• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း MoU လုပ်သား ၁၈၀ ကျော် လစာအပြည့် မရ၍ တောင်းဆိုရာမှ အလုပ်ထုတ်ခံရ

by ဧရာဝတီ
14 November 2022
in သတင်း
A A
ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံ

ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံ

20.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံတခုတွင် နှစ်နိုင်ငံ သဘောတူစာချုပ် စနစ် (MoU) ဖြင့် အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၈၀ ကျော် လုပ်ခလစာ အပြည့်ဝရရှိရန် တောင်းဆိုရာမှ အလုပ် ထုတ်ခံခဲ့ရ ကြောင်း အလုပ်သမားများက ဧရာဝတီကို ပြောသည်။

အဆိုပါ စက်ရုံတွင် အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သား ၁၈၀ မှာ လုပ်ခလစာအပြည့် မရသည်မှာ ၃ လ ရှိပြီဖြစ်၍ လုပ်ခလစာ အပြည့် ရှင်းပေးရန် တောင်းဆိုခဲ့ကြသော်လည်း မရှင်းပေးသည့်အပြင် အလုပ်မှ ထုတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ် ထုတ်ခံရသည့် အလုပ်သမားတဦးက “တလကို၂၆ ရက် အလုပ်ဆင်းရမှာ။ ဒါပေမယ့် တဦးကို ၁၇ ရက်၊ ၁၈ ရက်၊ အလွန်ဆုံးမှ၂၀ ရက်ထိပဲ ဆင်းရတယ်။ ကျန်တဲ့ မဆင်းရတဲ့ ရက်တွေကို ငွေရှင်းမပေးဘူး။ အဲဒါနဲ့ ကျနော်တို့က အလုပ် ၁ ရက် နားပြီးတော့ လုပ်ခလစာ ပေးဖို့ တောင်းဆိုတယ်။ အဲဒီမှာ အေဂျင်စီက ပုံမှန် အလုပ်ဆင်းပါလို့ ပြော လာတော့ ကျနော်တို့ ဆင်းပေးတယ်။ ၁ ရက်နဲ့ ၁ ည အလုပ်ဆင်းပြီးတော့ ကျနော်တို့ကို အလုပ်ထုတ်ပါတယ် ဆိုပြီး ပြောလာတော့တာပဲ” ဟု ပြောသည်။

၎င်းတို့မှာ စက်ရုံတွင် တနေ့လျှင်လုပ်အားခ ဘတ် ၃၅၄ (မြန်မာငွေ၂ သောင်း ၈ ထောင်) နှုန်းဖြင့် တလလျှင် ဘတ် ၁ သောင်းကျော်အပြင် အချိန်ပိုကြေးများပါ ရရန်ရှိနေသော်လည်း ဘတ် ၁ သောင်း အပြည့်ပင် မပေးတော့ကြောင်း အလုပ်သမားများက ပြောဆိုကြသည်။

ယင်းအလုပ်သမားများအနေဖြင့် နစ်နာမှုများကို အမျိုးမျိုးတောင်းဆိုခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လျစ်လျူရှုခဲ့သည့် အတွက် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က အလုပ် ၁ ရက် မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အဆိုပါနေ့တွင် အလုပ်ရှင်ဘက်မှ နိုဝင်ဘာလ ၁၂ ရက်တွင် လုပ်ခလစာများကို ရှင်းပေးမည်ဟု ပြောခဲ့ပြီးနောက်တွင် နိုဝင်ဘာလ ၁၁ ရက်တွင် အလုပ် ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကတ်ထူစက္ကူအမှုန့်ကြိတ်စက်ရုံသို့ MoU စနစ်ဖြင့် Ruby Dawai အေဂျင်စီမှ အလုပ် သမား ၁၅၀ ကို ပြီးခဲ့သည့် ဇူလိုင်လက ပို့ပေးခဲ့ခြင်းဖြစ်ပြီး ဖြူမေတ္တာအေဂျင်စီမှလည်း အလုပ်သမား ၃၀ ဦးတို့ကို ဩဂုတ် လအတွင်းက ပို့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

MoU စနစ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပါက အဆိုပါ အလုပ်သမားများ အခြား အလုပ် မရရှိခင်အချိန်အတွင်း လုပ်ခလစာ၏ ၇၅ ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်မှ ပေးရမည်ဟု ထိုင်းဥပဒေတွင် ပါရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံက သိရသည်။

အလုပ်သမားများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည့် AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက “ကျနော်တို့က ၂ နိုင်ငံ သဘောတူညီမှုနဲ့ ချုပ်ထားတဲ့ စာချုပ်ဖြစ်တဲ့အတွက် လုံးဝ ဒီလို မဖြစ်သင့်ဘူး။ အခု ဖြစ်နေတဲ့ပြဿနာက ထိုင်း နိုင်ငံမှာ အလုပ်က ရှားပါးလာတယ်။ အောက်လမ်းကလာတဲ့ လူဦးရေကလည်း များထားတယ်။ တချို့ဆို MoU တွေက ကြာနေတော့ တရားမဝင် လာတဲ့လူတွေကိုပဲ ခန့်ထားပေးလိုက်တယ်။ MoU တွေလာတဲ့အခါကျတော့ လူမလိုတော့ဘဲ ပြဿနာတွေ တက်ကုန်တာပဲ။ ဒါတွေကို မြန်မာပြည်မှာ ရှိနေစဉ်ကတည်းက မပြောဘူး။ ပိုက်ဆံတွေ ယူထားပြီးသား ဖြစ်နေတော့။ ထိုင်းကို မရောက် ရောက်အောင် ခေါ်လာတယ်။ ဒီရောက်လာတော့မှာ လူတွေခွဲပြီး လိုက်ရောင်းစားနေ သလိုကို ဖြစ်နေတာ” ဟု ပြောသည်။

ထို့ပြင် အလုပ်သမားများ၏ နိုင်ငံကူး လက်မှတ်များ၊ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) များကိုလည်း အလုပ်ရှင်မှ သိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါ MoU အလုပ်သမားများ၏ ကိစ္စရပ်များတွင် တာဝန်ရှိသည့် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးများ အနေဖြင့် လျစ်လျူရှုထားပြီး သွားရောက် တိုင်ကြားသည့်အခါများတွင် ပြည်တွင်းသို့ ပြန်လည် ပို့ဆောင်ခြင်းများ ပြုလုပ်နေမှုများကို ကြားသိနေရကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ဆိုသည်။

ကိုနေလင်းသူက “အလုပ်သမား သံအရာရှိတွေကတော့ အခရာပေါ့။ သူတို့ စိစစ်မှု မရှိဘဲလို့ ထင်တယ်။ လက်လွှတ် စပယ် လက်မှတ်ထိုးလို့သာလျှင် ကျနော်တို့ နိုင်ငံသားတွေ ဒုက္ခ ပိုရောက်နေတာ။ ကျနော်တို့ အလုပ်သမားတွေ သွား တိုင်တဲ့အခါမှာ မင်းတို့ကို ပြန်ပို့လို့ရတယ် ဆိုတာမျိုးကိုပဲ ပြန်ပြောနေတာ နားနဲ့မဆန့်အောင် ပြန်ကြားနေရတယ်။ ကျနော်တို့က ဖြစ်စေချင်တာက ပူးပေါင်းပြီးတော့ လုပ်ရမှာ” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

AAC အဖွဲ့အနေဖြင့် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများနှင့် ပူးပေါင်းကာ အလုပ်ရှင်နှင့် အေဂျင်စီအများအား ထိုင်းဥပဒေအရ တရားစွဲဆိုမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။

တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ်ဖြင့် လုပ်သားခေါ်ယူမှု စတင်စဉ်ကတည်းက လုပ်ငန်းခွင်၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းရှင် အတည်တကျ ရှိရမည်ဖြစ်ပြီး လုပ်သားများအနေဖြင့်လည်း ၂ နှစ်သက်တမ်းထိ အလုပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း ပါရှိသည့်အတွက် တစုံတရာ မှားယွင်းပါက အေဂျင်စီနှင့် လုပ်ငန်းရှင်များမှ တာဝန်ယူဖြေရှင်းရမည်သာ ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ထောက်ပြပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက ဘန်ကောက်မြိုရှိ အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော် လည်းပြန်လည် ဖြေကြားခြင်း မရှိပါ။

မြန်မာနိုင်ငံမှ တခြားသောနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လုပ်သားဦးရေ ၅ သန်း ရှိသည့်အနက် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်သူဦးရေမှာ အများဆုံးဖြစ်ပြီး ၃ ဒသမ ၅ သန်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားကြသည်။

မြန်မာ-ထိုင်းနပ်စပ် မြဝတီ- မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့် ကော့သောင်း- ရနောင်း ရေလမ်းခရီးတို့မှ တဆင့် ယခုနှစ် မေလမှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်အထိ ထိုင်းနိုင်ငံအတွင်းသို့ MoU မြန်မာ လုပ်သား ၅၇,၀၅၉ ဦးတို့ကို ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် ချိတ်ဆက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

You may also like these stories :

ထိုင်းတွင် ပန်းရောင်လုပ်သားကတ်လုပ်ရာ၌ ငွေကြေး လိမ်လည်မှုများရှိနေ

ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

လုပ်ခတိုးရေး ဆန္ဒပြသည့် ခေါင်းဆောင်များ Adidas ဖိနပ်ချုပ်စက်ရုံက အလုပ်ထုတ်

Your Thoughts …
Tags: MoU လုပ်သားချွန်ဘူရီလုပ်ခလစာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

လစာအပြည့်ပေးရန် တောင်းဆိုသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄၄ ဦး အလုပ်ထုတ်ခံရ

by ဧရာဝတီ
21 July 2023
2.7k

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ရှိ ကျောက်ပြားစက်ရုံတွင် လုပ်ခလစာအပြည့်ပေးရန် တောင်းဆိုသဖြင့် မြန်မာ အလုပ်သမား ၄၄ ဦး ဇူလိုင်လ ၁၉ ရက်က အလုပ်ထုတ်ခံခဲ့ရသည်။

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

by ဧရာဝတီ
1 May 2025
1.5k

အထည်ချုပ်လုပ်ငန်းမှာ လုပ်ငန်းရှင်တွေက စက်ရုံတရုံပြီး တရုံ ဖွင့်နေတယ်။ ဒါဆိုရင် သူတို့တွေက စီးပွားကျတယ်ပြောပြီး ဘာလို့ဖွင့်လဲလို့ မေးခွန်းရှိတယ်။ အလုပ်လက်မဲ့ ဖြစ်တယ်ဆိုတာက အလုပ်ထုတ်ပစ်လိုက်တာ၊ လူ ၅၀ ထုတ်လိုက်လို့ သူတို့စက်ရုံတွေက ရပ်တန့်မသွားဘူး။

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

by ဧရာဝတီ
10 January 2024
1.1k

အလုပ်သမားများကို အချိန်ပို မခေါ် ယူနိုင်တော့သလို တချို့သော စက်ရုံအလုပ်ရုံများသည် ပြီးခဲ့သည့် နိုဝင်ဘာက စတင်သော အခြေခံလုပ်ခလစာ အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုပင် မပေးတော့ကြောင်း

ထိုင်း MoU လုပ်သားများအား လေကြောင်းဖြင့်ပို့မည်

ထိုင်း MoU လုပ်သားများအား လေကြောင်းဖြင့်ပို့မည်

by ဧရာဝတီ
25 January 2024
1k

MoU လုပ်သားများအား လေကြောင်းခရီးဖြင့် ပို့ဆောင်မည်ဆိုပါက ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဒွန်မောင်း လေဆိပ်၊ ထိုမှတဆင့် လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးပါက သက်ဆိုင်ရာလုပ်ငန်းခွင်များသို့ ပို့ဆောင်

မန္တလေး – မိုးကုတ်လမ်းပိုင်း တိုက်ပွဲများ အရပ်သား ထိခိုက်သေဆုံးမှုရှိ

ထိုင်းရောက် MoU လုပ်သား ၁၀၀ကျော် လစာ မရ၍ စားဝတ်နေရေးခက်ခဲ

by ဧရာဝတီ
3 July 2024
870

တလစာအတွက် တဦးလျှင် ဘတ်ငွေ ၁သောင်း ၆ထောင်နှုန်းဖြင့် အလုပ်သမား ၁၃၀ အတွက် ဘတ်ငွေ သိန်း ၂၀ ကျော်ရရှိရမည်ဖြစ်ကြောင်း

ထိုင်းရောက် မြန်မာလုပ်သား ၅၀၀ ခန့် လစာမရ၍ တိုင်ကြား

ထိုင်းရောက် မြန်မာလုပ်သား ၅၀၀ ခန့် လစာမရ၍ တိုင်ကြား

by ဧရာဝတီ
9 March 2024
861

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ လယောင်မြို့ရှိ Italian Thai Development Public ကုမ္ပဏီတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၅၀၀ ခန့် လုပ်အားခ တလစာ မရရှိသည့်အတွက် အမှုဖွင့်တိုင်ကြားထားကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ...

Next Post
ကိုင်းကံ၊ အင်ပင်နှင့် ယဒင် ကျေးရွာများကို လာရောက် ပစ်ခတ်သွားသည့် Mi – 35 ရဟတ်ယာဉ်  / CJ

မြောင်တွင် စစ်တပ်က အချင်းချင်း ပစ်သတ်

တပ်မတော်(လေ)၏ဖွဲ့စည်းတည်ထောင်မှု(၇၁)နှစ်ပြည့်မြောက် အခမ်းအနား

ပစ်ခတ်မှုစနစ် ချို့ယွင်းနေသည့် JF 17 တိုက်လေယာဉ်များ စစ်ကောင်စီ ဝယ်ထားမိ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved