• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

by ဧရာဝတီ
10 January 2024
in သတင်း
A A
စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

၂၀၁၇၊ ဒီဇင်ဘာလအတွင်းက တွေ့ရသည့် လှိုင်သာယာမှ အထည်ချုပ်စက်ရုံံ တရုံ၏ လုပ်ငန်းခွင် / ဧရာဝတီ

1.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံစီးပွားရေး ကျဆင်းလာခြင်း၊ လျှပ်စစ် မီးမမှန်ခြင်းနှင့် စက်သုံးဆီအလုံအလောက် ဝယ်ယူရန် အခက်အခဲများ ရှိလာ ပြီးနောက် ပြည်တွင်းစက်မှုဇုန်လုပ်ငန်းများ ပုံမှန် မလည်ပတ်နိုင်၍ အလုပ်သမားများ၏ လုပ်ခလစာဝင်ငွေများပါ ကျဆင်း လာကြောင်း စက်ရုံအလုပ်သမားများထံမှ သိရသည်။

လက်ရှိအချိန်တွင် စက်ရုံအလုပ်ရုံများသည် အမှာစာရရှိမှု လျော့နည်းခြင်းကြောင့် အလုပ်သမားများကို အချိန်ပို မခေါ် ယူနိုင်တော့သလို တချို့သော စက်ရုံအလုပ်ရုံများသည် ပြီးခဲ့သည့် နိုဝင်ဘာက စတင်သော အခြေခံလုပ်ခလစာ အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုပင် မပေးတော့ကြောင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “အခုဆိုရင် ကျနော်တို့ကို ဒေးကြေး (တရက်လုပ်ခ) ကို အပြည့် မပေးတော့ဘဲ ကျပ် ၃၀၀၀ ပဲ ပေးတယ်။ အဲဒီတော့ အလုပ်သမားတွေက အဝင်အထွက်တွေ အရမ်း များနေတယ်” ဟု ပြောဆိုသည်။

ယခင်က အလုပ်သမားများသည် နေ့စဉ် အလုပ်အချိန်ပို ၂ နာရီအထိ အလုပ်ဆင်းရပြီး အချိန်ပိုကြေးများ ရခဲ့သော်လည်း ယခုတွင်မူ အချိန်ပို လုံးဝမပေးတော့သည့် စက်ရုံများရှိလာသလို တချို့သော စက်ရုံများမှာ တလလုံး၌ သီတင်းပတ် ၁ ပတ်ခန့်သာ အချိန်ပို ခေါ်ယူတော့ကြောင်း သိရသည်။

စက်မှုဇုန်များတွင် လျှပ်စစ်မီးရရှိမှုသည် ပြီးခဲ့သော ရက်ပိုင်းများမှ တရက်လျှင် ပျမ်းမျှ ၂ နာရီခွဲဝန်းကျင်သာ ရရှိပြီး စက်သုံးဆီမှာလည်း ငွေမပေးချေနိုင်၍ ရမည့်အချိန်ထက် ကျော်လွန်သည်အထိမရသဖြင့် စက်မှုဇုန်လုပ်ငန်းတချို့မှာ အချိန်ပိုင်း ယာယီအလုပ် ရပ်နားထားရသည်များရှိလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာတနိုင်ငံလုံး၏ စက်မှုဇုန် ၆၅ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင်ရှိပြီး ဇုန်စုစုပေါင်း ၂၉ ဇုန်ရှိကာ၊ ဇုန်တခုလျှင် အလုပ် လုပ် ကိုင်နေသည့် စက်ရုံပေါင်း ရာနှင့်ချီရှိသောကြောင့် စုစုပေါင်း စက်ရုံ ထောင်နှင့်ချီရှိသဖြင့် စက်သုံးဆီ မရရှိပါက လုပ်ငန်း လည်ပတ်မှုများ ရပ်ဆိုင်းနိုင်သလို လုပ်သားများအတွက်လည်း အလုပ်အကိုင်များ ထိခိုက်လာနိုင်သည်။

အထည်ချုပ်လုပ်သား ကိုသဲမောင်က “အချိန်ပိုတွေဘာတွေ ပုံမှန်ဆင်းရတုန်းကဆိုရင် တလကို လစာက ၃ သိန်းကျော် လောက်အထိ ရကြတယ်။ အခုကျတော့ လစာက ၂ သိန်း ၄ သောင်းလောက်ပဲ ရတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဝင်ငွေကျဆင်းလာခြင်းနှင့် လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုကြားတွင် အလုပ်သမားများ၏ စားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာပြီး ပြည်ပနိုင်ငံများသို့ အလုပ်ထွက်ရန်သာ ပြင်ဆင်နေကြကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “အလုပ်သမားတွေအတွက်က အခက်အခဲတွေက အများကြီးဖြစ်နေတာ။ တကယ်ဆိုရင် အခု ပေး ထားတဲ့ ကျပ် ၅၈၀၀ ဆိုတာကလည်း လောက်မှ မလောက်တာ။ အခုချိန်က တရက်လုပ်ခလစာက ကျပ် ၁၀၀၀၀ လောက်ရမှပဲ အဆင်ပြေနိုင်မှာ” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဝန်ထမ်း ရာနှင့်ချီ အလုပ်ခန့်ထားသော အထည်ချုပ် လုပ်ငန်းအပါအဝင် လက်ခစား စနစ်ဖြင့် ချုပ်လုပ်သော (CMP) စက်ရုံ ၇ ရုံခန့် ပိတ်သိမ်းခဲ့ရပြီး ယာယီ ရပ်နားသော စက်ရုံများလည်းရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံက သိရသည်။

စက်ရုံများ ပိတ်သိမ်းရသည့် အကြောင်းအရင်းများမှာ အမှာစာ (အော်ဒါ) ရရှိမှု နည်းပါးခြင်း၊ လျှပ်စစ်မီး မရရှိခြင်း၊ စက်သုံး ဆီ ပြတ်လပ်မှု၊ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းနှင့် အလုပ်သမားပြဿနာ အစရှိသည်တို့ကြောင့်ဖြစ်ပြီး ယာယီရပ်နားထားသည့် စက်ရုံများလည်း ရှိသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
2
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
2
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
11

အလုပ်သမားအရေး ကူညီပေးနေသည့် သွေးစည်း ညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM) မှ တာဝန်ရှိသူတဦးက “ စက်ရုံတွေက ပိတ်တာတွေလည်း ရှိတယ်၊ နားမယ်လို့ ကြားတဲ့ ရုံတွေလည်း ရှိတယ်။ တရုံနဲ့ တရုံ မတူကြဘူး၊ အော်ဒါရှိ နေတာနဲ့ မရှိတာပေါ့။ တချို့စက်ရုံတွေဆိုရင် ညလုံးပေါက် အချိန်ပိုဆင်းခိုင်းလို့ မဆင်းနိုင်ကြတာတွေလည်း ရှိတယ်။ တချို့ကလည်း အော်ဒါနည်းလို့ အချိန်ပို မခေါ်နိုင်တာတွေလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် တချို့သော စက်ရုံများသည် အနည်းဆုံးလုပ်ခလစာ ထပ်တိုးငွေ ကျပ် ၁၀၀၀ ကို အလုပ်သမားများအား အပြည့်အဝ မပေးခြင်းများရှိ၍ အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားပြီး ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမှုများလည်း ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းရှိ အထည်ချုပ်အပါအဝင် လက်ခစား (CMP) လုပ်ငန်းများသည် လျှပ်စစ်မီးမမှန်ခြင်းကြောင့် လုပ်ငန်းကုန်ကျ စရိတ် ပိုမိုမြင့်တက်လာနေသလို အဆိုပါအကြောင်းအရင်းများကြောင့် လုပ်ငန်းများ ယာယီရပ်နားခြင်းနှင့် ပိတ်သိမ်း သည့်စက်ရုံအရေအတွက်လည်း များလာပြီး ပြည်တွင်း အလုပ်လက်မဲ့လူဦးရေသည် ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။ ။

You may also like these stories:

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

မြန်မာ့အထည်ချုပ်လုပ်ငန်းများ ရှေ့ရေး မသေချာ

အပိုကြေး ကျပ် ၁၀၀၀ တိုးသော်လည်း စက်ရုံဝန်ထမ်းများအတွက် အပြောင်းအလဲမဖြစ်

Your Thoughts …
Tags: စက်မှုဇုန်လုပ်ခလစာအထည်ချုပ်အလုပ်သမား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

ပြည်ပထွက်ခွင့်ပိတ်လိုက်ရာ အလုပ်သမား သောင်းနှင့်ချီ ပိတ်မိ

by ယုဖြူဟန်
8 March 2025
7.3k

ပြည်ပထွက်ခွာမည့် အလုပ်သမားများသာမက ပြည်ပမှ ခွင့်ပြန်အလုပ်သမားများပါ ပြန်လည်ထွက်ခွာခွင့်မရ ဘဲ ပိတ်မိနေကြောင်း

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

အခွန်ထောက်ခံချက် မပါရင် Passport သက်တမ်း တိုးမပေးဟုဆို

by ဧရာဝတီ
18 October 2023
6.6k

အခွန်ကင်းရှင်းကြောင်း အထောက်အထားမပြနိုင်ပါက သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း၊ ပြည်ပတွင် သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာသံရုံးများတွင် အခွန်တခါတည်းဆောင်ကာ သက်တမ်းတိုးနိုင်မည်

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်မှု ပြန်ဖြေလျှော့

by ဧရာဝတီ
7 May 2024
5.9k

ပြည်ပထွက် အလုပ် လုပ်ခွင့်ကန့်သတ်ချက်ကို ပြန်လည်ဖြေလျှော့ခဲ့သော်လည်း အသက် ၂၃ နှစ်မှ ၃၁ နှစ်အတွင်း အမျိုးသားများ၏ အလုပ်ခေါ်စာ (Demand Letter) များကို လက်ခံခြင်းမရှိသေးကြောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

Honeys စက်ရုံမှ အလုပ်ထုတ်ခံရသူများ နစ်နာကြေး သိန်း ၈သောင်းကျော်တောင်း

by ဧရာဝတီ
24 February 2025
5.1k

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံအား ၇ နှစ်ကျော်ကြာ နစ်နာကြေးအဖြစ် ငွေကျပ်သိန်းပေါင်း ၈ သောင်းကျော်ပေးရန် နစ်နာသူအလုပ်သမားများနှင့် အလုပ်သမားရေးဆောင်ရွက်သူများက တောင်းဆိုထားကြောင်း

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

ထိုင်းသို့ လုပ်သားစေလွှတ်မှု ရပ်သည့် နှုတ်မိန့်ကြောင့် ဆုံးရှုံးနစ်နာမှုများဖြစ်

by ဧရာဝတီ
14 February 2025
4k

မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီမှုစာချုပ်(MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုအား ယနေ့မှစပြီး စစ်ကောင်စီက ယာယီဆိုင်းငံ့လိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရသည်။

Next Post
ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

TNLA နှင့် PDF ပူးပေါင်းတပ်များ ပြင်ဦးလွင် ကျောက်မဲလေးစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ

TNLA နှင့် PDF ပူးပေါင်းတပ်များ ပြင်ဦးလွင် ကျောက်မဲလေးစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved