“သူက နိုင်ငံရေးလုပ်တာကို မစွန့်တဲ့အခါကျတော့ တဖက်မှာလည်း တပ်မတော်က နည်းနည်းတင်းမာနေတာပေါ့။ တပ်မတော်က မလုပ်စေချင်ဘူးပေါ့။ သူက လုပ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါကြောင့် သူကသာ ပြည်သူရဲ့အကျိုးအတွက် မငြိမ်းချမ်းတာတွေ ငြိမ်းချမ်းသွားစေဖို့ သူကသာ ဖြူမယ်ဆိုရင် ဖြူမယ့်သူတွေများတယ်”။
ဒီအပေါ် ပြောစကားကတော့ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကို ပြောခဲ့တဲ့ စကားတွေပါ။ ဦးဥတ္တမသာရက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး နိုင်ငံရေးကနေ အနားယူဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒါဟာ အာဏာသိမ်းမှုအလွန်ကာလ ဘာသာရေးက နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှုတွေထဲက ကြီးမားတဲ့ သာဓကတခု ဖြစ်ပါတယ်။
သံဃာအင်အား ဒုတိယအများဆုံးရှိတဲ့ ရွှေကျင်ဂိုဏ်းရဲ့ တွဲဖက်သာသနာပိုင် (ယခု သာသနာပိုင် ဓမ္မသေနာပတိ) သီတဂူဆရာတော်ကလည်း အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ အားကောင်းစဉ်က စစ်တပ်ဘက်မှာ သံဃာ လေးသိန်းရှိတယ်ဆိုသယောင် စစ်ခေါင်းဆောင်ဘက်က ဘက်ကန်ပြောဆိုခဲ့တာမျိုးလည်း ရှိပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း မဘသ အသွင်ပြောင်း ဗုဒ္ဓ၊ ဓမ္မ ပရဟိတဖောင်ဒေးရှင်းက အမျိုး၊ ဘာသာ၊ သာသနာ ဖျက်ဆီးသူတွေကို မဲမပေးခြင်း အပါအဝင် နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ အဖွဲ့ဝင် သံဃာတွေနဲ့ ထောက်ခံသူတွေကို စာထုတ်ကာ တိုက်တွန်းခဲ့ပါသေးတယ်။
ဒီလို ဘာသာရေးက နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာဟာ ဒီမိုကရေစီကို ဦးတည်မယ့် မြန်မာနိုင်ငံမှာ မရှိသင့်တော့တဲ့ အလေ့အထတခု ဖြစ်ပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးရင် သွေးထွက်သံယို ပဋိပက္ခအကြမ်းဖက်မှုတွေ ဖြစ်နိုင်ပါတယ်။
ဒီလို ဘာသာရေးက နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်တာဟာ ဒီမိုကရေစီကို ဦးတည်မယ့် မြန်မာနိုင်ငံမှာ မရှိသင့်တော့တဲ့ အလေ့အထတခု ဖြစ်ပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ ရောထွေးရင် သွေးထွက်သံယို ပဋိပက္ခအကြမ်းဖက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံက ပြည်သူအများစုရဲ့ ဘဝမှာ အရေးပါတဲ့ကဏ္ဍတခုအနေနဲ့ ကာလရှည်ကြာစွာ ရှိနေခဲ့ပေမယ့် သွေးထွက်သံယိုမှုကို ရှောင်ရှားဖို့ရာ ဗုဒ္ဓဘာသာနဲ့ နိုင်ငံရေး ရောထွေးနေမှုကို ရပ်တန့်ပြီး Secularism ဆိုတဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ခွဲခြားသင့်တယ်ဆိုတဲ့ နှုန်းစံကို အနာဂတ်မှာ လက်ခံကျင့်သုံးသင့်ပါတယ်။
လူမှုရေး သိပ္ပံဘာသာရပ်မှာ ဘာသာရေးက ပဋိပက္ခကို ဦးတည်စေတယ်ဆိုတဲ့ သီအိုရီနှစ်ခု ရှိပါတယ်။ ပထမ တခုကတော့ Social Identity သီအိုရီနဲ့ ဒုတိယ တခုကတော့ Realistic Conflict Group သီအိုရီ ဖြစ်ပါတယ်။
ပထမသီအိုရီအရ ဘာသာရေးပေါ်မူတည်ပြီး အုပ်စုခွဲမှုတွေဟာ လူမှုအသိုက်အဝန်းမှာ နက်ရှိုင်းပြီး ရန်ဆောင်တဲ့ အကွဲအပြဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒုတိယ သီအိုရီက ဘာသာရေး အဖွဲ့တွေကြားမှာ အပြိုင်ဖြစ်နေတဲ့ အကျိုးစီးပွားတွေအပေါ် ယှဉ်ပြိုင်မှုတွေကြောင့် သတ်ဖြတ်မှုလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်လာရတာလို့ ဆိုပါတယ်။ သီအိုရီ နှစ်ခုလုံးအရ ဘာသာရေးဟာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ဖြစ်ပေါ်စေတာကို တွေ့ရပါတယ်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ အသင်းအဖွဲ့တွေက ဗုဒ္ဓဘာသာကို အသုံးချပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုရဖို့ လုပ်ဆောင်လာတာ၊ ရွေးကောက်ပွဲမှာ မဲနိုင်အောင် ကြိုးစားတာမျိုးတွေ ခပ်စိပ်စိပ် လုပ်လာကြပါတယ်။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချတဲ့ ရလဒ်အနေနဲ့ မြန်မာနိုင်ငံက ဘာသာရေးအရ မတူကွဲပြားတဲ့ အုပ်စုတွေအကြားက ရှိရင်းစွဲ အကွဲအပြဲတွေကို ပိုနက်ရှိုင်းလာစေပါတယ်။
သွေးချောင်းစီး ပဋိပက္ခဖြစ်မှုနဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုဟာ အများကြီး ဆက်စပ်နေပါတယ်။ ဘာသာရေးကို နိုင်ငံရေးက ဖယ်ထုတ်နိုင်မှသာ အဲဒီမနှစ်မြို့ဖွယ် အခြေအနေတွေကို ရှောင်ရှားနိုင်မှာပါ။
ဒါကြောင့် သွေးချောင်းစီး ပဋိပက္ခဖြစ်မှုနဲ့ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချမှုဟာ အများကြီး ဆက်စပ်နေပါတယ်။ ဘာသာရေးကို နိုင်ငံရေးက ဖယ်ထုတ်နိုင်မှသာ အဲဒီမနှစ်မြို့ဖွယ် အခြေအနေတွေကို ရှောင်ရှားနိုင်မှာပါ။
Social Identity သီအိုရီ အဆိုအရ ဘာသာတရားတွေက လူမှုအသိုက်အဝန်းမှာ “သူတော်ကောင်းနဲ့ သူယုတ်မာ (Good and Evil) ဆိုပြီး ခွဲခြားကာ ကိုယ့်ဘာသာတရားသာလျှင် သူတော်ကောင်းတရားအဖြစ် ပုံဖော်ခြင်းဖြင့် ပဋိပက္ခကို ဖြစ်စေပါတယ်။ ဒီလို ခွဲထုတ်လိုက်ခြင်းအားဖြင့် ဘာသာတရားတွေက အုပ်စုတွေ ဖြစ်ပေါ်စေပြီး အဲ့ဒီအုပ်စုတွေကြားက အကွဲအပြဲ မတူညီမှုတွေကို ပိုနက်ရှိုင်းစေပါတယ်။
အဲဒီနက်ရှိုင်းတဲ့ အကွဲအပြဲတွေရဲ့ တွန်းအားကြောင့် အားကြီးသူအုပ်စုက အားနည်းသူ လူနည်းစုရဲ့ မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်စတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ကန့်သတ်တာတွေလုပ်ပြီး ဖိနှိပ်ပါတယ်။ အဆိုပါ ဖိနှိပ်မှုက လူနည်းစုတွေရဲ့ မကျေနပ်မှု ဒေါသကို လောင်စာထည့်ပေးသလိုဖြစ်ကာ လူနည်းစုက အကြမ်းဖက်မှုကို နောက်ဆုံးလက်နက်အဖြစ် ထုတ်သုံးကာ ဆုံးရှုံးခဲ့ရတာတွေကို ပြန်ယူဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒီလို အခြေအနေတွေပေါ် အခြေခံပြီး Social Identity သီအိုရီက ဘာသာတရားကို အခြေတည် အုပ်စုဖွဲ့မှုတွေက အကြမ်းဖက်မှုတွေ ပေါ်လာနိုင်ကြောင်း ရှင်းပြထားပါတယ်။
မြန်မာနိုင်ငံက ဘာသာရေးအခြေပြု အုပ်စုဖွဲ့မှုအတွက် ထင်ရှားတဲ့ ဥပမာတခု ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက်တွေက ကိုယ့်ဘာသာမှ အစစ်အမှန် ဖြစ်တယ်လို့ အမြဲ ပြောဆိုလေ့ ရှိပါတယ်။ သူတော်ကောင်းနဲ့ သူယုတ်မာ ခွဲခြားတာက အဲဒီက စပါတယ်။ ကာလရှည်ကြာ တောက်လျှောက် ခွဲခြားလာပြီဆိုရင်တော့ ဘာသာရေး အုပ်စုတွေအကြား အမုန်းတရား ကြီးထွားလာစေပါတယ်။
ဘာသာရေးအခြေပြု အမုန်းတရားတွေကနေ မတူညီတဲ့ ဘာသာတရားတွေအကြား သံသယတွေ ပွားစေပါတယ်။ ၂၀၁၀ ပြည့်နှစ်တွေက မြန်မာမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာ နှစ်ခုအကြားမှာ ဂဏန်းနံပါတ်တွေ သုံးပြီး ခွဲခြားတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေက ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်တွေမှာ “၇၈၆” ဆိုတဲ့ ဂဏန်းကို ဖော်ပြကြပါတယ်။ အဲ့ဒီ “၇၈၆” ဟာ ၎င်းတို့ဘာသာ အလ္လာဟ်အရှင်မြတ်ကို ရည်ညွှန်းပြီး ကံကောင်းစေတာ၊ မြင့်မြတ်စေတာတွေအတွက် သုံးကြပါတယ်။
အဲဒီလို နံပါတ်သုံးဖော်ပြတာကို တန်ပြန်ဖို့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေက “၉၆၉” ဆိုတဲ့ ဂဏန်းကို သုံးစွဲလာကြပါတယ်။ “၉၆၉” ဂဏန်းဟာ ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးကို ရည်ညွှန်းပြီး အဆိုပါ ဂဏန်းသုံးခုကို ပေါင်းလို့ရတဲ့ ၂၄ ဟာ ပဌာန်းဒေသနာတော် ၂၄ ပစ္စည်းကို ကိုယ်စားပြုပါတယ်။
“၉၆၉” လှုပ်ရှားမှုတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အမျိုးသားရေးဝါဒီတွေက ဗုဒ္ဓဘာသာဝင် ဈေးဆိုင်တွေမှာ အဆိုပါဂဏန်းကို ဖော်ပြထားဖို့နဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း “၉၆၉” ဂဏန်းကပ်ထားတဲ့ ဈေးဆိုင်တွေမှာသာ ဝယ်ယူကြဖို့ လှုံ့ဆော်လှုပ်ရှားခဲ့ကြပါတယ်။ အဲ့ဒီ “၉၆၉” လှုပ်ရှားမှုတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခနဲ့ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုမျိုး နံပါတ်ကိုယ်စားပြု အုပ်စုဖွဲ့ ခွဲခြားတာတွေကြောင့် ဘာသာတရား နှစ်ခုအကြား သံသယပွားစေပြီး ရန်လိုတဲ့ ဆက်ဆံရေးတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တာက ငြင်းကွယ်လို့မရတဲ့ အရှိတရား ဖြစ်ပါတယ်။
Realist Conflict Group သီအိုရီကတော့ အထက်က သီအိုရီနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ဘာသာရေးကို အခြေပြု ခွဲခြားကြရုံနဲ့ သွေးထွက်သံယိုမှု မဖြစ်နိုင်ဘဲ နယ်မြေ၊ ရေအရင်းအမြစ်၊ အလုပ်အကိုင် အခွင့်အလမ်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားတွေနဲ့ အာဏာ၊ တန်ဖိုးထားမှု၊ အရေးပါမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ မဟုတ်တဲ့ အကျိုးစီးပွားတွေအပေါ် ဘာသာရေး အခြေပြု ပြိုင်ဆိုင်မှသာ ပဋိပက္ခ ပေါ်ပေါက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီအကျိုးစီးပွားတွေက နှစ်ဦးနှစ်ဖက်အတွက် အကျိုးများစေတယ်ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေပါသေးတယ်။ ဒီမိုကရေစီက ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအာဏာကို ယှဉ်ပြိုင်ရတဲ့ သဘောသဘာဝ ရှိတာကြောင့် အဆိုပါ သီအိုရီအရ ပဋိပက္ခကို ဖန်တီးလေ့ရှိတယ်လို့ ဆိုရမှာပါ။ ဘာသာတရား နှစ်ခုအကြား နိုင်ငံရေးအာဏာဟာ ယှဉ်ပြိုင်စရာ အကျိုးစီးပွား ဖြစ်လာပါက ဘာသာရေးကို အသုံးချကာ လူထုထောက်ခံမှုရအောင် လုပ်ဆောင်တာ၊ ဘာသာရေး အခြေပြု နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်လာရာကနေ ပဋိပက္ခကို ယေဘုယျအားဖြင့် ဦးတည်စေနိုင်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ဘာသာရေးအခြေပြု မဲပေးခွင့်နဲ့ ရွေးကောက်ခံပိုင်ခွင့် ကန့်သတ်တာတွေက ဘာသာရေး အသုံးချ နိုင်ငံရေးအာဏာ ယှဉ်ပြိုင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဖိနှိပ်မှုရဲ့ ထင်ရှားတဲ့သာဓက ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာတွေကို မဲပေးဖို့ ကနဦး ခွင့်ပြုခဲ့ပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများက ဆန္ဒပြပွဲတွေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ အဲ့ဒီကန့်ကွက်မှုရဲ့ ဖိအားတွေကြောင့် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာတွေရဲ့ မဲပေးခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။
ဒါ့အပြင် အဲ့ဒီအချိန် အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ရွေးကောက်ခံပိုင်ခွင့်ကို မျိုးချစ်အစွန်းရောက်များရဲ့ ဖိအားတွေကြောင့် ကန့်သတ်ခဲ့ပါသေးတယ်။ ဒီလို ဘာသာရေးကို အခြေတည်ပြီး နိုင်ငံရေးအာဏာအတွက် ယှဉ်ပြိုင်တာ၊ ဖိနှိပ်တာတွေကြောင့် ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာ ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ရန်လိုမုန်းထားတဲ့ ဆက်ဆံရေးတွေ ပေါ်ပေါက်ကြီးထွားစေခဲ့ပါတယ်။
သီအိုရီရော လက်တွေ့ အခြေအနေတွေကပါ ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားသင့်တယ်လို့ လှစ်ဟပေမယ့် ဗုဒ္ဓဘာသာဟာ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုပြီး ပြောဆိုနေကြမှုတွေလည်း ရှိပါတယ်။
သီအိုရီရော လက်တွေ့ အခြေအနေတွေကပါ ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားသင့်တယ်လို့ လှစ်ဟပေမယ့် ဗုဒ္ဓဘာသာဟာ နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုပြီး ပြောဆိုနေကြမှုတွေလည်း ရှိပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေက လူတွေကို မကောင်းတာတွေ မလုပ်အောင် လမ်းညွှန်တာကြောင့် တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းကို ဖော်ဆောင်နိုင်တယ်ဆိုတဲ့ အချက်နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ မြန်မာ့ပြည်သူလူထုရဲ့ အခက်အခဲဆုံး ဖိနှိပ်ခံရမှုတွေ ကြုံတဲ့အခါ ရှေ့ပြေးတပ်အဖြစ် မားမားမတ်မတ် ရပ်တည်လေ့ရှိတယ်ဆိုတဲ့ အချက်တွေကြောင့် ပါဝင်သင့်တယ်လို့ ထောက်ခံပြောဆိုနေကြတာပါ။
စေ့စေ့တွေးကြည့်ခဲ့ရင် ဗုဒ္ဓအဆုံးအမတွေဟာ မြန်မာ့လူမှုအသိုက်အဝန်းမှာ ဒုစရိုက်မှုတွေ မကျုးလွန်အောင် အကာအကွယ် မပေးနိုင်သလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကိုယ်တိုင် ဘုရား အဆုံးအမတွေကို မလိုက်နာကြတော့ပါဘူး။ ဒါ့အပြင် ဘုန်းတော်ကြီးတွေကလည်း အာဏာရှင်များဘက် ရပ်တည်ကာ ရှေ့ပြေးတပ်အဖြစ် ဆက်မရှိနေတော့တာကို သတိပြု ဆင်ခြင်သင့်ပါတယ်။
ဗုဒ္ဓဘာသာဟာ မြန်မာ့လူမှုအသိုက်အဝန်းမှာ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ဖို့ ကျင့်ဝတ်တွေအနေနဲ့ ကာလရှည်ကြာစွာ အမြစ်တွယ်နေခဲ့ပါတယ်။ ဒီလိုဆိုရတဲ့ အကြောင်းတရားကတော့ ဘုရားရဲ့ သင်ကြားလမ်းညွှန်မှုတွေဟာ ကံနဲ့ ကံရဲ့ အကျိုးအပေါ်မှာ အခြေခံတာကြောင့်လို့ ဆိုပါတယ်။ ကံနဲ့ ကံရဲ့ အကျိုး သဘောတရားအရ အခု ဘဝ၊ နောင် ဘဝ၊ နှစ်ဌာနလုံးမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု (ကုသိုလ်ကံ)၊ မကောင်းမှု (အကုသိုလ်ကံ) တွေကို ကိုယ်တိုင်ပဲ ပြန်ခံစား၊ စံစားကြရမယ်လို့ ဆိုပါတယ်။
မကောင်းမှု ပြုခဲ့တဲ့လူက မကောင်းတဲ့အကျိုးဆက်ကို အခုဘဝမှာ ချက်ချင်းဖြစ်ဖြစ်၊ သေပြီး ပြန်ဖြစ်မယ့် နောင်ဘဝ အဆက်ဆက်မှာဖြစ်ဖြစ် တဖန်ပြန်ကာ ခံကြရမှာပါ။ ဒီလို ကံနဲ့ ကံရဲ့ အကျိုးဆက်ကို ယုံကြည်ရင်းစွဲကနေ လူတွေက မကောင်းမှုကို ရှောင်ပြီး ကောင်းမှုတွေကို တိုးလို့ လုပ်ဖြစ်ကြလေ့ရှိကြပါတယ်။ မကောင်းမှုတွေ ရှောင်ကြတာကြောင့် နိုင်ငံအတွင်း ဒုစရိုက်မှုတွေ ကင်းပပြီး တည်ငြိမ် လုံခြုံတဲ့ အခြေအနေ ဖြစ်ထွန်းစေနိုင်တယ်လို့ ယူဆကြပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာဝင်တိုင်း ခါးဝတ်ပုဆိုးလို မြဲကြရမယ့် ငါးပါးသီလကလည်း ဒုစရိုက်မှု မဖြစ်အောင် ကာကွယ်စေနိုင်တယ်လို့ ပြောကြပါတယ်။ တပါးသူ အသတ်ကို မသတ်ဖို့၊ ခိုးဝှက်တာ မလုပ်ဖို့၊ သူတပါး သားမယားကို မပြစ်မှားကြဖို့၊ မလိမ်ဖို့နဲ့ မူးယစ်စေတဲ့ အရာတွေ မသုံးဆောင်ဖို့တွေက မကောင်းမှုတွေအတွက် အဟန့်အတားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးလိုသူများက လူတိုင်းသာ ငါးပါးသီလကို မဖောက်ဖျက်ဘဲ ကံနဲ့ ကံရဲ့ အကျိုးကိုသာ ယုံကြည်ကြမယ်ဆိုရင် မကောင်းမှု ဒုစရိုက်က ပေါ်မလာနိုင်ဘူးလို့ ပြောကြပါတယ်။
လက်တွေ့ အခြေအနေမှာတော့ ဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးသူတွေဟာ သွေးထွက်သံယို ပဋိပက္ခဖြစ်မှုနဲ့ ဒုစရိုက်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေက ထင်ရှားတဲ့သာဓကပါ။
လက်တွေ့ အခြေအနေမှာတော့ ဗုဒ္ဓဘာသာကို လိုက်နာကျင့်သုံးသူတွေဟာ သွေးထွက်သံယို ပဋိပက္ခဖြစ်မှုနဲ့ ဒုစရိုက်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ရိုဟင်ဂျာတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေက ထင်ရှားတဲ့သာဓကပါ။ အဆိုပါ သတ်ဖြတ်မှုတွေအတွင်း ရိုဟင်ဂျာ ၆,၇၀၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲကြပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် အများစုကဘဲ ရိုဟင်ဂျာတွေ ဖိနှိပ်သတ်ဖြတ်ခံရမှုတွေကို တားဆီးဖို့ ပျက်ကွက်တာ၊ အားပေးအားမြှောက်ပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။
မွတ်ဆလင်တွေအပေါ် သံသယတိုး အမုန်းပွားခဲ့တာက အထက်မှာ ပြောခဲ့သလို “၉၆၉” လှုပ်ရှားမှုတွေမှာ သန္ဓေတည်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအခြေပြု အမျိုးသားရေးဝါဒီတွေက ၂၀၁၀ ပြည့်နှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပိုင်းမှာ “၉၆၉” လှုပ်ရှားမှုအဖြစ် တဖန် ပြန်အားကောင်းလာခဲ့ပါတယ်။
“၉၆၉” လှုပ်ရှားမှုတွေက မူဆလင်တွေဟာ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးငယ်တွေကို ပေါင်းသင်းလက်ထပ်ပြီး အတင်းအကြပ် ဘာသာပြောင်းစေကာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ အငြင်းပွားဖွယ် စွပ်စွဲချက်တွေ များစွာ လုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ “၉၆၉” လှုပ်ရှားမှုကတဆင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင်မှာ မဘသ အဖွဲ့ရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကြောင့် သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာတွေ (အထူးသဖြင့် အစ္စလာမ်ဘာသာဝင်) ကို ဖိနှိပ်ကာ ခွဲခြားဆက်ဆံတဲ့ ဥပဒေများကို ပြဌာန်းခဲ့ပါတယ်။
ထို့အပြင် မဘသကလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့အတူ ရပ်တည်ကာ ၎င်းရဲ့ အသင်းဝင်တွေကို ကြံ့ခိုင်ရေးပါတီကိုသာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ စာထုတ် တိုက်တွန်းခဲ့ပါသေးတယ်။ ဒါကြောင့် ဗုဒ္ဓအဆုံးအမကို ဦးထိပ်ပန်တယ်ဆိုတဲ့ မဘသနဲ့ “၉၆၉” လှုပ်ရှားမှုကနေ အခြားဘာသာခြားတွေအပေါ် မုန်းတီးမှုနဲ့ အကြမ်းဖက်မှုတွေဖြစ်စေဖို့ လောင်စာထည့်တဲ့နေရာမှာ အရေးကြီးတဲ့ နေရာက ပါဝင်ပါတယ်။
၂၀၁၁ ခုနှစ် နောက်ပိုင်းကာလတွေမှာ ဗုဒ္ဓဘာသာဝင် မျိုးချစ်တွေဟာ အမျိုးဘာသာကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ “ကိုယ့်ဘက်နဲ့သူ့ဘက် (us and them)” ဆိုပြီး ဆက်တိုက် ခွဲခြားလာခဲ့ပါတယ်။ ပြီးနောက် စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကြံ့ခိုင်ရေးပါတီကဲ့သို့သော အမျိုးသားရေးပါတီများက နိုင်ငံရေးသမားတွေဟာ ဘာသာရေးအခြေပြု ကွဲပြားမှုတွေကို အသုံးချကာ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်မှုတွေမှာ အမြတ်ထုတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။
ဒါ့အပြင် ဗုဒ္ဓက တပါးသူအသက် သတ်ဖြတ်တာကို တားမြစ်ပေမယ့် ဗုဒ္ဓဘာသာဝင် အများစုကတော့ ရိုဟင်ဂျာတွေ သတ်ဖြတ်မှုမှာကို လူထုထောက်ခံပွဲတွေ၊ ဆုတောင်းပွဲတွေနဲ့ အားပေးအားမြှောက်မှုတွေ ရှိခဲ့ပါတယ်။ ဗုဒ္ဓအဆုံးအမတွေက သွေးမြေကျစေတဲ့ ပဋိပက္ခတွေကို မကာကွယ်နိုင်ဘူးဆိုတာ ဒီလို လိမ်ညာမှုနဲ့ သတ်ဖြတ်မှုတွေကို အားပေးအားမြှောက်ပြုမှုတွေက သက်သေတည်နေပါတယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးလိုတဲ့ ပုဂ္ဂိုလ်များက သံဃာထုဟာ တရားမျှတမှုဘက်ကို အမြဲ ရပ်တည်ပြီး ပြည်သူလူထုရဲ့ ရှေ့ပြေးတပ် (Vanguard) အဖြစ် ရပ်တည်လေ့ရှိလို့ ဗုဒ္ဓဘာသာကို နိုင်ငံရေးက မဖယ်ထုတ်သင့်ဘူးလို့ အဆိုပြုကြပါတယ်။
ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးလိုတဲ့ ပုဂ္ဂိုလ်များက သံဃာထုဟာ တရားမျှတမှုဘက်ကို အမြဲ ရပ်တည်ပြီး ပြည်သူလူထုရဲ့ ရှေ့ပြေးတပ် (Vanguard) အဖြစ် ရပ်တည်လေ့ရှိလို့ ဗုဒ္ဓဘာသာကို နိုင်ငံရေးက မဖယ်ထုတ်သင့်ဘူးလို့ အဆိုပြုကြပါတယ်။ အုပ်ချုပ်သူတွေက အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူကို ဖိနှိပ်တဲ့အခါ သံဃာထုက လူထုရဲ့ ရှေ့ပြေးတပ်အဖြစ် ဦးဆောင် ဆန့်ကျင့်လေ့ရှိပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ စစ်အာဏာရှင်တွေကို ဦးဆောင်တော်လှန်ခဲ့တဲ့ ထင်ရှားတဲ့သာဓက ဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာ ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုက ပြည်သူကို နိုင်ငံရေးနဲ့ စီးပွားရေးအရ ဝန်ထုတ်ဝန်ပိုး ဖြစ်စေတဲ့အခါ သံဃာထုက ဆန့်ကျင်တဲ့ ပြယုဂ်အနေနနဲ့ “ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း” အမှုကို ပြုကြပါတယ်။
ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်းဆိုတာ သပိတ်မှောက်တာ၊ တနည်း အာဏာရှင်တွေရဲ့ ဆွမ်း စတဲ့ ထောက်ပံ့မှုတွေကို ငြင်းပယ်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း မွတ်ဆလင် မုန်းတီးရေး သတင်းအမှားတွေ ပျံ့နှံ့လာစဉ်က ဘုန်းတော်ကြီးအချို့က ဒေသတွင်း ငြိမ်းချမ်းရေးကို ဦးတည်စေတဲ့ ရှေ့ဆောင်လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ကြပါသေးတယ်။ ဒါကြောင့် သံဃာတော်တွေဟာ အကြပ်အတည်း ကာလများမှာ လူထုရဲ့ ရှေ့ပြေးတပ်အဖြစ် ရှိခဲ့ကြပါတယ်။ ဒီအကြောင်းပြချက်ကို မီးမောင်းထိုးပြီး ကွန်ဆာဗေးတစ်တွေနဲ့ မျိုးချစ်များက ဗုဒ္ဓဘာသာဟာ မြန်မာ့နိုင်ငံရေးရဲ့ အစိတ်အပိုင်းတခု ဖြစ်သင့်တယ်လို့ ဆိုပါတယ်။
သို့ပေမယ့် လက်ရှိမှာ သံဃာတော်အများစုဟာ လူထုရဲ့ ရှေ့ပြေးတပ်အဖြစ် ရှိမနေတော့ပါဘူး။ အထူးသဖြင့် ထင်ရှားကျော်ကြားတဲ့ ဘုန်းတော်ကြီးတွေက အာဏာရှင်ဘက်က ရပ်တည်ခဲ့တာတွေက ထင်ရှားပါတယ်။
ဥပမာအားဖြင့် ဒုတိယ အင်အားအများဆုံး သံဃဂိုဏ်းရဲ့ ခေါင်းဆောင် (ဥပဥက္ကဋ္ဌ၊ ဓမ္မသေနာပတိ) သီတဂူဆရာတော် အရှင်ဉာဏိဿရက စစ်တပ်ရဲ့ ရိုဟင်ဂျာသတ်ဖြတ်မှုအတွက် စိတ်ပိုင်းဆိုင်ရာ အားဖြစ်စေရေး ပံ့ပိုးမှုတွေ လုပ်ခဲ့တာပါ။ သီတဂူဆရာတော်က ဒုဋ္ဌဂါမဏိဘုရင်ရဲ့ ဖြစ်ရပ်ကို ဥပမာပေးပြီး ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့လူတွေကို သတ်ဖြတ်မှုဟာ သရဏဂုံတည်သူ (ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်သူ) ကို သတ်တာလောက် အပြစ်မကြီးလို့ အကုသိုလ် မများကြောင်း ဟောပြောခဲ့ပါတယ်။
သီတဂူဆရာတော်ဟာဆိုရင် ၁၉၉၀ ပြည့်နှစ်များက စစ်အာဏာရှင် ဆန့်ကျင်ရေးတရားတွေ ဟောခဲ့လို့ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ အာဏာသိမ်းမှုအလွန်မှာတော့ ဘက်ပြောင်းခဲ့ပါပြီ။
အထက်က သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရကလည်း လူထုထောက်ခံမှု အများဆုံးရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အလိုကျ နိုင်ငံရေးမှာ မပါဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဦးဥတ္တမသာရဟာ ရဟန်းတပါးရဲ့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ ဒေသနာကြားခြင်း (အာပတ်ဖြေသည့်) အမှုကိုပင် အလွတ်မရသူ ဖြစ်ပါတယ်။
ဒေသနာကြားတယ်ဆိုတာ ပါရာဇိက အပါအဝင် ကြီးလေးတဲ့အပြစ် မထိုက်တဲ့ အပြစ်သေးတွေကို နောင် မကျူးလွန်အောင် ဆင်ခြင်ပါ့မယ်ဆိုပြီး သံဃာအချင်းချင်း ပန်ကြားကတိပြုရတဲ့ အလွန်တိုသော ပါဠိ ဖြစ်ပါတယ်။ သီလဖောက်ပြီး ဒေသနာကြားခြင်းအမှုကို မပြုရင် အပြစ်ကြီးသလို ကျူးလွန်ခဲ့မှုတွေကို နောင်တရ မရဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။
ပြည်သူရဲ့ ရှေ့ပြေးတပ်အဖြစ်သာ ရှိနေရင် အလှူခံ မကြွဘဲ “ပတ္ထနိက္ကုဇ္ဇကံ” ဆောင်ကြရမှာပါ။
သံဃာထုက စစ်တပ်နဲ့ ရပ်ခဲ့တဲ့ ဥပမာကတော့ ပြီးခဲ့တဲ့ ဝါဆိုလပြည့်နေ့ ရန်ကုန်က ရွှေတိဂုံရင်ပြင်မှာ သံဃာ ၁၁,၁၁၁ ပါး စစ်ကောင်စီရဲ့ ဆွမ်းအလှူကို ကြွရောက် လက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြည်သူရဲ့ ရှေ့ပြေးတပ်အဖြစ်သာ ရှိနေရင် အလှူခံ မကြွဘဲ “ပတ္ထနိက္ကုဇ္ဇကံ” ဆောင်ကြရမှာပါ။ ငြင်းကွယ်လို မရတဲ့ အထက်က ဖြစ်ရပ်တွေက သံဃာတချို့ဟာ လူထုရဲ့ နိုင်ငံရေး၊ လူမှုရေး ရှေ့ပြေးတပ်အဖြစ် ယခင်ကလို ရှိမနေတော့တာ သေချာပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ ငြင်းချက်တွေ၊ အခြေအနေတွေကြောင့် ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးလိုတဲ့ ပုဂ္ဂိုလ်များရဲ့ အဆိုပြုချက် နှစ်ခုဟာ လက်ခံနိုင်ဖွယ် မရှိတော့ပါဘူး။ ဒါ့အပြင် ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးတာဟာ ဒီမိုကရေစီကို စတင် ထိတွေ့ခါစ မြန်မာနိုင်ငံမှာ မနှစ်မြို့စရာကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
နိုင်ငံတခုမှာ လူနည်းစုနဲ့ လူများစု ဘာသာတရားနှစ်ခု ရှိတယ် ဆိုကြပါစို့။ စာဖတ်သူတွေ မြင်သာစေဖို့ လူများစုကို ဗုဒ္ဓဘာသာ၊ လူနည်းစုကို အစ္စလာမ်ဘာသာအဖြစ် စဉ်စားကြည့်ကြရအောင်ပါ။ အဲ့ဒီလိုနိုင်ငံမှာ ဗုဒ္ဓဘာသာ နိုင်ငံရေးသမားတွေက အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ရေးနဲ့ ဗုဒ္ဓဘာသာဝင်တွေကို အခွင့်ထူးပေးမယ်စတဲ့ ဘာသာရေးဆိုင်ရာ ကိစ္စတွေကို သုံးပြီး လူထုထောက်ခံမှုရအောင် လုပ်ဆောင်ပါတယ်။
ဒါ့အပြင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အစ္စလာမ်ဘာသာကို ဗုဒ္ဓဘာသာ ဖျက်ဆီးမယ့်သူတွေအဖြစ် ပုံဖော်ပါတယ်။ ဒီလို ဘာသာရေး သရုပ်သကန်ကို အလွဲသုံးစားလုပ်တာတွေကြောင့် ဗုဒ္ဓဘာသာဝင်တွေသာ လူများစု ထောက်ခံမှုနဲ့ ရွေးကောက်ပွဲ နိုင်ကြပြီး အစ္စလာမ်ဘာသာဝင်များက ရွေးကောက်ပွဲတိုင်းလိုလို ရှုံးနိမ့်ကြပါတယ်။ ဒီလို ဥပမာ ဖြစ်ရပ်မျိုးမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်များအကြား ဆက်ဆံရေးဟာ တန်းတူနိုင်ငံသားတွေ ဖြစ်ရမယ့်အစား အုပ်ချုပ်ခံနဲ့ အုပ်ချုပ်သူ ဖြစ်သွားပါတယ်။ မမျှတတဲ့ အခြေအနေတွေက အုပ်စု နှစ်စုကို ရန်လိုတဲ့ ပြိုင်ဘက်များဖြစ်လာစေပါတယ်။
ဗုဒ္ဓဘာသာဝင်တွေက အစ္စလာမ်ဘာသာဝင်တွေကို ခြိမ်းခြောက်မှုတခုအဖြစ်မြင်ပြီး အစ္စလာမ်ဘာသာဝင်များက နိုင်ငံရေးဆိုင်ရာ မမျှတမှုကြောင့် ဗုဒ္ဓဘာဘာသာဝင်တွေကို ရန်သူလို ထင်လာပါတယ်။
အထက်ဖော်ပြပါ အခြေအနေဟာ ဘာသာရေးကို အခြေခံပြီး နိုင်ငံရေးအရ ပြိုင်ဆိုင်မှုဖြစ်ရာကနေ ဘာသာတခုက အမြဲရွေးကောက်ပွဲနိုင်ပြီး အခြားဘာသာတခုက အမြဲရှုံးနေရတဲ့ ရလဒ်ကတဆင့် ပေါ်ပေါက်လာတဲ့ အကျိုးဆက်တွေပါ။ ဒီလို ဥပမာ အခြေအနေမျိုး မြန်မာပြည်မှာ မဖြစ်ကြအောင် ကာကွယ်သင့်သလို ဘာသာရေးဟာလည်း ပဋိပက္ခကာကွယ်ရေးအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးကိစ္စအဖြစ်သာ ထားရှိသင့်ပါတယ်။
အဆုံးသတ်ရရင်တော့ အာဏာသိမ်းမှုအလွန်ကာလမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ဘုန်းကြီးတွေနဲ့ နိုင်ငံရေးသမားတွေက ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးမှာ ထောက်ခံမှုရဖို့ ကြိုးစားလာနေပါတယ်။ ဘာသာရေးကို အသုံးချတာဟာ ပဋိပက္ခကို ဖန်တီးနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။
အဆုံးသတ်ရရင်တော့ အာဏာသိမ်းမှုအလွန်ကာလမှာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ ဘုန်းကြီးတွေနဲ့ နိုင်ငံရေးသမားတွေက ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးမှာ ထောက်ခံမှုရဖို့ ကြိုးစားလာနေပါတယ်။ ဘာသာရေးကို အသုံးချတာဟာ ပဋိပက္ခကို ဖန်တီးနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။
ရှေးယခင် ဗုဒ္ဓဘာသာနဲ့ နိုင်ငံရေး ရောထွေးမှုတွေက ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင်များအကြား ရန်လိုသော ဆက်ဆံရေးကို ဖန်တီးခဲ့ပြီး ဖြစ်ပါတယ်။ အထက် သီအိုရီတွေရဲ့ ရှင်းပြချက်တွေအရ မြန်မာမှာ ဘာသာရေး သရုပ်သကန်ခွဲတာက “သူတော်ကောင်းနဲ့ သူယုတ်မာ”ဆိုပြီး ခွဲခြားနေဆဲ ဖြစ်ပါတယ်။ ပြီးနောက် ဘာသာရေးကို အသုံးချပြီး နိုင်ငံရေးအာဏာအတွက် ယှဉ်ပြိုင်မှုတွေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ လူတွေကို ခွဲခြားဆက်ဆံမှုနဲ့ ဥပဒေအရ ဖိနှိပ်မှုတွေကို ဦးတည်စေပါတယ်။
ဒီလို လူနည်းစုကို ဦးတည်တဲ့ ဖိနှိပ်မှုတွေကလည်း ဘာသာရေး အုပ်စုတွေအကြား ရန်လိုမှု ဖြစ်စေပါတယ်။ ဒီရန်လိုမှုတွေက အတောမသတ်နိုင်တဲ့ ဖိနှိပ်မှုတွေနဲ့ အသက်တွေ ဆုံးရှုံးရတဲ့ အကြမ်းဖက်မှုတွေကို ဖြစ်စေပါတယ်။
ဒါ့အပြင် ကံနဲ့ ကံရဲ့ အကျိုးနဲ့ ရှေးပြေးတပ်ဖြစ်တဲ့ သံဃာတချို့ဟာလည်း ပဋိပက္ခကို အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို နိုင်ငံရေးကနေ လုံးဝ ဖယ်ထုတ်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ တဦးချင်းရဲ့ ကိုးကွယ်ယုံကြည်မှု တခုအဖြစ်သာ ရှိသင့်တဲ့ Seuralism ကသာ မြန်မာအတွက် အကောင်းဆုံး အဖြေ ဖြစ်ပါတယ်။
(ယခုရေးသားချက်များသာည် ISP-Myanmar မူဝါဒ၊ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်ခြင်း မရှိဘဲ ပုဂ္ဂလိက ရှုမြင်ချက်သာ ဖြစ်ပါသည်။)
You may also like these stories:
ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့