစ်သည်။

ရှောင်တာနဲလ်  အကျဉ်းကျနေစဉ်

သူနှင့် အခြားနိုင်ငံခြားသား ၃ ဦးဖြစ်သည့် ဗြိတိန် သံအမတ်ဟောင်း ဗစ်ကီ ဘိုးမင်း၊ ဂျပန် ရုပ်ရှင် ရိုက်ကူးသူ တိုရူ ကူဘိုတာနှင့် အမေရိကန် ရုက္ခဗေဒပညာရှင် ဦးကျော်ဌေးဦးတို့ကို အခြားနိုင်ငံများနှင့် ချစ်ကြည်မှုကို ထိန်းသိမ်းရန် လူသားချင်း စာနာမှုနှင့် မေတ္တာကို အခြေခံ လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအရာရှိများက ပြောသည်။

အဝတ်အစား စုတ်ပြတ်သပ်နေပြီး ကိုယ်အလေးချိန်ကျဆင်းကာ စိတ်သက်သာရာ ရသွားပုံရသည့် ရှောင်တာနဲလ် သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှတဆင့် သြစတြေးလျသို့ ပြန်လာသည်။ ဘန်ကောက်သို့ ရောက်ရှိစဉ် သူသည် ဩစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အယ်ဘန်နိစ်နှင့် စကားပြောခဲ့ပြီး ဝန်ကြီးချုပ်က သူသည် ထူးခြားသူဖြစ်ကြောင်း စိတ်လှုပ်ရှားစွာ ပြောကြားခဲ့သည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
402

ဟာနှင့် ရှောင်တာနဲလ် တို့က သူလွတ်မြောက်လာခြင်းသည် ယခင်နှင့်ယခု ဖက်ဒရယ်အစိုးရနှစ်ခု၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးနှင့် နယူးဆောက်ဝေးလ် ပါလီမန်အမတ် ဂျန်နဲလ် ဆက်ဖင်တို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်း ပြောသလို အယ်လ်ဘန်နိစ် အစိုးရ အာဏာရလာပြီးနောက် လှုပ်ရှားဆောင်ရွက်မှုများ သိသိသာသာ တိုးလာခဲ့သည်။

ဝန်ကြီးချုပ်က သူလွတ်မြောက်လာခြင်းမှာ သူ့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တိုက်ရိုက် စကားပြောခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်း၏ မဆုတ်နစ်သော အားထုတ်မှုနှင့် ကမ္ဘောဒီးယားတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲအတွင်း သူတွေ့ဆုံပြောဆိုခဲ့သည့် အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များ၏ ဖိအားကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟာနှင့် ရှောင်တာနဲလ် တို့က သူလွတ်မြောက်လာခြင်းသည် ယခင်နှင့်ယခု ဖက်ဒရယ်အစိုးရနှစ်ခု၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးနှင့် နယူးဆောက်ဝေးလ် ပါလီမန်အမတ် ဂျန်နဲလ် ဆက်ဖင်တို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ကြောင်း ပြောသလို အယ်လ်ဘန်နိစ် အစိုးရ အာဏာရလာပြီးနောက် လှုပ်ရှားဆောင်ရွက်မှုများ သိသိသာသာ တိုးလာခဲ့သည်။

“မာရိုက်စ် ပိန်း ကလည်း တော်တယ်၊ ဒါပေမယ့် အစိုးရပြောင်းသွားတဲ့အခါ အရှိန်မြှင့် လုပ်ဆောင်လာတယ်။ အရှိန်အဟုန် ပြောင်းလဲသွားပြီး စစ်ကောင်စီကို ပိုမိုပြောကြားလာတယ်” ဟု တန်းနဲလ်က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် အပိုင်းပိုင်းအစစ ဖြစ်နေသည်။ ထိုဖြိုခွဲမှုများအတွင်း လူပေါင်း ၂,၅၀၀ ကျော် သတ်ဖြတ်ခံရကာ လာမည့်နှစ်ကျင်းပမည့် ရွေးကောက်ပွဲအတု မတိုင်မီ စစ်ကောင်စီက လူထုဆန့်ကျင်မှုကို ဖြိုခွဲရန်ကြိုးစားသောကြောင့် အကြမ်းဖက်မှုများ မြင့်မားလာနေသည်။

ကိုဗစ် ၅ ကြိမ် ကူးစက်ခံရပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရဘဲ၊ မည်သည့် စာအုပ်မှမရှိဘဲ အိပ်ရာထဲတွင်သာ လဲလှောင်းနေရသော တဦးတည်း ချုပ်နှောင်ထားသည့် လပေါင်းများစွာကို ဖြတ်သန်းရသည်။

အကျဉ်းသားအချို့ကို မကြာသေးမီက လွှတ်ပေးသည်ဆိုသော်လည်း ဆက်လက် ဖမ်းဆီးထားသူ ၁၃,၀၀၀ နီးပါး ကျန်နေသေးသည်။

မြန်မာဘဏ္ဍာရေးစနစ်ဆိုင်ရာ ကမ္ဘာ့ ရှေ့တန်းအရောက်ဆုံး ကျွမ်းကျင်သူ ရှောင်တာနဲလ် ကို အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက် ဖမ်းဆီးထားသည့် အခြား အရပ်သား ၁၆,၀၀၀ ကျော်ထက် သိသိသာသာ ကောင်းမွန်စွာ ဆက်ဆံမည်ဟု ယူဆခြင်းသည် ထင်ယောင်ထင်မှား ဖြစ်ခြင်းသာဖြစ်ကြောင်း သိလာရသည်။

သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မှ ဟိုတယ်တခု၌ စက်သေနတ်ကိုင်ဆောင်ထားပြီး ဦးထုပ်ဆောင်းထားသည့် စစ်သားနှင့် ရဲ ၅၀ ခန့်က ဖမ်းဆီးလိုက်သည့် အချိန်မှစတင်ပြီး သူသည် စစ်ကောင်စီ၏လက်တွင် အိပ်မက်ဆိုးများကို ဖြတ်သန်းခဲ့ရသည်။

ကိုဗစ် ၅ ကြိမ် ကူးစက်ခံရပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရဘဲ၊ မည်သည့် စာအုပ်မှမရှိဘဲ အိပ်ရာထဲတွင်သာ လဲလှောင်းနေရသော တဦးတည်း ချုပ်နှောင်ထားသည့် လပေါင်းများစွာကို ဖြတ်သန်းရသည်။

အကျဉ်းချခံထားရာမှ ပြန်လွတ်လာသော ရှောင်တာနဲလ် ကို ဩစတြေးလျ သံဝန်ထမ်းတဦးနှင့် အတူ တွေ့ရစဉ်

သူ့ကို ဖမ်းဆီးပြီးတရက်အတွင်း ၆ မီတာနှင့် ၂ ဒသမ ၅ မီတာကျယ်သော ပြတင်းပေါက်မပါသည့် အကျဉ်းတိုက်ခန်းအတွင် ချုပ်နှောင်ထားလိုက်သည်။ ထိုအကျဉ်းတိုက်ခန်း ကြမ်းပြင်ကို ကွန်ကရစ်ဖြင့် ခင်းထားပြီး အိမ်သာမပါဘဲ အခန်းအလယ်ကြမ်းပြင်တွင် ခြေကျင်းတပ်ထားသည့် သံထိုင်ခုံတလုံးကို မူလီဖြင့် ဆင်ထားသည်။

သတင်းတပ်ဖွဲ့ အထူးရဲများ၏ ကတ်ဖ်ကာဝတ္တုဆန်ဆန် စစ်ဆေးမေးမြန်းမှုများကို ၂ လကြာခံရပြီး ထိုရဲများက သူသည် သေနတ်များကို နိုင်ငံတွင်းသို့ ခိုးသွင်းပြီး ဗြိတိန် MI 6 အတွက် အလုပ်လုပ်ပေးသည်ဟု ကနဦးတွင် စွပ်စွဲသော်လည်း နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် အလုပ်လုပ်ပေးသည့် ကိစ္စသို့ လှည့်သွားသည်။

ရန်ကုန်မှ ကိုလိုနီခေတ် အင်းစိန်ထောင်တွင် အခြား နိုင်ငံရေးအကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်နေသောကြောင့် အော်ဟစ်သံများကို သူ့အခန်းမှ ကြားနေရသည်။ “အာဏာသိမ်းပြီး အစောပိုင်းနေ့တွေမှာ အိုးတွေခွက်တွေ တီးတာကို ကြားရတယ်” ဟုလည်း သူပြောသည်။ ပြည်သူများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ညဘက်တွင် အိုးခွက်များ တီးခြင်းဖြစ်သည်။

“သူတို့ အခြားအကျဉ်းသားတွေကို လုပ်သလို ကျနော့်ကို လျှပ်စစ်ရှော့တိုက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထားတယ်။ ကျနော်ကို သံပုံးနဲ့ စားစရာကျွေးတယ်။ ရက်ပေါင်း ၆၅၀ လုံး သံပုံးထဲက အစာကို နှိုက်စားနေရတာ။ နေပြည်တော်မှာဆိုရင် သံပုံးက အသစ်တောင်မဟုတ်ဘူး။ ဆေးသုတ်ထားတာ”

“ကျနော် နည်းနည်းပျော်သွားတယ်” ဟု သူကပြောသည်။

“နောက်တော့ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေနဲ့ အနီးနားက အခန်းတွေမှာ လူတွေ နှိပ်စက်ခံနေရတဲ့ အသံတွေကို ကြားရတော့တာပဲ။ ငါ့ကိုတော့ သူတို့ ဒီလိုမလုပ်လောက်ဘူးဆိုတာ သေချာရဲ့လားလို့ တွေးမိတယ်။ ခဏနေတော့ လုပ်ရင်လည်း လုပ်နိုင်တယ် ပြန်စဉ်းစားမိပြန်ရော။ သူတို့က အဲဒီအသံတွေကို ကျနော် ကြားစေချင်နေတာ” ဟု တန်းနဲလ်က ပြောသည်။

သူ့ကို လုံခြုံရေး အရာရှိများက ဆက်ဆံပုံသည် ညှဉ်းပန်းနှိပ်စက်ခြင်း ဟုတ် မဟုတ် ရှောင်တာနဲလ် စဉ်းစားမိသော်လည်း ထိုသို့ဆက်ဆံပုံသည် ညှဉ်းပန်းနှိပ်စက်သည့် အဓိပ္ပာယ် အပြည့်အဝ မသက်ရောက်သော်လည်း မဖွယ်မရာ ပြုမူ ဆက်ဆံခြင်းဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

“ကျနော့်ကို သူတို့ ဂရုတစိုက် ဆက်ဆံမယ်လို့ ထင်ခဲ့မိတာ” ဟု ရှောင်တာနဲလ် က လွတ်မြောက်လာပြီး ပထမဆုံးပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတွင် ပြောသည်။ “သူတို့ အခြားအကျဉ်းသားတွေကို လုပ်သလို ကျနော့်ကို လျှပ်စစ်ရှော့တိုက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထားတယ်။ ကျနော်ကို သံပုံးနဲ့ စားစရာကျွေးတယ်။ ရက်ပေါင်း ၆၅၀ လုံး သံပုံးထဲက အစာကို နှိုက်စားနေရတာ။ နေပြည်တော်မှာဆိုရင် သံပုံးက အသစ်တောင်မဟုတ်ဘူး။ ဆေးသုတ်ထားတာ” ဟုလည်း သူကပြောသည်။

“သူတို့ကျနော့်ကို မရိုက်ဘူး။ ဒါပေမယ့် ဆွဲလားရမ်းလားတော့ လုပ်တယ်” ဟု သူကပြောသည်။ သူ့ကို စွဲချက်မတင်ဘဲ ပြတင်းပေါက်မပါသည့် အကျဉ်းတိုက်တွင် ၂ လကြာ ပိတ်လှောင်ထားစဉ် သူသည် ကွန်ကရစ် ကြမ်းပြင်တွင် အိပ်ရပြီး မည်သည့်စာမျှ ဖတ်ခွင့်မပေးဘဲ အခြားအကျဉ်းသားများနှင့် သို့မဟုတ် သံရုံးအရာရှိများနှင့်ပင် တွေ့ခွင့်မပေးပေ။

သူ့ကို အသက် ဆက်လက်ရှင်သန်စေသည့် အကြောင်းနှစ်ခုမှာ သူ၏ဇနီး မက်ကွာရေး တက္ကသိုလ် ဘောဂဗေဒပညာရှင် ဟာဗူနှင့် အပတ်စဉ် ဟာဗူက သူ့ထံသို့ ပို့ပေးနေသော စာအုပ်များဖြစ်သည်။

သူသည် အကျဉ်းတိုက်ခန်းတွင် တနေကုန် လမ်းလျှောက်နေရသည်။ နံရံတခုမှ အခြားနံရံတခုအကြား ခြေလှမ်း ၈ လှမ်းစာသာ ကျယ်သည်။ ဇာတ်လမ်းများကို စဉ်းစား။ အမေရိကန် ပြည်ထောင်စုမှ ပြည်နယ် ၅၀ ကို စာရင်းပြန်လုပ်သည်။ ထို့နောက် အမေရိကန် သမ္မတများကို အစဉ်လိုက် ပြန်မှတ်မိအောင် စဉ်းစားသည်။ သံရုံး သို့မဟုတ် အခြား မည်သည့် လာရောက်တွေ့ဆုံသူနှင့်မျှ သူ့ကို တွေ့ခွင့်မပေးပေ။

အဆိုးဆုံးသော ရုပ်ပိုင်းဆိုင်ရာ မဖွယ်မရာဆက်ဆံပုံမှာ အင်းစိန်ထောင်မှ အနီးရှိတရားရုံးသို့ အပတ်စဉ် ရမန်ယူရန် ကြားနာခြင်းအတွက် အခြားနိုင်ငံရေးအကျဉ်းသား ၅၀ ခန့်နှင့်အတူ သံကြိုးဖြင့် ချည်နှောင်ထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်

“လူ ၂၀ လောက်ပဲဆန့်တဲ့ အချုပ်ကားထဲကို ကျနော်တို့ကို တွန်းထိုးထည့်တယ်။ ကျနော်တို့တွေ တယောက်နဲ့တယောက် ညပ်နေတယ်။ အရမ်းလည်း ပူတယ်။ မျက်နှာမှ ချွေးတွေစီးကျကုန်တာပဲ။ လူတွေ အန်တယ်၊ ချွေးတွေထွက်တယ်၊ သတိလစ်ကုန်တယ်။ လူတွေအရမ်းကျပ်နေလို့သာ လဲမကျတာ” ဟု သူကပြောသည်။

“၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်းကလည်း ဒီအတိုင်းပဲဖြစ်တာ။ သူတို့က အကျဉ်းသားတွေကို အချုပ်ကားထဲ အတင်းထိုးထည့်တယ်။ နောက်တံခါးဖွင့်လိုက်တော့ လူတဝက်လောက် သေနေပြီ” ဟု သူက ရှင်းပြသည်။ သူ့ကို အသက် ဆက်လက်ရှင်သန်စေသည့် အကြောင်းနှစ်ခုမှာ သူ၏ဇနီး မက်ကွာရေး တက္ကသိုလ် ဘောဂဗေဒပညာရှင် ဟာဗူနှင့် အပတ်စဉ် ဟာဗူက သူ့ထံသို့ ပို့ပေးနေသော စာအုပ်များဖြစ်သည်။

“အဲဒီအချက် ၂ ချက်ကို စစ်ကောင်စီက ရုတ်သိမ်းလိုက်ရင် ကျနော် ဆက်လက်ရှင်မယ်၊ မရှင်သန်ဘူးကို မသိဘူး၊ အဲဒီ ၂ ချက်က ဆုံးရှုံးသွားနိုင်ခြေ မြင့်မားတယ်” ဟု သူက ပြောသည်။

သူ၏အသက်ကို ကယ်ခဲ့သူ တခြားတဦးမှာ မွတ်ဆလင် နိုင်ငံရေး အကျဉ်းသား ဦးခင်မောင်ဆွေ ဖြစ်သည်။ တန်းနဲလ်ကို အင်းစိန်ထောင်သို့ ပြောင်းလိုက်သောအခါ ဦးခင်မောင်ဆွေက သူ့ကို စောင့်ရှောက်ရေးသည် သူ၏ တာဝန်အဖြစ် သတ်မှတ်လိုက်သည်။

၎င်းတို့နှစ်ဦး ဖုန်းနှင့် စကားပြောခွင့်ရချိန်များတွင် မျက်ရည်ကျရန် အချိန်အနည်းငယ်သာရပြီး သူ၏ အမှုအကြောင်းကို ဆွေးနွေးနိုင်မည့် သင်္ကေတများ ဖော်ထုတ်ရကြောင်း သူပြောသည်။ သူ့ကို စွပ်စွဲထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ မစီရင်မချင်း သူ မလွတ်မြောက်နိုင်ကြောင်း သူတို့ ၂ ဦး သဘောပေါက်လိုက်သည်။ စက်တင်ဘာလတွင် ထိုအမှုကို စီရင်ခဲ့သည်။

သူ၏ဇနီး ကိုယ်တိုင်လုပ်သည့် ကွတ်ကီးများ၊ အယ်ကိုဟောလ် စိမ်ထားသည့် သစ်သီးကိတ်နှင့်အတူ သူ့ထံပေးပို့သည့် စာအုပ်များကို ဖတ်ခွင့်ရခြင်းအတွက် တန်းနဲလ်က ဟာဗူ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို အသိအမှတ်ပြုသည်။ ထိုစာအုပ်များနှင့် စားသောက်စရာများသည် နောက်ဆုံးတွင် သြစတြေးလျ နိုင်ငံတော် တံဆိပ်ပါသည့် အိတ်ကြီးများဖြင့် ဆစ်ဒနီမှ ကင်ဘာရာ ထိုမှတဆင့် သြစတြေးလျ သံရုံးသို့ အပတ်စဉ် ရောက်လာသည်။

ထိုအထုပ်ကြီးများကို သူက ညဘက်တွင် အကျဉ်းတိုက် တံခါးတွင် ထောင်ထားတတ်သည်။ သူ့ကို ဂရုစိုက်မည့်သူများ ရှိကြောင်း ထောင်အစောင့်များကို သတိပေးလိုသောကြောင့် ထိုသို့ ပြသထားခြင်းဖြစ်သည်။

ထိုအထုပ်များကို ပို့ဆောင်ပေးသူမှာ အမေရိကန် နိုင်ငံသား အသေးစားငွေကြေးလုပ်ငန်း ဘောဂဗေဒ ပညာရှင် ကားတစ် ဆလိုဗာ ဖြစ်သည်။ သူသည် ဆစ်ဒနီမှ ဟာဗူထံ နေ့တိုင်းဖုန်းဆက်သည့် ရဲရင့်ထူးခြားသူဖြစ်သည်။ “သူက ကျနော့်အတွက် မြန်မာပြည်မှာ ဆက်နေတာ။ သူ့ကိုမေးကြည့်ရင် သူငြင်းမှာ။ ဒါပေမယ့် သူက ကျနော့်အတွက် မြန်မာမှာ ဆက်နေတာ” ဟု တန်းနဲလ်က သူ၏ မိတ်ဆွေ အကြောင်းပြောပြီး သူသည် မြန်မာတွင် သူ့အသက်ကို ကယ်ခဲ့သူများအနက် တဦးဖြစ်ကြောင်း ပြောပြသည်။ “သူ့အတွက် အကာအကွယ် မရှိဘူး။ ပါဆယ်ပို့ပေးရတဲ့သူ။ ဟာနဲ့ သူနဲ့က တရက်ပြီး တရက် အစီအစဉ်တွေ လုပ်ရတာ။ ရက်ပေါင်း ၆၅၀ အတွက်ပဲ” ဟု သူကပြောသည်။ သူ၏အသက်ကို ကယ်ခဲ့သူ တခြားတဦးမှာ မွတ်ဆလင် နိုင်ငံရေး အကျဉ်းသား ဦးခင်မောင်ဆွေ ဖြစ်သည်။ တန်းနဲလ်ကို အင်းစိန်ထောင်သို့ ပြောင်းလိုက်သောအခါ ဦးခင်မောင်ဆွေက သူ့ကို စောင့်ရှောက်ရေးသည် သူ၏ တာဝန်အဖြစ် သတ်မှတ်လိုက်သည်။

“သူက ကျနော်နဲ့ အခန်းချင်းကပ်လျက်ပဲ။ သူက ကျနော့်အသက်ကို ကယ်ခဲ့တယ်” ဟု တန်းနဲလ် ပြောသည်။ “သူက ကျနော့်အတွက် အရာရာ လုပ်ပေးတယ်။ ကျနော့်အတွက် ချက်ပြုတ်ပေးတယ်။ အဝတ်တွေ လျှော်ပေးတယ်။ ကျနော့်ရဲ့ နှစ် ၃၀ စာလောက် ညစ်ပတ်နေတဲ့ စက်ဆုပ်စရာ အခန်းကို သန့်ရှင်းရေး လုပ်ပေးတယ်။ ဓားတချောင်း လုပ်ပေးတယ်။ ကျနော် သူ့ကို ချစ်ခင်တယ်” ဟု သူကပြောသည်။ အမှုရင်ဆိုင်ရန် နေပြည်တော်သို့ တန်းနဲလ်ကို ထောင်ပြောင်းလိုက်ပြီး တလအကြာတွင် ဦခင်မောင်ဆွေ သတ်ဖြတ်ခံရသည်။ နေပြည်တော်တွင် တန်းနဲလ်ကို လျှို့ဝှက်ချက်ဥပဒေနှင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲပြီး စက်တင်ဘာလတွင် ထောင် ၃ နှစ်ချလိုက်သည်။

တရားရုံးမထုတ်မီ နာရီဝက် အလိုတွင် တန်းနဲလ်သည် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုတွဲများနှင့် တွေ့ခွင့်ရခြင်းဖြစ်သည်။ ဆိုးရွားသည့် အခြေအနေများကို ရင်ဆိုင်နေရသော်လည်း ဒေါ်ဆောင်ဆန်းစုကြည်သည် ခန့်ငြားသည့် ပုံစံရှိနေကြောင်း သူကပြောပြသည်။

မယုံကြည်နိုင်စရာဖြစ်ရသည်မှာ နေပြည်တော် အချုပ်ထောင်သည် အင်းစိန်ထောင်ထက် ပိုမိုအခြေအနေ ဆိုးရွားသည်။ အင်းစိန်ထောင်သည် အရက်မူးနေသည့် အစောင့်များက စီမံခန့်ခွဲနေသည့် ဂျုံးဂျုံးကျနေကာ ပိုးဟပ်နှင့် ခြင်ပေါသော မိုးရွာတိုင်း မိုးယိုသည့် အဆောက်အအုံဖြစ်သည်။

“တနေ့ကို နာရီ ၂၀ လောက်ပိတ်ထားတဲ့ အခန်းထဲမှာ ဘာမှ လုပ်စရာမရှိလို့ တနေကုန် ချွေးတွေကျပြီး ထိုင်နေရတယ်” ဟု တန်းနဲလ်က ပြောပြသည်။

“မိုးရာသီမှာ ခေါင်မိုးက မိုးယိုမယ်။ ခေါင်မိုးကနေ ရေတွေစီးကျနေလို့ အဝတ်အစားနဲ့ စောင်တွေ ရေမစိုအောင် ပိုက်ထားပြီး တညလုံး ထိုင်နေရတယ်” ဟု သူကပြောသည်။

“တခါတခါ ထအော်ပစ်လိုက်တယ်။ ကျနော်သိမှန်း မသိခဲ့တဲ့ ကြမ်းတမ်းတဲ့ စကားတွေကိုတောင် သုံးမိတယ်” ဟုလည်း သူပြောသည်။ ကောင်းသောအချက်တခုမှာ တရားရုံးမထုတ်မီ နာရီဝက် အလိုတွင် တန်းနဲလ်သည် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမှုတွဲများနှင့် တွေ့ခွင့်ရခြင်းဖြစ်သည်။ ဆိုးရွားသည့် အခြေအနေများကို ရင်ဆိုင်နေရသော်လည်း ဒေါ်ဆောင်ဆန်းစုကြည်သည် ခန့်ငြားသည့် ပုံစံရှိနေကြောင်း သူကပြောပြသည်။

သူသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဆက်လက်သစ္စာခံပြီး ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က ရိုဟင်ဂျာများကို ညှဉ်းပန်းနှိပ်စက်ခြင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိသောကြောင့် အကြီးအကျယ် အဝေဖန်ခံရသော်လည်း မြန်မာအတွက် ကောင်းမြတ်သော အရာများသာဖြစ်စေချင်ကြောင်း သူကပြောသည်။ သို့သော် သူ့ဘဝကို များစွာ မြှုပ်နှံလုပ်ကိုင်ပေးခဲ့သည့် မြန်မာသို့ ပြန်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း တန်းနဲလ်က ဝန်ခံသည်။

You may also like these stories :

ရှောင်တာနဲလ် ကို အားနာတယ်

နိုင်ကျဉ်း အနည်းငယ်သာလွှတ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ပိုမို ဖိအားပေးရန် လိုအပ်သည်

စစ်ကောင်စီက ဖမ်းတဲ့ နိုင်ငံခြားသား ၆ ဦး

Your Thoughts …
Tags: စစ်အာဏာရှင်စစ်အာဏာသိမ်းမှုစီးပွားရေးထောင်ဒဏ်ကျခြင်းနှိပ်စက်ညှဉ်းပန်းမှုရှောင်တန်းနဲလ်လူ့အခွင့်အရေးဩစ‌တြေးလျ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများအား စစ်ကောင်စီက သေဒဏ်ပေးခဲ့ခြင်းအပေါ် ၂၀၂၂ခု ဇူလိုင် ၃၀ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာစစ်သံရုံးသို့ ချီတက်ဆန္ဒပြနေသည့် ကိုရီးယားရောက် မြန်မာများ

တောင်ကိုရီးယားမှ မြန်မာလုပ်သား ၅ ထောင်ကျော် ပတ်စ်ပို့ သက်တမ်း တိုးမပေး၍ အခက်ကြုံ

ရက္ခိုင့် တပ်တော် (AA)၏ လက်မောင်းတံဆိပ် / ဧရာဝတီ

ရခိုင် စစ်မျက်နှာ ရီဗျူး ၁

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved