ဒါလုပ်ရင် ဒါတွေဖြစ်မယ်ဆိုတာ မသိခဲ့ဘူးလား မေးချင်မိတယ်။
အာဏာသိမ်းလိုက်တာနဲ့ လူထုက ဆန့်ကျင်မယ်၊ ထုံးစံအတိုင်း အကြမ်းနည်းနဲ့ နှိမ်နင်းမယ်၊ ဒါဆို စီးပွားရေးတွေ ရပ်မယ်၊ ငွေကြေးဈေးကွက် ကမောက်ကမဖြစ်မယ်၊ နဂိုကတည်းက ယိုင်နဲ့နဲ့ မြန်မာငွေဈေး ထိုးကျမယ်၊ နိုင်ငံတကာက ပိတ်ဆို့မယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ထွက်ခွာမယ်၊ ဒေါ်လာသန်း ရာ ထောင်ချီရင်းရတဲ့ လျှပ်စစ်လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံသူတွေ မလာရဲတော့ဘူး၊ သူတို့မှ မလာရင် ဓာတ်အားပေးစက်ရုံတွေ အသစ်မတည်နိုင်ဘူး၊ မီးတွေမလောက်မင ဖြစ်မယ်၊ နိုင်ငံတကာချေးငွေတွေ ရပ်ဆိုင်းလို့ ပြည်နယ်လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းတွေ ရပ်ဆိုင်းမယ် စတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ လူတိုင်းသိတဲ့ “စာမကြိုးစားရင် စာမေးပွဲကျမယ်။ အရက်သောက် အပျော်အပါးပဲ လိုက်ပြီး အလုပ်မကြိုးစားရင် မွဲမယ်” ဆိုတဲ့ ရိုးရှင်းလှတဲ့ လော့ဂျစ်ပါ။
၈၈ တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အရေအတွက် အနည်းငယ်သာ ရှိရာက ၂၀၁၀-၂၀ မှာ အဖွဲ့ပေါင်း ရာကျော်ဖြစ်လာတယ်ဆိုတာ ဒီအလုပ်လုပ်နေသူတွေမို့ မသိတော့ မရှိလောက်ပါဘူးနော်။ လက်နက်ကိုင်အဖွဲ့ ဒီလောက်များနေတဲ့ တိုင်းပြည်မှာ အကြမ်းနည်းနဲ့ နှိမ်နင်းလိုက်ရင် လက်နက်ကိုင်တော်လှန်ကြပြီး နိုင်ငံအနှံ့ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုတာလည်း သာမန်ပညာတတ်တဲ့လူတိုင်း စဉ်းစားတတ်ကြပါတယ်။
စစ်ကောင်စီအနေနဲ့ ကိုယ့်လူတွေ လုပ်နေတဲ့ပုံကို ပြန်သုံးသပ်ကြည့်ရင်လည်း တဘက်အဖွဲ့က မရ ရတဲ့နည်းနဲ့ ပြန်တုံ့ပြန်ကြမယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရပါတယ်။ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေကို တိုက်ခိုက်လာတာက ဒီသဘောပါပဲ။ အရပ်သားအစိုးရတွေတုန်းက ဓာတ်အားလိုင်းတွေကို ဘယ်နှခါ အတိုက်ခံရဖူးလို့လဲ။
စစ်ကောင်စီအနေနဲ့ ကိုယ့်လူတွေ လုပ်နေတဲ့ပုံကို ပြန်သုံးသပ်ကြည့်ရင်လည်း တဘက်အဖွဲ့က မရ ရတဲ့နည်းနဲ့ ပြန်တုံ့ပြန်ကြမယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရပါတယ်။ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းတွေကို တိုက်ခိုက်လာတာက ဒီသဘောပါပဲ။ အရပ်သားအစိုးရတွေတုန်းက ဓာတ်အားလိုင်းတွေကို ဘယ်နှခါ အတိုက်ခံရဖူးလို့လဲ။
နောက်တခုက လောပိတစက်ရုံကြီး မီးပေးနေတာ ၁၉၆၀ ကျော်ကတည်းက။ ကရင်နီရွာလေးတွေ မီးလင်းတာ ဘယ်လောက်ကြာသေးလို့တုန်း စုံစမ်းကြည့်လိုက်ဦး။ တရားလား၊ မတရားလား ကိုယ့်ဖာသာကိုယ် စဉ်းစားကြည့်ပေါ့။
၂၀၂၅ ခုနှစ်မှာ မီးလုံလောက်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ မဟာဓာတ်အားလိုင်းနဲ့ ခွဲရုံတခု ဆောက်တာတောင် သုံးနှစ်လောက် ကြာပါတယ်။ မတည်ဆောက်ခင် ညှိရနှိုင်းရ ပြင်ဆင်ရတာတွေ မပါသေးဘူး။
မြန်မာပြည်မှာ လောလောဆယ် လိုအပ်နေတဲ့ မဂ္ဂါဝပ် ၁,၀၀၀ ကျော်ကို ဘယ်ကနေ ရမလဲ။ ဆိုလာတင်ဒါ အောင်ထားတဲ့ တရုတ်ကုမ္ပဏီတွေတောင် မြေပြင်မှာ ဘာမှကို မလုပ်နိုင်ပါ။ ဒီလောက် ဖြစ်ပျက်နေတဲ့ တိုင်းပြည်အခြေအနေနဲ့ ဘယ်သူက ဒေါ်လာသန်း ရာချီရင်းရပြီး နှစ် ၂၀ လောက် လည်ပတ်ရတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုမျို
အင်မတန် ဈေးသက်သာတဲ့ ဆိုလာစီမံကိန်းကိုတောင် ကိုယ်တိုင်လုပ်ဖို့ ငွေမရှိတာ၊ ကုန်ကျစရိတ်အကြီးဆုံးနဲ့ တည်ဆောက်ချိန် ၁၀ နှစ်လောက်ကြာတဲ့ နျူကလီးယားကတော့ အိပ်မက်တောင် မမက်သင့်ပါ။
အင်မတန် ဈေးသက်သာတဲ့ ဆိုလာစီမံကိန်းကိုတောင် ကိုယ်တိုင်လုပ်ဖို့ ငွေမရှိတာ၊ ကုန်ကျစရိတ်အကြီးဆုံးနဲ့ တည်ဆောက်ချိန် ၁၀ နှစ်လောက်ကြာတဲ့ နျူကလီးယားကတော့ အိပ်မက်တောင် မမက်သင့်ပါ။ အားကိုးတဲ့ ရုရှားကရော မဂ္ဂါဝပ် ၁,၀၀၀ နျူဓာတ်အားပေး စက်ရုံတရုံကို ဒေါ်လာ ၇ ဘီလီယံ၊ ၈ ဘီလီယံလောက် အကုန်ခံပြီး အလကား ဆောက်ပေးပါ့မလား။ လက်ရှိ ကိုယ့်အခြေအနေ သူ့အခြေအနေနဲ့ ချေးဖို့လည်း မဖြစ်နိုင်။ ချေးတယ်ဆိုတာ ပြန်ဆပ်နိုင်တဲ့ အခြေအနေရှိတဲ့သူကိုမှ ချေးကြတာအပြင် ထုတ်ချေးတဲ့သူက ငွေကြေးအဆင်ပြေနေချိန် ဖြစ်ဦးမှလေ။ ရုရှား ဘာဖြစ်နေလဲ လူတိုင်းသိနေတာပဲ။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/malwatch.jpg)
လောလောဆယ် လက်မှတ်ထိုးထားတဲ့ရခိုင်က လေအားလျှပ်စစ်ကလည်း လက်မှတ်ထိုးတဲ့ မြန်မာကုမ္ပဏီနဲ့ ဘယ်ကမှန်းမသိတဲ့ ကုမ္ပဏီတခုရဲ့ သမိုင်းက ဘာလဲ။ လက်မှတ်ဝင်ထိုးတဲ့ ယူနန်ပြည်နယ်အစိုးရပိုင် Yunnan Machinery Import & Export Co., Ltd. (YMEC) ကရော လေအားလျှပ်စစ်မှာ ကိုယ်တိုင်ဘယ်လောက် ရင်းနှီးမြှုပ်နှံမှု လုပ်ထားပြီးပြီလဲ။ လက်မှတ်ထိုးကြတဲ့ ကုမ္ပဏီတွေက ဘယ်အခန်းကဏ္ဍတွေက ပါဝင်ကြမှာလဲ။ သူများတိုင်းပြည်တွေမှာဆို သတင်းတွေမှာ ပွင့်ပွင့်လင်းလင်း တင်ပြကြတယ်။ ဒါမှ အတူ ရင်းနှီးမြှုပ်နှံမယ့်သူတွေနဲ့ ငွေချေးမယ့်ဘဏ်တွေရဲ့ ယုံကြည်မှုကို ရမှာလေ။
အခုက ဘယ်သတင်းဌာနမှ သူတို့ကို ဆက်သွယ်လို့မရ။ မေးတော့လည်း မရေမရာ ဖြေကြတာတွေ့ရတယ်။ သူများတိုင်းပြည်တွေမှာဆို အဲဒီလို ဘယ်ကမှန်းမသိ၊ သမိုင်းမရှိတဲ့သူတွေဆို အခုလို စီမံကိန်းကြီးမျိုးတွေ အနားတောင်ကပ်လို့မရဘူး။
သူတို့ပြောတဲ့ ၃၆၀ မဂ္ဂါဝပ် လေအားလျှပ်စစ်ဆိုတာ ဒေါ်လာ သန်း ၄၀၀၊ ၅၀၀ ကုန်ကျနိုင်တယ်။ အခု လက်မှတ်ထိုးတဲ့ မြန်မာကုမ္ပဏီနဲ့ ဘယ်ကမှန်းမသိတဲ့ ကုမ္ပဏီကတော့ သေချာတယ်၊ ဒီပမာဏကို ရင်းနိုင်တဲ့ သူတွေမဟုတ်ဘူး။ YMEC ကလည်း ဒီလိုအခြေအနေမှာ သန်းရာချီရင်းဖို့ လွယ်ပါ့မလား။ ဒါဟာ ထောက်ခံတာ မထောက်ခံတာနဲ့မဆိုင်၊ ငွေကြေးဆုံးရှုံးနိုင်သည် မနိုင်သည်နဲ့သာ ဆိုင်ပါတယ်။
သံလျင်၊ သီလဝါမှာ LNG သင်္ဘောကြီးနဲ့ ဓာတ်အားပေးတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China National Technical IMP & EXP Corp (CNTIC) ရဲ့ ဒေါ်လာ ၁ ဘီလီယံနီးပါးတန် စီမံကိန်းကိုတောင် ဘာမှပြန်လည် ညှိနှိုင်းခြင်းမပြုဘဲ ရပ်ပစ်လိုက်တဲ့သူတွေကို ဘယ်ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်ဦးမှာလဲ။
သံလျင်၊ သီလဝါမှာ LNG သင်္ဘောကြီးနဲ့ ဓာတ်အားပေးတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China National Technical IMP & EXP Corp (CNTIC) ရဲ့ ဒေါ်လာ ၁ ဘီလီယံနီးပါးတန် စီမံကိန်းကိုတောင် ဘာမှပြန်လည် ညှိနှိုင်းခြင်းမပြုဘဲ ရပ်ပစ်လိုက်တဲ့သူတွေကို ဘယ်ရင်းနှီးမြှုပ်နှံသူတွေက ယုံကြည်ဦးမှာလဲ။
နောက်ဆုံးတချက်က ကနဦး စမ်းသပ်လေ့လာမှုတွေအရ ရခိုင်ကမ်းရိုးတန်းဒေသဟာ မြန်မာပြည် တခြားဒေသတွေနဲ့ ယှဉ်ရင် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ခြေ ပိုရှိပေမည့် သူများနိုင်ငံတွေရဲ့ ပင်လယ်ထဲက လေအားလျှပ်စစ်တွေလို မက်မောဖွယ်ကောင်းလောက်တဲ့ လေတိုက်နှုန်းမရှိပါ။ ဒါကြောင့် မျိုးမျိုးမြက်မြက်ရနိုင်တဲ့ စီးပွားရေးလည်းမဟုတ်၊ Risk ကလည်း အရမ်းများသေး၊ ကိုယ့်ဆီက ဓာတ်အားဝယ်မယ့် ကိုယ့်ဖောက်သည် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာန ဆိုတာကလည်း အမြဲအရှုံးပေါ်တဲ့အဖွဲ့။ အဘက်ဘက်က မဖြစ်နိုင်တာချည်း။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/eletower-copy.jpg)
လာအိုကဝယ်မယ့် လျှပ်စစ်ဆိုတာလည်း ရခိုင်မှာ လက်မှတ်ထိုးတဲ့ မြန်မာကုမ္ပဏီကပဲ ဆင်တူရိုးမှား နာမည်နောက်တခုနဲ့ ထိုးတာပါ။ လက်မှတ်ထိုးပွဲမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးက လာအိုနဲ့ လျှပ်စစ်ကိစ္စ နားလည်မှုစာချွန်လွှာ (MOU) ကို ၂၀၁၈ ကတည်းက ထိုးထားတယ်။ အဲဒီ ငါးနှစ်အတွင်း ဖြစ်နိုင်ခြေ စူးစမ်းမှုတွေကို ဒီမြန်မာကုမ္ပဏီက လုပ်ခဲ့တယ်လို့ဆိုတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှာကြည့်တော့ အဲဒီ မြန်မာကုမ္ပဏီက ၂၀၂၂ ခုနှစ်၊ မတ်လကမှ မှတ်ပုံတင်ထားတာ။ ဘယ်လိုလုပ်ပြီး ၂၀၁၉ ခုနှစ်လောက်က စပြီး အလုပ်တွေ လုပ်ပါလိမ့်နော်။
လျှပ်စစ်စွမ်းအားဝန်ကြီးကလည်း ပြောပြန်တယ်၊ လာအိုကလာတဲ့ ဓာတ်အားလိုင်းဟာ ကျိုင်းတုံကို ၂၀၂၄ ခုနှစ်မှာ ရောက်ပြီး မိတ္ထီလာကို ၂၀၂၆ ခုနှစ်မှာ ရောက်မယ်တဲ့။ နားလည်မှုစာချွန်လွှာနဲ့ ဖြစ်နိုင်ခြေစူးစမ်းမှု လက်မှတ်ထိုးကြတဲ့အဆင့်မှာ ပြီးစီးမည့်အချိန်ကို ဘယ်နည်းနဲ့မှ အတိအကျ မပြောနိုင်ပါ။
လာအိုနယ်စပ်က ကျိုင်းတုံကို မိုင်ရာကျော်ရှိပါတယ်။ ဓာတ်အားလိုင်းနဲ့ ဆက်စပ် ခွဲရုံတွေ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ပါမယ်။ အခု လက်မှတ်ထိုးထားတဲ့ မြန်မာကုမ္ပဏီကတော့ ဘယ်လိုမှ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပါ။ လာအိုဘက်ကလည်း သူ့ဘက်က လိုအပ်တာတွေကိုသာ သူရင်းမှာဖြစ်ပြီး ဒီဘက်က သူ့အပိုင်းမဟုတ်ပါ။ ဓာတ်အားလိုင်း တည်ဆောက်ချိန်ကလည်း သုံးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် လာအိုနယ်စပ်က ကျိုင်းတုံကို မိုင်ရာကျော်ရှိပါတယ်။ ဓာတ်အားလိုင်းနဲ့ ဆက်စပ် ခွဲရုံတွေ တည်ဆောက်ဖို့ ဒေါ်လာ သန်း ၁၅၀ ခန့် ကုန်ပါမယ်။ အခု လက်မှတ်ထိုးထားတဲ့ မြန်မာကုမ္ပဏီကတော့ ဘယ်လိုမှ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပါ။ လာအိုဘက်ကလည်း သူ့ဘက်က လိုအပ်တာတွေကိုသာ သူရင်းမှာဖြစ်ပြီး ဒီဘက်က သူ့အပိုင်းမဟုတ်ပါ။ ဓာတ်အားလိုင်း တည်ဆောက်ချိန်ကလည်း သုံးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။
မိတ္ထီလာအထိဆို မိုင် ၃၀၀ ကျော် ထပ်ဆွဲရဦးမှာဖြစ်ပြီး နောက်ထပ် သန်း ၃၀၀၊ ၄၀၀ ထပ်ကုန်ဦးမှာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်အခြေအနေနဲ့ ဘယ်သူလာရင်းမှာလဲ။ ကျိုင်းတုံအထိ လက်ရှိဆွဲထားတဲ့ မဟာဓာတ်အားလိုင်းရဲ့ အခြေအနေ၊ တာလေ၊ တာချီလိတ်စတဲ့ မြို့တွေကို မီးပေးရမယ့် အခြေအနေတွေနဲ့ လာအိုဆီက ဓာတ်အားဝယ်ရတာ ထင်သလောက် မလွယ်ပါ။ ညှိနှိုင်းဆုံးဖြတ်ရမှာတွေ အများကြီးရှိပါသေးတယ်။ ၂၀၂၄ ခုနှစ် ကျိုင်းတုံကို ရောက်မယ်ဆိုတာကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။
![](https://burma.irrawaddy.com/wp-content/uploads/2023/07/Sign-900x420-1.jpeg)
နောက်တချက်က ၆၀၀ မဂ္ဂါဝပ်ဆိုတာ ဓာတ်အားပေးစက်ရုံ တရုံစာလောက်ရှိပါတယ်။ လာအိုလို တိုင်းပြည်အသေးလေးမှာ တနှစ်ကျော်အတွင်း ၂၀၂၄ ခုနှစ်မှာ မြန်မာကို အဲဒီပမာဏ ရောင်းပေးဖို့ အဆင်သင့် (ဒါမှမဟုတ်) အပိုမရှိပါဘူး။ တရုတ်လို တိုင်းပြည်ကြီးမျိုးဆိုရင် ဖြစ်နိုင်ပါတယ်။ လုပ်လက်စ ဓာတ်အားပေးစက်ရုံက ထွက်လာနိုင်ခြေရှိမယ် ဆိုတာလည်း မဖြစ်နိုင်ပါ။ ဘာလို့လဲဆိုတော့ ဒေါ်လာသန်း ရာ ထောင်ချီတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေဆိုတာ ဝယ်လက်နဲ့ တေ့တေ့ဆိုင်ဆိုင် စာချုပ်ချုပ်ပြီးမှသာ ဘဏ်ချေးငွေ ရကြတာဖြစ်ပါတယ်။ ဝယ်သူကြိုမချိတ်ထားဘဲ ဘယ်သူမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြပါ။ လုပ်လို့လည်း မရပါ။
ပြည်တွင်းကထွက်နိုင်တဲ့ ရေအားလျှပ်စစ်တွေဆိုတာလည်း လုပ်လက်စတောင် ပြီးစီးအောင်လုပ်ဖို့ ငွေတတ်နိုင်ပါ့မလား သံသယရှိမိတယ်။ တမံလိုဟာမျိုးကတော့ ပြည်တွင်းထွက် ဘိလပ်မြေသုံးရတာမို့ ပြီးအောင်လုပ်နိုင်မယ်။ နိုင်ငံခြားကသွင်းရတဲ့ စက်သုံးဆီနဲ့ သံချောင်းကလည်း မြန်မာငွေနဲ့ လုပ်ငန်းရှင်တွေဆီက ဝယ်လို့ရမယ်။ နောက်ပိုင်းတပ်ဆင်ရတဲ့ တာဘိုင်၊ ဂျင်နရေတာ၊ လျှပ်စစ်ပစ္စည်းတွေကတော့ နိုင်ငံခြားငွေ သန်းရာချီပေးဝယ်မှ ရမှာပါ။ လုပ်လက်စတွေ ပြီးစီးဖို့လည်း နောက် သုံးနှစ်လောက် ကြာဦးမှာဖြစ်သလို ထွက်လာမယ့် ဓာတ်အားကလည်း မဂ္ဂါဝပ် ရာဂဏန်းသာသာပဲ ရှိပါတယ်။ တင်ပြခဲ့ပြီးသလို လက်ရှိအခြေအနေနဲ့ ဘယ်သူမှလည်း လာရင်းနှီးမြှုပ်နှံဖို့ မဖြစ်နိုင်ပါ။
နောက်တချက်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ တန်ဖိုးကျဆင်းသွားတဲ့ မြန်မာငွေကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ပိုအရှုံးပေါ်လာတာပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေရဲ့ မီတာခကို ဒေါ်လာနဲ့ တွက်ပေးရတယ်။ ကိုယ်က လူတွေဆီက မီတာခရတော့ ကျပ်ငွေနဲ့။ အဲ့ဒီမှာတင် အရှုံးက ၅၀ ရာခိုင်နှုန်းကျော်တယ်။
နောက်တချက်က အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အနေနဲ့ တန်ဖိုးကျဆင်းသွားတဲ့ မြန်မာငွေကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ပိုအရှုံးပေါ်လာတာပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေရဲ့ မီတာခကို ဒေါ်လာနဲ့ တွက်ပေးရတယ်။ ကိုယ်က လူတွေဆီက မီတာခရတော့ ကျပ်ငွေနဲ့။ အဲ့ဒီမှာတင် အရှုံးက ၅၀ ရာခိုင်နှုန်းကျော်တယ်။
များများစားစား ဆက်အရှုံးခံနိုင်လောက်အောင် တိုင်းပြည်က အာဏာမသိမ်းခင်ကတည်းက ယဲ့ယဲ့ပဲ ရှိတာ။ ရှုံးကလည်း ရှုံးနေသေး၊ အရန်ငွေကြေးကလည်း ခမ်းနေသေးတဲ့သူကို ဒေါ်လာသန်းရာနဲ့ချီရင်းပြီး ဈေးလာရောင်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင် ပဋိပက္ခပြဿနာတွေ ရှိနေသော်လည်း ဝယ်လက်က ငွေကြေးတောင့်တင်းရင်၊ သူ့စီးပွားရေး အမြတ်အစွန်းများတယ် (ဥပမာ အာဖရိက နိုင်ငံအချို့) ဆိုရင် လုပ်လို့ဖြစ်သေးတယ်။
ကြည့်ရတာ လျှပ်စစ်ကို လွယ်လွယ်နဲ့လုပ်လို့ရမယ် တွက်ထားပုံရတယ်။ အရပ်သားအစိုးရတွေ လက်ထက်ကတည်းက ဆင်ခြေဖုံးရပ်ကွက်ရှိ ဆင်းရဲသားမိသားစုတခုလို ဝင်ငွေနဲ့ထွက်ငွေမမျှဘဲ မနည်းရုန်းကန်နေရတာကို မသိလို့ဖြစ်မယ်။
နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်မိပြီး အကျိုးဆက်အနေနဲ့ စီးပွားတွေထိခိုက်၊ ငွေကြေးဈေးကွက်ပျက်၊ တရားဥပဒေစိုးမိုးမှု အားနည်း စသဖြင့် ဖြစ်ပြီဆိုရင်တော့ လျှပ်စစ်လုံလောက်ဖို့ အိပ်မက် မက်မနေပါနဲ့လို့ ဆိုချင်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောရရင်တော့ လျှပ်စစ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာ ရောစပ်ထားတဲ့လုပ်ငန်းပါ။ လုံခြုံရေးရှိဖို့၊ တရားဥပဒေစိုးမိုးဖို့လည်း လိုပါသေးတယ်။ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်မိပြီး အကျိုးဆက်အနေနဲ့ စီးပွားတွေထိခိုက်၊ ငွေကြေးဈေးကွက်ပျက်၊ တရားဥပဒေစိုးမိုးမှု အားနည်း စသဖြင့် ဖြစ်ပြီဆိုရင်တော့ လျှပ်စစ်လုံလောက်ဖို့ အိပ်မက် မက်မနေပါနဲ့လို့ ဆိုချင်ပါတယ်။
လျှပ်စစ်မှ မလုံလောက်၊ မတည်ငြိမ်ရင် ကုန်ထုတ်လုပ်မှုတိုးတက်ဖို့၊ တိုင်းပြည်တိုးတက်ဖို့ မျှော်လင့်မနေနဲ့တော့။
(စာရေးသူသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်နေသူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်
မီးအပျက်များသည့် မန္တလေး အိမ်တွင်းလုပ်ငန်းများပါ ရပ်ဆိုင်းနေရ
လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ
စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်မည်
မြန်မာနိုင်ငံအပေါ် အမှောင်တိုက် ကျရောက်နေပြီ