• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်ကောင်စီနှင့်တရုတ်ပေါင်း၍ ရခိုင်တွင် လေအားလျှပ်စစ်ထုတ်မည်

by ဧရာဝတီ
6 March 2023
in စီးပွားရေး
A A
စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ လေအားလျှပ်စစ်စီမံကိန်း သဘောတူညီမှု လက်မှတ်ရေးထိုးနေစဉ်

စစ်ကောင်စီနှင့် တရုတ်ကုမ္ပဏီတို့ လေအားလျှပ်စစ်စီမံကိန်း သဘောတူညီမှု လက်မှတ်ရေးထိုးနေစဉ်

4.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီနှင့် တရုတ်တို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် အမ်း၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် လေအားလျှပ်စစ်စီမံကိန်းကို ပထမဆုံးအကြိမ် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် Primus Advanced Technologies Yunnan Machinery and Equipment import and Export Co,ltd တို့ လေအားလျှပ်စစ် စီမံကိန်း များဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement- MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနား တခု ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဒုတိယဝန်ကြီး ဦးအေး ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr Chen Hai၊ Primus Advanced Technologies Yunnan Machinery and Equipment import and Export Co,ltd တို့မှ တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။

အဆိုပါ စီမံကိန်းကို ရခ်ိုင်ပြည်နယ်ရှိ အမ်းမြို့နယ်တွင် လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်တွင် ၁၀၀ မဂ္ဂါဝပ်နှင့် သံတွဲမြို့နယ်တွင် ၅၀ မဂ္ဂါဝပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ကြီး ဦးသောင်းဟန်က “စီမံကိန်းသုံးခုလုံးကို၂၀၂၅ ခုနှစ်အတွင်း လျှပ် စစ်ဓာတ်အား ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသုံးခုအနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို၂၀၂၃ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောင်ရေးလုပ်ငန်းများ စတင်နိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် အားသွန်ခွန်စ်ိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းသည်” ဟု ယင်းအစည်းဝေးတွင် ပြောဆိုသည်။

ဆက်လက်ပြီး စွမ်းအင်ဖူလုံမှုသည် နိုင်ငံသားအားလုံးအတွက် အဓိကကျပြီး စွမ်းအင် အရင်းအမြစ်များမှာ အကန့် အသတ်ဖြင့်သာ တည်ရှိနေကြောင်း၊ လေအားလျှပ်စစ်စီမံကိန်း သုံးခုကို အကောင်အထည်ဖော်ရန်နှင့် ဆောင်ရွက် မည့် မြန်မာနိုင်ငံသားပိုင် PRIMUS၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC တို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးသောင်းဟန်က ပြောထားသည်။

ယင်းပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai က မြန်မာနိုင်ငံ၏ ပြည် တွင်း လျှပ်စစ်ဓာတ်အား ဖူလုံမှုနှင့်၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် စီမံကိန်းများ ဆက်လက် ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်း ပြောဆို သည်။

လေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး ရခိုင်တွင် ပြည်သူလူထုကိုမဏ္ဍိုင်ပြုလုပ်ဆောင်မည် ဟုတ်မဟုတ်ကို အသေအချာ မပြောနိုင်သည့်အတွက် စီမံကိန်းနှင့် ပတ်သက်ပီး ထောက်ခံမှုအားနည်းကြောင်း သံတွဲဒေသခံတဦးက ဆိုသည်။

“ဒီ လေအားလျှပ်စစ်က တချို့နိုင်ငံတွေမှာတော့ ရှိနေပြီ။ ဒါပေမယ့် စစ်ကောင်စီက ပြည်သူလူထုအတွက် အမှန် တကယ် မဏ္ဍိုုင်ပြုပြီး လုပ်မှာလား သို့မဟုတ် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ကုမ္ပဏီအတွက် လုပ်မှာလား၊ ဒါမှမဟုတ် စစ်ကောင်စီနဲ့ ဆက်စပ်တဲ့လူတွေ သုံးဖို့အတွက်ပဲ လုပ်မှာလားဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ တဖက်မှာလည်း စစ်တပ်အနေနဲ့ ပြည်သူလူထုအကျိုးအတွက် ကိုယ်စားပြုပြီး လုပ်နေတာ မြန်မာတနိုင်ငံလုံး အနေ အထားနဲ့ အခုချိန်မှာ မရှိဘူးလေ။ အဲဒါကြောင့် ကျနော်တို့ကတော့ ထောက်ခံမှု မရှိဘူး။ အားလည်း မပေးဘူး။ သူတို့ လုပ်တာက အပြောသက်သက်လည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းပြင် ယခုကဲ့သို့ စီမံကိန်း လုပ်ဆောင်လာသည့်အခါတွင်လည်း ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားကို မထိခိုက် စေရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း အမ်းမြို့နယ်မှ ဒေသခံတဦးကလည်း ဆိုသည်။

“သူတို့ လေအားလျှပ်စစ်စီမံကိန်း တခုလုပ်မယ်ဆိုရင်တော့ ဒေသခံတွေ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အရင်း အမြစ်တွေဖြစ်တဲ့ လယ်ယာတွေ၊ ကမ်းရိုးတန်းဒေသမှာ လုပ်ကိုင်စားသောက်နေကြတဲ့ ရေလုပ်ငန်းတွေရဲ့ အသက် မွေးဝမ်းကျောင်းတွေ မပျက်စီးဖို့ လိုတယ်။ ဆိုတော့ ဒေသခံတွေ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့ဟာတွေ မပျက်စီးရအောင် ရေရှည်ရပ်တည်နိုင်အောင် အစားထိုး လုပ်ပေးဖို့ လိုတယ်။ လျှပ်စစ်က ရလာတဲ့ အကျိုးတွေကို လည်း ဒေသခံတွေက ခံစားရဖို့ လိုမယ်။ လျှပ်စစ်တခုရမယ်ဆိုပြီး အဲဒီ လျှပ်စစ် လုပ်လိုက်လို့ ဒေသခံတွေ လုပ်ငန်း ခွင်တွေကို သွားလာခွင့် ကန့်သတ်မှုတွေ မဖြစ်ဖို့ လိုတယ်။ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့ လိုအပ်ပါ တယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများသည် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည် ဒေသအကျိုးပြု စီမံကိန်းတခုဖြစ်သည်ဟုလည်း စစ်ကောင်စီက ဆိုထားသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်တို့တွင် လေအား လျှပ်စစ်စီမံ ကိန်းနှင့် ပတ်သက်ပြီး တရုတ်နှင့်မြန်မာ နားလည်မှု စာချွန်လွှာ နှစ်ကြိမ်တိုင် ရေးထိုးမှုရှိခဲ့ကာ၂၀၁၂ ခုနှစ်တွင် ပထမ အကြိမ် စမ်းသပ်လေ့လာခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

You may also like these stories:

ရခိုင်၌ စီးပွားရေးများ တိုးချဲ့ပေးမည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ယုံကြည်ရန်ခက်

ပြည်ပလုပ်ငန်းများ ထွက်ခွာသောကြောင့် သဘာဝဓာတ်ငွေ့ဝင်ငွေ ကျပ်တည်းလာ

စင်ကာပူကုမ္ပဏီ Keppel Land က မြန်မာမှ ပြန်ထွက်

Your Thoughts …
Tags: တရုတ်ရခိုင်ပြည်နယ်လေအားလျှပ်စစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
24M Technologies မှ လိုင်စင်ယူထားသော ကုမ္ပဏီများသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဝ ဒသမ ၂ ဂိုက်ဂါဝပ်နာရီ ရှိသည့် ဘက်ထရီများ ထုတ်လုပ်သည် / 24M

Semisolid ဘက်ထရီ အများအပြား ထုတ်လုပ်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွန်း

တရုတ်အထူးသံ တိန့်ရှီကျွန်းနှင့် မြန်မာ့အရေး လှုပ်လှုပ်ရှားရှား နောက်ဆက်တွဲများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved