• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်ရှိ သီလရှင်ကျောင်းမှ တအာင်းမိန်းကလေးငယ်များ ညှဉ်းပန်းနှိပ်စက်ခံထားရ

by ဧရာဝတီ
25 February 2023
in သတင်း
A A
လွေးနွန်ခန်းနှင့် မိခင် / ရွှေဖီမြေ

လွေးနွန်ခန်းနှင့် မိခင် / ရွှေဖီမြေ

7.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းရှိ သီလရှင်ကျောင်းတကျောင်းတွင် ပညာသင်ကြားရန်သွားသည့် တအာင်းတိုင်းရင်းသား မိန်းကလေးငယ် ငါးဦး ရှမ်းပြည်နယ်သို့ ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့တွင် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် လက္ခဏာများ တွေ့ရသည်။

အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားရှိ တအာင်းမိန်းကလေးများကို ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သုခိတာရာမ သီလရှင်ကျောင်းမှ ဆရာကြီးတဦးက ပြင်းထန်စွာ နှိပ်စက်ခဲ့ခြင်းဖြစ်သည်ဟု မိန်းကလေးငယ်များ၏ မိဘများက ပြောသည်။

၎င်းတို့၏ဇာတိဒေသ ရှမ်းပြည်နယ်၊ ကျောက်မဲသို့ ယခုလအစောပိုင်းတွင် ပြန်ရောက်လာသောအခါ ထိုကလေးငယ်များအနက် နှစ်ဦးကို ဆေးရုံတင်ကုသရကြောင်း သိရသည်။

ခုံငင်းနှင့် ကျောင်းခမ်းကျေးရွာများမှ မိန်းကလေးငယ် ၁၆ ဦးကို တအာင်း သီလရှင်တပါးက လွန်ခဲ့သောနှစ် ဧပြီလတွင် ခေါ်ဆောင်သွားခြင်းဖြစ်သည်။ ထိုကလေးများကို ရန်ကုန်ရှိ သီလရှင်ကျောင်းတွင် သီလရှင်ဝတ်ပေးပြီး ပညာသင်ကြားပေးမည်ဖြစ်ကြောင်း ထိုသီလရှင်က မိဘများကို ပြောခဲ့သည်။

သို့သော် ထိုကလေးများသည် ကျောင်းမတက်ရဘဲ လက်ထောက် သီလရှင်ဆရာကြီး ဒေါ်အိန္ဒြာသီရိက သီလရှင်ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ကြမ်းများ စေခိုင်းသည်။ ဖျားနာသောအခါ၊ အလုပ်မလုပ်နိုင်သောအခါ ကလေးများ ရိုက်နှက်ခံရသည်ဟုလည်း မိဘများက ပြောသည်။

ရန်ကုန်ရှိလမ်းများတွင် လျှောက်ပြီး အလှူခံခိုင်းကာ ရရှိသောငွေများ အားလုံးကို သီလရှင်ကျောင်းတာဝန်ခံထံ ပေးအပ်ရကြောင်း သီလရှင်လေးများက ပြောသည်။ ထိုသို့ လုပ်ရန် ငြင်းဆန်သူများကို ကြိုးဖြင့် တုပ်နှောင်အပြစ်ပေးကြောင်း သိရသည်။

ထိုမိန်းကလေး ၁၆ ဦးအနက် ငါးဦးဖြစ်သော အသက် ၁၁ နှစ်အရွယ် လွေးမြအောင်၊ သူ၏ညီမ အသက် ၉ နှစ်အရွယ် လွေးမြဟန်၊ အသက် ၁၄ နှစ်အရွယ် လွေးဝင်းခိုင်၊ အသက် ၉ နှစ်အရွယ် လွေးနွန်ခန်းနှင့် အသက်အရွယ်မသိရသော နန်းလီတို့သည် ကျန်းမာရေး မကောင်းဘဲ ဒဏ်ရာများစွာ ရရှိပြီး ရှမ်းပြည်နယ်သို့ ပြန်ရောက်လာကြသည်။

လွေးမြအောင်သည် ပိန်ချုံးနေပြီး လမ်ကောင်းစွာ မလျှောက်နိုင်တော့ကြောင်း ဖခင်ဖြစ်သူ ဦးကျော်ခင်က ပြောသည်။ ကြိုးဖြင့် အချည်ခံထားရသည့် ဒဏ်ရာများလည်း ရရှိထားပြီး သူ့ကို ဆိုင်ကယ်ဖြင့် အိမ်သို့ ပြန်ခေါ်လာသောအခါ သူ့ခါးကိုပင် ဖက်မထားနိုင်တော့ကြောင်း ဦးကျော်ခင်က ပြောပြသည်။

“သူ့အခြေအနေက အိမ်ကနေသွားတုန်းကနဲ့ လုံးဝခြားနားသွားတယ်။ အဲဒီတုန်းက ကျနော်တို့ သမီးက ကျန်းမာရေးလည်း ကောင်းတယ်။ ရန်ကုန် သီလရှင်ကျောင်းကို မသွားခင်က ဘာကျန်းမာရေး ပြဿနာမှ မရှိဘူး” ဟု ဦးကျော်ခင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“ကျနော်သူ့ကို တွေ့လိုက်တော့ ဆောက်တည်ရာမရဖြစ်ပြီး ဘာပြောလို့ ပြောရမယ်မှန်းတောင် မသိတော့ဘူး” ဟုလည်း သူကပြောသည်။

မကြာခဏ ရိုက်နှက်ခံရပြီး ဒဏ်ရာများရ

လွေးမြအောင်နှင့် လွေးနွန်ခန်းတို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဆေးရုံတင်ကုသရပြီး လွေးမြအောင်သည် ဆေးရုံတွင်ပင် ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်သည်။

ခုံငင်းကျေးရွာမှ လွေးနွန်ခန်း၏ ခြေထောက်များနှင့် ပေါင်များတွင် သီလရှင်ကျောင်း၌ နေထိုင်စဉ်က မကြာခဏ ရိုက်နှက်ခံရသည့် ဒဏ်ရာများ ရှိနေကြောင်း ရွာခံများကပြောသည်။

(ဝဲ) ဒဏ်ရာများကြောင့် လမ်းမလျှောက်နိုင်ဘဲ အခြားသူကို မှီထားရသူ လွေးမြအောင်။ (ယာ) လွေးဝင်းခိုင်က လက်မှ ဒဏ်ရာများကို ပြနေစဉ် / ရွှေဖီမြေ

အခြားမိန်းကလေးငယ် နှစ်ဦးဖြစ်သည့် လွေးဝင်းခိုင်နှင့် နန်းလီတို့တွင်လည်း ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများရှိကြောင်း ၎င်းတို့ကပြောသည်။

သူ၏သမီးကို ကိုယ့်မစင်ကိုယ်စားစေပြီး ငြင်ဆန်သောအခါ ရိုက်နှက်ခံရကြောင်း ဦးကျော်ခင်က ပြောသည်။

“သူက အရမ်းအားနည်းပြီး ကျန်းမာရေး မကောင်းတော့လို့ ခန္ဓာကိုယ် လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘူး။ သူ့ကိုယ်သူတောင် သန့်ရှင်းရေး မလုပ်နိုင်တော့ဘူး။ သူ့ကို ဒီလိုလုပ်ခဲ့ကြတယ်” ဟု ဦကျော်ခင်က ပြောသည်။

“ကျနော့်သမီးက ဖျားပြီးအားမရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမယ့် ဖျားချင်ယောင်ဆောင်တယ်၊ ပျင်းတယ်လို့ စွပ်စွဲပြီး သူ့ကို အုတ်ခဲနဲ့ထုတယ်။ သူနဲ့ တခြားမယ်သီလရှင်လေးတွေကို တနေကုန် ကြိုးနဲ့ချည်ထားပြီး အစားအသောက် မကျွေးဘူး။ သူတို့ကို အဲဒီလို မကြာခဏလုပ်တယ်” ဟု ဦးကျော်ခင်က သူ့သမီး ပြောပြသည့်အတိုင်း ပြန်ရှင်းပြသည်။

ဧရာဝတီသတင်းဌာနက ဒေါ်အိန္ဒြာသီရိကို ဖုန်းဖြင့် အနည်းဆုံး ၅ ကြိမ် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ကျန် မိန်းကလေး ၁၁ ဦး၏ မိဘများ စိတ်ပူနေ

သီလရှင်ကျောင်းတွင် ကျန်ရှိနေဆဲဖြစ်သော မိန်းကလေး ၁၁ ဦးအနက် နှစ်ဦး၏ ဖခင်ဖြစ်သူ ကျောင်းခမ်းကျေးရွာမှ အသက် ၄၆ နှစ်အရွယ် ဦးအောင်ထူးသည် ထိုညှဉ်းပန်းနှိပ်စက်မှုများကို ကြားပြီးနောက် လွန်စွာစိတ်ပူနေသည်။ သူ၏ သမီးများဖြစ်သော အသက် ၁၀ နှစ်အရွယ် ချယ်ရီခိုင်နှင့် အသက် ၁၁ နှစ်အရွယ် လွေးမိုမိုတို့ကို လွန်ခဲ့သောနှစ်က ထိုသီလရှင်ကျောင်းသို့ ပို့ဆောင်ခဲ့သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

“ကလေးတွေအတွက် ကျနော်တို့ အရမ်းစိတ်ပူနေတယ်” ဟု သူကပြောသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် သီလရှင်ကျောင်းက သူ့ထံဖုန်းဖြင့် ဆက်သွယ်ပြီး သူ၏သမီးများ ပျော်နေကြောင်း၊ အိမ်ပြန်လာမည်မဟုတ်ကြောင်း ပြောခဲ့သည်။

“သူတို့စကားတွေကို ကျနော်တို့က မယုံဘူး” ဟု ဦးအောင်ထူးက ဧရာဝတီသို့ ပြောသည်။

တအာင်းမိန်းကလေး ငါးဦးအကြောင်း သိရပြီးနောက် အသက် ၁၃ နှစ်အရွယ် သူ၏သမီး နေဝင်းလှိုင်ကို ဆက်သွယ်မရဖြစ်နေကြောင်း အခြားမိဘတဦးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးကျော်ခိုင်က ပြောသည်။

“ကျနော့်သမီးကို ရန်ကုန်မှာ နှိပ်စက်နေမှာ စိုးရိမ်တယ်။ သီလရှင်ဆရာကြီးကို ဖုန်းဆက်တော့လည်း ဖုန်းပိတ်ထားတယ်” ဟု သူကပြောသည်။

တအောင်းအဖွဲ့အစည်းများက သီလရှင်ကျောင်းကို ဆက်သွယ်

တအာင်းသံဃာတော်များ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထိုသီလရှင်ကျောင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေနွေးသည်။ အခြားမိန်းကလေးငယ် ၁၁ ဦးကိုလည်း မိဘများထံ ပြန်လည် ပို့ဆောင်ပေးမည်ဟု သီလရှင်ကျောင်းက သဘောတူထားကြောင်း တအာင်းသံဃာ (ဗဟို) မှ အတွင်းရေးမှူး ဆရာတော် ဦးတိက္ခဉာဏက မိန့်သည်။

ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ်ရှိ သုခိတာရာမ သီလရှင်ကျောင်းမှ ဒေါ်အိန္ဒြာသီရိကို သီလရှင်ငယ်များနှင့် တွေ့ရစဉ်

သီလရှင်ကျောင်းသည် ကလေးများအတွက် ဆေးကုသမှုစရိတ်များကိုလည်း ပေးမည်ဖြစ်ကြောင် ဆရာတော်က မိန့်ကြားသည်။

သီလရှင်ငယ် ၁၁ ဦး ကျောက်မဲသို့ ပြန်ရောက်လာသောအခါ ၎င်းတို့အပေါ် ညှဉ်းပန်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး တရားစွဲဆိုသည့်အဆင့်အထိ ဖြစ်နိုင်ကြောင်းလည်း ဆရာတော်က မိန့်သည်။

“လူမှုကွန်ရက်ကတဆင့် သိရတဲ့ ဒီညှဉ်းပန်းနှိပ်စက်မှုတွေကို ဘုန်းကြီးတို့ အပြင်းအထန် ရှုတ်ချတယ်။ ဘုန်းကြီးတို့ မသိသေးတဲ့ တခြားညှဉ်းပန်းနှိပ်စက် ချိုးဖောက်မှုတွေ ရှိနေမှာပဲ” ဟုလည်း ဆရာတော်က ဧရာဝတီ သတင်းဌာနသို့ မိန့်သည်။

ထိုသီလရှင်ငယ် ၁၁ ဦးကို သီလရှင်ကျောင်းက မည်သည့်နေ့တွင် ပြန်ပို့ပေးမည်ကို မသိရသေးပေ။ သို့သော် မိဘများက ကလေးများကို အမြန်ဆုံး ပြန်တွေ့လိုနေသည်။

“ကျနော်တို့တွေ သူတို့ကို နေ့တိုင်းသတိရနေတယ်။ သူတို့ပြန်လာမယ့်ရက်ကိုပဲ အားလုံးက စောင့်နေတယ်” ဟု ဦးအောင်ထူးက ပြောသည်။

You may also like these stories:

အာဏာသိမ်း စစ်ကောင်စီ အမျိုးသမီး ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့

မွေးနေ့မှာ လိုအပ်တဲ့ နေရာတွေကို စုပေါင်း လှူဒါန်းခဲ့တဲ့ ဟိဏ်းသစ်

တန်းတူပညာသင်ခွင့် ရဖို့လိုအပ်နေတဲ့ တအန်းကလေးငယ်များ

Your Thoughts …
Tags: ကလေးသူငယ်ကျောက်တန်းကျောက်မဲညှဉ်းပန်းနှိပ်စက်မှုတအာင်းတအာင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီပညာရေးဘာသာရေးရှမ်းပြည်နယ်လူ့အခွင့်အရေးသီလရှင်ကျောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

by ဧရာဝတီ
2 February 2024
21.8k

ရာထူးတဆင့်တိုးသွားသော ဗိုလ်ချုပ် နိုင်နိုင်ဦးသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်နှစ်ခုအား ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်တက္ကသိုလ်တပတ်စဉ်ထဲ တက်ရောက်ခဲ့သူ ဖြစ်သည်။

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

by အေးချမ်းဆု
8 December 2023
21.5k

တပ်အင်အား မလုံလောက်၍ စုပေါင်းစပ်ပေါင်းတပ်များ အသုံးပြုခြင်းသည် မိုးထဲရေထဲတွင် မခံနိုင်သကဲ့သို့ စိတ်ဓာတ်ကျဆင်းနေသည့် စစ်တပ်သည်လည်း ဦးကျိုးနေသည်သာ ဖြစ်၏။

Next Post
၂၀၁၉ ခုနှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဒေါက်တာ ဆမ်ဆွန် သွားရောက်တွေ့ဆုံစဉ်

ကချင်ခရစ်ယာန်ခေါင်းဆောင်ကို စစ်ကောင်စီ ဖမ်းဆီးမှု အမေရိကန် ရှုတ်ချ

တော်လှန်ရေးနယ်မြေက ကိုဂျင်မီ စာကြည့်တိုက်ကလေး

တော်လှန်ရေးနယ်မြေက ကိုဂျင်မီ စာကြည့်တိုက်ကလေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved