• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တူရကီနှင့် ဆီးရီးယား ငလျင်ကြီးအပြီး ဖြစ်သမျှအကြောင်း

by ဧရာဝတီ
20 February 2023
in ဆောင်းပါး
A A
ငလျင်ဒဏ်ခံ ကလေးငယ်တဦး

ငလျင်ဒဏ်ခံ ကလေးငယ်တဦး

4.2k
VIEWS
Share on FacebookShare on Twitter

ဖေဖော်ဝါရီလ ၆ ရက်နေ့က တူရကီနှင့် ဆီးရီးယားနိုင်ငံတို့၏ အစိတ်အပိုင်းများတွင် လှုပ်ခတ်ခဲ့သောငလျင် အပျက်အစီးများကြားမှ အသက်ရှင်လျက် ကယ်ထုတ်နိုင်မည့် အလားအလာ နည်းပါးလာသော်လည်း ကယ်ဆယ်ရေးသမားများသည့် ရှင်ကျန်သူများကို ဆက်လက် ကယ်ထုတ်နေကြဆဲဖြစ်သည်။

ငလျင်ပြီးနောက်ပိုင်းမှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ အဓိက ဖြစ်ပေါ်တိုးတက်မှုများ အောက်တွင် ဖော်ပြထားသည်။

သေဆုံးမှုနှုန်းမြင့်မား

တူရကီတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ သေဆုံးသူ ၄၁,၀၂၀ ဦးရှိသောကြောင့် တူရကီနှင့် ဆီးရီးယား နှစ်နိုင်ငံလုံးတွင် သေဆုံးသူ အရေအတွက်မှာ ၄၇,၄၈၀ ဦးအထိ ရှိသွားသည်။

ငလျင်ကြောင့် ပူဆွေးဝမ်းနည်းနေသူ တူရကီ အမျိုးသမီးတဦး

အပျက်အစီးများကြားမှ အလောင်းများကို ဆက်လက်တွေ့နေသောကြောင့် သေဆုံးသူ အရေအတွက် ပိုမိုများပြားလာမည်မှာ သေချာနေသည်။

ပြင်းအားအဆင့် ၇ ဒသမ ၈ ရှိသော ထိုငလျင်သည် ခေတ်သစ်တူရကီသမိုင်းတွင် သေဆုံးမှု အမြင့်မားဆုံး ဖြစ်သည်။

နောက်ထပ်ရှင်ကျန်သူများကို ကယ်ဆယ်နေ

ငလျင်ဒဏ် အပြင်းထန်ဆုံး ခံစားရသည့် ဟာတေပြည်နယ်၊ ဒက်ဖနီခရိုင်ရှိ ပြိုကျသွားသော အဆောက်အအုံအောက်မှ ရှင်ကျန်သူတဦးကို ငလျင်လှုပ်ပြီး ၁၁ ရက်အကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့သည်။

တူရကီ ငလျင် အပျက်အစီးများကြားမှ ရှာဖွေကယ်ဆယ်နေကြစဉ်

အသက် ၄၅ နှစ်အရွယ် ဟာကန် ယာဆင်နိုဂလူသည် အုတ်ပုံအောက်တွင် နာရီပေါင်း ၂၇၈ နာရီကြာ နေထိုင်ခဲ့ရကြောင်း တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနက ဖော်ပြသည်။ ရုပ်သံသတင်းတွင် သူ့ကိုထမ်းစင်ဖြင့် လူနာတင်ကားပေါ်သို့ တင်သွားသည်ကို ပြသခဲ့သည်။

ညလုံးပေါက် ကယ်ဆယ်ရေးအဖွဲ့များသည် အမျိုးသမီး တဦးနှင့် အမျိုးသား နှစ်ဦးကိုလည်း အပျက်အစီးများကြားမှ ကယ်ဆယ်နိုင်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် မြို့ကြီးများမှ အပျက်အစီးများ စတင်ရှင်းလင်းနေစဉ် ယခုကဲ့သို့ နောက်ထပ် ကယ်ဆယ်မှုများကို ပြုလုပ်နိုင်ခြင်းဖြစ်သည်။

ကလေး နှစ်ဦး၏ မိခင် အသက် ၂၉ နှစ်အရွယ် နက်စလီဟန် ကီလစ်သည် ခါရာမန်မာရက်စ်ရှိ အဆောက်အအုံတခု အပျက်အစီးများကြားတွင် နာရီပေါင်း ၂၅၈ နာရီကြာ ပိတ်မိနေပြီးနောက် ကယ်ဆယ်ရေးသမားများက သူ့ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု DHA ပုဂ္ဂလိက သတင်းဌာနက ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ငလျင်ဒဏ်ခံရသူ အိုးအိမ်မဲ့များအတွက် ယာယီတဲများ

အန်တာကယာမြို့တွင် ရဲတပ်ဖွဲ့ ကယ်ဆယ်ရေးအဖွဲ့များသည် ပြိုကျသွားသော အဆောက်အအုံတခုမှ အလောင်း ၁၇ လောင်းကို ဖယ်ထုတ်စဉ် အသက် ၁၂ နှစ်အရွယ် အိုစမန်အမည်ရှိ ယောကျ်ားလေးတဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။

“ကျနော်တို့ မျှော်လင့်ချက်တွေ ကုန်ဆုံးသလောက်ဖြစ်နေချိန် နာရီပေါင်း ၂၆၀ အကြာမှာ ကျနော်တို့ညီလေး အိုစမန်ကို ကယ်ဆယ်နိုင်ခဲ့တယ်” ဟု ရဲကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် အိုကန် တိုဆန်က DHA သို့ ပြောသည်။

နောက်တနာရီကြာသောအခါ ကယ်ဆယ်ရေးအဖွဲ့များသည် အန်တာကယာမှ ပျက်စီးသွားသော ဆေးရုံအပျက်အစီးများအကြားမှ လူ နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

၎င်းတို့နှစ်ဦးအနက် တဦးဖြစ်သူ မူစတာဖာ အက်ဗ်စီက ကယ်ဆယ်ရေးသမားတဦး၏ ဖုန်းဖြင့် သူ၏ညီအစ်ကိုထံ ဖုန်းဆက်ပြီး မိသားစုဝင်များအကြောင်း မေးသည်။

ငလျင်ဒဏ်ခံရသူ ကလေးများအတွက် နေစရာ၊ စားစရာနှင့် ကျောင်းစာသင်ကြားရေး အပူတပြင်း လိုနေ

“အားလုံးလွတ်မြောက်ကြလား။ သူတို့အသံကြားချင်တယ်” ဟု သူကပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
26
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
77

အန်တာကယာမြို့ အဆောက်အအုံ အပျက်အစီးများကြားမှပင် ငလျင်အပြီး ၁၂ ရက်ကြာ ဖေဖော်ဝါရီလ ၁၈ နေ့ကလည်း စုံတွဲတတွဲနှင့် သားဖြစ်သူကို ထုတ်ယူကယ်ဆယ်နိုင်ခဲ့သည်။ နာရီပေါင်း ၂၉၆ နာရီ ပိတ်မိနေပြီးနောက် မိဘများဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဆမီရာ မူဟမ်မက် အက်ဆာနှင့် ၄၀ အရွယ် ဇနီး ရက်ဂဒါတို့ အသက်ရှင်ခဲ့ပြီး အသက် ၁၂ နှစ်အရွယ် သားဖြစ်သူမှာမူ ဆေးရုံအရောက်တွင် သေဆုံးသွားသည်။

ကုလသမဂ္ဂအကူအညီများ ဆီးရီးယားသို့ ဝင်ရောက်လာ

ဖေဖော်ဝါရီလ ၉ ရက်နောက်ပိုင်းတွင် အကူအညီများ သယ်ဆောင်လာသည့် ထရပ်ကား ၁၇၈ စီးသည် တူရကီမှ ဆီးရီးယား အနောက်မြောက်ပိုင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂ၏ အရေးပေါ် အကူအညီများ ရောက်လာနေသည်

ရွက်ဖျင်တဲများ၊ မွေ့ယာများ၊ စောင်များ၊ ဆောင်းရာသီဝတ်စုံများ၊ ကာလဝမ်းရောဂါ စစ်ဆေးသည့် ကိရိယာများ၊ အဓိကဆေးဝါးများနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ အစားအသောက်များ အပါအဝင် ကုလသမဂ္ဂအေဂျင်စီ ခြောက်ခုက ကယ်ဆယ်ရေး ပစ္စည်းမျိုးစုံကို ထိုထရပ်ကားများဖြင့် ပို့ဆောင်ပေးနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) ပြောခွင့်ရသူ ဂျန်းလာကဲက ပြောသည်။

မကြာသေးမီက အကဲဖြတ်ချက်များအရ ဆီးရီးယား အနောက်မြောက်ပိုင်းတွင် မိသားစု ၅၀,၀၀၀ အတွက် ရွက်ဖျင်တဲ သို့မဟုတ် အရေးပေါ်ခိုလှုံရန်နေရာနှင့် မိသားစု ၈၈,၀၀၀ အတွက် မွေ့ယာ၊ စောင်နှင့် အနွေးထည်လိုကြောင်း ကုလသမဂ္ဂ ဒုတိယ ပြောခွင့်ရသူ ဖာဟန် ဟက်က ပြောသည်။ ထို့အပြင် ဆေးရုံများနှင့် ဆေးကုဌာနများသည် မနိုင်မနင်း ဖြစ်နေပြီး ရင်းမြစ်ချို့တဲ့နေကြောင်း ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေသူများက ပြောသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ၎င်းတို့သည် ငလျင်ကြောင့် ပျက်စီးသွားသည့် ဆည်မြောင်းစနစ်များ၊ လမ်းများ၊ ဈေးများနှင့် သိုလှောင်စွမ်းရည် အပါအဝင် စိုက်ပျိုးရေးကဏ္ဍမှ အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များကို အကဲဖြတ်ရန် တူရကီနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။

သောက်သုံးရေနှင့် အိမ်သာစနစ်ကိုလည်း အရေးပေါ်လိုအပ်နေသည်

ဆီးရီးယားတွင် ငလျင်ကြောင့် ထိခိုက်သော ဒေသများကို FAO ၏ လတ်တလော အကဲဖြတ်ချက်အရ သီးနှံနှင့် မွေးမြူရေး ထုတ်လုပ်မှုစွမ်းရည် အကြီးအကျယ် ထိခိုက်သွားပြီး လတ်တလောနှင့်ရေရှည် စားနပ်ရိက္ခာဖူလုံရေးကို ခြိမ်းခြောက်နေကြောင်း FAO က ကြေညာချက်တစောင်တွင် ဖော်ပြသည်။

သေဆုံးသူများကို ဆီးရီးယား ပြန်လည်ပို့ဆောင်

တူရကီတွင်သေဆုံးသည့် ဆီးရီးယားနိုင်ငံသား ၂၃၀၆ ဦး ၏အလောင်းများကို မြှုပ်နှံရန်အတွက် ဆီးရီးယားသို့ ငလျင်အပြီး ၁၀ ရက်အတွင်း နယ်စပ်မှတဆင့် ပေးပို့ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ BBC သတင်းတပုဒ်က ဖော်ပြသည်။ ဘက် အယ်လ် ဟာဝါနယ်စပ်ဂိတ်နှင့် အခြားနယ်စပ်ဂိတ် အသေးများမှတဆင့် ပို့ဆောင်ပေးခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သည့် ဆီးရီးယားနိုင်ငံသားများသည်လည်း တူရကီမှ ပြန်နေကြပြီဖြစ်သည်။ ငလျင်ဒဏ်ခံရသည့် ဆီးရီးယား ဒုက္ခသည်များအနေဖြင့် ၎င်းတို့၏ စောင့်ရှောက်ခံအဆင့်အတန်း မဆုံးရှုံးစေဘဲ ဆီးရီးယားသို့ ခေတ္တပြန်ရန် တူရကီအစိုးရက ခွင့်ပြုသည့် ပထမဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဆီးရီးယားနိုင်ငံသား ၁,၇၉၅ ဦး ပြန်ကြကြောင်း ဘက် အယ်လ် ဟာဝါနယ်စပ်ဂိတ်မှ အရာရှိတဦးက ပြောသည်။

ထိုဆုံးဖြတ်ချက်ကြောင့် ငလျင်ဒဏ်ခံဒေသတွင် နေထိုင်သည့် တူရကီ ယာယီအကာအကွယ်လက်မှတ် ကိုင်ဆောင်သူများသည် တူရကီအာဏာပိုင်များထံမှ ခရီးသွားလာခွင့် တောင်းရန်မလိုဘဲ ဆီးရီးယားသို့ ပြန်ခွင့်ပေးသည်။ ပုံမှန်အခြေအနေတွင် တူရကီသည် ထိုသို့ခွင့်ပြုချက်မယူဘဲ ပြန်သွားသည့် ဆီးရီးယားဒုက္ခသည်များကို ဒုက္ခသည် ကာကွယ်စောင့်ရှောက်မှုအဆင့် ရုတ်သိမ်းသည်။ ထိုသို့သော ဒုက္ခသည်များသည် ဒုက္ခသည်ကတ် ပြန်လည်အပ်နှံရန်လိုပြီး တူရကီသို့ ဝင်ရောက်ခွင့် ငါးနှစ်ပိတ်ပင်ခံရသည်။

တူရကီက ငလျင်အတွင်း မိသားစုနှင့် ကွဲကွာသွားသည့် ကလေးငယ် ၁,၅၈၉ ဦးကို စောင့်ရှောက်ထားကြောင်း ကြေညာသည်

စပိန်က ဆီးရီးယား ၁၀၀ ကို ခေါ်ယူမည်

ငလျင်ဒဏ်ခံရသည် တူရကီမှ ဆီးရီးယား ဒုက္ခသည် ၁၀၀ ကို လက်ခံမည်ဖြစ်ကြောင်း စပိန်က ကြေညာသည်။ ရွှေ့ပြောင်းအခြေချရေးဆိုင်ရာဝန်ကြီး ဟိုဆေး လူးဝစ် အက်စ်ခရီဗာက ထိုသို့ လက်ခံမည့် ဒုက္ခသည်များသည် ငလျင်ဒဏ်အဆိုးရွားဆုံးခံရသည့် ထိခိုက်လွယ်သူများ ဖြစ်မည်ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်သောအခါ ဝန်ကြီး အက်စ်ခရီဗာက “ဒီငလျင်ကြောင့် ဆီးရီးယားနိုင်ငံရဲ့ အဖြစ်သနစ်တွေက ကျနော်တို့ကို သတိပေးလိုက်တယ်” ဟုပြောပြီး တတ်နိုင်သမျှ ကူညီမည်ဟု ပြောသည်။

ကလေး ၁,၅၀၀ ကျော် မိသားစုများနှင့် ကွဲကွာခဲ့

တူရကီ ဒုတိယသမ္မတ ဖော့ အော့တေးက ငလျင်အတွင်း မိသားစုနှင့် ကွဲကွာသွားသည့် ကလေးငယ် ၁,၅၈၉ ဦးကို စောင့်ရှောက်ထားကြောင်း ကြေညာသည်။ ၎င်းတို့အနက် မည်သူမည်ဝါဖြစ်သည် မသိရသေးသူ ကလေးငယ် ၂၄၇ ဦး ပါဝင်သည်။

ကလေးငယ်ပေါင်း ၉၅၃ ဦးကိုလည်း မိသားစုများနှင့် ပြန်လည် ပေါင်းစည်းပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များသည် နေရာပေါင်း ၂၀၀ ခန့်တွင် ဆက်လက်ရှာဖွေနေပြီး အများစုမှာ ဟာတေ ပြည်နယ်တွင်ဖြစ်ကြောင်း ဝန်ကြီး အော့တေးက ပြောသည်။

ကိုးကား ။           ။ AP သတင်း Key developments in the aftermath of the Turkey, Syria quake

You may also like these stories:

ငလျင်ကို အသုံးချပြီး အာဆတ် ယခင်အနေအထား ပြန်ရောက်မလား

ဂျပန် ငလျင်အတွေ့အကြုံနှင့် တူရကီအတွက် ခက်ခဲသောသင်ခန်းစာများ

ဆီးရီးယားမြေက ဦးထုပ်ဖြူသူရဲကောင်းများ

ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ

Your Thoughts …
Tags: FAOOCHAကလေးသူငယ်ကုလသမဂ္ဂကူညီကယ်ဆယ်ရေးငလျင်စပိန်စားနပ်ရိက္ခာဆီးရီးယားတူရကီဒုက္ခသည်လူသားချင်းစာနာမှု အကူအညီသဘာဝဘေးဒဏ်ဟာတေပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

စစ်ကောင်စီကို ဖြုတ်ချရန် နွေဦးတော်လှန်ရေး စစ်မျက်နှာ ၂ ခု ဖွင့်ရမည်

by Igor Blazevic
16 December 2023
17.3k

၁၀၂၇ နှင့် ၁၁၁၁ စစ်ဆင်ရေး အောင်မြင်မှုများအပြီးတွင် သံတမန်စစ်ဆင်ရေး ၀၁၂၄ (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ) က ဆက်လက် လိုက်ပါရမည်ဖြစ်သည်။

Next Post
၂၀၂၃၊ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီနယ်မြေ တနေရာတွင် ကျင်းပနေစဉ် / New Mon State Party’s Technical Assistance Team

စစ်ကောင်စီနှင့် ရသည့် သဘောတူညီချက် မွန်လူထုအတွက် အကျိုးမရှိနိုင်ဟုဆို

ကယားပြည်နယ်ရှိ ဒုက္ခသည်စခန်းတခုတွင် လက်ဆောင်ရသည့် ကစားစရာ အရုပ်များနှင့် ကလေးများ

ဗုံးနဲ့ကျည်ဆံတွေကြားက ကစားစရာအရုပ်တွေကို တွယ်တာတဲ့ ကလေးတွေ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved