• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
in သတင်း
A A
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

စစ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ရန်ကုန် ညရှုခင်း / ဧရာဝတီ

5.1k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာ့ဓာတ်အားကဏ္ဍသည် ကျဆင်းလာကာ စစ်အုပ်ချုပ်ရေး၏ သင်္ကေတဖြစ်သည့် ကြာမြင့်သော ဓာတ်အားပြတ်တောက်မှုများသည် ပိုမိုဆိုးရွားလာဖွယ်သာရှိကြောင်း ကမ္ဘာ့ဘဏ်၏ မကြာသေးမီက အစီရင်ခံစာတစောင်နှင့် မြန်မာ လျှပ်စစ်စွမ်းအားနှင့်စွမ်းအင်ဝန်ကြီးဌာန အကြံပေးဟောင်းတဦးက ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် မြို့ကြီးများသည် ဓာတ်အားပြတ်တောက်မှုများ ရင်ဆိုင်နေရပြီး နိုင်ငံတဝန်းမှ စက်မှုဇုန်များသည် ဓာတ်အားမလုံလောက်ခြင်းနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းများကို ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ “အမှောင်ထုမှ မြန်မာစွမ်းအင်ကဏ္ဍ စိန်ခေါ်မှုများ In The Dark: Power Sector Challenges in Myanmar” က ဖော်ပြသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
148

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းပြီး ထုတ်လုပ်မှုနှင့် လိုအပ်ချက်အကြား ကွာဟမှု ကြီးမားနေသည့် တချိန်တည်းတွင် ပျက်စီးနေသည့် ဓာတ်အား အခြေခံအဆောက်အအုံသည် ဓာတ်အားပို့လွှတ်ရေး စနစ်တခုလုံးကို ထိခိုက်စေသည်။ ” ဓာတ်အားထုတ်လုပ်မှုနှင့် လိုအပ်ချက်အကြား ကြီးထွားနေသော ကွာဟမှုသည် နိုင်ငံတွင် မှီခိုအားထားလောက်သော လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှု ရရှိရေး အဓိက စိန်ခေါ်မှုဖြစ်သည်” ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

မြန်မာသည် ဓာတ်အားမလုံလောက်မှုကို ၂၀၁၉ ခုနှစ်တွင် ခံစားရပြီး ၃၀၀ မဂ္ဂါဝပ်ခန့်အထိ ရှိသော်လည်း အာဏာသိမ်းပြီးနောက်တွင် ထိုကွာဟာချက်သည် ပိုမိုကျယ်ပြန့်လာသည်။ ဓာတ်အား ဖြန့်ချိမှု လက်ရှိအဆင့်ကို ထိန်းသိမ်းထားရန် မြန်မာသည် ၂၀၃၀ ပြည့်နှစ်အထိ နှစ်စဉ် ၃၀၀ မှ ၄၀၀ မဂ္ဂါဝပ်အထိ ပေါင်းထည့်ပေးရန် လိုသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

နိုင်ငံဓာတ်အားလိုင်း၏ ၅၀ ရာခိုင်နှုန်းအထိကို ပြည်တွင်းထုတ် ဓာတ်ငွေ့ဖြင့် ထုတ်လုပ်နေကြောင်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဓာတ်ငွေ့ကုန်ခန်းသွားမည်ဟု မျှော်လင့်ရကြောင်း မြန်မာ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင်ဝန်ကြီးဌာန အကြံပေးဟောင်း ဂီးယိုမာ ဒေ လန်ဂျရေ (Guillaume de Langre) က Insight Myanmar အမည်ရှိ မကြာသေးမီက ပေါ့ဒ်ကက်စ် တခုတွင် ပြောသည်။

“ရှင်းရှင်းပြောခွင့်ပြုပါ” ဟု ၎င်းကပြောပြီး “မြန်မာမှာ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းထုတ်ဖို့သုံးတဲ့ လောင်စာက ကုန်ခန်းတော့မယ်။ ဒါကို အစားမထိုးဘူး။ ဒါကြောင့် ဒီနေ့ ကျနော်တို့ မေးရမယ့် မေးခွန်းက ဓာတ်အားထုတ်လုပ်မှု ထက်ဝက်ပျောက်ကွယ်သွားရင် မြန်မာက စီးပွားရေးတခုအနေနဲ့ ဘယ်လို လည်ပတ်မလဲ ဆိုတာပဲဖြစ်တယ်” ဟု ဆက်လက် ပြောကြားသည်။

ဓာတ်အားမလုံလောက်မှုသည် အလွှာစုံမှ ပြည်သူများကို ထိခိုက်နေပြီဖြစ်သည်။ ရန်ကုန်မှ ဓာတ်အား ပြတ်တောက်မှုများသည် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များတွင် ယာဉ်တန်းရှည်ကြီးများ ဖြစ်စေသည်။ ထိုအခြေအနေသည် ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုနှင့် တက္ကစီများအပေါ် တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး ခရီးသည်များအတွက် အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု မလုံမလောက် ဖြစ်စေသည်။

တဖက်တွင်လည်း ကျန်းမာရေးလုပ်သားများသည် အဓိကဆေးဝါးများနှင့် ဆေးစစ် စမ်းသပ်နမူနာများကို အအေးမပေးနိုင်တော့ပေ။ စက်မှုလုပ်ငန်း၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံအများစုသည် မီးပြတ်ချိန် လုပ်ငန်းများအတွက် ကိုယ်ပိုင် ဒီဇယ်မီးစက်များကို အသုံးပြုရသည်။ ထိုသို့ ဓာတ်အား ပြတ်တောက်မှုများသည် နိုင်ငံ၏ ပြည်ပပို့ကုန် ကဏ္ဍကို လွှမ်းမိုးထားသည့် အမြတ်နည်းသော အထည်ချုပ်လုပ်ငန်း၏ ယှဉ်ပြိုင်မှုကို ဆိုးကျိုးဖြစ်စေသည်။

စွမ်းအင်ကဏ္ဍသည် ဘဏ္ဍာရေးဆုံးရှုံးမှုများ ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ ငွေကြေးတန်ဖိုး ကျဆင်းခြင်း၊ ဓာတ်အားလိုင်း ထိန်းသိမ်းစရိတ် တိုးလာခြင်းနှင့် ဝင်ငွေကျဆင်းခြင်းတို့ အပါအဝင် ထိုကဏ္ဍ၏ ဘဏ္ဍာရေး ရေရှည်ထိန်းသိမ်းနိုင်မှုကို ထိခိုက်စေသော အကြောင်းများစွာရှိသည်။

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိမ်သုံး လျှပ်စစ်ဓာတ်အားပေးနှုန်းသည် ၅၇ ရာခိုင်နှုန်းမှ ၆၁ ရာခိုင်နှုန်းတိုးလာပြီး နှစ်စဉ်တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းသာရှိကာ ၂၀၁၇-၂၀၂၀ ကာလက တနှစ်လျှင် ပျှမ်းမျှ နှစ်စဉ် ၆ ရာခိုင်နှုန်း ရှိကြောင်းလည်း ထိုအစီရင်ခံစာက မှတ်ချက်ချသည်။

စစ်တပ်က အာဏာသိမ်းသောကြောင့် ဓာတ်အားခ ပေးချေမှုများကို တနိုင်ငံလုံး သပိတ်မှောက်စေခဲ့ပြီး မပေးချေရသေးသော လျှပ်စစ်ဓာတ်အားခသည် အချိန်နှင့်အမျှ တိုးလာခဲ့ကာ ၂၀၂၁ ခုနှစ်၊ နိုင်ဝင်ဘာလတွင် ၄၅ ရာခိုင်နှုန်းအထိ ရောက်လာသည်။

ရန်ကုန်မှ သဘာဝဓာတ်ငွေ့သုံး စက်ရုံကြီးနှစ်ခု လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ မိုးနည်းခြင်းနှင့် ရေအားလျှပ်စစ်ဆည်များတွင် ရေနိမ့်ခြင်း၊ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ မလုံလောက်ခြင်း အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နှစ်နှစ်တာကာလတွင်း ဓာတ်အားထုတ်လုပ်မှုစွမ်းရည် ၂ ဒသမ ၅ ဂီဂါဝပ် ကျဆင်းသွားသည်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပါဝင်သော ၂ ဂီဂါဝပ်ကျော်သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများ ရပ်ဆိုင်းနေသည်။

အလားအလာရှိသော လျှပ်စစ်ဓာတ်အားကဏ္ဍ ရင်းနှီးမြှုပ်နှံသူများသည် စစ်ကောင်စီကို အယုံအကြည်မရှိဘဲ အများအပြားသည် အာဏာသိမ်းပြီးနောက်တွင် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများမှ ပြန်လည် ထွက်ခွာသွားကြောင်း၊ အာဏာသိမ်းပြီးနောက် ယုံကြည်မှုတွေ ပျောက်ကုန်ကြောင်း ဂီးယိုမာ ဒေ လန်ဂျရေက ပြောသည်။

စစ်ကောင်စီသည် ရေအားလျှပ်စစ်ကို ပိုမိုအားထားရန် ကြိုးစားနေကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြသည်။ “နေ့စဉ် ဓာတ်အားဖြန့်ချိမှု အများဆုံးဖြစ်စေရန် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ၂၀၂၁ ခုနှစ်လယ်မှ စတင်ကာ ရေအားလျှပ်စစ်စက်ရုံများမှ မြှင့်တင်ပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်မှုနည်းခြင်းကို အစားထိုးရန် လုပ်ဆောင်သည်” ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။

စစ်ကောင်စီသည် မိုးရာသီတွင် ရေအားလျှပ်စစ်ဆည်များကို ပိုမိုအသုံးပြုသောကြောင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်နှင့် ဆည်ရေပေးရန် အသုံးပြုနိုင်သည့် ရေပမာဏ အကြီးအကျယ် ကျဆင်းသည်။ ၂၀၂၂ ခုနှစ် နှစ်လယ်သို့ ရောက်သောအခါ နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆည်ဖြစ်သော ရွှေလီ (၁) အပါအဝင် ရေအားလျှပ်စစ်စက်ရုံ လေးရုံကို ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန် ယာယီရပ်ထားရသောကြောင့် ထုတ်လုပ်နိုင်စွမ်း ထပ်မံလျှော့နည်းသွားသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ပြင်းထန်သော ဓာတ်အား မလုံလောက်မှုများကို ဖြစ်စေသည်ဟု ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မဟာဓာတ်အားလိုင်းကို ၂၂၉ ကြိမ် တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီ၏ စာရင်းများကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြသည်။

လက်ရှိ ဓာတ်အားပေးစက်ရုံများအနက် ၇၇ ရာခိုင်နှုန်းသည် ပဋိပက္ခကြောင့် ထိခိုက်နိုင်မှု၏ ၁၀ ကီလိုမီတာအတွင်း ရှိနေသည်။ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံကို ပဋိပက္ခနှင့် ပတ်သက်သည့် တိုက်ခိုက်မှုများသည် ၎င်းတို့၏ အထွတ်အထိပ်ကာလ၂၀၂၁ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ကျဆင်းလာသော်လည်း ဓာတ်အားလိုင်းသည် ထိခိုက်လွယ်နေဆဲ ဖြစ်သည်။

နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရန်အတွက် စစ်ကောင်စီသည် ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ယခုနှစ် ဖေဖော်ဝါရီလတွင် အခွန်ဆိုင်းငံ့ပေးသည်။ ဆိုလာ အပါအဝင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုနှင့် ဖြန့်ချိမှုအတွက် အခွန်ဆိုင်းငံ့ပေးမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ကြေညာထားသည်။

စစ်ကောင်စီက လျှပ်စစ်ဓာတ်အားကို ရင်းနှီးမြှုပ်နှံမှုအတွက် အမျိုးသား ဦးစားပေး သတ်မှတ်ကြောင်းနှင့် ထိုကဏ္ဍအတွက် မြန်မာတွင် မရနိုင်သော သွင်းကုန်ပစ္စည်းများ၊ စက်များ၊ ကိရိယာများ၊ အစိတ်အပိုင်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို အခွန်ကင်းလွတ် သို့မဟုတ် လျှော့ချပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

ဂီးယိုမာ ဒေ လန်ဂျရေက သံသယ ရှိနေဆဲဖြစ်ပြီး “စစ်ကောင်စီက စွမ်းအင်ကို မြေငှားခရနိုင်တဲ့ ရင်းမြစ်အဖြစ်နဲ့ သူ့အတွက် လက်နက်ဝယ်ဖို့နဲ့ သူ့ခရိုနီတွေ ငွေရစေဖို့ ရင်းမြစ်အဖြစ် မြင်ပေမယ့် စွမ်းအင်ကဏ္ဍ တိုးတက်အောင် ပြည်သူအများစုဘဝ တိုးတက်အောင်လုပ်ဖို့ စိတ်ဝင်စားမှု မရှိဘူးလို့ မြန်မာမှာ လျှပ်စစ်နဲ့ စွမ်းအင် တိုးတက်မှုသမိုင်းကို အခြေခံပြီး ကျနော်တို့ ကောက်ချက်ချနိုင်တယ်။ သူတို့ရဲ့ အစီအစဉ်ထဲမှာ အဲဒါ မပါဘူး” ဟု ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar has been Running Out of Power Since the Coup: World Bank ကို ဘာသာပြန်သည်။)

You may also like these stories:

လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော

တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းတာဝါ မိုင်းခွဲခံရ

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံစေရန် အခွန်ကင်းလွတ်ခွင့်ပေး၍ စစ်ကောင်စီ ဆွဲဆောင်

Your Thoughts …
Tags: ကမ္ဘာ့ဘဏ်စီးပွားရေးစွမ်းအင်ကဏ္ဍဘဏ္ဍာရေးမဟာဓာတ်အားလိုင်းရင်းနှီးမြှုပ်နှံမှုရေအားလျှပ်စစ်လောင်စာဆီလျှပ်စစ်ဓာတ်အားသဘာဝဓာတ်ငွေ့အထည်ချုပ်လုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

Next Post
NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved