• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

by ဧရာဝတီ
11 October 2023
in ဆောင်းပါး
A A
မြောက်ကိုရီးယား လုပ်ကြံရေးသမားကို ဖမ်းဆီးခဲ့သည့် အမေ့ခံ ဒေါ်ဓားစန်းရီ

ဂုဏ်ပြုလက်မှတ်များနှင့် ဒေါ်ဓားစန်းရီကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်က တွေ့ရစဉ် / AFP

10k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော နှစ်ပေါင်း ၄၀ က မြန်မာအမျိုးသမီး စားပွဲထိုး ဒေါ်ဓားစန်းရီသည် ရန်ကုန်မြစ်ကို ဖြတ်သန်းနေစဉ် မြစ်အတွင်း လက်ပစ်ဗုံးကိုင်ထားသည့် မြောက်ကိုရီးယား ထောက်လှမ်းရေးတဦးကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ အစောပိုင်းက ပြုံယမ်းမှ လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်နေသော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်ကို လုပ်ကြံသတ်ဖြတ်ရန် ဗုံးများဖောက်ခွဲခဲ့သောကြောင့် ရန်ကုန်မြို့တော်၏ ငြိမ်းချမ်းမှုကို တစစီ ဖြိုခွဲလိုက်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို မြှုပ်နှံထားသည့် အာဇာနည်ဗိမာန်ကို ဖောက်ခွဲလိုက်သောအခါ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ကိုရီးယား အရာရှိ ၁၇ ဦးနှင့် မြန်မာနိုင်ငံသား လေးဦး သေဆုံးသည်။

သို့သော် သမ္မတ ချန်ဒူးဝမ် ကိုယ်တိုင်မှာ ထိုမတိုင်မီ အစည်းအဝေးကြောင့် နှောင့်နှေးနေပြီး ဗုံးပေါက်ကွဲသည့် နေရာတွင် မရှိပေ။

ဗုံးဖေါက်ခွဲသူများသည် ထိုနေရာမှ ထွက်ပြေးကြပြီး ရန်ကုန်တွင် ဖရိုဖရဲဖြစ်နေသည်။

ယခုအခါ အသက် ၈၇ နှစ်ရှိပြီဖြစ်သော အဘွား ဒေါ်ဓားစန်းရီက ထိုဖြစ်စဉ်မှ သူ၏အခန်းကဏ္ဍကို ရန်ကုန်မြို့စွန်ရှိ သူ၏နေအိမ်တွင် ဆေးပေါ့လိပ်ဖွာရင်း AFP သတင်းဌာနသို့ ပြန်လည်ပြောပြသည်။

“အာဇာနည်ကုန်းမှာ နိုင်ငံခြားသားတွေက ဗုံးဖောက်ခွဲတာ ကျမ သိရတယ်” ဟု ၎င်းက ပြောသည်။

ပုဇွန်တောင်ချောင်းဘေးရှိ သူ၏ စားသောက်ဆိုင်မှ ဖောက်သည်များလည်း သိပ်များများစားစား မသိကြောင်း ဒေါ်ဓားစန်းရီက ပြောသည်။

“ဖောက်ခွဲတိုက်ခိုက်တဲ့လူတွေကို မိပြီလားလို့ ကျမက လူတွေကိုမေးတော့ မမိသေးဘူးလို့ သူတို့ပြောတယ်” ဟု ပြန်ပြောင်း ပြောပြသည်။

၁၉၈၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲအပြီး

“ကျမတို့က ဗုဒ္ဓဘာသာမြန်မာတွေဖြစ်ပြီး နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်လို့ ဖောက်ခွဲရေး သမားတွေကို မိမယ်လို့ ကျမ ပြောလိုက်တယ်” ဟု ပြောခဲ့ကြောင်းလည်း သူက ရှင်းပြသည်။

သို့သော် ထိုသို့ဖမ်းဆီးရသူမှာ သူကိုယ်တိုင်ဖြစ်မည်ကို သူ မသိပေ။

Are you my friend?

ဒေါ်ဓားစန်းရီသည် ညနေခင်းရောက်သောအခါ သူ၏အလုပ်ချိန် ပြီးဆုံးပြီးနောက် အိမ်ပြန်ချိန်တွင် ရန်ကုန်သည် လှုပ်လှုပ်ရှားရှားဖြစ်နေပြီး ဖောက်ခွဲမှု ကျူးလွန်သူများကို ဆက်လက် ရှာဖွေနေသည်။

မြစ်ထဲတွင် သူခိုးတယောက် ရှိနေသည့်ဆိုသည့် အော်သံကို သူ ရုတ်တရက် ကြားလိုက်ရသည်။ အလျင်အမြန် ပြေးထွက်လိုက်သောအခါ မြစ်ကမ်းဘေးတွင် လူ ၁၀၀ ခန့်ရှိသော လူအုပ်ကို တွေ့ရသည်။

ဒေါ်ဓားစန်းရီသည် ညနေခင်းရောက်သောအခါ သူ၏အလုပ်ချိန် ပြီးဆုံးပြီးနောက် အိမ်ပြန်ချိန်တွင် ရန်ကုန်သည် လှုပ်လှုပ်ရှားရှားဖြစ်နေပြီး ဖောက်ခွဲမှု ကျူးလွန်သူများကို ဆက်လက် ရှာဖွေနေသည်။

အိမ်နေရင်းဝတ်စုံကို အနည်းငယ် မတင်လိုက်ပြီး မြစ်အတွင်းမှ လူသည် မည်သူဖြစ်သည်ကို မသိဘဲ မြစ်ထဲသို့ ဆင်းလိုက်သည်။

“အဲဒီလူက ခါးလောက်နက်တဲ့ ရေထဲမှာ ရပ်နေတာ။ ဒီကိုလာ၊ ဒီကိုလာလို့ ကျမ လှမ်းခေါ်လိုက်တယ်” ဟု ဒေါ်ဓားစန်းရီက ပြောသည်။

“သူက ကျမကို ကြည့်နေတယ်။ သူမြန်မာလို နားမလည်ဘူးဆိုတာ ကျမ သဘောပေါက်လိုက်တယ်။ အင်္ဂလိပ်တွေကို နောက်ပြောင်လေ့ရှိတဲ့ စကားတခုကို ကျမ သတိရလိုက်တယ်” ဟု သူကပြောသည်။

“မင်းက မိတ်ဆွေလား (Are you my friend?) လို့ ကျမ သူ့ကို မေးလိုက်တယ်” ဟု ဒေါ်ဓားစန်းရီက ပြောပြသည်။

အဝိုင်းခံထားရသောကြောင့် ညှာတာမှု လိုချင်နေသည့် ထိုသူက “ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းက တရုတ်လား” ဟု ပြောသည်။

ထို့နောက် ထိုသူက သူ့ကို လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်ဟု အမှတ်ရချက်များကို ပြန်ပြောပြသည်။

သို့သော် လူအုပ်အတွင်းမှ လူ သုံးဦးက ဒေါ်စန်းရီကို ကူညီရန် ရောက်လာသောအခါ ထိုသူက ပြန်လည် တိုက်ခိုက်ပြီး ဒေါ်ဓားစန်းရီနှင့် အခြားသူများကို တွန်းထုတ်ကာ ဗောတံတားတခုအနီးသို့ ထွက်ပြေးသည်။

ထို့နောက် သူသည် လက်ပစ်ဗုံးတခုကို ထုတ်ယူပြီး ခလုတ်ကို ဆွဲဖြုတ်လိုက်သော်လည်း ထိုဗုံးသည် ကောင်းကောင်း ပေါက်ကွဲခြင်း မရှိပေ။

“သူ့ရဲ့ ဘယ်လက် ပြတ်သွားတယ်။ ညာဘက်လက်မှာ လက်ချောင်း လေးချောင်းပြတ်ပြီး လက်မပဲ ကျန်တော့တယ်” ဟု ဒေါ်ဓားစန်းရီက ပြောသည်။

“ပြီးတော့ သူက ရေထဲကို ပြန်ခုန်ချတော့ ကျမလည်း ရေထဲခုန်ချလိုက်ပြီး သူရေပေါ် ပြန်ပေါ်လာတော့ သူ့ဂုတ်ကို ရိုက်လိုက်တယ်” ဟု ဆက်ပြောသည်။

အမှုအပြီး ကြိုးပေးကွပ်မျက်

ထိုထောက်လှမ်းရေး ကင်မ် ဂျင်ဆုသည် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ဝင် သုံးဦးအနက် တဦးဖြစ်သည်။

ဒေါ်ဓားစန်းရီ၏ ကျေးဇူးကြောင့် သူ့ကို အာဏာပိုင်များ ဖမ်းမိသည်။ သူသည် စစ်ဆေးမေးမြန်းသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အမှုစစ်ဆေးပြီးသောအခါ ကြိုးပေး ကွပ်မျက် ခံရသည်။

ဒေါ်ဓားစန်းရီ၏ ကျေးဇူးကြောင့် သူ့ကို အာဏာပိုင်များ ဖမ်းမိသည်။ သူသည် စစ်ဆေးမေးမြန်းသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အမှုစစ်ဆေးပြီးသောအခါ ကြိုးပေး ကွပ်မျက် ခံရသည်။

အခြား လုပ်ကြံသတ်ဖြတ်ရေးသမား နှစ်ဦးဖြစ်သော ရှင်ကီချူးနှင့် ကင်မင်ချူးတို့ကိုလည်း လုံခြုံရေး တပ်များက ရန်ကုန်မြို့ပြင်တွင် ခြေရာခံမိသွားသည်။

ရှင်ကီချူးသည် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားသော်လည်း ကင်မင်ချူးကို အရှင်ဖမ်းမိကာ ဝန်ခံသောကြောင့် ထောင်တသက်တကျွန်း ချခံရသည်။

သူသည် ထောင်တွင်းတွင် ၂၅ နှစ်နီးပါး နေထိုင်ပြီးနောက် သေဆုံးသွားသည်။

အာဇာနည်ဗိမာန် ဗုံးခွဲမှုသည် မြောက်ကိုရီးယားနှင့် ပတ်သက်နေကြောင်း အလွန်ခိုင်မာသည့် အထောက်အထား ရှိသည်ဟု အမေရိကန် ဗဟိုထောက်လှမ်းရေး (CIA) အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။

မြောက်ကိုရီးယား ထောက်လှမ်းရေးများသည့် ၁၉၇၀ ပြည့်နှစ်က သမ္မတ ပတ်ချုံဟီးကို ဆိုးလ်မြို့ပြင်မှ သင်္ချိုင်းတခုတွင် လုပ်ကြံရန် အလားတူ ရေဒီယိုလှိုင်းဖြင့် ဖောက်ခွဲသည့် ကိရိယာကို အသုံးပြုခဲ့သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြုံယမ်းမှ ကိုယ်စားလှယ် အဖွဲ့တဖွဲ့သည်လည်း ထိုဖြစ်ရပ်မတိုင်မီ နှစ်လခန့်က အာဇာနည်ဗိမာန်သို့ လာရောက်ခဲ့သည်။ ထိုသို့ လာရောက်ခြင်းသည် မြေပြင် အခြေအနေကို လေ့လာရန်နှင့် ကြိုတင်ကြံစည်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

၂၀၁၈ ခုနှစ် အာဇာနည်နေ့တွင် အရပ်သားပြည်သူများ အာဇာနည်ကုန်းသို့ လာရောက် အလေးပြုကြစဉ် / ဧရာဝတီ

ထိုဖြစ်ရပ်မတိုင်မီ နှစ်ပတ်က အကူအညီပေးရေး ပစ္စည်းများ လာရောက်ပေးပို့သည့် မြောက်ကိုရီးယား သင်္ဘောတစီး ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခြင်းသည် ထိုလုပ်ကြံသတ်ဖြတ်ရေးသမားများကို လာရောက် ပို့ဆောင်ခြင်း ဖြစ်နိုင်သည်။

ထိုတိုက်ခိုက်မှုသည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ၏ ညွှန်ကြားချက်ဖြင့် အဖျက်အမှောင့် လုပ်ခြင်းဖြစ်သည်ဟု မြန်မာတရားရုံးတခုက ဆုံးဖြတ်သည်။

ထိုစဉ်က အစိုးရသည် မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ပြီး နောင်နှစ်ပေါင်း ၂၀ အထိ ပြန်လည် ဆက်သွယ်ခြင်း မရှိပေ။

အမေ့ခံ

ဗုံးဖောက်ခွဲမှုအပြီး မကြာမီ ဒေါ်ဓားစန်းရီနှင့် သူ့ကို ကူညီသူ သုံးဦးကို အစိုးရက အခမ်းအနားတခုဖြင့် ဂုဏ်ပြုပြီး ဆုကြေးအဖြစ် အဝတ်အစားနှင့် ငွေပေးသည်။

“အဲဒီနောက်ပိုင်း သူတို့ ကျမကို လာမတွေ့တော့ဘူး” ဟု ဟောင်းနွမ်းကြေမွနေသည့် ဂုဏ်ပြုလက်မှတ်ကို ပြသရင်း ပြောသည်။ ထိုလက်မှတ်သည် ထိုစဉ်က ဖြစ်ရပ်နှင့် ပတ်သက်ပြီး သူတွင်ရှိသည့် တခုတည်းသော အထောက်အထား ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက အာဏာရှင် ခြေကုပ်စခန်းများအဖြစ် သတ်မှတ်ခံရသည့် ၂၀၀၇ ခုနှစ်တွင် မြန်မာနှင့် မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်သည်။ နှစ်နိုင်ငံလုံးသည် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများ ခံရသည်။

လက်ရှိ စစ်ကောင်စီခေတ်တွင် လွတ်လပ်ရေး သူရဲကောင်းများကို လာရောက် အလေးပြုသည့် သံတမန်များမှာအပ အခြားသူများအတွက် အာဇာနည်ဗိမာန်ကို လုံးဝနီးပါး ပိတ်ထားသည်။

ဒေါ်ဓားစန်းရီသည် ရန်ကုန်တွင် ထင်ရှားကျော်ကြားသူတဦးဖြစ်ပြီး မြန်မာမီဒီယာတွင် မှတ်တမ်းရုပ်ရှင် အများအပြားနှင့် ဆောင်းပါးများတွင် ဖော်ပြခံရသည်။

ဒေါ်ဓားစန်းရီသည် ရန်ကုန်တွင် ထင်ရှားကျော်ကြားသူတဦးဖြစ်ပြီး မြန်မာမီဒီယာတွင် မှတ်တမ်းရုပ်ရှင် အများအပြားနှင့် ဆောင်းပါးများတွင် ဖော်ပြခံရသည်။

မိသားစုဝင်အများစု ကွယ်လွန်ပြီး အခြားအထောက်အပံ့ မရသောကြောင့် အိမ်နီးချင်း ပတ်ဝင်ကျင်မှ ကူညီထောက်ပံ့ငွေဖြင့် ဘဝဆက်နေရပြီး တနေ့ ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ (၁၅ မှ ၁၉ ဒေါ်လာ) အထိ ရသည်။

ထိုနေ့က မြစ်အတွင်းတွင် သူစွန့်စားခဲ့ခြင်းအတွက် မည်သည့်အခါကမှ နောင်တ မရပေ။

“ကျမက ကျမတို့ နိုင်ငံအတွက် သူ့ကို ဖမ်းဖို့ ကြိုးစားတာ။ ဗိုလ်ချုပ်အောင်ဆန်းက တခါက လုပ်ကြံသတ်ဖြတ်ခံရတယ်။ ဒီအာဇာနည်ဗိမာန်ကို ထပ်မံ ဖျက်ဆီးခံရတယ်။ ဒါကြောင့် သူ့ကိုဖမ်းဖို့ မြစ်ထဲဆင်းလိုက်တာ” ဟု ဒေါ်ဓားစန်းရီက ပြောသည်။

“ကျမတို့နိုင်ငံကို လာစော်ကားတာ ခွင့်မပြုနိုင်ဘူး” ဟု ဒေါ်ဓားစန်းရီက ပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
301
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
120
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.6k

(AFP ၏ The Burmese barmaid who nabbed a North Korean assassin ကို ဘာသာပြန်သည်။)

You may also like these stories:

အာဇာနည်နေ့ကို စစ်ခေါင်းဆောင်က မည်သည့်အတွက် အလေးမထားသနည်း

အာဇာနည်ကုန်း ဗုံးကွဲမှု အောက်မေ့ဖွယ် အထိမ်းအမှတ် ထားရှိမည်

မြောက်ကိုရီးယားနှင့် မြန်မာ စစ်ဘက်ဆက်ဆံရေး ဆက်ရှိဆဲလား

အာဇာနည်ကုန်း ဗုံးကွဲမှု အထိမ်းအမှတ် ဆောက်လုပ်ရန် စီစဉ်

ကင်ဂျုံအီးလ် အလွန် မြန်မာ- မြောက်ကိုရီးယား ဆက်ဆံရေး

Your Thoughts …
Tags: CIAချန်ဒူးဝမ်တောင်ကိုရီးယားဒေါ်ဓားစန်းရီမြောက်ကိုရီးယားလုပ်ကြံသတ်ဖြတ်မှုသံတမန်ဆက်ဆံရေးအရေးယူပိတ်ဆို့မှုအာဇာနည်ဗိမာန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး

by ဧရာဝတီ
13 June 2024
27.6k

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများက စစ်ကောင်စီတပ်များကို အလစ်အငိုက် တိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ရန်ကုန်တွင် အကြမ်းဖက်သမားများကို ဂရုစိုက်ရန် မင်းအောင်လှိုင်က သူ့လူများကို ‌ပြောသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

Next Post
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၁)

စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း

စွမ်းအင်အကျပ်အတည်း ကြုံနေရသော စစ်ကောင်စီ ရုရှားသွား အကူအညီတောင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved