• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒုက္ခသည် အမျိုးသမီး ၄၀ ကျော် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုရမှာလား

by ဧရာဝတီ
1 March 2023
in ဆောင်းပါး
A A
စခန်းတာဝန်ခံကို မုဒိမ်းမှုဖြင့် တိုင်တန်းထားသည့် အမျိုးသမီးများ

စခန်းတာဝန်ခံကို မုဒိမ်းမှုဖြင့် တိုင်တန်းထားသည့် အမျိုးသမီးများ

26.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အနောက်ဘက်ခြမ်းတွင်တည်ရှိသည့် ဖွဲရာကုန်း မွတ်စလင် ဒုက္ခသည်စခန်းရှိ အမျိုးသမီး ၄၅ ဦးမှာ စခန်းတာဝန်ခံ၏ မုဒိမ်းကျင့်ခံခဲ့ရကြောင်း ကာယကံရှင်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထုတ်ဖော် ပြောကြားလာခဲ့သည်။

ဖွဲရာကုန်း ဒုက္ခသည်စခန်း တာဝန်ခံ အိုစမာန်ဂိုနီ ဆိုသည်သူက စခန်းရှိအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့သည်မှာ လွန်ခဲ့သော ၂၀၁၂ ခုနှစ်နောက်ပိုင်းကစ၍ ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ပြုလုပ်ထားသဖြင့် ကာယကံရှင်များမှာ ထုတ်ဖော်မပြောရဲဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရကြောင်း ပြောဆိုကြသည်။

ထိုသို့ အမျိုးသမီးများ ရေငုံနှုတ်ပိတ်နေကြသည်ကို အိုစမာန်ဂိုနီ အခွင့်ကောင်းယူ၍ အိမ်ထောင်ရှင်အမျိုးသမီး အပါအဝင် ငယ်ရွယ်သည့် မိန်းမပျိုများနှင့် စိတ်မနှံ့သူများပါမကျန် မုဒိမ်းကျင့်ခဲ့မှုများ ရှိလာခဲ့ပြီးနောက် ကာယကံရှင် အမျိုးသမီးများကိုယ်တိုင် သက်ဆိုင်ရာသို့ အရဲစွန့် တိုင်ကြားမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

သို့သော် အိုစမာန်ဂိုနီ မိသားစုဝင်များ၏ အရှိန်အဝါကြောင့် အမှုမှန် မပေါ်ပေါက်ဘဲ ဖုံးဖိမှုများဖြင့်သာ ကြုံတွေ့ရ ကြောင်း ကာယကံရှင်များက ပြောသည်။

အမျိုးသမီးတွေ ဘယ်လို မုဒိမ်းကျင့်ခံခဲ့ရသလဲ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်က အဆိုပါ ဖွဲရာကုန်းဒုက္ခသည်စခန်းရှိ အသက် ၁၇ နှစ်အရွယ် နိုရုဂျာနာမှာ အစ်မဖြစ်သူနှင့် စခန်းရှိ စာသင်ကျောင်းတွင် အိပ်နေကြစဉ် စခန်းတာဝန်ခံ အိုစမာန်ဂိုနီ၏ မုဒိမ်းကျင့်မှု ခံခဲ့ရကြောင်း ကာယကံရှင် အမျိုးသမီးငယ်က ပြောပြသည်။

နိုရုဂျာနာက “စာသင်ကျောင်းမှာ ကျမတို့ ဘာသာရေးစာတွေ သင်ကြရတယ်။ အဲဒီနေ့က ကျမ အစ်မရယ်။ သူ့သားလေးရယ်နဲ့ ကျမတို့ အိပ်နေကြတာ။ မိုးကလည်း တအား ရွာတယ်။ ညနေ ၁၁ နာရီလောက်မှာ စခန်းတာဝန်ခံ အိုစမာန်ဂိုနီက စာသင်ကျောင်းထဲကို ဝင်လာပြီးတော့ ပထမဆုံး မီးသီးကို ဆွဲဖြုတ်လိုက်တယ်။ ပြီးတာနဲ့ ကျမကို သူလက်နဲ့ ပါးစပ် ပိတ်ပြီးတော့ ခြင်ထောင်ထဲက ဆွဲထုတ်။ ဝမ်းကိုလည်း စူးတချောင်းနဲ့ ထိုးတယ်။ ကျမ ကြောက်ပြီး သတိလစ်သလို ဖြစ်တဲ့အခါ အဓမ္မကျင့်တာ” ဟု ထိုနေ့ဖြစ်စဉ်အကြောင်းကို ပြန်လည် ပြောဆိုသည်။

ဖွဲရာကုန်း ဒုက္ခစခန်းတွင်နေထိုင်သည့် မွတ်စလင် အမျိုးသမီးငယ်များကို အစ္စလာမ်ဘာသာရေး စာသင်ကြားရန် အတွက် အဆိုပါ စာသင်ကျောင်းတွင် ရောက်ရှိနေကြခြင်းဖြစ်ကာ ထိုနေရာတွင်ပင် ညအိပ်ကြခြင်းဖြစ်ကြောင်း နိုရုဂျာနာက ဆိုသည်။

ထိုသို့ အိုစမာန်ဂိုနီ၏ မုဒိမ်းကျင့်မှုကို ခံရသည့် နိုရုဂျာနာသည် အော်ဟစ်၍ အကူအညီတောင်းရာတွင် အနီးဝန်း ကျင်ရှိ ရွာသားများ လာရောက်ကြစဉ် အိုစမာန်ဂိုနီမှာ ထွက်ပြေးသွားခဲ့ကြောင်း ပြောပြသည်။

ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ညတွင်းချင်းပင် ဒုက္ခသည်စခန်းမှ စခန်းကော်မတီဝင်များနှင့် သက်ဆိုင်ရာ မှန်စီရဲစခန်းမှူးတို့ထံ တိုင်ကြားခဲ့သော်လည်း အမှုဖွင့် မပေးဘဲ အိုစမာန်ဂိုနီ၏ ဆွေမျိုးများက ငွေကျပ် ၂ သိန်း ပေးမည်ဟုဆိုကာ အမှုကြေအေးခိုင်းကြောင်း ကာယကံရှင် အမျိုးသမီးငယ်က ပြောသည်။

“ကျမက သူ့မျက်နှာကို မှတ်မိတယ်ဆိုတာကိုလည်း ပြောပြတယ်။ ကျမမှာ သူစူးနဲ့ထိုးလို့ ဗိုက်မှာ သွေးတွေထွက်နေ တာကိုလည်း ပြတယ်။ ကျမတို့ ဘယ်လိုပဲတိုင်တိုင် စခန်းကော်မတီဝင်တွေနဲ့ ရဲတွေက ကြေအေးဖို့ပဲ ပြောတယ်။ ကျမက ငါ့ဘဝ ပျက်သွားပြီ။ ပိုက်ဆံလည်း မယူဘူး၊ ငါအမှုဖွင့်မယ်ဆိုတော့ အိုစမာန်နဲ့ သူ့အစ်ကိုက နင်တို့ ဆင်းရဲသားတွေ ဘယ်လိုအမှုဖွင့်မလဲ၊ နင်တို့ မိသားစုတွေပါ စခန်းက မောင်းထုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု နိုရုဂျာနာက ပြောပြသည်။

စခန်းတာဝန်ခံကို မုဒိမ်းမှုဖြင့် တိုင်တန်းထားသည့် အမျိုးသမီးများ

နိုရုဂျာနာတို့ မိသားစုသည် တရားမျှတမှုရရှိရေး အိုစမာန်ဂိုနီအား အမှုဖွင့်လှစ်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း အထမမြောက်ဘဲ အမျိုးမျိုးသောခြိမ်းခြောက်မှုများကိုသာခံရသည့်အတွက် တနေ့ အိုစမာန်ဂိုနီအား အလ္လာဘုရားက ကောင်းကောင်း အပြစ်ပေးလိမ့်မည် ဟုသာ ဆုတောင်းပြီး အံကြိတ်နေခဲ့ရကြောင်းလည်း အဆိုပါအမျိုးသမီးငယ်က ဆိုသည်။

နိုရုဂျာနာ ဖြစ်ရပ်အပြင် ဖွဲရာကုန်း ဒုက္ခသည်စခန်းနေ အသက် ၂၈ နှစ်အရွယ် သီတာရွှေဆိုသည့် အမျိုးသမီးကိုလည်း ၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက် ညအချိန်တွင် အိုမာန်ဂိုနီက နေအိမ်ထဲဝင်ရောက်ပြီး မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ကြောင်း ကာယ ကံရှင်ဖြစ်သူက ပြောဆိုသည်။

“အဲဒီနေ့က ဥပုဘ်နေ့ ကျမအမျိုးသားက ဗလီမှာဆိုတော့ အိမ်မှာမရှိဘူး။ သမီးလေး အပေါ့သွားချင်တယ်ဆိုလို့ အိမ်နောက်ဖေးကို လိုက်ပို့တဲ့အချိန် သူ (အိုစမာန်ဂိုနီ) က ဘယ်အချိန်က ရေချိုးခန်းထဲကို ရောက်နေသလဲဆိုတာ မသိဘူး။ ရေချိုးခန်းထဲက ထွက်လာပြီးတော့ နင့်ခန္ဓာကိုယ်ကို ငါ့ကိုပေး ဆိုပြီးတော့ ကျမ ပါးစပ်ကို လက်နဲ့ ပိတ်ပြီးတော့ ကျမကို လှဲချဖို့ ကြိုးစားတယ်။ ကျမလည်း သူ့လက်ကို ကိုက်လိုက်ပြီး ရုန်းထွက်ပြီးတော့ ဓားနဲ့ ခုတ်တာ၊ သူ့ကျောမှာ ထိတယ်။ ဓားက တုံးနေတော့ သူ ဘာဒဏ်ရာမှတော့ မရဘူး။ ထွက်ပြေးသွားတယ်” ဟု မသီတာရွှေ က ပြန်ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး နောက်တနေ့တွင် မသီတာရွှေသည် စခန်းကော်မတီဝင်များနှင့် မှန်စီရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက် တိုင်တန်းခဲ့သော်လည်း အမှုဖွင့်မရဘဲ စခန်းတာဝန်ခံ အိုစမာန်ဂိုနီ၏ မိသားစုဝင်များ၏ ခြိမ်းခြောက်မှုကိုသာ ခံရကြောင်း ဆိုသည်။

သီတာရွှေသည် မိမိအပါအဝင် စခန်းရှိအမျိုးသမီးများအား အိုစမာန်ဂိုနီ မုဒိမ်းကျင့်မှုအပေါ် အမှန်တရား ပေါ်ပေါက် ပြီး တရားမျှတမှု ရရှိရန် ဒုက္ခသည်စခန်း ကော်မတီဝင်များ၊ မှန်စီနယ်မြေရဲစခန်းမှူးနှင့် စစ်တွေမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းသော်လည်း ခိုင်မာသော သက်သေ အချက်အလက်များမရှိဟု ဆိုသည့် အကြောင်းပြချက်ဖြင့် အမှုဖွင့် မရခဲ့ကြောင်း သူကြုံရသည့် အခက်အခဲများကို ပြောပြသည်။

ဖွဲရာကုန်း ဒုက္ခသည်စခန်း၌ နေထိုင်သည့် လူဦးရေမှာ ၅၀၀ ကျော် ရှိကြောင်း သိရသည်။

အဆိုပါ မွတ်စလင်ဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်အရေးအခင်း ကာလအတွင်း စစ်တွေမြို့ပေါ်ရှိ နာဇီရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် စသည့် ရပ်ကွက်များမှ ပြောင်းရွှေ့သွားသူများ ဖြစ်ကြသည်။

စစ်တွေမြို့ အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် မွတ်စလင် ဒုက္ခသည်စခန်းများထဲတွင် ဖွဲရာကုန်းစခန်းမှာ မြို့နှင့် အလှမ်းအဝေးဆုံး စခန်းတခုဖြစ်သလို သွားရေးလာရေး ခက်ခဲပြီး၊ ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် တည်ရှိသည်။

ရခိုင်စကားတွင် “ဖွဲရာ” ဆိုသည်မှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲခြင်း ဆိုသည့် အဓိပ္ပာယ်ရပြီး ဒုက္ခသည်တချို့ မှာ ပင်လယ်ကမ်းစပ်နှင့် နီးသည့်အတွက် ငါးဖမ်းသည့်အလုပ်ကို လုပ်ကိုင်ကြသော်လည်း အများစုမှာ အလုပ်အကိုင် မရှိခြင်းကြောင့် အလွန်ချို့တဲ့လှကာ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့်သာ အသက်ရှင် နေထိုင်ရသူများ ဖြစ်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများက ဖွဲရာဆိုသည့် အဓိပ္ပာယ်မှာ ကောင်းသည့်အဓိပ္ပာယ် မဟုတ်သည့် အတွက် ချမ်းသာကုန်း ဟု ခေါ်ဝေါ် သုံးစွဲကြကြောင်းလည်း စခန်းရှိ မွတ်စလင်များ က ပြောပြသည်။

အိုစမာန်ဂိုနီ ဘယ်သူလဲ

အသက် ၄၃ နှစ်အရွယ် အိုစမာန်ဂိုနီသည် သြဇာကြီးသည့် စခန်း တာဝန်ခံတဦးဖြစ်ပြီး ၎င်း၏ အစ်ကိုဖြစ်သူ မောင်မောင်သန်း(ခ) အာဆာဘာမှာလည်း အာဏာပိုင်များနှင့် ရင်းနှီးသူတဦး ဖြစ်သလို ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကာ တပည့်တပန်းများနှင့် ငွေကြေးရှိသူတယောက်ဖြစ်ကြောင်း ဒုက္ခသည်စခန်းမှ အမျိုးသမီးများက ဆိုသည်။

ဖွဲရာကုန်း ဒုက္ခသည်စခန်းတာဝန်ခံ အိုစမာန်ဂိုနီ

အိုစမာန်ဂိုနီသည် အမျိုးသမီးကိစ္စဖြင့် ဒုက္ခသည်စခန်းတွင် ပြဿနာပေါ်ပေါက်သည့်အခါတိုင်း အစ်ကိုဖြစ်သူက ၎င်း၏ အရှိန်အဝါဖြင့် အမှုကို ဖုံးဖိခြင်းများ ပြုလုပ်သလို၊ ၎င်းတို့ကို ဆန့်ကျင်လျှင် စခန်းမှ မောင်းထုတ်ပစ်မည်ဟု ခြိမ်းခြောက် ထားသည့်အတွက် အိုစမာန်ဂိုနီ၏ မိသားစုဝင်များအား မတွန်းလှန်ရဲကြောင်းလည်း အမျိုးသမီးများက ပြောသည်။

ရခိုင် အရပ်ဘက်အမျိုးသမီးများအဖွဲ့ ပါဝင်ကူညီခြင်း

မွတ်စလင် အမျိုးသမီးများ၏ ထိုသို့ ဒုက္ခသည်စခန်းထဲတွင် ငရဲခန်းတခုသကဲ့သို့ ဖြစ်ပျက်နေသည့် အကြောင်းအရာ များနှင့် ပတ်သက်၍ ဒုက္ခသည်စခန်းမှ အမျိုးသမီးများသည် အမျိုးသမီးအရေး လှုပ်ရှားသော မြို့ပေါ်ရှိအဖွဲ့အစည်း များနှင့် တိတ်တဆိတ် ဆက်သွယ်လာခဲ့သည်။

ထိုသို့ ဆက်သွယ်လာသော်လည်း မွတ်စလင်အမျိုးသမီးအများစုသည် မိမိ၏ ဖြစ်ရပ်များကို ထုတ်ဖော်ပြောကြားရန် ရှက်ကြောက်ခြင်း၊ အိုစမာန်ဂိုနီ၏ အရှိန်အဝါကို ကြောက်လှန့်ခြင်း အပါအဝင် ၎င်းတို့အနေဖြင့် ရဲစခန်း၊ တရားရုံးတို့ တွင် အမှုရင်ဆိုင်ရန် ငွေအင်အားမရှိသဖြင့် အမှန်တရား ရရှိနိုင်မည်လားဆိုသည့် သံသယစိတ်များဖြင့် အိုစမာန်ဂိုနီ အား တရားရုံးရှေ့ထွက်သူ မရှိသလောက် ဖြစ်ခဲ့ကြောင်း ယင်းအရေးအား ကူညီပေးနေသည့် ရခိုင်အမျိုးသမီးများက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
26
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
77

သို့သော်လည်း အသက် ၃၀ အရွယ် ရူဘီယာဘေဂါမ် ဆိုသည့် အမျိုးသမီးသည် ပထမဆုံး ဖြစ်ရပ်အား ဖော်ထုတ် ပြောကြားလာသည့်အတွက် ရခိုင် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ အမျိုးသမီးများ၏ အကူအညီဖြင့် စစ်တွေမြို့မ ရဲစခန်း တွင် အမှုဖွင့်လှစ်ကာ မြို့နယ်တရားရုံး၌ ရာဇဝတ်ကြီး အမှုအမှတ် ၉၂၃/ ၂၀၂၂ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုလက်ခံခဲ့ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

ရခိုင်အမျိုးသမီးများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ဖွဲရာကုန်းစခန်းကို ကျမတို့ ကွင်းဆင်းတဲ့အခါ စခန်းက အမျိုးသမီးတွေ တော်တော်ကြီးကို အကြောက်တရား ကြီးစိုးနေကြတယ်။ စိတ်ဒဏ်ရာတွေ အများကြီး ရနေကြတယ်။ တနေ့ သူတို့သမီးလေးတွေ သူတို့လိုဖြစ်မှာကို အရမ်းစိုးရိမ်ပြီးတော့ ကြောက်ပေမယ့်အရဲစွန့်ပြီး ထုတ်ဖော်ပြောကြားတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရူဘီယာဘေဂါမ်မှာ ပထမဆုံး တရားဝင် ဖော်ထုတ်ပြောကြားပြီး တရားစွဲဆို တိုင်တန်း လာမှုကြောင့် စခန်းမှ မသီတာရွှေ အပါအဝင် ၉ ဦးတို့မှာလည်း ၎င်းတို့ ဖြစ်ရပ်များအား ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်တန်းလာခဲ့ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်သူများက ဆိုသည်။

ထိုသို့ ရူဘီယာဘေဂါမ်သည် ပထမဆုံးအဖြစ် တရားစွဲတိုင်တန်းခဲ့မှုကြောင့် အိုစမာန်ဂိုနီ အဖမ်းခံရပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် နောက်ထပ် ပြုကျင့်ခံရသူများဖြစ်သည့် မသီတာရွှေ အပါအဝင် ၉ ဦးမှာလည်း ၎င်းတို့ ဖြစ်ရပ်များအား ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်လာခဲ့ကြကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

Google Earth မှမြင်တွေ့ရသည့် ဖွဲရာကုန်း ဒုက္ခသည်စခန်း

အိုစမာန်ဂိုနီသည် စခန်းရှိ အမျိုးသမီးများအား ညအချိန်၌ နေအိမ်သို့ ဝင်ရောက်၍ မုဒိမ်းကျင့်ခြင်း၊ တချို့သော အမျိုးသမီးများအား ထောက်ပံ့မှုရိက္ခာကိစ္စဟုဆိုကာ ၎င်းနေထိုင်ရာ အဆောင်သို့ ခေါ်ဆောင်ပြီး မုဒိမ်းကျင့်ခြင်း၊ အမျိုးသမီးအား မုဒိမ်းကျင့်ရာတွင် အိုစမာန်ဂိုနီသည် စူး၊ ဓားဖြင့် ခြိမ်းခြောက်ခြင်း၊ အော်ဟစ်ငိုကြွေးသံများကြောင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးမှုများပြုလုပ်လျှင် ၎င်းအား ဖမ်းမမိစေရန် တကိုယ်လုံးကို ခေါင်းလျှော်ရည်ဖြင့် လိမ်းကျံ လိုက်ကြောင်းလည်း ကိုယ်တွေ့ကြုံရသည့် ကာယကံရှင်အမျိုးသမီးများက ပြောပြသည်။

ထိုသို့ ဖွဲရာကုန်းဒုက္ခသည်စခန်းမှ အမျိုးသမီးများ မိမိတို့ ဖြစ်ရပ်များကို တစတစ ထုတ်ဖော်ပြောကြားလာသည့် အတွက် မုဒိမ်းကျင့်ခံရသူ အမျိုးသမီးဦးရေမှာ ၄၅ ဦးအထိ ရှိလာသလို ထပ်မံ၍လည်း တိုးလာနိုင်သေးကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

တရားမျှတမှု ရရှိပါ့မလား

ထိုသို့ ဖွဲရာကုန်း ဒုက္ခသည်စခန်းမှ အမျိုးသမီးများ၏ ငရဲစခန်းအလားတူ အဖြစ်အပျက်များကို ဖော်ထုတ်ပြောဆိုကြ ပြီးနောက် ပထမဆုံးသော တရားစွဲထားသည့် ရူဘီယာဘေဂါမ်မှာ အမှုရင်ဆိုင်နေသည့် အချိန်အတောအတွင်း လူ/ ကယ်ပြန် ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လုံခြုံစိတ်ချရသည့်နေရာ (Safe house) တခု၌ ထားရှိသော်လည်း အိုစမာန် ဂိုနီ၏ မိသားစုဝင်များက စည်းရုံးသိမ်းသွင်းခေါ်ဆောင်သွားမှုကြောင့် လက်ရှိတွင် မည်သည့်နေရာတွင် ရှိနေသည်ကို ဆက်သွယ်၍ မရတော့ကြောင်းလည်း ကူညီပေးနေသည့် ရခိုင်အမျိုးသမီး အဖွဲ့အစည်းများက ပြောသည်။

ထိုသို့ အခြေအနေများကြောင့် အမှုပျက်ပြယ်သွားမည်ကို စိုးရိမ်သည့်အတွက် အိုစမာန်ဂိုနီအား ရဲစခန်းတွင် တိုင်ကြားထားသူ မသီတာရွှေအပါအဝင် ကာယကံရှင်အမျိုးသမီး ၉ ဦးနှင့် ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီး အဖွဲ့ အစည်းများက ၂၀၂၃ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲဖြင့် အိုစမာန်ဂိုနီအမှုအား ပျောက်ပျက်မသွားရေးနှင့် အမှုမှန် ပေါ်ပေါက်စေရန် စစ်ကောင်စီခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တိုင်ကြားခဲ့သည်။

ထို့ကြောင့် ဖွဲရာကုန်းဒုက္ခသည်စခန်းမှ အမျိုးသမီးများ၏ ဖြစ်စဉ်များမှာ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ရောက်ရှိခဲ့သလို သတင်းမီဒီယာတချို့တွင် ဖော်ပြလာကြသည့်အတွက် ဖေဖော်ဝါရီလ ၂၁ ရက်က စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးမှ မသီတာရွှေ အပါအဝင် ကာယကံရှင်အမျိုးသမီးများကို ခေါ်ယူတွေ့ဆုံခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်လည်း မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့တို့ ဒုက္ခသည်စခန်းသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်ညိုအေးက “နောက်ထပ် အမျိုးသမီး ၉ ယောက် တိုင်ကြားတဲ့အမှုကတော့ ရဲစခန်းက အမှုကို လက်ခံပြီး ဥပဒေ အကြံတောင်းတဲ့အဆင့်ကို ရောက်နေပြီလို့ သိရတယ်။ ကျမတို့ကတော့ ဒီအမှုကို အမှုမှန်ပေါ်ပေါက်ပြီး အမှုပြီးဆုံး သည်အထိ ကူညီဆောင်ရွက်ပေးသွားမယ်” ဟု ပြောဆိုသည်။

You may also like these stories:

၂ နှစ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများကို ပြန်တူးဖော်ခြင်း

စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

Your Thoughts …
Tags: စခန်းတာဝန်ခံစစ်တွေဖွဲရာကုန်း ဒုက္ခသည်စခန်းမုဒိမ်းကျင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

by ဧရာဝတီ
23 February 2024
14k

ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးအတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

by ဧရာဝတီ
27 February 2024
6.2k

အမ်းမြို့နှင့် တောင်ကုတ်မြို့နယ်အထိပါ ပိတ်ဆို့ခြိမ်းခြောက်နေသည့်အတွက် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် အုပ်ချုပ်ရေးမြို့တော် စစ်တွေတို့တွင် စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

by ဧရာဝတီ
16 November 2023
5.5k

ပေါက်တောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ စခန်းမှူးအပါအဝင် အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

by ဧရာဝတီ
16 February 2024
4.9k

ဖုန်းလိုင်းတွေက အဆင်မပြေတော့ မိုင်တဲလ်ဆင်းကတ်တွေ ချိန်းလိုက်ရတော့ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ပါ အဆက်အသွယ်တွေ ပြတ်ကုန်တယ်၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ ငွေပေးငွေယူ ကိစ္စတွေလည်း အတော်လေးကို ဒုက္ခရောက်နေကြရတယ်။

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

by ဧရာဝတီ
18 March 2024
4.7k

လူထုကတော့ စစ်ရေးကာလ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ AA ရဲ့ အောင်မြင်မှုကို စောင့်ကြည့် ပြီး အားတက်နေကြသလို တိုက်ပွဲတွေ မြန်မြန်ပြီးပြတ်စေဖို့ စိတ်ဆန္ဒတွေလည်း ရှိနေကြပါတယ်။

Next Post
စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့သည့် မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာနှင့် ကန်တော်ရွာ / မြင်းမူသတင်းမှန်ပြန်ကြားရေး

မြင်းမူနယ်တိုက်ပွဲ နှစ်ဖက် အကျအဆုံးရှိ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved