ဗိုလ်လောင်းသင်တန်းဆင်းပွဲတွေမှာ မျိုးဆက်သစ် အရာရှိငယ်တွေကို နိုင်ငံတော်က အားထားရတဲ့ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံတဲ့ အရာရှိကောင်းတွေ ဖြစ်ဖို့ ရဲစွမ်းသတ္တိ ပြည့်စုံစွာနဲ့ ရန်သူတွေကို ချေမှုန်းပြီး နိုင်ငံတော်ကို အသက်စွန့်ကာကွယ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မိန့်ခွန်းပြောလေ့ရှိပါတယ်။
ဒါပေမယ့် သူကိုယ်တိုင်ကတော့ အရာရှိငယ်ဘဝမှာ ပြောပလောက်တဲ့ စစ်ရေးစွမ်းရည်မရှိဘဲ စစ်စစ်ပေါက်ပေါက် တိုက်ပွဲကြီး ၂ ခု မှာ မထင်မရှားသာ ပါဝင်ခဲ့ရတာကို တွေ့ရမှာပါ။
ဒါ့အပြင် ရှေ့တန်းမှာ သေမှာကြောက်လို့ ဘုရားဆင်းတုတော် လက်ထဲက မချခဲ့သူဖြစ်ပြီး ထိုစဉ်ကတည်းက အတိတ်နမိတ်ကောက် ဗေဒင်အယူသီးခဲ့ပါတယ်။
ကြွားလုံးများ နောက်ကွယ်
၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာမှာ DSA 19 ကျောင်းဆင်းလာတဲ့ အရာရှိငယ် မင်းအောင်လှိုင်ဟာ မိခင်တပ်ရင်းအဖြစ် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် ကွပ်ကဲမှုအောက် အမှတ် ၁ ရှမ်းသေနတ် ကိုင်တပ်ရင်း (လက်ရှိ အမှတ် ၃၁၃ ခြေမြန်တပ်ရင်း မှော်ဘီ) ကို ရောက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိခင်တပ်ရင်းဖြစ်သလို ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း တပ်ခွဲမှူး ဗိုလ်မှူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျနော်လည်း ရှမ်း ၁ ပေါက်ပါလို့ မင်းအောင်လှိုင်က ဂုဏ်ယူစွာ ပြောခဲ့ဖူးပါတယ်။
သမိုင်းအစဉ်အလာရှိခဲ့တဲ့ တပ်ရင်းတရင်းဖြစ်တယ်၊ နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်သူတွေ၊ တပ်မတော်အကြီးအကဲတွေ ဖြစ်ကြတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိခင်တပ်ရင်းဖြစ်သလို ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း တပ်ခွဲမှူး ဗိုလ်မှူးနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ ကျနော်လည်း ရှမ်း ၁ ပေါက်ပါလို့ မင်းအောင်လှိုင်က ဂုဏ်ယူစွာ ပြောခဲ့ဖူးပါတယ်။
၁၉၇၉ ခုနှစ်၊ သံလွင်မြစ်အရှေ့ခြမ်း၊ မိုင်းလန်း၊ မော်ဖဒေသမှာ ရှေ့တန်းအမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်ရဲ့တိုက်ရိုက်ကွက်ကဲမှုနဲ့ ဗကပတွေနဲ့ တိုက်တဲ့ မင်းရန်အောင်စစ်ဆင်ရေးမှာ အမှတ် ၁ ရှမ်းသေနတ်ကိုင်တပ်ရင်းလည်း ပါဝင်ခဲ့ရပြီး ဗိုလ်မင်းအောင်လှိုင်ဟာ ထောက်လှမ်းရေးအရာရှိ I.O အဖြစ် ပါဝင်ခဲ့တာပါ။
လူကြီးတွေ မေးသမျှ တိုက်ပွဲအခြေအနေကို ဖြေ၊ ညွန်ကြားသမျှ တပ်ရင်းမှူးကို သတင်းပို့ခဲ့ရတဲ့ သာမန် အသက် ၂၃ နှစ်အရွယ် အရာရှိငယ်ဖြစ်ပေမယ့် မင်းအောင်လှိုင်က မင်းရန်အောင်စစ်ဆင်ရေးကို ကိုယ်တိုင်ပါဝင် ဆင်နွှဲခဲ့တယ်၊ မိမိတာဝန်ရှိတဲ့နေရာမှာ တာဝန်လစ်ဟင်းမှုမရှိစေဘဲ အောင်အောင်မြင်မြင်ဆောင်ရွက်ခဲ့တယ်လို့ အာဏာမသိမ်းခင် တလကျော် ၂၀၂၀ ဒီဇင်ဘာလက ထွက်တဲ့ “အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ” စာအုပ်မှာ ခပ်ကြွားကြွား အမှာစာ ရေးခဲ့ပါတယ်။
အဲဒီစာအုပ်ဟာ မင်းရန်အောင်စစ်ဆင်ရေးမှာ ဦးဆောင်သူ စစ်ဆင်ရေး အထူးအဖဲ့ွမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးထွန်းရီရဲ့အကြောင်းကို မင်းရန်အောင်စစ်ဆင်ရေးမှာ ဒုတပ်မမှူးတာဝန်နဲ့ စစ်ဆင်ရေးကို အနီးကပ်ကြီးကြပ်ခဲ့တဲ့ ဗိုလ်မှူးကြီးညန့်ဆွေ (မြန်မာစစ်ဗိုလ်ချုပ်အကြောင်းတွေ၊ တိုက်ပွဲအကြောင်းတွေရေးတဲ့ စာရေးဆရာမောင်ဆွေသက်၊ ထိုင်းသံံအမတ်ဟောင်း၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း) က ပြန်ရေးတဲ့စာအုပ်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးထွန်းရီဟာ ဗကပတွေနဲ့ တိုက်တဲ့ ကွမ်းလုံရက်လေးဆယ် တိုက်ပွဲကြီးကို နိုင်အောင်တိုက်ခဲ့သူအဖြစ် တပ်သမိုင်းမှာ ထင်ရှားပြီး သူ ဦးဆောင်တဲ့တိုက်ပွဲတွေ၊ စီမံကွပ်ကဲတဲ့ စစ်ဆင်ရေးကြီးတွေ အောင်မြင်တာများလို့ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းအပါအဝင် အများက နပိုလီယန်လို့ အမည်မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။
နောင် မဆလပါတီကနေ အသွင်ပြောင်းတဲ့ တစညပါတီရဲ့အထွေထွေအတွင်းရေးမှူး၊ နောင်ဥက္ကဋ္ဌ ဖြစ်လာသူပါ။
“အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ” စာအုပ်မှာ မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးထွန်းရီကို အမွှန်းတင်တဲ့အနေနဲ့ ကွမ်းလုံတိုက်ပွဲဟာ ဗိုလ်ချုပ်ကြီးရဲ့နိုင်ငံ့မြေပုံ ပဲ့မပါရေးအတွက် ပေးခဲ့တဲ့ အမွေလို့ ဆိုမယ်ဆို မလွန်ကြောင်း ထည့်ရေးခဲ့ပါတယ်။
အဲဒီစာအုပ်မှာပဲ ဒီနေ့ စစ်ကောင်စီရဲ့ကန်တော့ခံ စစ်တပ်အငြိမ်းစားအရာရှိကြီးဖြစ်နေတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကလည်း ကွမ်းလုံရက်ပေါင်း လေးဆယ်အတွင်း ဗကပလက်အောက်ကို ကွမ်းလုံ မကျဆုံးရလေအောင် ရဲဝံ့စွန့်စား ကွပ်ကဲတိုက်ပွဲဝင်ခဲ့တာဟာ ကျနော်တို့တပ်မတော်သားတွေအတွက် စံနမူနာကောင်းတရပ်ဖြစ်တယ်လို့ အမှာစာရေးခဲ့ပါသေးတယ်။
၂၀၂၃ အောက်တိုဘာလ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးစပြီး ရက်ပိုင်းအတွင်းမှာပဲ တပ်မတော်သမိုင်းမှာ စစ်ဗိုလ်ချုပ်တွေ အမြဲလက်မထောင်ခဲ့တဲ့ ကိုးကန့်ဒေသရဲ့တံခါးပေါက်ကွမ်းလုံကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက မင်းအောင်လှိုင်လက်ထဲက ရက်ပိုင်းအတွင်း ဖဲ့ယူသွားခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၂၃ အောက်တိုဘာလ ၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေးစပြီး ရက်ပိုင်းအတွင်းမှာပဲ တပ်မတော်သမိုင်းမှာ စစ်ဗိုလ်ချုပ်တွေ အမြဲလက်မထောင်ခဲ့တဲ့ ကိုးကန့်ဒေသရဲ့တံခါးပေါက်ကွမ်းလုံကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက မင်းအောင်လှိုင်လက်ထဲက ရက်ပိုင်းအတွင်း ဖဲ့ယူသွားခဲ့ကြပါတယ်။
မင်းအောင်လှိုင်လည်း ကွမ်းလုံအပြင် ချင်းရွှေ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ပတ်ပတ်လည် ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့ပြီး စစ်တပ်သမိုင်းမှာ အတော်ချာတူးလန်တဲ့စစ်ခေါင်းဆောင်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
နောက်ဆုံး တိုက်ပွဲတွေရှုံးလွန်းလို့ တပ်ထောက်ခံသူတွေကတောင် သူ့ကို ရာထူးက ဆင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့အထိပါ။
မင်းအောင်လှိုင်ကတော့ မင်းရန်အောင်စစ်ဆင်ရေးကို ကိုယ်တိုင်ပါဝင်ဆင်နွှဲခဲ့တယ်၊ မိမိတာဝန်ရှိတဲ့နေရာမှာ တာဝန်လစ်ဟင်းမှု မရှိစေဘဲ အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့တယ်လို့ ကြွားလုံးထုတ်ပေမယ့် “အများအခေါ် နပိုလီယန် ကျွန်တော့်အာဘော် စစ်မှော်အောင်သော စစ်ချန်ပီယံ” စာအုပ်ရဲ့ မင်းရန်အောင်စစ်ဆင်ရေးအခန်းမှာ မင်းအောင်လှိုင်ဆိုတဲ့နာမည်ဟာ တကြိမ်သာ ပါဝင်ခဲ့ပါတယ်။
အဆောင်လက်ဖွဲ့တွေနဲ့ စစ်တိုက်သူ
အရပ်သားအစိုးရလက်ထက်က ရန်ကျင့်ပင်အကောင့်ပိုင်ရှင်ဟာ “လက်ရှိကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အသက်စွန့်တိုက်ပွဲဝင်ခဲ့ဘူးတဲ့ တိုက်ပွဲရှိရင် ဖော်ပြပေးပါ။ ဖုန်းဘေလ် တသိန်းထည့်ပေးပါမည်” လို့ ဖော်ပြခဲ့ပါတယ်။
ဒါကို မင်းအောင်လှိုင်ရဲ့လက်အောက်မှာ တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ကြီးဝင်းကို(ငြိမ်း)က မခံမရပ်နိုင်ဖြစ်ပြီး တုန့်ပြန်တဲ့အနေနဲ့ “တပ်ချုပ်ကြီးနှင့်အတူ တွဲတိုက်ခဲ့ရတဲ့ ဝမ်ခသစ်(ကော့မှူးရာ) စခန်းတိုက်ပွဲ” ဆိုပြီး စာအုပ်ထရေးခဲ့ပါတယ်။
သူ့အတွေ့အကြုံတွေ ရေးပြမှပဲ မင်းအောင်လှိုင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် မယ်မယ်ရရ မရှိတာကို သိရတဲ့အပြင် အရာရှိငယ် ဗိုလ်ကြီးဘဝမှာကတည်းက အတိတ်နိမိတ်ကောက်ယူမှု၊ အဆောင်လက်ဖွဲ့တွေမှာ ထဲထဲဝင်ဝင်ယုံကြည်တာကို သိကြရပါတယ်။
မင်းရန်အောင်စစ်ဆင်ရေးကြီးနောက်ပိုင်း ဗိုလ်မင်းအောင်လှိုင်ဟာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ မြန်မာစာဌာနက ကထိကဒေါ်ကြူကြူလှနဲ့ အကြောင်းပါပြီး အခု ဖခင်အရှိန်အဝါနဲ့ စီးပွားရေး အကြီးအကျယ် သောင်းကျန်းနေတဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ကို မွေးပါတယ်။
ဗိုလ်ဘဝနဲ့ မင်းရန်အောင် စစ်ဆင်ရေးကြီးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ ၁၉၈၉ ဗိုလ်ချုပ်မှူးကြီးစောမောင် အာဏာသိမ်းစစ်တပ်နဲ့ KNU တို့ရဲ့ဝမ်ခသစ်(ကော့မှူးရာ) တိုက်ပွဲကြီးမှာ တပ်ခွဲမှူး ဗိုလ်ကြီးဘဝနဲ့ ပါဝင်ခဲ့ရပြန်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ KNU တို့ရဲ့ဝမ်ခသစ်(ကော့မှူးရာ) စခန်းကြီးကို စစ်တပ်က ၁၉၈၉ ကစပြီး အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ဘဲ စခန်းကို မသိမ်းပိုက်နိုင်တဲ့အပြင် ရာနဲ့ချီ အကျအဆုံးများတာကြောင့် ၁၉၉၀ မှာ ရင်ဆိုင်ထိန်းချုပ်တဲ့ အခြေအနေနဲ့ ရပ်ထားခဲ့ရပါတယ်။
အဲဒီတုန်းက ရှေ့တန်းမှာ KNU တွေရဲ့ စိန်ပြောင်းတွေ၊ လောင်ချာတွေကြား ဗိုလ်ကြီးမင်းအောင်လှိုင်ဟာ သူ စလွယ်သိုင်း ဖြတ်လွယ်ထားတဲ့ စစ်သုံးမြေပုံအိတ်ထဲမှာ ဗုဒ္ဓရုပ်ပွားတော်တဆူကို အဆောင်အဖြစ် ထည့်လွယ်ခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ကြီးဝင်းကို-ငြိမ်းရဲ့ရေးသားမှုတွေအရ မင်းအောင်လှိုင် ဦးစီးဦးဆောင် တိုက်တာ မတွေ့ရဘဲ ဘုရားဆင်းတုပါ စစ်သုံးမြေပုံအိတ် လွယ်ထားတဲ့ သူ့ရဲ့လုံခြုံရေးကိုပဲ အောက်ခြေတပ်သွားတွေက စိုးရိမ် ဂရုစိုက်ခဲ့ကြရပါတယ်။ “ဘာသာရေးကို အထူးအလေးထား ယုံကြည်ကိုးကွယ်တဲ့ ငါ့အစ်ကိုကြီး အန္တရာယ်ကင်းမှာတော့ အသေအချာပါ” လို့ ရှေ့တန်းမှာ ဗိုလ်ကြီးမင်းအောင်လှိုင်အတွက် ပူပန်ခဲ့ရပုံကို ဗိုလ်ကြီးဝင်းကို-ငြိမ်းက ရေးပါတယ်။
ရှေ့တန်းမှာ ဗိုလ်ကြီးဝင်းကို-ငြိမ်းရဲ့ဗိုက်ပေါ် မြွေတကောင်ဖြတ်ပြေးတဲ့ သတင်းကြားတော့ ဗိုလ်ကြီးမင်းအောင်လှိုင်က “ကိုတွတ် အဲဒါ ရန်ကျော်တာ ခေါ်တယ်၊ ခင်ဗျား ဒီစစ်ဆင်ရေးမှာ ကြိုက်သလောက်လုပ်၊ ဘယ်တော့မှ အန္တရာယ်မဖြစ်တော့ဘူး” လို့ ပြောတာကိုကြည့်ရင် မင်းအောင်လှိုင်ဟာ အရာရှိငယ်ဘဝကတည်းက အတိတ်နိမိတ်ကောက်တာ၊ ဗေဒင်ယတြာတွေမှာ အယူသီးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီလို အယူသီးမှုတွေရှိခဲ့လို့လည်း မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းခင်မှာ ဗေဒင်ယတြာ အတိတ်နိမိတ်နဲ့ ပုဂံက ထီးလိုမင်းလိုဘုရားကို ထီးတင်တာ၊ မာရဝိဇယဘုရားကြီးကို ကိုးနဝင်း အစီအရင်တွေနဲ့ တည်တာ၊ ဆင်ဖြူတော်ပေါ်တာ၊ နစကပတ္တမြားကြီးပေါ်တာ၊ အာဏာသိမ်းပြီးနောက်ပိုင်း ဘုရားတွေ ထီးတင်ရာမှာ အောင်ပြီ အောင်ပြီ အောင်ပြီလို့ လက်ရုံးဆန့်တန်း ယတြာချေတာတွေကို မရှက်မကြောက် ပေါ်ပေါ်တင်တင် လုပ်ရဲခဲ့တာပါ။
အစမကောင်း အနှောင်းမသေချာ ဆိုသလို မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားကိုလည်း ၃ နှစ်ကျော်တဲ့အထိ မတည်ဆောက်နိုင်သလို နယ်မြေပိုင်နက် မြို့တွေ၊ စစ်စခန်းတွေကိုလည်း တော်လှန်ရေးအင်အားစုတွေလက်ထဲ တခုပြီးတခု စွန့်လွှတ်နေရပါတယ်။
လက်ရှိမှာလည်း အစမကောင်း အနှောင်းမသေချာ ဆိုသလို မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပေမယ့် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားကိုလည်း ၃ နှစ်ကျော်တဲ့အထိ မတည်ဆောက်နိုင်သလို နယ်မြေပိုင်နက် မြို့တွေ၊ စစ်စခန်းတွေကိုလည်း တော်လှန်ရေးအင်အားစုတွေလက်ထဲ တခုပြီးတခု စွန့်လွှတ်နေရပါတယ်။
မင်းအောင်လှိုင်လက်ထက် စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲတွေမှာ ရှုံးပြီး စစ်တပ်သမိုင်းမှာ မကြုံစဖူး ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားရှေ့စတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲ ဆက်တိုက်ထွက်ပြေးနေကြတာ၊ ဗိုလ်နေဝင်း ဗိုလ်သန်းရွှေတို့ လက်ထက်မှာတောင် မကျင့်သုံးခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ခပ်မြန်မြန် အကောင်အထည်ဖော်နေရတာတွေက သူ့ရဲ့စစ်ရေးစွမ်းရည် ချို့တဲ့မှုနဲ့ စစ်အင်အား ချိနဲ့လာမှုတွေကို သက်သေခံနေပါတော့တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် Maung Kavi ၏ Behind the Boasts, Myanmar’s Junta Boss Is a Superstitious Mediocrity ကို ပူးတွဲဖတ်ရှုပါ)
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ
ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ
ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း
ကုသိုလ် တပဲ၊ ငရဲ တပိဿာနဲ့ အကုသိုလ် ဘုရားဒကာကြီး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံ “ထီးလိုမင်းလို” စေတီအား ထီးတော်တင်