မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

အုန်းညို
စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာ့လူမှုအဖွဲ့အစည်းမှာရော နိုင်ငံရေးရပ်ဝန်းမှာပါ တချိန်က ပြောလေ့ပြောထရှိခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ဒါကတော့ “သားသုံးသားကို မထိနဲ့” ဆိုတာပဲ ဖြစ်ပါတယ်။ သားသုံးသားကို ထိမိရင် ကိုယ်ကပဲအရှုံးဆိုတာမျိုးအထိ သားသုံးသားရဲ့ ဩဇာက ကြီးခဲ့သလို သားသုံးသား ညီရင် အာဏာရှင်ပြိုကျမယ်ဆိုတဲ့ ယုံကြည်ချက်တွေလည်း ရှိခဲ့ပါတယ်။ အဆိုပါ သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

ဘုရားသား သံဃာတွေကိုတော့ တရားဓမ္မနဲ့ လူ့အဖွဲ့အစည်းကို ဉာဏ်အလင်း ဖွင့်ပေးသူများအဖြစ် ကိုးကွယ်ကြပြီး စစ်သားတွေကိုတော့ တိုင်းပြည်ကာကွယ်စောင့်ရှောက်သူတွေ၊ ကျောင်းသားတွေကိုတော့ တိုင်းပြည်အနာဂတ် အပ်ရမယ့်သူတွေအဖြစ် မှတ်ယူကြပါတယ်။ ခေတ်သစ်မြန်မာပြည်ရဲ့ လူမှုသမိုင်းနဲ့ နိုင်ငံရေးသမိုင်းဟာလည်း ဒီ သား သုံးသားနဲ့ ရစ်ပတ်ဆက်နွယ်နေခဲ့ပါတယ်။

သားသုံးသားထဲက ပထမသားဖြစ်တဲ့ ကျောင်းသား တွေကတော့ မြန်မာပြည်လွတ်လပ်ရေး ခရီးလမ်းအတွက် ပထမဆုံး လူထုလှုပ်ရှားမှုဖြစ်တဲ့ ပထမကျောင်းသားသပိတ် ကတည်းက ကိုလိုနီပညာရေးကို ဆန့်ကျင်ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ရယူခဲ့ပါတယ်။

သားသုံးသားထဲက ပထမသားဖြစ်တဲ့ ကျောင်းသား တွေကတော့ မြန်မာပြည်လွတ်လပ်ရေး ခရီးလမ်းအတွက် ပထမဆုံး လူထုလှုပ်ရှားမှုဖြစ်တဲ့ ပထမကျောင်းသားသပိတ် ကတည်းက ကိုလိုနီပညာရေးကို ဆန့်ကျင်ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို ရယူခဲ့ပါတယ်။ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်နဲ့ ၁၉၃၈ တတိယကျောင်းသားသပိတ်တို့မှာလည်း ရင်နှစ်သည်းချာ ကျောင်းသားတွေရဲ့ သပိတ်ကို ပြည်သူတွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ မြန်မာပြည်လွတ်လပ်ရေးသမိုင်းမှာ အကြီးမားဆုံး လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံမှာလည်း အလုပ်သမား၊ လယ်သမားထုနဲ့အတူ ကျောင်းသားထုက ပါဝင်ခဲ့ပြီး ဒီအရေးတော်ပုံကြီးကပဲ ကိုဗဟိန်းဆိုတဲ့ ကျောင်းသားခေါင်းဆောင်ကို ပြည်သူက သိစေခဲ့ပါတယ်။

စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရန်ကုန်မြို့တွင် ဗသကများအဖွဲ့ချုပ် (ABFSU) ချီတက်ဆန္ဒပြ

လွတ်လပ်ရေးလှုပ်ရှားမှုထဲ မပါမဖြစ် တို့ဗမာအစည်းအရုံးရဲ့ အတက်ကာလတွေမှာ ပါဝင်ခဲ့ကြတဲ့ ကိုနု၊ ကိုအောင်ဆန်း၊ ကိုလှဖေတို့ဟာလည်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ ဖြစ်နေပြီး ဒီအချက်ဟာ မြန်မာ့နိုင်ငံရေးမှာ ကျောင်းသားတွေ ဦးဆောင်ကဏ္ဍက ပါဝင်နေခဲ့တယ် ဆိုတာကို ပိုမို ခိုင်မာစေပါတယ်။ ဒါ့အပြင် စစ်တပ်ရဲ့အမြုတေ ဖြစ်လာမယ့် ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းရာမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေထဲက တပ်ခေါင်းဆောင်တွေ ဖြစ်လာတာကြောင့် ကျောင်းသားရဲ့အင်အားက ကြီးမားတယ်လို့ ယူဆနိုင်ပါတယ်။

လွတ်လပ်ရေးရပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲတွေမှာလည်း ကျောင်းသားရဲ့နောက်မှာ ပြည်သူတွေက အမြဲရှိခဲ့ပါတယ်။ ၁၉၆၂ ဆဲဗင်းဇူလိုင်ကနေ ၁၉၇၄ ဦးသန့်အရေးအခင်းအလယ် ၂၀၁၅ အမျိုးသားပညာရေး သပိတ်စစ်ကြောင်းအဆုံး ကျောင်းသားထုနောက်မှာ ပြည်သူရှိခဲ့ပါတယ်။

၂၀၁၅ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အာဏာရရှိလာမှုနဲ့အတူ ကျောင်းသားလှုပ်ရှားမှုတွေ အပေါ်မှာလည်း ပြည်သူရဲ့အမြင် ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။ ကျောင်းသားလှုပ်ရှားမှုတွေဟာ တက်သစ်စ အရပ်သားအစိုးရအတွက် အထောက်အကူမဖြစ်ဘဲ အစိုးရအတွက် အကျပ်အတည်း ဖြစ်စေတယ်၊ စစ်အုပ်စုရဲ့ သပ်လျှိုမှုဖြစ်တယ်လို့ ယူဆခဲ့မှုတွေရှိခဲ့ပါတယ်။

ဒုတိယသား တသားဖြစ်တဲ့ စစ်သားနဲ့ မြန်မာပြည်နိုင်ငံရေးကတော့ အမြဲ ဒွေးရောယှက်တင် ရှိနေခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စထူထောင်ကတည်းက စစ်တပ်ဟာ မြန်မာပြည်နိုင်ငံရေးအတွက် အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာခဲ့ပါတယ်။

ရခိုင်ပြည်နယ် အင်တာနက်အရေး စတဲ့ လူမျိုးစုရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျောင်းသားတွေ ဆန္ဒပြတဲ့အခါမှာလည်း အာဏာပိုင်တွေဘက်က အရေးယူမှုတွေရှိခဲ့ပြီး ပြည်သူတွေဘက်ကတော့ ဒီလိုလှုပ်ရှားမှုတွေအပေါ် ဝန်းရံပေးခဲ့ခြင်းမျိုးကို မတွေ့ရတော့ပါဘူး။

၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို အံတုကြသူတွေထဲမှာတော့ ကျောင်းသားလူငယ်တွေက နည်းပေါင်းစုံနဲ့ရှေ့တန်းက ပါဝင်နေကြတာ တွေ့ရပါတယ်။ သပိတ်တိုက်ပွဲတွေကနေ ကျောင်းမတက်ရေး CDM လှုပ်ရှားမှုအလယ် လက်နက်ကိုင်တိုက်ပွဲအဆုံးထိ လူငယ်ကျောင်းသားကျောင်းသူတွေရဲ့ ပါဝင်မှုကို ပြည်သူများက အသိမှတ်ပြုကြပါတယ်။

ဒုတိယသား တသားဖြစ်တဲ့ စစ်သားနဲ့ မြန်မာပြည်နိုင်ငံရေးကတော့ အမြဲ ဒွေးရောယှက်တင် ရှိနေခဲ့ပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) စထူထောင်ကတည်းက စစ်တပ်ဟာ မြန်မာပြည်နိုင်ငံရေးအတွက် အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် အရေးပါတဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးမှာလည်း စစ်တပ်က ဒေါက်တိုင်တခုအနေနဲ့ ပါဝင်ခဲ့ခြင်းကလည်း နောင်မှာ စစ်တပ်က မြန်မာ့လွတ်လပ်ရေးအတွက် ထိပ်ဆုံးက ဦးဆောင်ခဲ့တယ်ဆိုတဲ့ အယူအဆ သွတ်သွင်းမှုတွေဆီ ဦးတည်စေခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ကာလ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ပါလီမန် အစိုးရအတွက် စစ်တပ်ဟာ အားထားစရာဖြစ်ခဲ့ပြီး ဒါကပဲ နောက်ပိုင်း မြန်မာပြည်မှာ စစ်တပ်ကြီးစိုးမှုရဲ့ လမ်းစဖြစ်လာပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းမှုကို ပြည်သူတွေ ကြီးကြီးမားမား ကန့်ကွက်မှု မရှိခဲ့တာကလည်း စစ်တပ်ရဲ့ အရှေ့က တည်ဆောက်ပြထားတဲ့ ပုံရိပ်ကြောင့်လို့ သုံးသပ်စရာရှိပါတယ်။ စစ်တပ်လွှမ်းမိုးမှုကြီးမားတဲ့ မြန်မာပြည်မှာ စစ်တပ်နဲ့ပတ်သက်ပြီး ရှုမြင်တဲ့အခါ စစ်ဗိုလ်ချုပ်တွေနဲ့ သာမန်စစ်သားဆိုပြီး ခွဲခြားရှုမြင်မှုကလည်း ပြည်မက လူထုကြားမှာ အချိန်အတော်ကြာ အမြစ်တွယ်နေခဲ့ပါတယ်။

အာဏာသိမ်းမှု လက်မခံကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံသည့် ကျောင်းသား ၄ ဦးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်က ရုံးထုတ်စဉ် / ဧရာဝတီ

စစ်အာဏာရှင်တွေ အုပ်စိုးတဲ့ တိုင်းပြည်မှာ အဘက်ဘက် ယိုယွင်းခဲ့ပေမယ့်၊ လူနည်းစုဒေသတွေမှာ ရာဇဝတ်မှုတွေ ကျူးလွန်နေပေမယ့် စစ်ဗိုလ်ချုပ်တွေကိုသာ ဖိနှိပ်သူဆိုတဲ့အမြင်ရှိခဲ့ပြီး သာမန်စစ်သား အရာရှိငယ်များကို တိုင်းပြည်ကာကွယ်နေတဲ့သူ စစ်သားတွေလို့ ဗမာပြည်မက ပြည်သူအများက အမြင်ရှိကြပါတယ်။ ဒီလို အမြင်ဟာ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေကြောင့်လည်း ဖြစ်နိုင်သလို ဗမာပြည်မက ပြည်သူမိသားစုတွေရဲ့ စစ်တပ်နဲ့ အမျိုးတော်ခြင်းနဲ့လည်း ဆက်စပ်နိုင်ပါတယ်။

အရပ်သားပြည်သူ မိသားစုတွေကနေ ပေါက်ဖွားလာသူတွေအနေနဲ့ စစ်တပ်ထဲမှာ စစ်သည်အရာရှိငယ်တွေ၊ အရာရှိကြီးတွေဖြစ်လာတဲ့အခါမှာ ပြည်သူမိသားစုတွေအနေနဲ့ မိမိတို့သားသမီး စစ်သည်တွေနဲ့ ထိပ်ပိုင်းက စစ်ဗိုလ်ချုပ်တွေဆိုပြီး ခွဲခြားရှုမြင်လာကြတာလည်း ဖြစ်ပါတယ်။ တိုင်းပြည်ကို ကာကွယ်နေတဲ့ သားတသား ဖြစ်တယ်လို့ စစ်သားတွေအပေါ် ယူဆထားမှုတွေဟာ စစ်အာဏာသိမ်းမှုတွေ အကြိမ်ကြိမ် ကျူးလွန်ပြီးနောက်မှာတော့ အပြောင်းလဲကြီးပြောင်းလဲခဲ့ပါတယ်။

တတိယသားဖြစ်တဲ့ ဘုရားသား သံဃာတွေကလည်း ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ ဗမာ့လူ့အဖွဲ့အစည်းမှာ အရေးကြီးတဲ့ ခက်မတခုအဖြစ် အချိန်အကြာကြီး တည်ရှိခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်တာ၊ စစ်ကြောရေးစခန်းတွေမှာ နှိပ်စက်မှုတွေကျူးလွန်တာကအစ လူမျိုးစုဒေသက ပြည်သူ့အိုးအိမ်တွေကို ဖျက်ဆီးတာတွေအပြင် တချိန်က စစ်တပ်အတွက် စစ်သည်စုဆောင်းရာ နယ်တွေဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အညာဒေသက ပြည်သူ့အိုးအိမ်တွေကို မီးရှို့တာ၊ လေကြောင်း တိုက်ခိုက်တာတွေအထိ လုပ်လာတာတွေဟာ တချိန်က စစ်သားတွေကို သားတသားအဖြစ် သဘောထားခဲ့တဲ့ ဗမာပြည်သူလူထုအတွက် အော့နှလုံးနာစရာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေကသာ ရက်စက်ဖိနှိပ်သူတွေဖြစ်ပြီး စစ်သားတွေက ပြည်သူ့အတွက် ကာကွယ်တယ်ဆိုတဲ့ အမြင်တွေကတော့ လုံးဝ ပပျောက်သွားခဲ့ရပါပြီ။

“စစ်သား ရဲသား ပြည်သူ့သား” ဆိုတဲ့ ကြွေးကြော်သံတွေလည်း တိတ်ဆိတ်ခဲ့ရပါတယ်။ ဒါပေမယ့် အခြားတဘက်မှာလည်း နွေဦးတော်လှန်ရေးကာလမှာ စစ်တပ်ကို စွန့်ခွာပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာကြတဲ့ စစ်သည်အရာရှိတွေကို ပြည်သူတွေဘက်က ကြိုဆိုခဲ့၊ ကြိုဆိုနေကြပါတယ်။

တတိယသားဖြစ်တဲ့ ဘုရားသား သံဃာတွေကလည်း ဗုဒ္ဓဘာသာဝင်အများစုဖြစ်တဲ့ ဗမာ့လူ့အဖွဲ့အစည်းမှာ အရေးကြီးတဲ့ ခက်မတခုအဖြစ် အချိန်အကြာကြီး တည်ရှိခဲ့တာ ဖြစ်ပါတယ်။ “သံဃာနဲ့ရာဇာ” ညီညွတ်ရေး၊ “ဆရာဒကာ ဆက်ဆံရေး”၊ “မကောင်း ကျောင်းပို့” စတဲ့ စကားလုံးတွေဟာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုပတ်ဝန်းကျင်မှာ အမြဲတစေ ကြားနေရတဲ့ စကားလုံးတွေ ဖြစ်ပြီး ဗုဒ္ဓဘာသာ အများစုရှိတဲ့ လူမှုအဖွဲ့အစည်းမှာ သံဃာ့သြဇာကို ထင်ဟပ်ပြနေတာလည်း ဖြစ်ပါတယ်။

မဘသဘုန်းကြီး ဦးဝါသဝနှင့် ပျူစောထီးတပ်ဖွဲ့များ / CJ

ဒါ့အပြင် မြန်မာပြည်ရဲ့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကလည်း လူ့အဖွဲ့အစည်းအတွင်း သံဃာရဲ့ သြဇာလွှမ်းမိုးမှုကို အားကောင်းစေခဲ့ပါတယ်။ နိုင်ငံရေးအရ ဆိုရင်လည်း ရှေးယခင် ပဒေသရာဇ်မင်းတွေ လက်ထက်ကတည်းက သံဃာဟာ မင်းဆရာ၊ လူတန်းစားတရပ်အနေနဲ့ရှိနေပြီး သာသနာကို အားပေးချီးမြှောက်တဲ့ ရှင်ဘုရင်တွေကို သာသနာ့ဒါယကာ မင်းမြတ်အဖြစ် ချီးမြှောက်ကာ မင်းအစိုးရရဲ့အာဏာကို ခိုင်မာဖို့ အထောက်အကူဖြစ်စေတယ်လို့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဦးမောင်မောင်ကြီးက “မြန်မာ့နိုင်ငံရေးစံနှုန်းများ” စာအုပ်မှာ ဆိုပါတယ်။

ကိုလိုနီခေတ်မှာတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ နိုင်ငံရေးမှာ တက်ကြွပါဝင်လာမှုတွေကို တွေ့ရှိခဲ့ရပြီး ၁၉၂၀ ကနေ ၁၉၃၀ အတွင်း ကိုလိုနီဆန့်ကျင်ရေး ဝံသာနုလှုပ်ရှားမှုကာလတွေမှာ အားကောင်းခဲ့တယ်လို့လည်း ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ရေးတဲ့ “From Sangha to Laity: Nationalist Movements of Burma, 1920-1940” မှာ တွေ့ရပါတယ်။

ဆန့်ကျင်ကန့်ကွက်ဖီဆန်တဲ့ လှုပ်ရှားမှုတွေကို “သပိတ်မှောက်” လို့ သုံးနှုန်းကြတာကလည်း ဆွမ်းခံဖို့ငြင်းဆိုတယ်ဆိုတဲ့ သံဃာနဲ့ဆက်စပ်တဲ့ ဝေါဟာရကနေ ဆင့်ပွားလာတာကို တွေ့ရပါတယ်။ လွတ်လပ်ပြီးခေတ်နဲ့ မဆလခေတ်မှာတော့ သံဃာတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အများအပြား မတွေ့ရပေမယ့် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ သံဃာထု ပါဝင်ခဲ့ကြပြီး နဝတခေတ် ၁၉၉၀ ပြည့်နှစ်မှာလည်း မန္တလေးနဲ့ ရန်ကုန်က စာတတ်အကျော် ဆရာတော်တွေ ဦးဆောင်ပြီး စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ခဲ့ကြပါတယ်။

၂၀၀၇ ခုနှစ်မှာလည်း ဆွမ်းဒကာပြည်သူတွေရဲ့ ဆင်းရဲကျပ်တည်းမှုကြောင့် သံဃာတွေ လမ်းပေါ်ထွက် မေတ္တာပို့ရာက ပြည်သူတွေပါ ဝန်းရံခဲ့ကြပြီး ရွှေဝါရောင်တော်လှန်ရေး ဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ နောက်ပိုင်း အသွင်ကူးပြောင်းမှုကာလမှာတော့ နိုင်ငံရေးအရ သံဃာတွေအကြား ကွာဟမှုတချို့ ဖြစ်လာပြီးတော့ အမျိုး ဘာသာ သာသနာ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။

သံဃာတွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရေး အသံတွေလည်း ၂၀၁၅ တဝိုက် ဆူညံခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ဘုန်းတော်ကြီးတွေရဲ့ သြဇာကလည်း ပရိယတ္တိ၊ ပဋိပတ္တိအပြင် ပရဟိတ ဆိုတဲ့ ပုံစံမျိုးနဲ့ပါ တွေ့လာခဲ့ရပါတယ်။ ဒါပေမယ့် မိရိုးဖလာ ကိုးကွယ်မှုအရ သံဃာတွေအပေါ် ဝေဖန်မှုကြီးကြီးမားမား မရှိခဲ့သေးပါဘူး။

ယခင်ကလို သံဃာကို မဝေဖန်ရဘူးဆိုတဲ့ အယူအဆတွေ လူမှုအဖွဲ့အစည်းအတွင်းမှာ လျော့ပါးလာခဲ့ပါတယ်။ သံဃာအချို့ရဲ့ ပြုမူနေထိုင်မှုအချို့ကို ထောက်ပြဝေဖန်မှုတွေ အားကောင်းလာပြီးတော့ နိုင်ငံရေးနဲ့ဘာသာရေး ကင်းကွာရမယ်ဆိုတဲ့ အယူက ပိုမိုခိုင်မာလာစေပါတယ်။

နောက်ပိုင်းမှာတော့ သံဃာထုနဲ့ လူထုရဲ့ နတ်နေကိုင်းသဖွယ်ဖြစ်တဲ့ ဘုန်းတော်ကြီးအချို့ရဲ့ ဟောပြောမှုတွေက လူမျိုးရေး ဘာသာရေးအရ အမုန်းစကားတွေ ဖြစ်ပွားစေခဲ့ပြီး စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကိုပါ ကာကွယ်တာတွေရှိခဲ့တာကြောင့် လူထုအကြား အငြင်းပွားစေခဲ့ပါတယ်။ ဒါကြောင့်လည်း လောကီနိုင်ငံတော် ထူထောင်ရေးဆိုတဲ့ အယူအဆဟာလည်း ပြည်သူကြားမှာ အားကောင်းရှင်သန်လာပါတယ်။

၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ သီတဂူဆရာတော်၊ ဓမ္မဒူတဆရာတော်စတဲ့ ဩဇာကြီး ဘုန်းတော်ကြီးတွေရဲ့ စစ်တပ်နဲ့အတူ ရပ်တည်မှုတွေဟာ လူထုအကြား ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် ယခင်ကလို သံဃာကို မဝေဖန်ရဘူးဆိုတဲ့ အယူအဆတွေ လူမှုအဖွဲ့အစည်းအတွင်းမှာ လျော့ပါးလာခဲ့ပါတယ်။ သံဃာအချို့ရဲ့ ပြုမူနေထိုင်မှုအချို့ကို ထောက်ပြဝေဖန်မှုတွေ အားကောင်းလာပြီးတော့ နိုင်ငံရေးနဲ့ဘာသာရေး ကင်းကွာရမယ်ဆိုတဲ့ အယူက ပိုမိုခိုင်မာလာစေပါတယ်။

ဒါဟာ မြန်မာ့နွေဦးရဲ့ ကြီးမားတဲ့သက်ရောက်မှုလို့ ဆိုနိုင်သလို မြန်မာ့တော်လှန်ရေးဟာ စစ်အုပ်စုကိုသက်သက်သာ မဟုတ်ဘဲ လူမှုအတွေးအခေါ် တော်လှန်ရေးပါ တွဲလျက်ပါလာတယ်ဆိုတာကို ပြသနေပါတယ်။

အနှစ်ချုပ်ရရင်တော့ နွေဦးတော်လှန်ရေးဟာ မြန်မာ့လူမှုနဲ့ နိုင်ငံရေးအတွေးအခေါ်မှာ အမြစ်တွယ်နေတဲ့ သားသုံးသားနဲ့ ပတ်သက်တဲ့ ယူဆချက်တွေအပေါ် ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တာလည်း ဖြစ်ပါတယ်။

You may also like these stories:

NLD အစိုးရသစ် တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မလား

မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား

မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

စစ်ကောင်စီ စီစဉ်သည့် ဘာသာရေးပွဲများ သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း

Loading