• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်၌ စီးပွားရေးများ တိုးချဲ့ပေးမည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ယုံကြည်ရန်ခက်

by ဧရာဝတီ
1 March 2023
in သတင်း
A A
ယခုနှစ် ဖေဖေါ်ဝါရီ ၂၇ရက် ရခိုင်ပြည်နယ် ခရီးစဉ်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် / CINCDS

ယခုနှစ် ဖေဖေါ်ဝါရီ ၂၇ရက် ရခိုင်ပြည်နယ် ခရီးစဉ်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် / CINCDS

8k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ဘက်စုံဖွံဖြိုးတိုးတက်စေရေး စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ပေးမည် ဆိုသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်မှာ လက်တွေ့နှင့် မကိုက်ညီကြောင်း စစ်တွေမြို့ရှိ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းရှင် အချို့က ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အဖွဲ့သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ်သို့ ရောက်လာခဲ့ပြီး နောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်တချို့နှင့် တွေ့ဆုံရာတွင် ထိုသို့ ပြောခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတက်ရောက်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးက “ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ အသေးစား အလတ်စား လုပ်ငန်းရှင်တွေကို ကူညီပေးမယ်၊ ဒီဘက်ကလည်း တင်ပြကြပါဆိုလို့ လုပ်ငန်းရှင် ၈ ဦးက တင်ပြကြတယ်။ သူ့ဘက်က ပြောသွားတဲ့အထဲမှာ စီးပွားရေးလုပ်ငန်း ကဏ္ဍတွေ အများကြီးပါတယ်။ အပြုသဘော ဆောင်တယ်လို့ ပြောလို့ ရတယ်။ ဒါပေမယ့် ဒါတွေ လုပ်ဖို့ ဒေသတည်ငြိမ်မှု လိုတယ်ပေါ့။ ဒေသတည်ငြိမ်မှုရှိမှ လုပ်မယ်ဆိုရင် သူ့ ပြောဆိုချက် တွေက လက်တွေ့ဖြစ်လာဖို့ မထင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အား စီးပွားရေး ဖွံဖြိုးစေရန် ဆောင်ရွက်ပေးမည်ဟု ဆိုသော်လည်း မြေပြင်တွင်မူ လူထု၏အခြခံ လိုအပ် ချက်များဖြစ်သည့် ဆေးဝါး၊ ဘိလိပ်မြေ၊ သံနှင့် စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာများကို တားမြစ်ကုန်အဖြစ်သတ်မှတ် ကန့်သတ်ထားဆဲပင် ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီခေါင်းဆောင်က ရခိုင်ပြည်နယ်အတွင်း စက်မှု၊ စိုက်ပျိုးရေး၊ ပို့ကုန်ထုတ်ကုန် လုပ်ငန်းများကို ဖွံဖြိုးရန် ဆောင်ရွက်ပေးမည်၊ ဒေသခံ အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို ဒေသတွင်း စီးပွားရေး ဖွံဖြိုးတိုးတက်ရန် ချေးငွေ ကျပ် ၁၀ ဘီလီယံ ထုတ်ချေးမည်သွားမည်ဟုလည်း ပြောသွားခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်သည့် စစ်တွေမြို့ခံ စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက “ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ လက်ရှိမှာ လုပ်ငန်းလည်ပတ်မှု အကျပ် အတည်းဖြစ်နေတော့ ချေငွေရမလားဆိုတဲ့ မျှော်လင့်ချက်တွေတော့ ရှိကြတယ်။ သူလည်း တိတိကျ ဘာလုပ်ပေး မယ် ဆိုတာလည်း ပြောမသွားဘူး။ တဖက်က ဖွံ့ဖြိုးရေးလုပ်ပေးမယ်ဆိုပြီး မြေပြင် လက်တွေ့မှာ နယ်လုံဝန်ကြီးလက်မှတ်နဲ့မှ သွားခွင့်ပြုမယ်၊ လုပ်ခွင့်ပြုမယ်ဆိုတာမျိုး လုပ်ထားက သူပြောတဲ့ ရခိုင်ပြည်ကြီးကို ဖွံ့ဖြိုးမှုတွေ လုပ်ပေးမယ်ဆိုတာတော့ ယုံကြည်ဖို့ ခက်ခဲတယ်” ဟု ဧရာဝတီသို့ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေး တရားစီရင်ရေး အာဏာတို့မှာ ရပ်တန့်နေပြီး ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ( ULA / AA )၏ အုပ်ချုပ်ရေး အာဏာမှာ ပိုမိုကျယ်ပြန်လာသည့်အခြေအနေကြောင့် ဒေသတွင်း တည်ငြိမ်မှုရှိမှ စီးပွားရေးလုပ်ငန်းများဖွံဖြိုးရေး လုပ်ပေးမည်ဟု စစ်ကောင်စီခေါင်ဆောင်၏ ပြောကြားချက်မှာ ဟန်ပြတခုသာ ဖြစ်ကြောင်း ရခိုင်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “လက်ရှိမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လက်တံမှာ ကျုံ့ဝင်သွာပြီး ULA / AA ကလည်း နေရာ တော်တော်များကို ထိန်းချုပ်နေတဲ့ အခြေအနေမှာ ဒေသတည်ငြိမ်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စတခုမဟုတ်ဘူး။ အဲ့ဒီအတွက် သူ့ရဲ့ ရခိုင်ခရီးစဉ်သည် နိုင်ငံရေး ပရိယာယ်တွေ အများကြီးပါတယ်။ ရခိုင်ပြည်ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးချင်ပေမယ့် တော်လှန်ရေးကြောင့် ဖွံ့ဖြိုးမှုတွေ လုပ်မရဘူး ဆိုပြီး လူထုကို လှည့်စားပြီး ရိုက်သွင်းချင်တာလို့ မြင်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
47
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
41
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
256

ဖေဖော်ဝါရီ ၂၈ ရက်က စစ်ခေါင်းဆောင်သည် စစ်တွေမှ ကျောက်ဖြူသို့ သွားရောက်ကာ ကျောက်ဖြူခရိုင် ဌာနတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ သာယာဝပြောရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်သဖြင့် ဒေသတခု ချင်းစီ အလိုက်တည်ငြိမ်အေးချမ်းမှသာ ဒေသများနှင့် တိုင်းပြည်မှာ သာယာဝ ပြောလာမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပြည်ပ ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်ဖြူစက်မှုဇုန်နှင့်ပတ်သက်၍လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

စစ်ခေါင်းဆောင်၏ ရခိုင်ပြည်နယ် ခရီးစဉ်အပေါ် ဒေသတွင်း သြဇာလွမ်းမိုးထားသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA / AA ) အနေဖြင့်လည်း မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ပြောသည်။

၎င်းက “ကျနော်တို့က အခုလာရောက်တဲ့ ခရီး စဉ်မှာ ရှေ့ကိုဆက်ပြီး ဘာဖြစ်လာမလဲ သူဘာပြောသွားသလဲ သူဘာလုပ် သွားမလဲဆိုတာကို သေသေချာချာ စောင့်ကြည့် သွားပါမယ် ” ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် ULA/ AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စစ်ကောင်စီခေါင်းဆောင်၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်ခေါင်းဆောင်များ ပါဝင်သလို တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ရခိုင်လူမျိုး ဒုဝန်ကြီး ဦးဇော်အေးမောင်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနမှ အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရခိုင်လူမျိုး ဒေါက်တာ နုမြဇံတို့လည်း လိုက်ပါလာခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးမနှင့် ဘင်္ဂလားပင်လယ်အော်အကြားရှိ ရခိုင်ကမ်းမြှောင်ဒေသရှိ ကမ်းလွန်မှ ထွက်သော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံမှ CNPC ကုမ္ပဏီ၊ ကိုရီးယားအခြေစိုက် KOGAS နှင့် POSCO International၊ အိန္ဒိယအခြေစိုက် GAIL နှင့် ONGC Videsh၊ ပြင်သစ်မှ Total ၊ သြစတြေးလျ အခြေစိုက် Wood Side Energy ၊ ဗြိတိန် နှင့် နယ်သာလန်မှ ကုမ္ပဏီ ၂ ခုပူးပေါင်းထား သော Royal Dutch Shell ကုမ္ပဏီတို့က လုပ်ကိုင်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ ရေနံစောင့်ကြည့် အဖွဲ့ AOW ၏ စာတမ်းအရ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သော ၂၀၂၂ခုနှစ်အတွင်း ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်သော အမေရိကန် ဒေါ်လာ ၁ဒသမ၄၃ ဘီလီယံတန်ဖိုးရှိ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ BETV Business News တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင်ဒေသတွင်း စီးပွားရေးလုပ်ငန်းများအဖြစ် အသေးစား၊ အလတ်စား လုပ်ငန်းများ၊ ဆန်စပါးစိုက်ပျိုးရေး၊ သစ်တောထွက် ပစ္စည်းရောင်းဝယ်ရေးနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြသည်။

You may also like these stories:

ရခိုင်ပြည်နယ်၌ စပါးဝယ်သူမရှိ၍ တောင်သူများ အခက်ကြုံ

မောင်းတင်ထားတဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေး

စီးပွားရေးလုပ်ငန်းများကို ၂၀၂၀ မှစ၍ အခွန်ကောက်တော့မည်ဟု AA စစ်ဦးစီးချုပ် ပြော

ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်

Your Thoughts …
Tags: AAULAစစ်ခေါင်းဆောင်စစ်တွေစီးပွားရေးလုပ်ငန်းရှင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရက္ခိုင့်အမျိုးသား အဖွဲချုပ်ရခိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
စခန်းတာဝန်ခံကို မုဒိမ်းမှုဖြင့် တိုင်တန်းထားသည့် အမျိုးသမီးများ

ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

22 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved