• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

by ဧရာဝတီ
30 September 2023
in သတင်း
A A
ရန်ကုန်တွင် မီးပျက်မှု နှစ်ဆပိုဆိုးလာ

ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တောက်နေသည့်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များနှင့် စက်မှုဇုန်များတွင် ပြီးခဲ့သည့် ဩဂုတ်လလယ်မှစတင်ပြီး လျှပ်စစ်မီးပြတ်တောက် မှု နှစ်ဆပိုဆိုးလာနေကြောင်း မြို့နေပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ယခင် တရက်လျှင် ၄ နာရီခြားတခါ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်သော်လည်း ယခုအခါ ပြတ်တောက် ချိန် ၈ နာရီခန့်ထိ ကြာမြင့်လာသလို စက်မှုဇုန်များ၌လည်း တရက်လျှင် ၆ နာရီ ပေးရာမှ လက်ရှိ ၄ နာရီသာ ရရှိတော့ ကြောင်း၊ မီးလာချိန်တွင်လည်း ပျက်လိုက်လာလိုက် ဖြစ်နေကြောင်း သိရသည်။

ထိုသို့သောအခြေအနေများကြောင့် မြို့နေလူထုအတွက် လူမှုဘဝအခက်အခဲများ ကြုံနေရသလို ကုန်ထုတ်လုပ်ငန်း များတွင်လည်း နှောင့်နှေးကြန့်ကြာခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ ကုန်ကျစရိတ်များတိုးလာခြင်း စသည့် အခက်အခဲ များဖြင့် ရင်ဆိုင်နေရကြောင်း မြို့ခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ရန်ကုန်မြို့နေ ပြည်သူတဦးက “မီးက အခုရက်ပိုင်း ခဏခဏပျက်တယ်။ ညကဆို တညလုံးပျက်တာ။ လာတဲ့အချိန် မှာလည်း ပြန်ပျက်သွားတာမျိုးတွေ ဖြစ်တယ်။ မီးမမှန်တာက မြို့နယ်တခုနဲ့တခုတော့ မတူဘူး” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ မီးပျက်မှုပိုဆိုးလာရခြင်းမှာ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့သွားခြင်း၊ စွမ်းအင်နှင့် လည်ပတ်နေရသည့်စက်ရုံများ ရပ်ဆိုင်းသွားခြင်း၊ လျှပ်စစ်ဓာတ်အား သယ်ယူပို့ဆောင်ဖြန့်ဖြူးသည့်နေရာများတွင် ဓာတ်တိုင်များလဲပြိုခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက “စက်မှုဇုန်တွေမှာဆိုရင် ကျနော်တို့ တနေကုန်မှ ၄ နာရီလောက်ပဲရတယ်။ မီးပျက်တော့ ဒီဇယ်နဲ့လည်ပတ်ရတယ်။ အဲဒီတော့ ကုန်ကျစရိတ်တွေ တက်လာတယ်။ ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းတွေ တအားကြီးလာတယ်။ ကျနော်တို့ အလုပ်လုပ်တဲ့ ကုန်ထုတ်လုပ်မှုတွေ ထိခိုက်တယ်။ ကုန်ပစ္စည်းဈေးနှုန်းတွေ ကြီးမြင့် လာတယ်။ ဒီဇယ်ကျတော့လည်း အကန့်အသတ်နဲ့ပဲ ဝယ်ယူလို့ရနိုင်တယ်။ တော်တော်များများက အဆင်မပြေဘူး” ဟု ဧရာဝတီကို ပြောသည်။

မီးပျက်သည့်အခါ သက်ဆိုင်ရာမြို့နယ်တချို့၏ လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းများက ဓာတ်အားလိုင်း အရေးပေါ်ဝန်အားထိန်းညှိခြင်း၊ အရေးပေါ်ဝန်အားလျှော့ချခြင်း စသည်တို့ကြောင့် ယာယီဓာတ်အားပြတ်တောက်မည် ဟုသာ လူမှုကွန်ရက်၌ ထုတ်ပြန်ပေးလေ့ရှိပြီး အချိန်မည်မျှကြာမြင့်မည်ဟူ၍ ဖော်ပြထားခြင်းမရှိပေ။

ရန်ကုန်မြို့ လျှပ်စစ်မီးပြတ်တောက်နေသည့်မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)

စက်မှုဇုန်ရှိ စားသောက်ကုန် ထုတ်လုပ်နေသူတဦးက “မီးက လာလဲခဏပဲ။ နာရီဝက်လောက်ပေးလိုက် ပြန်ပျက်လိုက် ဆိုတော့ ကျနော်တို့ထုတ်လုပ်မှုက အဆင်မပြေဘူး။ ၆ နာရီပေးမှာလား၊ ၄ နာရီပေးမှာလား တောက်လျှောက်ပေးပေါ့။ ဘာဖြစ်လာလဲဆို သုံးစွဲနေတဲ့စက်တွေပျက်စီးတာ၊ မီးအားအတက်အကျကြောင့် မော်တာလောင်တာတွေဖြစ်ပြီး ဆုံးရှုံး ရတာပေါ့” ဟု ပြောသည်။

အကျိုးဆက်အားဖြင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ဈေးနှုန်းချပေးရန် စစ်ကောင်စီက ခေါ်ယူသတိပေး ခြင်းများ ပြုလုပ်သော်လည်း လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် လျှပ်စစ်မီးအခက်အခဲကိုမူ ဖြေရှင်းပေးမှုမရှိကြောင်း ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းမှစတင်၍ လျှပ်စစ်ဓာတ်အားကဏ္ဍ ကျဆင်း လာပြီး နိုင်ငံတဝန်းမှ စက်မှုဇုန်များသည် ဓာတ်အားမလုံလောက်ခြင်းနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းများကို ကြုံတွေ့နေရကြောင်း စက်တင်ဘာ ၅ ရက်၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် “အမှောင်ထုမှ မြန်မာ့စွမ်းအင် ကဏ္ဍ စိန်ခေါ်မှုများ In The Dark: Power Sector Challenges in Myanmar” အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာန အကြံပေးဟောင်း ဂီးယိုမာ ဒေ လန်ဂျရေ (Guillaume de Langre) က “မြန်မာမှာ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်း ထုတ်ဖို့သုံးတဲ့လောင်စာက ကုန်ခမ်းတော့မယ်။ ဒါကို အစားမထိုးဘူး။ ဒါကြောင့် ဒီနေ့ ကျနော်တို့ မေးရမယ့်မေးခွန်းက ဓာတ်အားထုတ်လုပ်မှု ထက်ဝက်ပျောက်ကွယ်သွားရင် မြန်မာက စီးပွားရေးတခုအနေနဲ့ ဘယ်လို လည်ပတ်မလဲဆိုတာပဲ ဖြစ်တယ်” ဟု Insight Myanmar အမည်ရှိ Podcast တခု တွင် မကြာသေးမီက ပြောဆိုထားသည်။

ပြည်တွင်းရှိ စီးပွားလုပ်ငန်းရှင်များကလည်း စစ်ကောင်စီအနေဖြင့် လျှပ်စစ်မီးရရှိရန် နည်းလမ်းပေါင်းစုံသုံးပြီး ဖြေရှင်း ရန်လိုအပ်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လက စက်မှုဇုန်များအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ လျှပ်စစ်မီးပုံမှန်မရ၍ မီးစက်အသုံးပြု လည် ပတ်နေရသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ဓာတ်အားခကို တယူနစ်လျှင် ကျပ် ၄၀၀ မှ ၅၀၀ ကျပ်နှုန်း ပေးချေ၍ မီးရရှိမည်ဆိုပါက သဘောတူကြောင်း အဆိုပြုချက်များရယူလျက် အထက်အဖွဲ့အစည်းများထံ တင်ပြရမည် ဟု စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှတဆင့် ပြောဆိုထားသည်ကို လုပ်ငန်းရှင်များဘက်က လက်ခံမည်ဟု အကြောင်း ပြန်သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

You may also like these stories:

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

Your Thoughts …
Tags: စက်မှုဇုန်စီးပွားရေးလုပ်ငန်းဓာတ်အားပြတ်တောက်မှုမီးစက်မြန်မာရန်ကုန်လျှပ်စစ်မီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.2k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.7k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို မြောက်ပိုင်းမဟာမိတ် ထိန်းချုပ်

by ဧရာဝတီ
3 November 2023
15.7k

ရှမ်းပြည်နယ်မြောက်ပိုင်းကို မြေပြင်စစ်ကူဝင်နိုင်သည့် လမ်းကြောင်းများကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း “၁၀၂၇ စစ်ဆင်ရေး” ဆောင်ရွက်နေသည့် ညီနောင်မဟာမိတ်တပ်များက ဧရာဝတီသို့ ပြောသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

by မိုင်းခြိူဝ်းဇာရ်
30 October 2023
11.6k

TNLA နဲ့ MDY-PDF တို့ဟာ နောင်ချိုမြို့ပေါ် ရက်ကွက်တွေထဲ ဝင်ရောက်တာမျိုးမရှိသေးပေမယ့် မြို့ပတ်လည်လည်မှာ လှုပ်ရှားထိန်းချုပ်ထားပါတယ်။

Next Post
တုန်ခြင်း မှုန်ခြင်း သည်းခံပါ

တုန်ခြင်း မှုန်ခြင်း သည်းခံပါ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

စစ်ကောင်စီနှင့် KIA တို့ အပြန်အလှန်စစ်ဆင်နေသည့် ကချင်စစ်မျက်နှာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved