• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တောင်ကိုရီးယားမှ မြန်မာလုပ်သား ၅ ထောင်ကျော် ပတ်စ်ပို့ သက်တမ်း တိုးမပေး၍ အခက်ကြုံ

by ဧရာဝတီ
23 November 2022
in သတင်း
A A
မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများအား စစ်ကောင်စီက သေဒဏ်ပေးခဲ့ခြင်းအပေါ် ၂၀၂၂ခု ဇူလိုင် ၃၀ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာစစ်သံရုံးသို့ ချီတက်ဆန္ဒပြနေသည့် ကိုရီးယားရောက် မြန်မာများ

မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများအား စစ်ကောင်စီက သေဒဏ်ပေးခဲ့ခြင်းအပေါ် ၂၀၂၂ခု ဇူလိုင် ၃၀ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာစစ်သံရုံးသို့ ချီတက်ဆန္ဒပြနေသည့် ကိုရီးယားရောက် မြန်မာများ

7.9k
VIEWS
Share on FacebookShare on Twitter

တောင်ကိုရီးယားရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်သွားသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား သက်တမ်း မတိုးပေးတော့သဖြင့် လူ ၅ ထောင်ကျော်မှာ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ယင်းနိုင်ငံတွင် ရောက်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူ များဖြစ်ပြီး အလုပ်ပိတ်ရက်များတွင် ရန်ပုံငွေရှာဖွေပွဲများလုပ်ဆောင်ကာ တော်လှန်ရေး တွင် ထောက်ပံ့ကူညီမှု အများဆုံး လုပ်နေသူများဖြစ်သည်။

ထို့အတွက်လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်အင်ဒရူးစ်၏ နိုဝင်ဘာ ၁၅ ရက်မှ၂၁ ရက်အထိ ၆ ရက်ကြာ သွားရောက်ခဲ့သည့် တောင်ကိုရီးယားခရီးစဉ်တွင် မြန်မာ့အရေးနှင့် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ကိုရီးယားအစိုးရသို့ တောင်းဆိုထားသည့် ထုတ်ပြန်ချက် တစောင်ထုတ်ခဲ့ပြီးဖြစ်သည်။

ကိုရီးယားတွင် အလုပ် လုပ်ကိုင်နေသည့် ကိုမင်းမင်း (ဒေးဂျွန်း) က “အခုက ဦးဆောင်လုပ်ကိုင်နေကြတဲ့သူတွေတင် မဟုတ်ဘဲနဲ့ ပြန်ဖို့ အခက်အခဲဖြစ်လို့ G1 (ယာယီခိုလှုံခွင့်ကတ်) တောင်းတဲ့သူတွေကိုတောင် ပတ်စ်ပို့သက်တမ်း မတိုး ပေးတော့ဘူး။ နောက်ပြီးတော့ ဒီက ဦးဆောင်သူတွေရဲ့ ID ကို သိသွားပြီဆိုရင် မြန်မာသံရုံးက စစ်ကောင်စီကို စာရင်းပို့ ပေးတော့ တော်တော်များများက မပြန်ရဲကြတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် အကြောင်းအမျိုးမျိုးဖြင့် ပြန်ရန် အခက်အခဲရှိနေသူများကို တောင်ကိုရီးယား အစိုးရက G1 ဟုခေါ်သော ယာယီနေထိုင်ခွင့် ဗီဇာ ထုတ်ပေးထားလျက်ရှိပြီး အဆိုပါ G1 ကတ်ကိုင်ဆောင်ထားသူများကို စစ်ကောင်စီ၏ မြန်မာသံရုံးက ပတ်စ်ပို့ သက်တမ်းတိုးပေးခြင်း ရပ်ဆိုင်းထားလျက်ရှိကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “ပတ်စ်ပို့ စာအုပ် သက်တမ်း မရှိရင် ဗီဇာလည်း သက်တမ်းတိုးလို့ မရတဲ့အတွက် အလုပ် လုပ်ကိုင်ခွင့်တို့၊ ကျန်းမာရေး ဆေးကုသခွင့်တို့၊ ဘဏ်လုပ်ငန်းတို့ အစစအရာရာ အကုန်လုံးက ဘာမှ လုပ်မရဘဲ ပျက်စီးသွားမယ်ပေါ့။ ပြောရမယ်ဆိုရင် ကိုယ့်နိုင်ငံသားကို ဒုက္ခရောက်အောင် တွန်းပို့နေတဲ့ သဘောမျိုး လုပ်နေတာ” ဧရာဝတီသို့ ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာနိုင်ငံသား ၃ သောင်း ကျော်ရှိပြီး စာရင်းအတိအကျပြောရန် ခက်ခဲသော်လည်း ထိုအထဲမှ ထက်ဝက်ခန့်သည် ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးသူများနှင့် သက်တမ်း ကုန်ခါနီးသူများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အင်ဒရူးစ် နှင့် NUG ကိုယ်စားလှယ်တို့ တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ- NUG)

ဦးရန်နိုင်ထွန်းက ဆက်လက်၍ “အခု တောင်ကိုရီးယားဘက်ကတော့ ဗီဇာရှိရှိ၊ မရှိရှိ Over Stay တွေ ဖြစ်နေပါစေ မြန်မာ ပြည် မပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေကတော့ မြန်မာကိုတော့ ပြန်မပို့ဘူး။ သူတို့ ထိန်းသိမ်းစခန်းမှာ ထားချင် ထားလိုက် လိမ့်မယ် မြန်မာပြည်တော့ ပြန်မပို့ဘူး” ဟု ပြောဆိုသည်။

ထို့ပြင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လပိုင်းမှ ယခုအချိန်အထိ မြန်မာနိုင်ငံမှ ထွက်လာပြီး တောင်ကိုရီးယား တွင် နိုင်ငံရေးအရ ခိုလှုံခွင့်တောင်းခံခဲ့သော မြန်မာနိုင်ငံသား အရေအတွက် ၆၀၀ မှ ၈၀၀ ဝန်းကျင်အထိ ရှိကြောင်း NUG ထံမှ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်အင်ဒရူးစ်က တောင်းဆိုချက်များတွင် တောင်ကိုရီးယားရောက် မြန်မာများအတွက် ဗီဇာ မရှိသူများအပါအဝင် မြန်မာများအား လူသားချင်း စာနာသည့် နေထိုင် ခွင့်အား ပေး၍ တရားဝင်နေထိုင်နိုင်ရန် စီမံရန်၊ အာဏာသိမ်းမှုကို ကန့်ကွက်လှုပ်ရှားမှု များကြောင့် ခြိမ်းခြောက်ခံနေရ သည့် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များအား အန္တရာယ်ကင်းစွာ ကိုရီးယားသို့ ဝင်ရောက်နိုင်ရေး ကူညီပေးရန်တို့ တောင်းဆိုထားသည်။

ထို့အပြင် ကိုရီးယားရောက် မြန်မာ နိုင်ငံသားများအား ဗီဇာအမျိုးအစားနှင့် မသက်ဆ်ိုင်ဘဲ ကျန်းမာရေး အာမခံကြေး ပေးသွင်း ခွင့်ပေး၍ အာမခံ ခံစားခွင့် ပေးရန်၊ ပတ်စ်ပို့ သက်တမ်းကုန်ဆုံးနေပြီဖြစ်သည့် မြန်မာနိုင်ငံသားများအတွက် လိုအပ်သည့် ဖြေရှင်းမှု အမြန်ဆုံး စီစဉ် ပေးရန်၊ ပတ်စ်ပို့ သက်တမ်းကုန်ဆုံးနေသည့် မြန်မာနိုင်ငံသားများအား နိုင်ငံတွင်းသို့ပြန်ရန် မဖြစ် နိုင်သည့် မြန်မာနိုင်ငံသား များအား နိုင်ငံရေး ခိုလှုံခွင့်ပြုရန်နှင့် နိုင်ငံရေးခိုလှုံခွင့်အား လျင်မြန်ချောမွေ့စွာ လျှောက်ထား နိုင်ရေး UNHCR နှင့် ပူးပေါင်းဆောင်ရွက်ရန် အစရှိသည်တို့ကို ၎င်း၏ ခရီးစဉ်တွင် တိုက်တွန်းထားသည်။

တောင်ကိုရီးယားတွင် နေထိုင်သော မြန်မာနိုင်ငံသား ဦးဝင်းပေါ်မောင်ကလည်း ” စကစဘက် G1 ကိုင်တဲ့သူတွေကို ပတ်စ်ပို့ သက်တမ်း မတိုးပေးဘူးလို့ တောင်ကိုရီးယားဘက်ကို ကျနော်တို့ တင်ပြတော့ သူတို့က ယာယီဗီဇာဖြစ်တဲ့ အတွက် ပတ်စ်ပို့သက်တမ်းကို မကြည့်ပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ပြဿနာက တချို့က G1 သက်တမ်းကို တိုးလို့ရ တယ်။ တချို့က တိုးမရဘူး ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထို့သို့ တောင်ကိုရီးယား အစိုးရ၏ လုပ်ငန်းစဉ်များက မရှင်းမလင်း ဖြစ်ပေါ်နေခြင်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စား လှယ်က တိုက်တွန်း ပြောကြားသွားခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယား အစိုးရဘက်ကလည်း ပို၍ အဆင်ပြေလာစေရန် လုပ် ဆောင်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အချက်များအပြင် မစ္စတာ သောမတ်အင်ဒရူးစ် က တောင်ကိုရီးယားအစိုးရအနေဖြင့် မြန်မာစစ်တပ်၏ ဝင်ငွေအား ဖြတ်တောက်၊ တားဆီးနိုင်ရန် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ပေးရန်လည်း တောင်းဆိုထားသည်။

အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ်တွင် တောင်ကိုရီးယား အစိုးရတာဝန်ရှိ သူများ၊ လူ့အခွင့်အရေး အဖွဲ့များ၊ NUG တောင်ကိုရီးယား ကိုယ်စားလှယ်၊ မြန်မာအသိုင်းအဝိုင်းတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

You may also like these stories:

ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

ပြည်ပမှ လုပ်ခလစာငွေ ပြန်လွှဲရေး စစ်ကောင်စီသတ်မှတ်ချက် အခက်အခဲရှိ ဟုဆို

Your Thoughts …
Tags: တောင်ကိုရီးယားနိုင်ငံကူးလက်မှတ်မစ္စတာ တွန်အန်ဒရူးစ်ရွှေ့ပြောင်းလုပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
10k

"သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်" ဟု ဒေါ်ဓားစန်းရီက ပြောသည်။

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

by ဧရာဝတီ
9 July 2025
9k

အကြောင်းက ၎င်းတို့နှစ်ဦး ပြီးခဲ့သည့် ဧပြီ ၃ ရက်က ဘန်ကောက်သို့ BIMSTEC အစည်းအဝေး လာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန်ပြင်နေချိန် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် အမှု ၇ မှုဖြင့် တရားစွဲခံရသောကြောင့်ဖြစ်သည်။

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

by ဧရာဝတီ
19 July 2025
7.6k

တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးတွင် ငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံအတွင်း လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့သူ သံရုံးဝန်ထမ်း မနှင်းဦးလှိုင်ကို နေပြည်တော်၌ ဖမ်းဆီးထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

by Bertil Lintner
22 April 2023
22.1k

ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် သူ့လူများသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့အဖွဲ့၏ အရက်စက်ဆုံး ထောက်လှမ်းရေးများကို အင်ပြည့်အားပြည့် အသုံးချတော့သည်။

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

Next Post
ရက္ခိုင့် တပ်တော် (AA)၏ လက်မောင်းတံဆိပ် / ဧရာဝတီ

ရခိုင် စစ်မျက်နှာ ရီဗျူး ၁

APK မှ လုပ်သားများအတွက် MWRN နှင့် ထိုင်းနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့တို့ လာရောက်ညှိနှိုင်းပေးစဉ်  / MWRN

ထိုင်းအလုပ်ရှင်က ပတ်စ်ပို့များ ပြန်ပေးရန် ကတိပြုသော်လည်း အလုပ်သမားများ စိုးရိမ်နေဆဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved